MTWL Legal
02/02/2026
⚖️ Hiring Permanent Paralegals
MTWL Legal တွင် အမြဲတမ်းဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်းရှိသော Paralegal (၂) ဦး ကို ခေါ်ယူခန့်အပ်လိုပါတယ်….
✅ သတ်မှတ်ချက်များ
▫️LL.B ဥပဒေဘွဲ့ ရရှိပြီးသူဖြစ်ရမည်။ (ကျောင်းတက်ဆဲသူများ မဟုတ်ရပါ။)
▫️Microsoft Office (Word, Excel) ကျွမ်းကျင်ရမည်။
▫️အင်္ဂလိပ်စာ အသင့်အတင့် (သို့မဟုတ်) ကျွမ်းကျင်ရမည်။
▫️ကိုယ်ပိုင် Laptop ရှိရမည်။
💼 အဓိကတာဝန်များ
▫️Legal Research လုပ်ခြင်းနှင့် စာချုပ်စာတမ်းများ (Drafting) ပြင်ဆင်ခြင်း။
▫️အမှုတွဲများနှင့် ရုံးလုပ်ငန်းများကို စီမံခန့်ခွဲခြင်း။
▫️Client များနှင့် ဆက်သွယ်ချိတ်ဆက်ခြင်း။
✨ ရရှိမည့် အကျိုးကျေးဇူးများ
▫️Permanent Position (အမြဲတမ်းဝန်ထမ်း) ဖြစ်ခြင်း။
▫️စီနီယာရှေ့နေများထံမှ တိုက်ရိုက် Mentorship ရယူနိုင်ခြင်း။
▫️စွမ်းဆောင်ရည်အပေါ် မူတည်၍ တိုးတက်မည့် လစာနှင့် ခံစားခွင့်များရှိခြင်း။
📍Location - Fully Remote (online)
📩 Apply Now: Page Messenger
(CV၊ Cover Letter နှင့် ဘွဲ့လက်မှတ်/Transcripts များ ပူးတွဲတင်ပြရန်။)
Take the next step in your legal career with MTWL Legal.
21/01/2026
စာချုပ် Review လုပ်ခြင်းဟာ သင့်လုပ်ငန်းအတွက် အခိုင်မာဆုံးသော "အာမခံချက်" ပါ💯
စာချုပ်ပါ အချက်အလက်တွေကို သေချာမစစ်ဘဲ "ယုံကြည်မှု" တစ်ခုတည်းနဲ့ လက်မှတ်ထိုးလိုက်ခြင်းဟာ သင့်လုပ်ငန်းအတွက် အန္တရာယ်ရှိနိုင်ပါတယ်❗️
စာ”တစ်”ကြောင်း၊ အပိုဒ်ခွဲ”တစ်”ခု အမှားကြောင့် နောက်နောင်မှာ ကိုယ့်အတွက်၊ကိုယ့်လုပ်ငန်းအတွက် ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုတွေ၊ တရားစွဲဆိုခံရနိုင်ခြင်းနှင့် လုပ်ငန်းဂုဏ်သိက္ခာထိခိုက်နိုင်ခြင်းတို့ကို ကြုံတွေ့ရနိုင်ပါတယ် 🚨
ဒီလို နစ်နာမှုတွေ မဖြစ်ရအောင် MTWL Legal ကနေပြီး သင့်စာချုပ်ကို ဥပဒေကြောင်းအရ အစအဆုံး အနုစိတ် စစ်ဆေးပေးလျက်ရှိပါတယ် 💯
(၁)စာချုပ်ထဲမှာ ဖုံးကွယ်ထားတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ရှာဖွေပေးခြင်း။
(၂)ကိုယ့်ဘက်က မတရား နစ်နာစေမယ့် အချက်တွေကို ပြန်လည်ပြင်ဆင်ပေးခြင်း။
(၃)တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှု ရှိ/မရှိ သေချာစေခြင်း။
(၄)အဓိပ္ပာယ် နှစ်ခွထွက်နေတဲ့ စာသားတွေကို တိကျရှင်းလင်းအောင် ပြုလုပ်ပေးခြင်း။
📍 MTWL Legal က ဘာတွေကို Review လုပ်ပေးသလဲ?
✅ ရှယ်ယာရှင်စာချုပ်၊ အစုစပ်လုပ်ငန်းစာချုပ်၊ NDA များ။
✅ အိမ်/ခြံ/မြေ အရောင်းအဝယ်၊ ငှားရမ်းမှုနှင့် စက်ပစ္စည်းဝယ်ယူမှုစာချုပ်များ။
✅ ဝန်ထမ်းခန့်အပ်မှုစာချုပ်နှင့် လုပ်ငန်းအပ်နှံခြင်းစာချုပ်များ။
✅ လက်ထပ်/ကွာရှင်း၊ အမွေဆက်ခံခြင်းနှင့် အပေး/အလှူစာချုပ်များ။
📍 ဝန်ဆောင်မှုရယူရန်
Messenger: MTWL Legal Page
Email: [email protected]
——————
“MTWL Legal is Your Legal Counsel”
ဥပဒေ ဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
#စာချုပ်စစ်ဆေးခြင်း
15/11/2025
လုပ်ငန်းရှင်နှင့်ဝန်ထမ်းတိုင်း မဖြစ်မနေသိထားသင့်တဲ့ အလုပ်စာချုပ် (Employment Contract-EC)📑
လုပ်ငန်းတစ်ခုလုပ်ကိုင်ကြပြီဆိုတာနဲ့ အလုပ်ရှင်နဲ့ဝန်ထမ်း နှစ်ဦးလုံးဟာ ရေရှည်အကျိုးစီးပွါးအတွက် အလုပ်စာချုပ် (Employment Contract-EC) ကိုချုပ်ဆိုထားရန် အလွန်ပင်အရေးကြီးပါတယ် 🌟
အလုပ်စာချုပ် (Employment Contract-EC) ဆိုတာ ဘာလဲ?
ဒီစာချုပ်ဟာ ဝန်ထမ်းနဲ့ အလုပ်ရှင်ကြားမှာ တာဝန်၊ လစာ၊ စည်းကမ်းတွေကို သဘောတူညီထားတဲ့ တရားဝင်အာမခံချက်ဖြစ်ပြီး၊ Employment and Skill Development Law (2013) နှင့် Employment Contract Rules (2015) အရ မဖြစ်မနေ ချုပ်ဆိုရမှာပဲဖြစ်ပါတယ် ✅
ဘာကြောင့် အလုပ်စာချုပ် (Employment Contract-EC) ဟာ အရေးကြီးတာလဲ?
▪️အလုပ်ရှင်အနေနဲ့ စည်းကမ်းသတ်မှတ်ချက်တွေ ထိန်းသိမ်းနိုင်တယ်
▪️အလုပ်သမားအနေနဲ့ ရသင့်တဲ့ အခွင့်အရေးတွေ ရနိုင်တယ်
▪️အငြင်းပွားမှုတွေ မဖြစ်အောင်ကာကွယ်နိုင်တယ်
▪️ဥပဒေအရ အကာအကွယ်ရရှိနိုင်တယ်
ဆိုတော့ အလုပ်စာချုပ် (Employment Contract-EC) ကိုဘယ်လိုချုပ်ဆိုရမလဲ?
🔹အလုပ်သမား ၅ ယောက်အထက် ရှိတဲ့ လုပ်ငန်းတိုင်း EC ချုပ်ဖို့ တာဝန်ရှိပါတယ်။
🔹အလုပ်ရှင်နဲ့ အလုပ်သမား နှစ်ဖက်စလုံး မိတ္တူ (၃)စုံ ရေးထိုးပြီး မြို့နယ်အလုပ်သမားရုံး မှာ မှတ်တမ်းတင်ရပါမယ်။
🔹အလုပ်သမားရုံးမှ စစ်ဆေးပြီး လက်မှတ်ထိုးအတည်ပြုပေးပါတယ်။
📥 EC ဖောင်နမူနာကို အလုပ်သမားဝန်ကြီးဌာန (MOLIP) Website မှာ ဒေါင်းလုဒ်ဆွဲပါ။ (သို့မဟုတ်) မြို့နယ်အလုပ်သမားရုံးမှာ ထုတ်ယူနိုင်ပါတယ်။
မှန်ကန်တဲ့ အလုပ်စာချုပ် (Employment Contract-EC) တစ်စောင်မှာ ဘာတွေ ပါဝင်ရမလဲ?
တရားဝင် အကျိုးခံစားခွင့်တွေ အပြည့်အဝရရှိဖို့အတွက် လက်မှတ်မထိုးခင် ဒီအချက် (၁၀) ချက် အတိအကျ ပါဝင်ရဲ့လား စစ်ဆေးရပါမယ်✔️
▪️အလုပ်ရှင်နဲ့ အလုပ်သမားအမည်၊ လိပ်စာ
▪️ရာထူးနှင့် တာဝန်
▪️စာချုပ်ကာလ
▪️အလုပ်ချိန်၊ နားရက်
▪️လစာနှင့် ခံစားခွင့်
▪️ခွင့်ရက်များ
▪️ စာချုပ်ဖျက်သိမ်းခြင်း စည်းကမ်းများ
▪️Confidentiality & Non-Disclosure
▪️ပြဿနာဖြေရှင်းနည်း
▪️သက်ဆိုင်ရာ ဥပဒေ
အလုပ်မစတင်ခင် EC ချုပ်ဆိုခြင်းဟာ အလုပ်ရှင်နှင့် ဝန်ထမ်း နှစ်ဦးစလုံးအတွက် တူညီသော အကာအကွယ်နှင့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်….
စာချုပ်ချုပ်ဆိုခြင်းနှင့် ပတ်သတ်၍ စိတ်အေးချမ်းသာစွာနဲ့ မှန်ကန်စွာ ဆောင်ရွက်နိုင်ဖို့အတွက် MTWL Legal မှ သင့်ရဲ့စာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်တွေကို တိကျမှန်ကန်စွာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
——————
“MTWL Legal as Your Legal Counsel”
စာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကူအညီ နှင့် အကြံပေးဆွေးနွေးမှုများအတွက် MTWL Legal Page Messenger သို့မဟုတ် Email ([email protected]) မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။
#အလုပ်စာချုပ်
Click here to claim your Sponsored Listing.
Category
Contact the practice
Website
Address
Mandalay