T-Cubed

T-Cubed

Share

15/03/2026

🏴‍☠️ One Piece ရဲ့ Luffy ဆီက သင်ယူရမယ့် " Marketing " သင်ခန်းစာများ

ပင်လယ်ဓားပြဘုရင်ဖြစ်ဖို့ ကြိုးစားနေတဲ့ Luffy ဆီမှာ
Content Creator တွေနဲ့ Marketer တွေအတွက်
အဖိုးတန်တဲ့ Strategy တွေ အများကြီးရှိပါတယ်။

ဘာတွေဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင်...

၁။ ရှင်းလင်းပြတ်သားတဲ့ Brand Vision

Luffy က ဘယ်သူ့ကိုတွေ့တွေ့ "ငါက ပင်လယ်ဓားပြဘုရင် ဖြစ်မယ့်သူကွ!" လို့
အမြဲတမ်း ရဲရဲဝံ့ဝံ့ မိတ်ဆက်ပါတယ်။ ဒါဟာ လူတိုင်းမှတ်မိသွားစေတဲ့ သူ့ရဲ့ Core Identity ပါပဲ။

Marketing Lesson အနေနဲ့
ကိုယ့်ရဲ့ Brand က ဘာလဲ?
ဘာကို ဦးတည်နေတာလဲ? ဆိုတာကို Customer တွေ တစ်ခါတည်း
သိသွားအောင် ပြတ်ပြတ်သားသား ပြောပြနိုင်ဖို့ လိုပါတယ်။
Vision ရှင်းမှ လူတွေက ကိုယ့်ရဲ့ Brand ကို ပိုပြီး ယုံကြည်တာပါ။

၂။ Community Building & Loyalty

Luffy က သူ့ရဲ့ Crew (အဖွဲ့ဝင်တွေ) ကို အလုပ်သမားတွေလို
သဘောမထားဘဲ အသက်ပေးရဲတဲ့ မိသားစုဝင် "Nakama" တွေလို သဘောထားပါတယ်။

Marketing Lesson အနေနဲ့
တစ်ခါရောင်းပြီး ပျောက်သွားတာမျိုး မဟုတ်ဘဲ Luffy လိုမျိုး
Follower တွေ၊ Customer တွေနဲ့ ခိုင်မာတဲ့ Community တစ်ခု တည်ဆောက်ပါ။
သူတို့က ကိုယ့်ရဲ့ "Nakama" တွေ ဖြစ်လာတဲ့အခါ
ဘယ်လိုအခြေအနေမျိုးမှာမဆို Brand ကို အမြဲအားပေးမယ့်
Loyal Customer တွေ ဖြစ်လာပါလိမ့်မယ်။

၃။ Unique Selling Proposition

Luffy မှာ "ရာဘာ" စွမ်းအားရှိသလိုမျိုး
Grand Line ထဲက ပင်လယ်ဓားပြတိုင်းမှာလည်း ကိုယ်စီ ထူးခြားတဲ့
Devil Fruit (မိစ္ဆာသစ်သီး) စွမ်းအားတွေ ရှိကြပါတယ်။

Marketing Lesson အနေနဲ့
ဈေးကွက်ထဲမှာ ပြိုင်ဘက်တွေ အများကြီးရှိတဲ့ကြားက တခြားသူတွေနဲ့မတူတဲ့
ကိုယ့်ရဲ့ "Special Power" က ဘာလဲ?
ကိုယ့်ရဲ့ ထူးခြားတဲ့ ဝန်ဆောင်မှု (USP) ကိုပဲ သေချာ Focus ထားပြီး လူတွေ မြင်အောင် ချပြပါ။

အကျဉ်းချုပ်ပြောရမယ်ဆိုရင် Marketing လုပ်တဲ့အခါ Luffy လိုမျိုး
ကိုယ့်ရဲ့ ရည်မှန်းချက် (Vision) ကို ရှင်းရှင်းလင်းလင်းချပြရမယ်
ကိုယ့်ကိုချစ်တဲ့ လူတွေနဲ့ ခိုင်မာတဲ့ Community တည်ဆောက်ရမယ်
တခြားသူတွေနဲ့မတူတဲ့ ကိုယ့်ရဲ့ အားသာချက် ( USP )ကို အကောင်းဆုံး အသုံးချရမယ်

ဒါတွေကိုသာ သေချာလုပ်မယ်ဆိုရင် သင်လည်း သင့်နယ်ပယ်မှာ
"ပင်လယ်ဓားပြဘုရင်" တစ်ယောက်လို အောင်မြင်လာမှာ အသေအချာပါပဲ။

အတွေးတွေကို စာသားပြောင်း၊ လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်

12/03/2026

၁မိနစ်အတွင်း Marketing အကြောင်းကို နားလည်ချင်သူများအတွက်

Marketing ဆိုတာ အပေါ်ယံကြည့်ရင် ရောင်းတာ ဝယ်တာလို့ ထင်ရပေမဲ့
တကယ်တော့ အသီးကောင်းကောင်းသီးဖို့ သစ်ပင်တစ်ပင်ကို
ပြုစုပျိုးထောင်တာ နဲ့ အတူတူပါပဲ။

နားလည်လွယ်အောင် သစ်ပင်တစ်ပင်နဲ့ ဥပမာ ပေးပြီး ရှင်းပြပေးပါမယ်။

လူအတော်များများက Marketing ဆိုတာကို "အသီးခူးစားတာ (ရောင်းတာ)" လို့ပဲ မြင်ကြပါတယ်။ တကယ်တော့ Marketing ဆိုတာ မျိုးစေ့ချတာကနေ
အသီးသီးလာတဲ့အထိ ပြုစုပျိုးထောင်ရတဲ့ “လုပ်ငန်းစဉ် တစ်ခုလုံး” ကို
ခေါ်တာပါ။

ဘယ်လို လုပ်ငန်းစဉ်တွေ ဖြစ်မလဲ ဆိုတာ ဆက်ပြီး ကြည့်လိုက်အောင်…

( ၁ ) အမြစ် - Market Research

သစ်ပင်တစ်ပင် ခိုင်ခံ့ပြီး ရှင်သန်ဖို့ အမြစ်က အရေးကြီးဆုံးပါပဲ။
Marketing မှာလည်း ကိုယ်က ဘယ်သူ့ကို ရောင်းမှာလဲ (Target Audience)၊
သူတို့ ဘာလိုအပ်နေတာလဲ ဆိုတာကို ရှာဖွေတာဟာ “အမြစ်" ပါပဲ။ အမြစ်မခိုင်ရင် (လူတွေ ဘာလိုချင်လဲ မသိရင်) သစ်ပင်ဟာ လေတိုက်တာနဲ့ လဲသွားမှာပါ။

( ၂ ) ပင်စည် - Product & Service

ပင်စည်ဟာ သစ်ပင်ရဲ့ အဓိက အစိတ်အပိုင်းတစ်ခုပါ။
ဒါကြောင့် ပင်စည်ဟာ သင့်ရဲ့ “ ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှု” ပါပဲ။
ပင်စည်က သန်မာနေမှ (ပစ္စည်းက တကယ်ကောင်းနေမှ) ကျန်တဲ့
အကိုင်းအခက်တွေ ဝေဆာနိုင်မှာပါ။

( ၃ ) အကိုင်းအခက်များ - Marketing Channels

ပင်စည်ကနေ အကိုင်းတွေ ဖြာထွက်သွားသလိုပဲ၊
သင့်ပစ္စည်းအကြောင်းကို Facebook က ပြောမလား?
TikTok က ပြောမလား?
ဒါမှမဟုတ် အပြင်မှာ ကြော်ငြာမလား?
ဒီ Channel တွေအကုန်လုံးဟာ အကိုင်းအခက်တွေ ဖြစ်ပါတယ်။
အကိုင်းတွေ များများဖြာလေ၊ ကိုယ်ရဲ့ product က နေရာအနှံ့ကို
ရောက်လေပါပဲ။

( ၄ ) အရွက်များ - Content & Communication

အရွက်တွေက သစ်ပင်ကို လှပစေသလို အစာလည်းချက်လုပ်ပေးပါတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ Content တွေ၊ စကားလုံးတွေ၊
ကြော်ငြာပုံရိပ်တွေဟာ “ အရွက် ” တွေပါပဲ။ အရွက်တွေ စိမ်းလန်းစိုပြေနေမှ
လူတွေက ဒီသစ်ပင်ရိပ်ကို လာပြီး နားခိုချင်ကြမှာပါ။

( ၅ ) အသီး - Sales & Profit

ဒီအဆင့် ( ၄ )ဆင့် ပြီးတဲ့ နောက်မှာတော့ အားလုံး
စောင့်မျှော်နေတဲ့ အသီး “ အရောင်း (Sales) ”
ထွက်လာပါတယ်။ ဒါပေမဲ့ မှတ်ထားရမှာက အမြစ်ကို ရေမလောင်းပဲ၊
ပင်စည်ကို မပြုစုပဲနဲ့တော့ အသီးကို ဒီအတိုင်း သွားခူးလို့ မရပါဘူး။
ခူးစရာ အသီးလည်း ထွက်လာမှာ မဟုတ်ပါဘူး။

အကျဉ်းချုပ်ပြီး ပြောရမယ်ဆိုရင်
အသီးကိုပဲ ကြည့်ရင် တစ်ရာသီပဲ စားရမယ်။
အပင်ကို ပြုစုရင်တော့ တစ်သက်လုံး စားရပါလိမ့်မယ်။
Marketing ဆိုတာ အသီး (ရောင်းရဖို့) ထက်
အပင် (လုပ်ငန်း) ရေရှည်ရှင်သန်ဖို့အတွက် စနစ်တကျ ပြုစုပျိုးထောင်တာပါ။

သင့်ရဲ့ Marketing သစ်ပင်ကရော အခု ဘယ်အဆင့်ကို
ရောက်နေပြီလဲဆိုတာ Comment မှာ မန့်ခဲ့ပါဦးနော်…။

အတွေးတွေကို စာသားပြောင်း၊ လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်

11/03/2026

အိပ်နေရင်း ပိုက်ဆံဝင်ချင်ရင် Copywriting ရေးတတ်အောင်လုပ်

Jim Edwards က "Copywriting ဆိုတာ စာရွက်ပေါ်မှာ
အရောင်းဝန်ထမ်းတစ်ယောက် ထားလိုက်တာနဲ့ တူတူပဲ" လို့ ပြောပါတယ်။
သင် အိပ်နေတဲ့အချိန်မှာတောင် သင့်ရဲ့ 'စာ' တွေက သင့်အတွက် ပိုက်ဆံရှာပေးနေမှာပါ။

တချို့ လူတွေဟာ
Content Writing နဲ့ Copywriting ကို
တူတူပဲလို့ ထင်ကြပါတယ်။

ဒါကြောင့် တချို့ Content မရေးတတ်တဲ့သူတွေတောင်မှ
AI တွေကို ဘယ်လို Content မျိုး
ရေးပေးပါဆိုပြီးပဲ ရေးခိုင်းတတ်ကြတာပါ။

AI တွေ ပေါလာတာနဲ့အမျှ Content ဆိုတာ
ဘာမှမဟုတ်တော့ဘူး၊ AI တွေကို ရေးခိုင်းရင်
ခဏပဲလို့ ပြောကြပါတယ်။

မှန်ပါတယ်၊ AI တွေကို ရေးခိုင်းရင် ခဏပါပဲ၊
ဒါပေမယ့် Quality ကွာပါတယ်။ AI သုံးတာခြင်း အတူတူတောင်
Content အကြောင်း နားမလည်တဲ့သူ AI သုံးပြီး ရေးတာနဲ့၊
Content အကြောင်း နားလည်တဲ့သူ AI သုံးပြီး ရေးတာ
Quality အများကြီးကွာပါတယ်။

အဲ့တော့ လူများစု ပြောနေကြတဲ့ Content ရေးနည်းအပြင်
နောက်ထပ် အရေးကြီးတဲ့ Copywriting ရေးနည်းကို
ဆက်ပြီး လေ့လာကြည့်လိုက်ရအောင်…

( ၁ ) ကိုယ့် Brand ရဲ့ အကျိုးကျေးဇူး ( Benefit ) ကို အဓိကထားပါ။

ပစ္စည်းတစ်ခုရဲ့ အချက်အလက်တွေ ဖြစ်တဲ့
(Features) တွေကိုပဲ ဖော်ပြမနေပါနဲ့။
အဲဒီအချက်အလက်တွေက ဝယ်သူအတွက်
ဘာကောင်းသွားစေမလဲ ဆိုတဲ့ (Benefits) ကိုပဲ အဓိကပြောပါ။

ဥပမာ - "ဒီဖုန်းမှာ ဘက်ထရီ 5000 mAh ပါတယ်" လို့
ပြောမယ့်အစား "တစ်နေကုန် အားသွင်းစရာမလိုဘဲ
စိတ်ကြိုက်သုံးလို့ရမယ်" လို့ ရေးတာက ပိုထိရောက်ပါတယ်။

( ၂ ) ရိုးရှင်းတဲ့ စကားလုံးတွေကိုပဲ သုံးပြီးရေးပါ။

လူတွေက လွယ်လွယ်နဲ့ ရှင်းရှင်းကိုပဲ ကြိုက်ကြပါတယ်။
ကိုယ်ရေးတဲ့ အကြောင်းအရာက ၁၀ နှစ်ကလေး ဖတ်ရင်တောင်
နားလည်နိုင်မယ့် အကြောင်းအရာမျိုး ဖြစ်ရင် အကောင်းဆုံးပါ။

( ၃ ) ဖတ်တဲ့သူကို ဒီအရာက အရေးကြီးပါတယ် ဆိုတဲ့ ခံစားချက်ကို ပေးပါ။

လူတွေက သူတို့အတွက် အရေးကြီးတဲ့ အရာတွေကို ဆုံးရှုံး
ရမှာကြောက်တတ်ကြပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ Brand ကို
- အချိန်နဲ့ ကန့်သတ်ပြီး တိုက်တွန်း ရောင်းချတာမျိုး
- အရေအတွက်နဲ့ ကန့်သတ်ပြီး ရောင်းချတာမျိုး
- နှိုင်းယှဉ်ချက်နဲ့ ဆွဲဆောင်ပြီး ရောင်းချတာမျိုး
စတဲ့ နည်းလမ်းတွေနဲ့ အရေးကြီးတဲ့ ခံစားချက်မျိုး ပေးပြီး ရေးပါ။

( ၄ ) Call to Action ( CTA ) တိတိကျကျထည့်ပါ။

ကိုယ့်ရဲ့ Audience တွေကို ဘာဆက်လုပ်စေချင်လဲဆိုတာကို
ရှင်းရှင်းလင်းလင်း ခိုင်းရပါမယ်။
ဥပမာ - "အသေးစိတ်သိရှိရန် ဒီ link ကို နှိပ်ပါ"၊
"အခုပဲ Messenger မှာ စာပို့လိုက်ပါ" ဆိုတာမျိုး ထည့်ရေးပေးပါ။

ဒီ အချက် ( ၄ )ချက်ကိုသာ သေချာရေးနိုင်ရင်
ကိုယ့်ရဲ့ Brand ဟာ အမြဲ အရောင်းသွက်နေပြီး ကိုယ်အိပ်နေရင်တောင် ငွေဝင်အောင် လုပ်ပေးနိုင်ပါလိမ့်မယ်။

တခြားသိချင်တာရှိရင်လည်း Comment မှာ မေးခဲ့နိုင်ပါတယ်ဗျ။

အတွေးတွေကို စာသားပြောင်း၊ လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်

10/03/2026

Content Marketer နဲ့ Content Writer ဘာကွာလဲ?

Plan မရှိရင် ပက်လက်လန်မယ် ဆိုတဲ့ စကားအတိုင်း
Content ရေးတာမှာလည်း Plan လိုအပ်ပါတယ်။

Content Marketer ဆိုတာ အရိုးရှင်းဆုံး ပြောရရင်
Plan ချတဲ့လူလို့ သတ်မှတ်လို့ရပါတယ်။

Plan ချပေးတဲ့ Content Marketer က ဘာတွေလုပ်ရလဲ?

- ဘယ်လို Content မျိုး တင်ရမလဲ?
- ဘယ်အချိန်မှာ တင်မလဲ?
- ဘယ်သူတွေ ကြည့်အောင် လုပ်မှာလဲ?
- တင်လိုက်တဲ့ Content ကနေ ရလဒ် ( Like / Share/ Sales ) ဘယ်လောက် ရလဲ ဆိုတာကို
တာဝန်ယူပြီး လုပ်ပေးရပါတယ်။

Content Writer ကတော့ Marketer ချပေးတဲ့
Plan အတိုင်း စာသားတွေကို ဆွဲဆောင်မှု ရှိရှိနဲ့ ရေးပေးရတဲ့သူ ဖြစ်ပါတယ်။

ဒီ နှစ်မျိုးကို သေချာနားလည်ဖို့အတွက် စားသောက်ဆိုင်နဲ့
ဥပမာ ပေးပြီး ရှင်းပြပေးပါမယ်။

Content Marketer က ဆိုင်မန်နေဂျာနဲ့ တူပါတယ်။
- ဘယ်ဟင်းပွဲက လူကြိုက်များလဲ?
- Menu မှာ ဘာတွေ ထည့်ရမလဲ?
- ဆိုင်ကို ဘယ်လို ကြော်ငြာရမလဲ ဆိုတာကို Plan ချပေးပါတယ်။

Content Writer ကတော့ စားဖိုမှူး နဲ့ တူပါတယ်။
မှာထားတဲ့ ဟင်းပွဲ ( Content ) တွေကို စားချင်စဖွယ် ရှိအောင်
အရသာရှိအောင် ချက်ပြုတ် ( ရေးသား ) ပေးရတဲ့သူဖြစ်ပါတယ်။

ဒါကြောင့် လုပ်ငန်းတစ်ခု အောင်မြင်ဖို့ဆိုရင်
စနစ်တကျ Plan ချပေးမယ့် Marketer ရော၊ အဲ့ဒီ Plan ကို
အသက်ဝင်အောင် ရေးသားပေးမယ့် Writer ရော နှစ်ယောက်လုံး
ရှိဖို့ လိုအပ်ပါတယ်။

အကယ်၍ ကိုယ်က Content Freelancer ဖြစ်ချင်တယ်ဆိုရင်တော့
ဆိုင်ကိုလည်း စီမံခန့်ခွဲ တတ်ပြီး ဟင်းလည်းချက်တတ်နေဖို့
လိုပါတယ်နော်…။

တခြား သိချင်တဲ့ အကြောင်းအရာတွေကိုလည်း
Comment မှာ မေးခဲ့နိုင်ပါတယ်ဗျ…။

အတွေးတွေကို စာသားပြောင်း၊ လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်

09/03/2026

Content Writer ကောင်း တစ်ယောက် ဖြစ်ချင်ရင် ဒီအချက်တွေ သိထားသင့်တယ်✍️

အခုခေတ် Digital Marketing လောကမှာ
Content Writing က အရမ်းအရေးပါလာပါတယ်။

ကိုယ်က စာရေးတာ ဝါသနာပါတယ်၊
ဒီနယ်ပယ်ထဲကို Professional တစ်ယောက်အဖြစ်
ဝင်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်
( ၆ )ချက်ကို ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်။

( ၁ ) Research Skills

စာတစ်ပုဒ်မရေးခင် အဲ့ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး
သေချာ Research လုပ်ဖို့ လိုပါတယ်။
ခိုင်လုံပြီး မှန်ကန်မှုရှိတဲ့ နေရာတွေကနေ အချက်အလက်ယူတတ်ဖို့က
Content Writer ကောင်း တစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံး
Skill တစ်ခုဖြစ်ပါတယ်။

( ၂ ) Target Audience

ကိုယ့်စာကို ဘယ်သူတွေ ဖတ်မှာလဲ?
Gen Z လား?
လုပ်ငန်းရှင်တွေလား?
ဒါမှမဟုတ် ကျောင်းသားတွေလား?
Audience အပေါ်မူတည်ပြီး သုံးနှုန်းရမယ့်
အသုံးနှုန်းတွေကိုလည်း ပြောင်းလဲတတ်ဖို့ လိုပါတယ်။

( ၃ ) SEO Basics

ကိုယ့်ရဲ့ Content ကို Google Search မှာ ရှာရင် ထိပ်ဆုံးက
ပေါ်လာစေဖို့ Search Engine Optimization (SEO) ရဲ့
အခြေခံတွေကို သိထားရပါမယ်။ Keywords တွေကို
ဘယ်လို သဘာဝကျကျ ထည့်သွင်းရေးရမလဲဆိုတာ
သေချာလေ့လာထားဖို့ လိုပါတယ်။

( ၄ ) Formatting

စာသားတွေချည်းပဲ ရေးထားရင်
ဖတ်ရတာ ပျင်းဖို့ကောင်းပါတယ်။
Paragraph အတိုလေးတွေခွဲတာ၊
Bullet points တွေသုံးတာနဲ့
ခေါင်းစဉ်ကိုလည်း စနစ်တကျ ပေးတတ် သုံးတတ်ဖို့ လိုပါတယ်။

( ၅ ) Editing
စာရေးပြီးတာနဲ့ တန်းမတင်ပါနဲ့။
သတ်ပုံအမှား၊ သဒ္ဒါအမှားနဲ့ ရေးထားတဲ့ စာကို ဖတ်ရတာ
ထောက်မနေပဲ ချောမွတ်မှုရှိမရှိ စစ်ပြီး သေချာ Edit ပြန်လုပ်ဖို့လိုပါတယ်။

( ၆ ) Adaptability

တစ်ခါတလေ အစားအသောက်အကြောင်းတွေ ရေးရသလို၊
တစ်ခါတလေ ပညာရေး အကြောင်းတွေလည်း ရေးရတတ်ပါတယ်။
မတူညီတဲ့ နယ်ပယ်တွေအလိုက် ကိုယ့်ရဲ့ Writing Style ကို
ပြောင်းလဲနိုင်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။

အကျဉ်းချုံ့ပြောရမယ်ဆိုရင်
Content Writing ဆိုတာ စာရေးတာသက်သက်တင်မဟုတ်ပဲ
စာဖတ်သူ ရဲ့ ပြဿနာကို ဖြေရှင်းပေးတာ
ဒါမှမဟုတ် အကျိုးကျေးဇူး တစ်ခုခု ပေးတာမျိုး ဖြစ်ရပါမယ်။
အမြဲတမ်း လေ့လာနေဖို့နဲ့ များများရေးကြည့်ဖို့လည်း တိုက်တွန်းချင်ပါတယ်။

နောက်ထပ် သိချင်တဲ့ အကြောင်းအရာတွေကိုလည်း
Comment မှာ စိတ်ကြိုက် မေးခဲ့နိုင်ပါတယ်ဗျ…။

အတွေးတွေကို စာသားပြောင်း၊ လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်

08/03/2026

Brand တစ်ခု တည်ဆောက်နည်း

Brand တစ်ခု တည်ဆောက်တယ်ဆိုတာ
Logo လှလှလေးဆွဲတာ၊ နာမည်ပေးတာလောက်တင်
မဟုတ်ပဲ လူတွေက သင် ဒါမှမဟုတ် သင့်လုပ်ငန်းကို
ဘယ်လိုမြင်လဲ၊ ဘယ်လိုခံစားရလဲ ဆိုတဲ့
ယုံကြည်မှု (Trust) တည်ဆောက်ခြင်း ဖြစ်ပါတယ်။

Brand တစ်ခု တည်ဆောက်တဲ့အခါ
မရှိမဖြစ်လိုအပ်တဲ့ အချက်တွေက
ဘာတွေဖြစ်မလဲဆိုတာ
ဆက်ကြည့်လိုက်ရအောင်…

၁။ Why

သင်ဘာကြောင့် ဒါကိုလုပ်ရတာလဲ ဆိုတဲ့
ခိုင်မာတဲ့ ရည်ရွယ်ချက်နဲ့
သင့်ရဲ့ Brand က ဘာကို ကိုယ်စားပြုတာလဲဆိုတာ
ရှင်းရှင်းလင်းလင်း သိရပါမယ်။

ဥပမာ - "ကျွန်တော်က Content တွေရေးတယ်" ဆိုတာထက်
"လူတွေအတွက် နေ့စဉ်ဘဝမှာ အကျိုးရှိမယ့် ဗဟုသုတတွေကို
ကျွန်တော်ရဲ့ Content ကနေ တဆင့် Sharing လုပ်ချင်လို့" ဆိုတဲ့
ရှင်းလင်းတဲ့ရည်ရွယ်ချက်မျိုး ရှိရပါမယ်။

၂။ Target Audience

လူတိုင်းဟာ ကိုယ့်ရဲ့ Audience မဟုတ်ပါဘူး။
ကိုယ့်ရဲ့ Content ကို ဘယ်လိုလူတွေ ကြည့်မှာလဲ ဆိုတာ
ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့ လိုပါတယ်။

ဥပမာ - လူငယ်တွေအတွက်လား၊ လုပ်ငန်းရှင်တွေ အတွက်လား
ဆိုတာ တိတိကျကျ သိဖို့လိုပါတယ်။

၃။ Brand Identity & Voice

Brand တစ်ခုရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့
အရောင် ၊ Logo၊ Font တွေအပြင် သင့်ရဲ့
စကားပြောတဲ့ပုံစံ (Tone of Voice) ကလည်း အရေးကြီးပါတယ်။

ဥပမာ - ပျော်ပျော်ရွှင်ရွှင် ပြောမှာလား၊ Professional ကျကျ
ပြောမှာလား ဆိုတဲ့ ကိုယ်ပိုင်စတိုင်လ် ရှိရပါမယ်။

၄။ Consistency

TikTok, YouTube, Instagram ဘယ်မှာပဲကြည့်ကြည့်
သင့်ရဲ့ Brand အရောင်၊ Logo၊
ကိုယ်ပိုင်စတိုင်လ်၊ အရည်အသွေး က
တသမတ်တည်း (Standard တစ်ခုတည်း) ဖြစ်နေရပါမယ်။
ဒီနေ့တစ်မျိုး၊ မနက်ဖြန်တစ်မျိုး ဖြစ်နေလို့ မရပါဘူး။

ခြုံငုံပြီး ပြောရမယ်ဆိုရင် Brand ဆိုတာ
တစ်ရက်တည်းနဲ့ တည်ဆောက်လို့ရတဲ့
အရာမဟုတ်ပါဘူး။

- ခိုင်မာတဲ့ ရည်ရွယ်ချက် ( Why ) ရှိရမယ်

- ဘယ်သူ့ကို ပြောမှာလဲ ဆိုတဲ့ ( Target ) ရှိရမယ်

- ကိုယ်ပိုင်စတိုင်လ် ( Identity ) ရှိရမယ်

ဒါတွေကို Consistency ရှိရှိနဲ့ တသမက်တည်း
လုပ်ပြနိုင်လာတဲ့အခါ လူတွေရဲ့ စိတ်ထဲမှာ
ကိုယ့်ရဲ့ Brand ကို ဘယ်တော့မှ မေ့မှာမဟုတ်တော့သလို
ယုံကြည်မှုလည်း ရရှိလာပါလိမ့်မယ်။

အခုပြောသွားတဲ့ အကြောင်းအရာလေးက
သင့်အတွက် အကျိုးကျေးဇူးရခဲ့တယ်ဆိုရင်
Comment မှာ “ Yes ” လို့ မန့်ခဲ့ပါဦးနော်…။

အတွေးတွေကို စာသားပြောင်း၊ လူတွေရဲ့ ရင်ထဲကို ရောက်အောင်လုပ်

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00