Smart Tech Online Class

Smart Tech Online Class

Share

17/03/2026

🚀 Summer ICT Course One by One Class (Grade 6 to Grade 11)

ကျောင်းပိတ်ရက်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချရင်း အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ICT စွမ်းရည်တွေကို အခြေခံကစပြီး စနစ်တကျ လေ့လာလိုက်ရအောင် 💻✨

🌟 ဒီသင်တန်းမှာ ဘာတွေသင်မှာလဲ?

🤩Computer Fundamentals: ကွန်ပျူတာအခြေခံ နည်းပညာများ

🤩Troubleshooting: Windows System နဲ့ နည်းပညာပိုင်းဆိုင်ရာ ပြုပြင်ထိန်းသိမ်းမှု

🤩Cloud & AI: AI tools များအကြောင်း နဲ့ Cloud system ကို အသုံးချပုံ

🤩Coding & Networking: ပရိုဂရမ်မင်းအခြေခံနဲ့ ကွန်ရက်ချိတ်ဆက်မှု အခြေခံ ဗဟုသုတများ

💡 ဘယ်သူတွေအတွက်လဲ?
✅ Grade 6 မှ Grade 11 အထိ ကျောင်းသား/သူများ
✅ တက္ကသိုလ်ဝင်တန်း ဖြေဆိုထားသူများ
✅ IT နည်းပညာကို အခြေခံကစပြီး စိတ်ဝင်စားသူ လူငယ်တိုင်း

📝 သင်တန်းအသေးစိတ်
⏳ Duration: 50 Hours (Intensive Course)
💻 Platform: Google Meet (Live Class)
📅 Schedule: Flexible Class Schedule

💰 Course Fee: 350,000 MMK

"Empowering Minds for a Digital Future"

📞 Contact: 09 79 777 3084 & 📲 Viber

12/03/2026

📚 **ICT Foundation ကို ဘာကြောင့် လေ့လာသင့်သလဲ?**
ယနေ့ခေတ်သည် **Digital ခေတ်** ဖြစ်ပြီး ကွန်ပျူတာ၊ အင်တာနက်နှင့် နည်းပညာများသည် ကျောင်းသားများ၏ သင်ယူမှုနှင့် အနာဂတ်အလုပ်အကိုင်အတွက် အင်မတန် အရေးကြီးလှပါသည်။
💡 ICT Foundation ကို လေ့လာသင့်သော အကြောင်းရင်းများ
🔹 နည်းပညာ၏ အခြေခံကို နားလည်နိုင်ခြင်း
Computer, Internet, Software နှင့် Digital System များ ဘယ်လိုအလုပ်လုပ်သည်ကို သိလာစေပါသည်။
🔹 Logical Thinking နှင့် Problem Solving စွမ်းရည် တိုးတက်လာခြင်း
Computer Science အခြေခံများကို လေ့လာခြင်းဖြင့် ပြဿနာများကို စနစ်တကျ စဉ်းစားပြီး ဖြေရှင်းနိုင်စွမ်း တိုးတက်လာစေပါသည်။
🔹 အနာဂတ် Career အတွက် အခြေခံတည်ဆောက်ပေးခြင်း
Software Development, Data Science, Cyber Security, AI စသည့် နည်းပညာဆိုင်ရာ အလုပ်အကိုင်များသို့ ဆက်လက်လေ့လာနိုင်ရန် အခြေခံကောင်းတစ်ခု ဖြစ်လာပါသည်။
🔹 Digital Citizen ကောင်းတစ်ဦး ဖြစ်လာခြင်း
Internet Safety, Digital Ethics နှင့် Responsible Technology Use များကို နားလည်စေပါသည်။
✨ ICT Foundation ကို အခြေခံမှ စတင်လေ့လာခြင်းသည် အနာဂတ်တွင် IT နည်းပညာရဲ့ အခြေခံအုတ်မြစ် ကို ပိုင်နိုင်နိုင်သော သူများ ဖြစ်လာရန် အရေးကြီးသော ခြေလှမ်းတစ်ခု ဖြစ်ပါသည်။

💰 သင်တန်းကြေး - ၃၅၀,၀၀၀ ကျပ်
📅 လစဉ် တန်းခွဲသစ်များ ပုံမှန်ဖွင့်လှစ်ပေးနေပါသည်။📣
📥 အသေးစိတ်စုံစမ်းရန်:
📞 Phone & Viber: 09 79 777 3084
💬 သို့မဟုတ် Page Chat Box တွင်လည်း မေးမြန်းနိုင်ပါသည်။

08/03/2026

🚀 နည်းပညာခေတ်မှာ နောက်ကျမကျန်ခဲ့ဖို့ ICT ကို အခြေခံကစပြီး ပိုင်ပိုင်နိုင်နိုင် လေ့လာကြစို့!

Smart Tech Online Class မှ ဖွင့်လှစ်လိုက်တဲ့ ICT Foundation Course သည် IT နှင့်ပတ်သတ်တဲ့ အခြေခံများကို ပိုင်နိုင်သိရှိနားလည်စေရန်အတွက် အထူးရည်ရွယ်ပါသည်။

🎯 ဒီသင်တန်းက ဘယ်သူတွေအတွက်လဲ?
✅ နွေရာသီကျောင်းပိတ်ရက်ကို အကျိုးရှိရှိ အသုံးချချင်သည့် ကျောင်းသား/သူများ။

✅ IT နယ်ပယ်ကို ခုမှစတင်လေ့လာမည့် Beginner များ။

✅ လက်ရှိအလုပ်ခွင်မှာ နည်းပညာပိုင်းကို Upgrade လုပ်လိုသူများ။

💡 Smart Tech မှာ တက်ရောက်ရင် ဘာတွေထူးခြားမလဲ?
💫ဆရာနဲ့တိုက်ရိုက် (Live) ဆွေးနွေးမေးမြန်းနိုင်လို့ အပြင်မှာသင်ရသလို ထိရောက်မှုရှိခြင်း။

💫Flexible Class Times: အလုပ်မအားသူများနှင့် ကျောင်းသားများအတွက် အဆင်ပြေစေမယ့် အချိန်ဇယား။

💫Comprehensive Learning: စုစုပေါင်းသင်ကြားချိန် နာရီ (၅၀) တောင် ပါဝင်လို့ အခြေခံကို အသေးစိတ် စနစ်တကျ လေ့လာနိုင်ခြင်း။

📚 သင်ရိုးမာတိကာ (Modules)
✨ Fundamentals of IT

✨ Essential Troubleshooting

✨ Intro to Cloud Computing

✨ Networking Basics

✨ Intro to Programming

💰 သင်တန်းကြေး - ၃၅၀,၀၀၀ ကျပ်

📅 လစဉ် တန်းခွဲသစ်များ ပုံမှန်ဖွင့်လှစ်ပေးနေပါသည်။📣

📥 အသေးစိတ်စုံစမ်းရန်:
📞 Phone & Viber: 09 79 777 3084
💬 သို့မဟုတ် Page Chat Box တွင်လည်း မေးမြန်းနိုင်ပါသည်။

27/02/2026

ICT Foundation Course
Smart Tech Online Class
လစဉ် တန်းခွဲသစ်များ ဖွင့်လှစ်နေပါပြီ။

Photos from Smart Tech Online Class's post 21/03/2024

🐧Linux ဆိုတာဘာလဲ။

Linux အကြောင်းမိတ်ဆက်ချင်ပါတယ်ဗျ။Linux ဆိုတာ Open source Operating System အတွက် kernel တစ်ခုပါ။ Linux ရဲ့ ဖခင်ကြီး(စတင် developedခဲ့တဲ့သူ) ကတော့ Linus Torvalds ဘဲဖြစ်ပါတယ်။(pic-1 ကသူ့ပုံပါ) 1991,September 17 မှာ first released အနေနဲ့ ထွက်ခဲ့ပါတယ်။

Linux ကို ဖန်တီးတုန်းက operating system kernel တစ်ခုသာဖြစ်ပါတယ်။ နည်းပညာလောကထဲကဆို kernel သိကြပါတယ်။ Computer operating system ရဲ့ မရှိမဖြစ် အဓိကကျသော core program ပါပဲ။
kernel ဆိုတာ CPU,Memory စတဲ့ hardware တေနဲ့ input/output Device စတဲ့ mouse,keyboard တွေကို စီမံပေးတဲ့သူပါ။ (pic-2မှာကြည့်နိုင်ပါတယ်). Linux က Unix လို့ခေါာတဲ့ operating system ကို ကိုးကားထားတာ။ ဒါကြောင့်လဲသူ့ရဲ့ OS Family က
Unix-like OS လို့ခေါာတာပါ။အဲ့ဒီိနောက်မှာ hacker ,Redhat,Intel,Redhat စတဲ့အဖွဲ့စည်းများက ပညာရှင်တွေက ဝိုင်းပြီး Linux မှာသုံးဖို့ software တွေကို Developed လုပ်ခဲ့တာပါပဲ။

GNU Linux OS ကိုစတင်သုံးမယ်ဆိုရင်တော့ Distros တွေအကြောင်းကိုသိထားသင့်ပါတယ် ။ ကိုယ်သုံးတဲ့နယ်ပယ်ပေါာမှာမူတည်ပြီး Distro တွေခွဲသွားတာပါ။ Linux distros တေကို အခြေခံ ၃ မျိုးကိုခွဲပြီး Distro အများအပြားပေါာပေါက်လာတာပါ။ Debain base ရယ်၊ Red hat base နဲ့ Slackware base ပါ။

ဒီမှာတော့ Debain base နဲ့ Red hat baseတေရဲ့ pakages Type ကို အကျဥ်းချုပ်နှိုင်းယှဥ်ပြသွားပါမယ်။ Debain Base မှာဆိုရင်တော့ .deb နဲ့သွင်းပါတယ်။ Redhat Base မှာဆိုရင်တော့ .rpm သုံးပါတယ်။Pakage Manager မှာဆိုရင်တော့ dpkg(offline သုံးတာပါ)/apt-get ကိုသုံးပါတယ်။ဥပမာအနေနဲ့ဆိုရင် terminal မှာ # dpkg -i zoom_amd64.deb ပေါ့(offline သွင်းတာပါ) / apt-get install nano ပေါ့ (ဒါက online ကတင်တာပါ။)

ဒါဆို Redhat Base မှာဆိုရင်တော့ yum/dnf နဲ့သုံးတာပါ ။ ဥပမာတော့မပြတော့ပါဘူးဗျ။ အပေါ်မှာပြခဲ့တဲ့အတိုင်းမို့ သိပ်မကွာလှပါဘူး။ကျွန်တော်အခုပြောနေတဲ့ဟာတေကအရေးကြီးပါတယ်။(နောက်ဆုံး ပုံမှာ Pakage types ကြည့်နိုင်ပါတယ်။)
Linux Desktop Environment တေအများကြီးထဲမှ ကိုယ်နဲ့အဆင်ပြေတာကိုရွေးသုံးဖို့အကြံပြုပါတယ်။(pic-3 တွင်အကျဥ်းချုပ်ကြည့်နိုင်ပါတယ်။)

ကိုယ်ကအကယ်၍ TU,CU စတဲ့နည်းပညာကျောင်းသားတွေဆိုရင် Linux ကိုစတင်လေ့လာသုံးကြည့်ဖို့အကြံပြုချင်ပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ Linux ကဘာလို့ အောင်မြင်လာတာလဲဆိုတာကိုပြောပြချင်ပါတယ်။Linux က open source ဖြစ်ပြီး free License ရတာကလဲ တစ်ခြား operating system တွေနဲ့ ယှဥ်ရင်တော့ တစ်ဘန်းသာနေတာပါ။(O.S တစ်ခုလုံးကိုစိတ်ကြိုက် ပြုပြင်ပြီး မိမိနှစ်သက်သလိုသုံးစွဲလို့ရပါတယ်။)Hacker တွေ programmer တွေ ကိုယ်ပိုင် OS ဖန်တီးချင်တဲ့သူတွေအတွက် အဆင်ပြေသလို။ လူအများစုသိကြတဲ့အတိုင်း Linux server တွေက security ကောင်းတာရယ်ပေါ့ပါးမြန်ဆန်တာတွေကြောင့် system administrator အသုံးများလာပါတယ်။Linux က ဒီထက်ပိုအောင်မြင်နေမယ်လို့ ယုံကြည်ပါတယ်။

Window မှာ လို system errors တွေ ကြောက်ရမှာလဲစိတ်ပူရမှာမဟုတ်ပါဘူး။အကယ်၍ စာဖတ်သူက window ကို license နဲ့ဝယ်သုံးနေတာဆိုရင် အကယ်၍ စက်က virus မိသွားရင် ရောဂါတက်ရအုန်းမှာပါပဲ ၊ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ linux O.S ကိုစတင် အသုံးကြည့်ဖို့ အကြံပြုပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဗျ။အပန်းမကြီးရင် Post လေးကို share ပေးပြီးကူညီပါဦးနော့်။Learn Router ရဲ့ Website မှာလည်း အကောင့် Register လုပ်ပြီး ကိုယ်လေ့လာချင်တဲ့ Learning Resources တွေဝင်ရောက် ရှာဖွေနိုင်ပါတယ်ခင်ဗျာ။👇🏻👇🏻👇🏻

https://learnroutermm.com



Credit

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Category

Address

Myittha
Mandalay