Nutranext HeCare

Nutranext HeCare

Share

03/12/2021

မိန်းကလေးများ ဖွင့်ဟ မပြောပေမယ့် သိစေချင်တဲ့ အချက်များ

(Unicode)

မိန်းကလေးတွေမှာ ချစ်သူယောင်္ကျားလေးကို ဖွင့်မပြောပေမယ့် သိစေချင်တဲ့ အချက်တစ်ချို့ရှိပါတယ်။ ဒါတွေကို သိထားမယ်ဆိုရင် နှစ်ဦးသား ဆက်ဆံရေး ပိုမိုခိုင်မြဲလေးနက်ဖို့ အသုံးဝင်နိုင်မှာပါ။

၁။ ရည်းစားဟောင်းတွေနဲ့ မဆက်သွယ်နဲ့
အပျော်တွဲတာပဲဖြစ်ဖြစ်၊ တကယ်အတည်တွဲတာပဲဖြစ်ဖြစ် ယောင်္ကျားလေးတွေအနေနဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝအဆက်အသွယ်ဖြတ်တာကို လိုချင်ကြပါတယ်။ ယောင်္ကျားလေးတွေက ဒီအချက်ကို သိပ်နားမလည်ကြပါဘူး။ ယောင်္ကျားလေးတွေအတွက် ရည်းစားဟောင်းဟာ မိတ်ဆွေသူငယ်ချင်းအဖြစ် ဆက်ရှိနေနိုင်ပေမယ့် မိန်းကလေးတွေကတော့ လုံးဝလက်မခံနိုင်ပါဘူး။

၂။ တစ်ခါတစ်လေမှာ Surprise ဖြစ်အောင် လုပ်ပေးပါ
တန်ဖိုးကြီးပစ္စည်းတစ်ခုခု လက်ဆောင်ပေးမှ မဟုတ်ပါဘူး။ သူတို့အကြောင်း စိတ်ထဲမှာရှိနေတယ်ဆိုတာကို ဖော်ပြနိုင်တာဖြစ်ရင် လုံလောက်ပါတယ်။ ဥပမာပြောရရင် မနက်အစောကြီး(၃)နာရီလောက်မှာ “အရမ်းချစ်ပါတယ်” လို့ စာပို့တာမျိုးပါ။

၃။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ထိန်းသိမ်းပါ
ယောင်္ကျားလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် မှန်ထဲမှာသေချာကြည့်ပါ။ တွေ့ကရာအဝတ်အစား ယူမဝတ်ပါနဲ့။ ယုံကြည်မှုရှိပြီး ကြည့်ကောင်းအောင် ပြင်ဆင်နေထိုင်ပါ။ ဗိုက်ထွက်နေတာကလည်း ဆွဲဆောင်မှုမရှိပါဘူး။ အားကစားလုပ်ပါ။

၄။ ပိုပြီးပွင့်လင်းမြင်သာမှုရှိပါ
မိန်းကလေးတွေက သူတို့ကို ပွင့်ပွင့်လင်းလင်းဆက်ဆံတာမျိုးကို လိုချင်တတ်ပါတယ်။ အရေးမကြီးဘူးလို့ ထင်ရတဲ့ သတင်းအချက်အလက်တစ်ချို့ကလည်း သူတို့အတွက် သံသယဖြစ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ သူတို့ကလည်း အမြဲတမ်းအရိပ်တကြည့်ကြည့်နဲ့ နေရတာမျိုး မလုပ်ချင်ကြပါဘူး။

၅။ ရည်ရွယ်ချက်ကို တစ်ခါတည်း ရှင်းအောင်လုပ်ပါ
ယောင်္ကျားလေးတွေက Relationship နဲ့ပတ်သက်ပြီး ဘယ်အချိန်ထိ၊ ဘယ်အတိုင်းအတာထိ ဆိုတာမျိုးတွေ ပြောဆိုဖို့ ဖိအားပေးခံရတာမျိုးတွေကို မကြိုက်ကြပါဘူး။ ဒါပေမယ့် မိန်းကလေးတွေကတော့ သူတို့ကို ဘယ်အထိ ရည်ရွယ်ထားလဲဆိုတာ သိချင်ကြပါတယ်။

၆။ စကားပြောရင် သေချာနားထောင်ပါ
မိန်းကလေးတွေက သူတို့ဘာလိုချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို သိသာတဲ့အထိ သဲလွန်စတွေ ပေးပြီး မပြောချင်ပါဘူး။ သူတို့ပြောစကားကို သေချာနားထောင်ပါ။ ဒီစကားတွေထဲမှာ သူတို့ဖြစ်ချင်တာတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပါ၀င်ပါတယ်။



#အမျိုးသားအားဆေး

Want your practice to be the top-listed Clinic in Mandalay?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

တိုက်အမှတ်-D7 ၊ ရတနာတိုင်းပြည် အိမ်ယာ ၊ လမ်း(၆၀) ၊ ( ၃၀ * ၃၂ ) လမ်းကြား ။
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30