AKZ Distribution

AKZ Distribution

Share

09/01/2024

Single တော့ singleဘဲ😂😂

06/01/2024

အနာရောဂါကင်းခြင်းသည် အကြီးဆုံးလာဘ်ဖြစ်၏၊
တင်းတိမ်ရောင့်ရဲခြင်းသည် အကောင်းဆုံး ဥစ္စာဖြစ်၏၊
အကျွမ်းတဝင် ချစ်ခင်သောသူသည် အကောင်းဆုံး ဆွေမျိုးဖြစ်၏။
နိဗ္ဗာန်သည် အမြတ်ဆုံး ဖြစ်၏။

ဗုဒ္ဓ🙏🙏🙏

24/12/2023

သင်ရောက်နေတဲ့ နေရာကိုမကြိုက်ဘူးဆိုရင် ပြောင်းပါ သင်ဟာသစ်ပင်မဟုတ်ပါဘူး
ဗုဒ္ဓ🙏🙏

Photos from AKZ Distribution's post 05/12/2023

5-Dec-2023

11/10/2023

🚩🔹~ ဗီဇ ~🔹🚩
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
🔸တစ်ခါက လူတစ်ယောက်ဟာ သူ့ရဲ့တတ်အပ်တဲ့ပညာနဲ့ နန်းတော်မှာ အမှုထမ်းလိုကြောင်း
မှူးမတ်တွေကတစ်ဆင့် ဘုရင့်ရှေ့တော်မှောက်ကို ရောက်လာပါတယ်....

ရှင်ဘုရင်က.......
" မောင်မင်း ဘာပညာတတ်လဲ " လို့ မေးတော့
အမှု့တော်ထမ်းလိုသူက
ရဲရဲဝံ့ဝံ့လျှောက်တယ်...

" ကျွန်တော်မျိုး သက်ရှိသတ္တဝါတွေကို မှန်ကန်စွာ ခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ်" တဲ့.....

ရှင်ဘုရင်ဟာ သူ့ကို နေရာပေးဖို့ နေရာလွတ် မရှိတာနဲ့
မကြာသေးခင်က မြင်းထိန်းတစ်ဦး သေသွားတာမို့
အဲ့ဒီနေရာလေးကို ပေးလိုက်တယ်....

ရက်အနည်းငယ်ကြာတော့ ရှင်ဘုရင်ဟာ သက်ရှိ သတ္တဝါတွေကို မှန်ကန်စွာ ခန့်မှန်းတဲ့ပညာကို တတ်ကျွမ်းပါတယ် ဆိုတဲ့ မြင်းထိန်းနေရာ ရောက်နေသူရဲ့ပညာကို သိလိုတာနဲ့ ခေါ်ပြီး သူ့အကြိုက်ဆုံး မြင်းရဲ့အကြောင်းကို မေးပါတော့တယ်....

" မောင်မင်း ငါ့ရဲ့ ဒီစီးတော်မြင်းဟာ
မျိုးစစ်မျိုးမှန် ဟုတ်ရဲ့လား "

" မှန်လှပါ......
အရှင်မင်းကြီိးရဲ့ မြင်းဟာ မျိုးစစ်မျိုးမှန် မဟုတ်ပါဘူး "

ရှင်ဘုရင်ဟာ တအံ့တသြဖြစ်သွားတယ်.
ဒါနဲ့ ယခင်မြင်းပိုင်ရှင်ကို ဆင့်ခေါ်ပြီး မေးတော့ ယခင်မြင်းပိုင်ရှင်က......

" အရှင်မင်းကြီး..
မြင်းကတော့ မျိုးစစ်မျိုးမှန်ပါ.
ဒါပေမယ့်_
သူအမေဟာ သူ့ကိုမွေးပြီး သေသွားခဲ့ပါတယ်.
ဒါကြောင့်
ကျွန်တော်မျိုးဟာ အဲဒီ မြင်းကို နွားနို့တိုက်ပြီး မွေးခဲ့ရပါတယ် " လို့
လျောက်ထားလေတယ်.....

ရှင်ဘုရင်ဟာ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.
" မောင်မင်းက မျိုးစစ် မျိုးမှန် မဟုတ်မှန်း ဘယ်လိုသိသလဲ "

" မှန်လှပါ အရှင်မင်းကြီး..
ဒီမြင်းဟာ အစာစားတဲ့အခါမှာ နွားများလို ခေါင်းကို ငုံ့ပြီးစားပါတယ်....
တကယ် မျိုးစစ်သောမြင်းဟာ အစာကို ပါးစပ်မှာယူပြီး ခေါင်းကို မော့လို့ စားပါတယ် "

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားပြီး
သူ့ထံကို ထောပတ်တွေ ကြက်ကြော်၊ ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့လို့ ဆုချီးမြှင့်ပါတယ်. ။

ပြီးတော့ သူ့ကို
မိဖုရားဆောင်နဲ့ နီးတဲ့နေရာမှာ နေရာပေးလိုက်ပါတယ်.

ရက်အနည်းငယ်ကြာတော့ ရှင်ဘုရင်က မြင်းထိန်းကို မိဖုရားနဲ့ ပတ်သက်ပြီး မေးပါတော့တယ်.
မြင်းထိန်းက ဖြေပါတယ်.....

" မိဖုရားရဲ့ နေပုံထိုင်ပုံကတော့ မင်းမျိုး မင်းနွယ်ကလို့ ထင်ရပါတယ်.....
ဒါပေမယ့်
မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ပါဘူး "

ရှင်ဘုရင်ဟာ တအံ့တသြနဲ့ ယောက္ခမဖြစ်သူကို ခေါ်ပြီး မေးမြန်းတဲ့အခါ....

" ဟုတ်ပါတယ် မင်းကြီး..... မင်းကြီးရဲ့ ခမည်းတော်က ကျွန်ုပ်ရဲ့ ခင်ပွန်းထံ သမီးမွေးရင် ပေးစားမယ်လို့ ပြောထားခဲ့ပါတယ်....
တကယ်တော့ ကျွန်ုပ်တို့ သမီးအရင်းဟာ ကံဆိုးစွာ (၆) လနဲ့ပဲ ကွယ်လွန်သွားခဲ့ပါတယ်.
ဒါနဲ့ ကျွန်ုပ်တို့လည်း မင်းမျိုး မင်းနွယ်နဲ့ အမျိုးမတော်ရမှာ စိုးတာကြောင့်
သူများရဲ့သမီးကို မွေးစားလိုက်ရပါတယ် " လို့
ကြားသိရတော့မှ မြင်းထိန်းကို ခေါ်ပြီး မေးတယ်..

" မိဖုရားဟာ မင်းမျိုးမင်းနွယ်က မဟုတ်ဘူးဆိုတာ မောင်မင်း ဘယ်လိုသိတာလဲ "

" မှန်လှပါ..
မိဖုရားရဲ့ အလုပ်သမားတွေအပေါ် ပြုမူပြောဆိုပုံဟာ
မိဖုရားတစ်ပါးပုံစံမဟုတ်ဘဲ သူငယ်ချင်းတွေနဲ့ တန်းတူဆက်ဆံနေတဲ့ ပုံစံနဲ့ တူနေလို့ပါ " လို့
လျှောက်ထားပါတယ်.

ရှင်ဘုရင်ဟာ သူ့ရဲ့ပညာကို အလွန်လေးစားတန်ဘိုးထားပြီး
အရင်လိုပဲ ထောပတ်တွေ ကြက်ကြော်ငှက်ကြော်တွေ အသီးအနှံတွေ များစွာပို့ပြီး ချီးမြှင့်ပြန်ပါတယ်. ပြီးတော့လည်း
သူ့ကို နန်းတော်ထဲမှာ နေရာပေးလိုက်ပါတယ်....

ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ မြင်းထိန်းကိုခေါ်ပြီး..
" ကဲ.. အခု
ငါ့အကြောင်းကို ပြောပါ " ဆိုတော့
မြင်းထိန်းက..

" ကျွန်တော်မျိုးရဲ့ အသက်အတွက် အာမခံချက်ရှိရင် ပြောပါမယ် " လို့
တောင်းဆိုလိုက်တယ်...

ဘုရင်ကလည်း
" ကောင်းပြီ.. ငါ ကတိပေးတယ် " ဆိုတော့မှ...

" အရှင်မင်းကြီးဟာ
ဘုရင့်သားတော်မဟုတ်သလို
ဘုရင်အမျိုးအနွယ်လည်း မဟုတ်ပါဘူး "

အဲ့ဒီစကားကြောင့်
ရှင်ဘုရင်ဟာ အလွန်ဒေါသထွက်ပြီး သတ်မယ်လုပ်တော့၊
သူကိုယ်တိုင် ကတိပေးထားတာကို သတိရပြီး စိတ်လျှော့လိုက်တယ်.

ဒါနဲ့ ချက်ချင်းဆိုသလို မယ်တော်ကြီးထံကို
သွားရောက်မေးတယ်.

မယ်တော်က..
" ဟုတ်ပါတယ်..
မင်းဟာ နွားကျောင်းသားတစ်ယောက်ရဲ့ သားဖြစ်တယ်.
ငါတို့မှာ ကလေးမရနိုင်တော့ မင်းကိုခေါ်ပြီး မွေးစားလိုက်ရတာဖြစ်တယ် " ဆိုတော့မှ မြင်းထိန်းကိုခေါ်ပြီး မေးတယ်.

" မောင်မင်းက ငါ့ကို ဘုရင် အမျိုးအနွယ်ထဲက မဟုတ်ဘူးဆိုတာ ဘယ်လိုသိလဲ " လို့ မေးတဲ့အခါ
မြင်းထိန်းက....

" ရှင်ဘုရင်ဆိုတာ နှစ်သက်သဘောကျတော်မူတဲ့ တစ်ယောက်ယောက်ကို လက်ဆောင်ပေးရင်
စိန်တွေ ရွှေတွေ စတဲ့ အဖိုးတန် အကောင်းစား ပစ္စည်းမျိုးကိုသာ ပေးတတ်ပါတယ်.
အခု အရှင်မင်းကြီးဟာ လက်ဆောင်ပေးတဲ့အခါ စားစရာ သောက်စရာ အသီးအနှံတွေကိုသာ ပေးတယ်.....
ဒါကိုကြည့်ခြင်းအားဖြင့် အရှင်မင်းကြီးဟာ ဘုရင်မျိုး ဘုရင်အနွယ်က မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရခြင်းဖြစ်ပါတယ် " လို့
ဖြေကြားလိုက်ပါတော့တယ်.။

ဘဝမှာ ကိုယ်ဘက်က ဘယ်လောက်ပဲ အထက်တန်းကျတယ်လို့ ပြောပြော
ကိုယ့်ရဲ့အပြုအမူ အပြောအဆိုဟာ အထက်တန်း ကျမနေခဲ့ရင်
ဘယ်သူကမှ
အထက်တန်း ကျတယ်လို့ မသတ်မှတ်ပါဘူး.....

ဘယ်လောက်ပဲ အဆင့်အတန်းတွေ နိမ့်ကျတယ်လို့ပဲ ဆိုဆို
ကိုယ့်ရဲ့အပြုအမူ အပြောအဆိုတွေဟာ
နိမ့်ကျမနေခဲ့ရင်
ဘယ်သူကမှ နိမ့်ကျတယ်လို့ မမြင်ပါဘူး....

မကောင်းတဲ့ အပြုအမူ
မကောင်းတဲ့ အပြောအဆိုတွေဟာ
မကောင်းတဲ့ မျိုးရိုးဗီဇပါပဲ....

ဒါ့ကြောင့်
လူကြီးသူမတွေက
'ကိုယ်ကြမ်းတော့ အဖယုတ်တယ်.
နှုတ်ကြမ်းတော့ အမိယုတ်တယ်' လို့ ဆိုခဲ့တာပါ....

ပိုက်ဆံဘယ်လောက်ပဲ ရှိရှိ
ကောင်းတဲ့အပြုအမူ အပြောအဆိုတွေ မရှိရင်
မကောင်းတဲ့ဗီဇ ရှိသူပါပဲ....

ပိုက်ဆံဘယ်လောက်ပဲ မွဲမွဲ
ကောင်းတဲ့အပြုအမူ အပြောအဆိုတွေ ရှိရင်
ကောင်းတဲ့ဗီဇ ရှိသူပါပဲ....

ဒါကြောင့်
သင့်ရဲ့ အပြုအမူ အပြောအဆိုတွေ မှန်သမျှဟာလည်း
သင့်ရဲ့ ဗီဇကို ထုတ်ဖော်ပြသနေမှာ အမှန်ပဲဖြစ်ပါ‌တယ်..။
သတိ ပညာ သဒ္ဓါ ဖြင့် အမှားဗီဇ ပြင်ကြပါ။

မူရင်းရေးသားသူအား ဂါရဝပြုပါသည်
Credit-To Original Writer
မေတ္တာဖြင့် တဆင့်_
ပြန်လည်မျှဝေသည်....
လေးစားစွာဖြင့်-
🦚🦚🦚

Want your business to be the top-listed Transport Service in Mandalay?
Click here to claim your Sponsored Listing.

Website

Address

လမ်း ၉၀ဘီ၊ ၁၉ X ၂၀ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေး။
Mandalay