Zaw, Phyo. Aung
#ငါဟင်းချက်တတ်တယ်
စကားနည်းနည်းပဲ ပြောလေလေ
မင်းရဲ့ စကားတိုင်းက တန်ဖိုးရှိလေလေပဲ ဖြစ်စေပါတယ်၊၊
ဘယ်ကိစ္စကိုမှ အရမ်းမတွေးပါနဲ့
ဘယ်သူမှ သင့်အကြောင်းကို
သင့်လောက် မတွေးပါဘူး။
ပြဿနာတွေကို အာရုံစိုက်ရင်
ပြဿနာတွေပဲ ဖြစ်လာမယ်
ဖြစ်နိုင်ချေတွေကို အာရုံစိုက်ရင်
အခွင့်အလမ်းတွေ ပိုများလာမယ်။
သင်အခု ဘယ်လောက်ပဲ နာကျင်ရပါစေ
တနေ့ကျရင် နောက်ပြန်လှည့်ကြည့်တဲ့ အခါ
ဒီအခက်ခဲတွေက သင့်ဘဝကို
ပိုကောင်းအောင် ပြောင်းလဲစေခဲ့တယ်ဆိုတာ နားလည်လာလိမ့်မယ်။
သင့်ဘဝမှာ လူတွေနဲ့ အကြောင်းအရင်းရှိလို့ တွေ့ရတာ
မင်းဘဝကို ပြောင်းလဲဖို့ သူတို့ကို လိုအပ်တာလား..
ဒါမှမဟုတ်... မင်းက သူတို့ဘဝကို ပြောင်းလဲပေးမှာလား..
အသစ်အသစ်တွေ သင်ယူဖို့ မကြောက်ပါနဲ့
မင်းသိထားတဲ့ အကန့်အသတ်တွေထဲမှာပဲ နေမယ်ဆိုရင်...
ဘဝက ပျင်းစရာ ကောင်းလာလိမ့်မယ်။
အခိုက်အတန့်တွေက ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတာကို...
အဲ့ဒီအရာတွေက အမှတ်တရ ဖြစ်လာတဲ့အထိ မင်းသိမှာ မဟုတ်ပါဘူး။
သင့်မှာ ရှိပြီးသားအရာတွေ၊
ကျေးဇူးတင်ရမယ့် အရာတွေကို
စာအုပ်ထဲ ချရေးထားရင်...
သင့်မှာ မရှိတဲ့ အရာတွေက
အမြင်ထဲကနေ ပျောက်ကွယ် သွားလိမ့်မယ်။
သင့်ရဲ့ ပါးစပ်ကို မထိန်းချုပ်နိုင်ရင်
သင့်အနာဂါတ်ကိုလည်း ထိန်းချုပ်နိုင်မှာ မဟုတ်ဘူး။
ဘဝက မှန်တချပ်လိုပဲ...
သင် ဘယ်အရာတွေ တွေးနေလဲ
တွေးတဲ့အတိုင်း ဖြစ်လာတယ်။
သင် မနက်မိုးလင်းတိုင်း ရင်ဆိုင်ရမယ့်
တဦးတည်သောသူက သင်ကိုယ်တိုင်ပဲ။
ဒါကြောင့်... ကိုယ့်ကိုကိုယ် အမြဲ အနိုင်ယူ ထိန်းချုပ်ပြီး... ကိုယ့်ဘဝ အောင်မြင်ဖို့အတွက် မိမိတွေးမြင်တာကို အောင်မြင်အောင် ကြိုးစားသူ ဖြစ်ပါစေ၊၊
Credit မူရင်းပိုင်ရှင်နှင့်တကွ ပြန်ဝေမျှသူတို့ကို ပြန်လည်တင်ပြခွင့်ပေးပါရန် ခွင့်တောင်းပါ၏🙏
Click here to claim your Sponsored Listing.