Cherry Myanmar

Cherry Myanmar

Share

19/05/2026

အရောင်းသမားကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ဝယ်သူရဲ့စိတ်ကို အရင်ဖတ်တတ်ဖို့ လိုပါတယ်။

ပစ္စည်းတစ်ခုရောင်းတာချင်းအတူတူ ​ရောင်းရတယ်​၊ မရောင်းရဘူးဆိုပြီး ကွာခြားတာက Customer Psychology ကို ကျွမ်း​ကျင်စွာ အသုံးချတတ်ခြင်းပေါ်လည်း မူတည်ပါတယ်။

အရောင်းလောကမှာ Product အကြောင်းသိရုံနဲ့ မလုံလော​က်ဘဲ Product ကို ဝယ်မယ့်သူအကြောင်းကိုပါ သိထားမှ Sale Close ဖြစ်ဖို့ အခွင့်အလမ်း ပိုများမှာ ဖြစ်ပါတယ်။

Customer Psychology ကို နားလည်ထားရင် ဘာတွေရမလဲ👇

✅ စိုးရိမ်စိတ်တွေကိုဖြေရှင်းပေးနိုင်ခြင်း
ဝယ်သူဘာကြာင့် ဝယ်ဖို့တွန့်ဆုတ်နေလဲဆိုတဲ့ အကြောင်းအရင်းကို စကားပြောဆိုနေရင်း ရှာဖွေနိုင်ပြီး ယုံကြည်မှုကို တည်ဆောက်နိုင်တယ်။

✅ ထိရော​က်တဲ့စကားလုံးများသုံးနိုင်ခြင်း
ဝယ်သူရဲ့စရိုက်နဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး သူတို့သိချင်နေတဲ့အချက်တွေ၊ ကြားချင်နေတဲ့စကားလုံးတွေကို ဦးတည်ပြောဆိုနိုင်တယ်။

✅ Objection တွေကို ကိုင်တွယ်နိုင်ခြင်း
ဝယ်သူရဲ့အငြင်းတွေကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်တယ်။

✅ Closing Rate ပိုမြင့်လာခြင်း
စိတ်ခံစားချက်ကို အခြေခံပြီး ဆုံးဖြတ်ချက်ချတတ်တဲ့ ဝယ်သူ့ရဲ့ စိတ်သဘောတရားကို နားလည်ထားတဲ့အတွက် အရောင်းကို မြန်မြန်ပိတ်နိုင်တယ်။

စျေး​ကွ​က်ကို ဦးဆောင်နိုင်ဖို့ ဝယ်သူရဲ့စိတ်ကို အရင်သိမ်းပိုက်ပြီး ဗျူဟာမြောက် အရောင်းပညာရပ်တွေကို လက်တွေ့အသုံးနိုင်ဖို့ မကြာခင်မှာ ဖွင့်လှစ်သွားမယ့် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐢𝐜 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 & 𝐒𝐚𝐥𝐞𝐬 𝐋𝐞𝐚𝐝𝐞𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦 မှာ တက်ရောက် လေ့လာသင်ယူနိုင်ပါတယ်။

📍သင်တန်းအကြောင်း အသေးစိတ်📍
https://www.facebook.com/cherryprmarketing/posts/pfbid0wn9Rw4odngABguFA4JMMKCuttn6y3e8fiZniqZjLDhiXFG5b9DFtEfZkzYmL2T6nl

လုပ်ငန်းရဲ့အရောင်းရလဒ်ကို အရှိန်အဟုန်နဲ့ မြှင့်တင်ဖို့ အခုပဲ စတင်လိုက်ပါရှင် 📩📩

📌 အသေးစိတ် ဆက်သွယ်စုံစမ်းရန် - 09684396333



&SalesLeadership

15/05/2026

လုပ်ငန်းတစ်ခုကို Flow မိမိလည်ပတ်ချင်တယ်ဆို ဒီစာကို အဆုံးထိ ဖတ်ကြည့်ပါ👇

လုပ်ငန်းတစ်ခုက အင်ဂျင်တစ်လုံးနဲ့တူပါတယ်။ အင်ဂျင်အစိတ်အပိုင်းတွေကို စနစ်တကျ
မချိတ်ဆက်ထားဘူးဆို ဘယ်လောက်ပဲ အားစိုက်ထုတ်နေပါစေ ခရီးမတွင်နိုင်သလိုပါပဲ…ကိုယ့်လုပ်ငန်း ကောင်းမွန်စွာ လည်ပတ်နိုင်ဖို့အတွ​က် သိထားသင့်တဲ့ အချက် ( ၃ ) ချ​က်ကို မျှဝေပေးချင်ပါတယ်။

📍Sales & Operation Alignment
လုပ်ငန်းတွေ​က ရောင်းအားတက်ဖို့ ဦးစားပေးတတ်ကြပြီး Operation ပိုင်းကို လစ်ဟာတတ်ကြပါတယ်။ Sales အရမ်းတက်ပေမယ့် Operations က မလိုက်နိုင်ရင် Customer Complaints တွေတက်လာမယ်၊ ပြဿနာတွေ ဖြေရှင်းဖို့တွေ ရှိလာနိုင်တာကြောင့် ရောင်းအားတက်သလောက် ဝန်ဆောင်မှုပေးနိုင်တဲ့ စနစ်ရှိဖို့ အချိတ်အဆက််မိနေဖို့ လိုအပ်ပါတယ်။။

📍KPI & Performance Tracking
ဝန်ထမ်းတွေအလုပ်လုပ်ကြရဲ့လား၊ Tasks တွေပြီးရဲ့လားဆိုတာ နေ့ဓတူဝ လိုက်စစ်နေမယ့်အစား တိကျတဲ့ KPI တွေကို ချမှတ်ထားဖို့ လိုပါတယ်။ တစ်ယောက်စီရဲ့ စွမ်းဆောင်ရည်ပေါ်မူတည်ပြီး ဘယ်နေရာမှာအားနည်းတယ်၊ ဘယ်လိုထပ်ဖြည့်ရမယ် ဆိုတာတွေကို ​စီစဥ်နိုင်မှာ ဖြစ်ပါတယ်။

📍Time, Team & Task Management
လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းတိုးချဲ့ဖို့အတွက် အချိန်ပေးနိုင်ဖို့၊ ရေရှည် Plan တွေကို အကောင်အထည်ဖော်နိုင်ဖို့ဆို Task တွေကို မှန်ကန်သင့်တော်တဲ့ Team ဆီ၊ အချိန်ကိုက် လွှဲပြောင်းပေးနိုင်တဲ့ စနစ်ရှိဖို့ လိုအပ်ပါတယ်။

ဒီအချက် ( ၃ ) ချက်က လုပ်ငန်းတစ်ခု စနစ်ကျလာဖို့အတွ​က် လိုအပ်တဲ့ Engine အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

ဒီအစိတ်အပိုင်းတွေအပြင် စနစ်ကျတဲ့လုပ်ငန်းတစ်ခု ဖြစ်လာဖို့ လိုအပ်တဲ့ ​​​​ကျန်အစိတ်အပိုင်းတွေနဲ့ ဘယ်လိုအသုံးပြုရမလဲ၊ လက်တွေ့ဘယ်လိုအကောင်အထည်ဖော်ရမလဲ သိချင်တယ်ဆို 𝐁𝐮𝐢𝐥𝐝 𝐘𝐨𝐮𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐄𝐧𝐠𝐢𝐧𝐞: 𝐎𝐩𝐞𝐫𝐚𝐭𝐢𝐨𝐧𝐬, 𝐒𝐲𝐬𝐭𝐞𝐦𝐬 & 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐨𝐧 သင်တန်းမှာ အပ်နှံပြီး ​အဖြေရှာလို့ရပါတယ်။

လုပ်ငန်းလည်ပတ်မှု အစအဆုံးကို သင်ကြားပေးသွားမှာဖြစ်လို့ ကိုယ်လှည့်ကြည့်စရာမလိုဘဲ အလိုအလျောက် လည်ပတ်နေမယ့် Business Engine တစ်ခု တည်ဆောက်ဖို့ အခုပဲ စတင်လိုက်ပါ။

📣 သင်တန်းအကြောင်း အသေးစိတ် ဖတ်ရှုရန်
https://shorturl.at/E5jeF

📌 အသေးစိတ် ဆက်သွယ်စုံစမ်းရန် - 09684396333





&Execution

Want your business to be the top-listed Realtor/realty Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Corner Of 78th Street And Sakaing Road, No-903, Mya Nandar Housing, (c-1/1), Chanmyatharsi Township
Mandalay
4802

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00