HENC Myanmar
14/06/2026
ဆရာကြီးအောင်သင်းနှင့်တချိန်ကအမေးအဖြေ
အတွေးအခေါ်တခုခုရစေရန်
ပြည်ပရောက်မြန်မာများဖတ်သင့်ပါတယ်။
English ပြောတတ်တာ = ပညာတတ်တာ မဟုတ်ပါ
အခုတလောတွေ့နေရတာများလာလို့ပါ။
ကျွန်တော်ငယ်ငယ်က မန္တလေးမြို့ကိုစရောက်တော့
ကလေးတယောက် English စကားပြောနိုင်တာနဲ့
“ပညာတတ်တယ်” လို့ သတ်မှတ်ပြီး
ဂုဏ်ပြုနေတာ တွေ့ခဲ့ရတယ်။
ထို့အပြင် English 4 skills မတောက်တခေါက်
သင်ပြနိုင်တဲ့ ဆရာ/မတွေကလည်း
သူတို့ကမှ တကယ့်အရည်ချင်းမှီသောရယ်ပေါ့။
ပြောချင်တာက English ဆိုတာ
ဘာသာစကားတခုသာ ဖြစ်ပြီး
ပညာရေးရဲ့ ရည်ရွယ်ချက်တခုလုံး မဟုတ်ပါဘူး။
တကယ်တော့ ပညာသင်တယ်ဆိုတာ
စာမေးပွဲအောင်ဖို့၊ ဘွဲ့ရဖို့၊
English ပြောတတ်ဖို့ သက်သက် မဟုတ်ပါဘူး။
ပညာသင်ယူတာ...
📖 အသိပညာ ရရှိဖို့
🛠️ အတတ်ပညာ တတ်မြောက်ဖို့
🧠 ကျိုးကြောင်းဆင်ခြင်နိုင်ဖို့
❤️ လူပီသတဲ့ စိတ်ဓာတ် တည်ဆောက်ဖို့
🤝 အများအကျိုးပြုနိုင်တဲ့သူ ဖြစ်လာဖို့
သင်ယူခြင်း ဖြစ်ပါတယ်။
အသိပညာမှာ
“ဘာကြောင့်” ဆိုတာကို သိခြင်း ဖြစ်ပြီး၊
အတတ်ပညာမှာ
“ဘယ်လိုလုပ်ရမလဲ” ဆိုတာကို
လက်တွေ့အသုံးချနိုင်ခြင်း ဖြစ်ပါတယ်။
ဥပမာအားဖြင့်
ကားမောင်းတတ်တာက အတတ်ပညာ ဖြစ်တယ်။
ကားစည်းကမ်းမလိုက်နာရင်
ကိုယ်ရော သူများရော
အန္တရာယ်ဖြစ်နိုင်တယ်ဆိုတာ သိတာက
အသိပညာ ဖြစ်တယ်။
နှစ်ခုလုံး လိုအပ်ပါတယ်။
English ပြောတတ်တာလည်း
အတတ်ပညာတခုပဲ ဖြစ်တယ်။
ဒါပေမယ့် English ပြောတတ်ရုံနဲ့
ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း၊
ကိုယ်ကျင့်တရား၊ တာဝန်ယူစိတ်၊
ခေါင်းဆောင်မှုစွမ်းရည်တွေ
အလိုအလျောက် ပါမလာပါဘူး။
ဆရာ/မကောင်းတွေက စကားလုံးတွေ
သင်ပေးရုံ တာဝန်ရှိတာမဟုတ်ဘူး။
တွေးခေါ်တတ်အောင် သင်ပေးရတယ်။
မေးခွန်းထုတ်တတ်အောင် သင်ပေးရတယ်။
ဘဝကို မှန်မှန်ကန်ကန် နေထိုင်တတ်အောင်
သင်ပေးရတယ်။
အဓိကပြောချင်တာက လူတယောက်ရဲ့ တန်ဖိုးကို
“English ဘယ်လောက်ပြောတတ်သလဲ”ဆိုတာနဲ့
မတိုင်းတာဘူးဆိုတာပါဘဲ။
“သူဟာ သူ့မိသားစုနဲ့ လူ့အဖွဲ့အစည်းအတွက်
ဘယ်လောက်အသုံးဝင်တဲ့သူလဲ”
“သူဟာ ဘယ်လောက်တာဝန်ယူတတ်တဲ့သူလဲ”
“သူဟာ ဘယ်လောက် အများအကျိုးပြုနိုင်တဲ့သူလဲ”
ဆိုတာနဲ့ပဲ တိုင်းတာကြပါတယ်။
ပညာရေးရဲ့ အဆုံးသတ်ရလဒ်က
English Speaker တယောက် မဟုတ်ပါဘူး။
(ဒါဟာ ဆက်လက်လေ့လာရန်
အသုံးပြုနိုင်သော Tool တခုမျှသာ။)
အသိပညာ၊ အတတ်ပညာ၊ ဆင်ခြင်တုံတရားနဲ့
ကိုယ်ကျင့်တရား ပြည့်စုံတဲ့
တပည့်တိုင်းအား လူတော်လူကောင်း ဖြစ်လာအောင်
သင်ပြပေးနိုင်ကြပါစေကြောင်း မေတ္တာပို့လျှက်။
စာဖတ်သူလည်း ဆရာ/မကောင်းများနဲ့ဆုံကြပါစေ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay
05011