Hazel In The Universe
These little elements on Canva are so cute to use in STEM field
22/07/2023
IELTS ကို ဘယ်အချိန်မှာ ပြင်ကြမလဲ?🤩
အခုအချိန်မှာ Scholar လျှောက်ပြီး နံနံခြားထွက်ချင်ကြတဲ့သူတွေ🥳
ကိုယ့်သူငယ်ချင်းတွေက တစ်ခြားနိုင်ငံရောက်နေလို့ အားကျနေရသူတွေ🥳
'သူများတွေ IELTS ဖြေထားကြလို့ ငါလဲဖြေထားမယ်ဟဲ့' ဆိုတဲ့သူတွေ အများကြီး ဖြစ်လာကြပါပြီ။🥳
ဆိုတော့
သူများတွေ IELTS ဖြေထားတိုင်း ကိုယ်တိုင်ရော တကယ်ဖြေထားဖို့ လိုလား?🤔
ဘယ်အချိန်မှာ ဖြေသင့်လဲ?🤔
ဒါတွေကို သိချင်ရင်တော့ ဒီစာလေးကို အဆုံးထိ ဖတ်ကြည့်ပေးနော်။👇
💯 အရင်ဆုံး ကိုယ်သွားချင်တဲ့နိုင်ငံနဲ့ ကိုယ်တက်ချင်တဲ့ကျောင်းရဲ့ Language requirement ကို ကြည့်ရပါမယ်။
ကျောင်းက မဖြစ်မနေ IELTS results ပြရမယ်ဆိုရင်တော့ ဖြေကိုဖြေရမှာပေါ့နော်။
ဒါပေမယ့် ကိုယ်သွားချင်တဲ့နိုင်ငံ ကိုယ်တက်ချင်တဲ့ကျောင်းက Language proficiency ကို ဈေးသက်သာတဲ့ တခြားနည်းလမ်းတွေ( Duolingo, ကျောင်းရဲ့ Placement test) လက်ခံတယ်ဆိုရင် တခြားနည်းလမ်းလေးတွေနဲ့ ဖြေဖို့အကြံပေးချင်ပါတယ်။🙇
💯 နောက်ထပ်စဉ်းစားရမယ့်အချက်က
ဘယ်အချိန်လောက်မှာ Study abroad လုပ်မလဲ ဆိုတာပါ။🕰️
IS က ဖြေပြီးသွားရင် သူ့ရဲ့သက်တမ်းက 2နှစ်ရှိတာမို့ နိုင်ငံခြားထွက်မယ် Scholarship တွေ လျှောက်တော့မယ် ဆိုပြီး ဆုံးဖြတ်ချက်သေချာချပြီးမှ ဖြေတာပိုကောင်းပါတယ်။ RK ဖြစ်နေရင်တော့ ဘာမှစဉ်းစားနေစရာမလိုပေမယ့် IS exam fees က မြန်မာငွေ ၆သိန်းဝန်းကျင်ဆိုတော့ သေချာစဉ်းစားဖို့လိုတယ်လေနော့။🫣
💯 နောက်ဆုံးအချက်အနေနဲ့က ကိုယ့်ရဲ့ English level ဘယ်လောက်ရှိရင် IELTS စပြင်ဆင်သင့်လဲ?🤔
IELTS 4 skills လုံး လေ့ကျင့်ရာမှာ အဆင်ပြေဖို့က ကိုယ့်ရဲ့ English level က Intermediate and above ဖြစ်နေဖို့ လိုပါတယ်။ ဒါမှသာ ကိုယ်လိုချင်တဲ့ Targeted Band Score ရဖို့ သေချာလေ့ကျင့်နိုင်မှာပါ။🤩
IELTS စပြင်ဆင်တဲ့အခါ ဘာတွေလုပ်ရမလဲဆိုတာကိုတော့ အသေးစိတ်ထပ်တင်ပေးဖို့ရှိလို့ "Stay tuned" နော်။🥰
Don't forget to share this post and follow our page. 🥰
02/07/2023
ကိုယ့် Idol နဲ့အတူ စာလုပ်မယ် 🫣😍
ငါ့ Idol က ဒီလောက်အလုပ်များနေတာ စာအတူဘယ်လိုလုပ်လို့ရမှာလဲ?
ဘယ်လိုလုပ်လို့ရမလဲ သိချင်ရင်တော့ ဆက်ပြီးဖတ်ကြည့်ပါ။ 😉😉
တကယ်တော့ စာလုပ်ရတယ်ဆိုတာ ပျင်းဖို့ကောင်းတယ်ဟုတ်?
အဲဒီတော့ Idol ရဲ့ Moments လေးတွေကို ကြည့်ရင်း ပျော်ပျော်ကြီး စာလုပ်လို့ရမယ့် နည်းလမ်းလေးတွေကို Sharing လုပ်ပေးလိုက်ပါတယ်။ 🥰
🎉BL supporter Fujoshi လေးတွေအတွက် 💏
BL fanလေးတွေက "Gmmtv" ကလွှင့်တဲ့ BL series တွေကို GMMTV official channel မှာ Eng Subtitile နဲ့ကြည့်ပြီး လေ့လာလို့ရပါတယ်။ 💁💁
https://youtube.com/
https://youtube.com/
🎉K popers လေးတွေအတွက်
Kpopers လေးတွေဆိုရင် YouTube ကနေ ကိုယ့် Idol တွေရဲ့ "K variety show" ဒါမှမဟုတ် Running man လိုမျိုး "Reality show" တွေကို English subtitles နဲ့ ကြည့်တာမျိုးတွေ လုပ်လို့ရပါတယ်။ 😉😉
YouTube က ဒီ Channels တွေမှာ သွားကြည့်လို့ ရတယ်နော်။ 👇👇
https://youtube.com/
https://youtube.com/
🎉Drama series lovers လေးတို့အတွက်ကတော့
Series တွေကို မြန်မာစာတန်းထိုးနဲ့ ကြည့်မယ့်အစား English subtitles နဲ့ ကြည့်ပေးတာက Daily conversation မှာ သုံးလေ့ရှိတဲ့ Phrase တွေ လေ့လာလို့ရတာမို့ တော်တော်လေးတိုးတက်စေမှာပါ။ 🤩
ဒီ Telegram channel လေးမှာ English subtitles drama series တွေကို ကြည့်လို့ရပါတယ်။ 👇
https://t.me/kdrama_links
https://t.me/korean_drama_series_world
🎉Western Idol lovers
သူတို့တွေအတွက်တော့ ကိုယ့်Idol ကိုယ်တိုင်က Native speakers တွေဖြစ်တာကြောင့် Idol ကို Support ရင်း လေ့လာလို့ရတဲ့ နည်းလမ်းတွေအများကြီးပဲနော်။ 🫣
ကိုယ့် Idol ကို မေးမြန်းထားတဲ့ TV show တွေ ကြည့်မလား? Idol ရဲ့ သီချင်းတွေပဲ နားထောင်မလား? ဇာတ်ကားတွေပဲကြည့်မလား? အများအများကြီးပဲနော် 🤓
ဒီ Channel တွေမှာ ကိုယ်သဘောကျတဲ့ Idols တွေရဲ့ TV show တွေကို ကြည့်လို့ရပါတယ်။ 👇
https://youtube.com/
https://youtube.com/
https://youtube.com/
တကယ်တော့ ကိုယ်သဘောကျရတဲ့ Idol နဲ့အတူ အပြင်မှာ စာအတူလုပ်ချင်တယ်ဆိုရင်တော့ Idol ရဲ့ Hubby/ Wifey ဖြစ်အောင် ကြိုးစားကြပါ။ လောလောဆယ်တော့ Idol ရဲ့ Moments လေးတွေကို Support ရင်းနဲ့ စာလုပ်လိုက်ကြပါဦး။ 😜😇
Click here to claim your Sponsored Listing.
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |