Mann Pest Control-MPC

Mann Pest Control-MPC

Share

28/12/2023

ခြင်မှ ယူဆောင်လာတဲ့ရောဂါများ‼️

ခြင်🦟 တွေ ကိုယ်ရဲ့အနီးအနားမှာ တဝီဝီတရွှီရွှီနဲ့ ဝဲနေတာနဲ့ပဲ စိတ်အနှောင့်အယှက်ဖြစ်ရတယ်ဟုတ်။ ခြင်တွေက အကောင်သေးသေးလေးဆိုပေမဲ့ ကိုက်လိုက်ရင် ယားယံစေသလို ရောဂါပိုးတွေလည်း ဖြန့်ဝေနေတဲ့ အဆိပ်ပြင်းသူကြီးတွေပါ။

ကဲ ဒါဆို ခြင်တွေက ဘယ်လိုရောဂါပိုးတွေ သယ်ဆောင်ထားပြီး လူတွေကို ဘယ်လိုဒုက္ခပေးနေတာလဲဆိုတာ တူတူလေ့လာကြည့်လိုက်ရအောင် 🤗

🔺 သွေးလွန်တုပ်ကွေး

ခြင်ကိုက်ရာကနေ ​ဖြစ်တဲ့ပြဿနာဆိုတာနဲ့ အရင်ဆုံးပြေးမြင်မိကြတာက သွေးလွန်တုပ်ကွေးပါပဲ။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပြီး Aedes ခြင်မ 🦟 ကိုက်ခံရာကနေ ကူးစက်တတ်ပါတယ်။ အဖျားကြီးတာ🤒၊ အရိုးအဆစ်နာကျင်တာ၊ ဗိုက်နာတာတွေ ခံစားရပြီး ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့်မှာဆိုရင် သွေးယိုတာ၊ သွေးလန့်တာတွေ ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဆို အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေထိ ရောက်နိုင်ပါတယ်။

🔺 ငှက်ဖျား

ငှက်ဖျားက လူအများထင်ကြသလို စိမ့်စမ်းရေသောက်တာ၊ ငှက်​ပျောသီးစားလို့ကူးတာ လုံးဝမဟုတ်ပါဘူးနော် ❌️ ။ ငှက်ဖျားရောဂါက Plasmodium ကပ်ပါးပိုးကို သယ်ဆောင်ထားတဲ့ Anopheles ခြင်မကိုက်ခံရာကနေ ကူးစက်တာပါ။ ချမ်းတုန်ဖျားတာ 🤒 နဲ့လာတတ်ပြီး သေချာကုသမှုမခံယူဘူးဆိုရင် ငှက်ဖျားပိုးဦးနှောက်ထဲဝင်တာ၊ အဆုတ်၊ ကျောက်ကပ် စတဲ့ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။

🔺 ဆင်တုပ်ကွေး

အဆစ်အမြစ်နာကျင်ကိုက်ခဲတာနဲ့လာတဲ့ ဆင်တုပ်ကွေးကလည်း Aedes ခြင်မ 🦟 ကိုက်ခံရာကနေ ဖြစ်ရတာပါ။ ဆင်တုပ်ကွေးကတော့သွေးလွန်တုပ်ကွေးလိုမျိုး အခြေအနေ မဆိုးတတ်ပါဘူး။ ဒါပေမဲ့ အဆစ်အမြစ်ကိုက်ခဲတာကတော့ လချီကြာတတ်ပါတယ်။

🔺 ဆင်ခြေထောက်

ဆင်ခြေထောက်က သံလုံးကောင်ကြောင့်ဖြစ်တဲ့ ကပ်ပါးရောဂါတစ်မျိုးပါ။ ဒီရောဂါက လူတစ်ဦးကနေ တစ်ဦး ခြင်ကိုက်ခံရာကနေ ကူးစက်နိုင်ပါတယ်။ ပိုးတွေက ခန္ဓာကိုယ်ရဲ့ Lymphatic စနစ်ကို ဖျက်ဆီးလိုက်ပြီး ခြေထောက်🦵🏻တွေမှာ နာကျင်ရောင်ရမ်းစေပါတယ်။ ဒါကြောင့် ဆင်ခြေထောက်လို့ ခေါ်ရတာပါ။ ခြေထောက်မှာ အဖြစ်များတယ်ဆိုပေမဲ့ လက်မောင်း၊ လိင်အင်္ဂါ၊ ရင်သားတွေမှာလည်း ရောင်ရမ်းမှုဖြစ်စေပါတယ်။

ဒါတွေအပြင် ဇီကာဗိုင်းရပ်စ်၊ Yellow Fever နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါတွေကလည်း ခြင်ကိုက်တာကနေတစ်ဆင့် ကူးစက်နိုင်ပါတယ်။

ဒီလောက်ဆို ခြင်က လူတွေအတွက် ဘယ်လောက်အန္တရာယ်များလဲဆိုတာ သေချာလေး သိရှိသွားကြမယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ။

📞 09445551415

🏘️ Z-5/34,Q-3,61st Bet 109×110st.,Chanmyartharzi Township,Mandalay.

Want your business to be the top-listed Cleaning Service in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Z-5/43, Q-3, 61st Bet 109×110st
Mandalay