Arcane Studio

Arcane Studio

Share

11/03/2024

ဒီနေ့ကတော့ Cotton (ချည်သား) အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ အဲ့တော့.....

ယနေ့ခေတ်အမျိုးသားဝတ် အဝတ်အစားများ၏ 75% ခန့်တွင် Cotton (ဝါချည်) ပါပါတယ်၊ စျေးသက်သာပြီး နေရာစုံအသုံးပြုသောကြောင့် အသုံးများဆုံးသော ချည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာထွန်ယက်စိုက်ပျိုးနိုင်သောမြေ၏ (၂) ရာခိုင်နှုန်းခွဲခန့်တွင် Cotton (ဝါချည်) ကိုစီးပွားဖြစ်စိုက်ပျိုးကြသည်။ Gossypium အုပ်စုဝင်အပင် ဖြစ်ပြီး အစေ့ကိုကာကွယ်ပေးရန် အမျှင်များကကာကွယ်ပေးထားသော အပင်အမျိုးအစားဖြစ်သည်။ ဝါချည်သည် နူးညံ့ပြီးဝတ်ဆင်ရာတွင်သက်သောင့်သက်သာရှိသော တီရှပ်/ရှပ်အင်္ကျီများ သာမကအကြမ်းခံနိုင်ရည်မြင့်မားသော ဂျင်း၊ ဖလန်နယ်များကိုပါထုတ်လုပ်နိုင်သောကြောင့် ယနေ့ခေတ်တွင် လူကြိုက်များသော ချည်အမျိုးအစားဖြစ်သည်။ ဒါတွေကတော့နောက်မှ အလျင်းသင့်ရင်သင့်သလိုရှင်းပြပါမယ်။ ခုတော့ Cotton အကြောင်းပဲ ဆက်ကြရအောင်...

ချည်ထည်များသည် နူးညံ့ပြီး လေဝင်လေထွက်ကောင်းခြင်း ရေစုပ်ယူနိုင်စွမ်းမြင့်မားခြင်းတို့ကြောင့် ပူနွေးသောရာသီဥတုနှင့် sensitive skin ရှိသောသူများအတွက်အထူးသင့်လျော်ပါသည်။ Body fit (form-fitting) ဝတ်ချင်သူများနှင့် sport wear (active wear) ဝတ်ဆင်ချင်သူများအတွက်တော့ 100% cotton ကိုမရွေးချယ်ဖို့အကြံပြုပါရစေ။ ချည်သား 100% Pure cotton T-shirt များသည်အစိုဓာတ်ထိန်းသိမ်းမှု အားကောင်းသောကြောင့် (ရေထဲတွင်၎င်းချည်ထည်၏­­­­­­­­­­­အလေးချိန်ထက် ၂၇ဆ ခန့်ရှိသောရေကိုစုပ်ယူထားနိုင်သည်) ကိုယ်လက်လှုပ်ရှားမှုမှ ဖြစ်ပေါ်လာသောချွေးများကို စုပ်ယူကာ ခြောက်သွေ့ရန်ခက်ခဲခြင်းကြောင့် ­­ချွေးအအေးပတ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါသည်။

-----------------------------------------

အရည်အသွေးမြင့် T-shirt များဖန်တီးနိုင်ဖို့

- ဆေးသားပါးလွှာမှု၊ Design နှင့် အင်္ကျီတစ်သားတည်းကျနေသော soft-hand feeling texture

- နိုင်ငံတကာအဆင့်မှီ USA standard cotton / Asian size cutting T-shirt များနှင့် အရည်သွေးမြင့် Ink type များကိုရှာဖွေနေပါသလား

- သင့်၏စိတ်ကူးနှင့် ထပ်တူဖန်တီးပေးနိုင်သော Production Team တစ်ခုကိုရှာဖွေနေပါသလား။

ဒါဆိုရင်တော့ မန္တလေးက Arcane Studio ကိုသတိရလိုက်ပါ။

Arcane Studio - Design & Silk Screen Printing Service

service နဲ့ price များကို ဖုန်း📞 ‪- 09980788788‬ ဆက်သွယ်မေးမြန်းနိုင်ပါသည်

လိပ်စာ🚩 - 73(c), 113 x 114 လမ်းကြား၊ မန္တလေးမြို့။

Photos from Arcane Studio's post 27/02/2024

မင်္ဂလာပါခင်ဗျာ..

ဒီနေ့ကတော့ ကျွန်တော်တို့ မန္တလေးမြို့အငွေ့အသက်နှင့် မြန်မာ့ယဥ်ကျေးမှု အရှိန်အဝါများကို တီရှပ်ထည်များပေါ်တွင် ဂုဏ်ယူစွာချပြဖန်တီးပေးမည့် Arcane Studio (Silkscreen Printing and Design) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်တော်တို့ စတူဒီယိုရဲ့ ရည်ရွယ်ချက်ကတော့

✅နိုင်ငံတကာအဆင့်မှီအရည်အသွေးကောင်းသော Tee၊ Hoodies များကိုပြည်တွင်းရှိ စိတ်ကူးစိတ်သန်းရှိပြီး ကိုယ်ပိုင် Brand ထုတ်ချင်သောလုပ်ငန်းရှင်များအား ဝန်ဆောင်မှုပေးနိုင်ရန်။

✅စိတ်ဝိညာဥ်၏ စည်းချက်နှင့်ကိုက်ညီသောကိုယ်ပိုင်ဖန်တီးမှု အစစ်အမှန်၊ ဒီဇိုင်းများကိုချပြရန်

✅Customized design များအပြင် ပြည်တွင်း Brand အနေဖြင့်စတင်အကောင်အထည်ဖော်လိုသူများအတွက်.. စျေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းမွန်သော Tee နှင့် Hoodies များကို အရေအတွက်များများကုန်ကျစရိတ်သက်သာစွာဖြင့်ညှိုနှိုင်းဆောင်ရွက်ထုတ်လုပ်ပေးနိုင်ရန် သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ..

ကျွန်တော်တို့ Arcane ကိုဘာကြောင့်ရွေးချယ်လက်တွဲသင့်သလဲဆိုရင်..

✅Plastisol, Discharge Ink စသည့်အရည်အသွေးမြင့် Ink Type များသာအသုံးပြုသောကြောင့် ဆေးသားပါးလွှာမှု၊ ဒီဇိုင်းနှင့် အင်္ကျီ တစ်ထပ်တည်းကျသော Soft Hand Feeling ခံစားမှုကိုပေးစွမ်းနိုင်ခြင်း

✅International Grade, 100% Pure USA Cotton စသည့်အရည်အသွေးမြင့်သော ပစ္စည်းများကိုသာ In-stock ထားရှိပြီး Arcane တွင်ရွေးချယ် အသုံးပြုထားရှိခြင်း

✅ခံစားသက်ဝင်မှု အားကောင်းသောကျွမ်းကျင် Traditional & Digital Artist များနှင့် Skillful Screen Printers များအတူတကွ ပူးပေါင်းဖန်တီးမှုကြောင့် လက်ရာ၊ ဒီဇိုင်းပိုင်း သူမတူ ထူးခြားကောင်းမွန်ခြင်း

✅Tie-dye Color Way, Acid Wash စသဖြင့် ပြင်ပစျေးကွက်တွင် မရသော Complex Pattern များကို Arcane တွင် ဖန်တီးရရှိနိုင်ခြင်း

✅Wholesalers များအတွက်လည်း Arcane Studio ၏ ဒီဇိုင်းများကို လက္ကားစျေးဖြင့် ရောင်းချပေးခြင်း စသော ဝန်ဆောင်မှုများကိုထားရှိပေးထားပါသေးတယ်ခင်ဗျာ။

Silkscreen Printing နဲ့ပတ်သက်ပြီး..
🔥Qualityလည်း အကောင်းဆုံးဖြစ်ရမယ်
🔥ဈေးလည်းမှန်ရမယ်
🔥ပေးရတဲ့ဈေးနဲ့လည်း တန်ရမယ်
🔥စိတ်တိုင်းကျဖြစ်ချင်တယ်ဆိုရင်
ကျွန်တော်တို့ Arcaneကို အရောက်သာ လှမ်းခဲ့ပါတော့ခင်ဗျာ။

23/07/2020

ဂုမ္ဘာန် ရက္ခ
Creation Art by Nyan Linn
Silk Screen printing by Arcane Clothing Studio

Want your business to be the top-listed Clothing Store in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay

Opening Hours

Monday 08:00 - 12:00
13:00 - 17:30
Tuesday 08:00 - 12:00
13:00 - 17:30
Wednesday 08:00 - 12:00
13:00 - 17:30
Thursday 08:00 - 12:00
13:00 - 17:30
Friday 08:00 - 12:00
13:00 - 17:30
Saturday 08:00 - 12:00
13:00 - 17:30