Oscord Code Academy

Oscord Code Academy

Share

13/05/2026

Blueprint before the code 🏗

ဒါကတော့ juniorတွေ ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်

juniorတွေက စစချင်း Website ရေးမယ် Appရေးမယ် ဆိုရင် UI workflow နဲ့တင်ချပြီးရေးကြတယ် 📱

စစချင်းက မသိသာပေမဲ့ ကိုယ်လုပ်လိုက်တဲ့ projectက ဆက်လုပ်လို့မရတော့ဘူး ⛔️ ဒီတိုင်း ရေးဖူးတယ်ဆိုပြီးပဲပြီးသွားမျိူးက ကြာလာလေ digital waste တွေ များများလာတယ် 🗑 digital wasteဆိုတာ လက်တွေ့အကောင်အထည်မရှိဘူး

တကယ် wasteဖြစ်သွားတာက ကျန်တော်တို့ developerတွေရဲ့ အချိန်တွေပါပဲ ⏳ အဲပြဿနာဖြေရှင်းနိုင်မှသာ programmerကနေမှ engineerဖြစ်လာနိုင်မယ် 🛠

ဒီပြဿနာ ဘယ်လိုဖြေရှင်းမလဲ❓ 💡

ပြဿနာတွေဖြေရှင်းဖို့အတွက် Software Developement Life Cycle ဆိုတဲ့ framework ကရှိပြီးသားပါ 📋 SDLCရဲ့ Phaseတွေက Planning , Analysis , Design , Implementation , Testing , Deployment , Maintenance ဆိုပြီးရှိတယ် 🔄

ဒီနေ့ရဲ့ focusကတော့ Designပိုင်းက ဘာကြောင့် အရေးကြီးလဲပေါ့

🏛 Design ပိုင်းဆိုရင် ကျန်တော်တို့တွေက UIတွေ အရင်သွားမြင်ကြတယ် 🎨 workflow တွေသွားမြင်တယ် 📈 ကျန်တော်တို့ရဲ့ software systemကို efficient ဖြစ်”နဲ့ Scalable ဖြစ်အောင် ချဲ့နိုင်ဖို့ဆိုရင်

Requirement -> system/ backend Architecture ->Data Structure(ER) -> UI workflow -> UI Designဆိုပြီး Order မှန်ဖို့လိုပါတယ် ✅

Foundation ဖြစ်တဲ့ backend/system archအပိုင်း

ဒီအပိုင်းက သေချာစဉ်းစားရပါတယ် 🧱 အချိန်လဲ သေချာပေးရပါတယ် ⏰ ဒီမှာဆိုရင် Monolith သုံးမလား Microserviceသုံးမလား Serverlessသုံးမလား hybrid ပဲသွားမလား 🤖 ပြီးတော့ Data storage , Api gateway business logicတွေ သေချာplanရပါတယ် 💾 အဲကနေမှ ကျန်တော်တို့တကယ် အသုံးပြုလို့ရမဲ့ end-pointတွေထွက်လာမှာပါ 🔌

ပြီးရင် ER diagram သူ့ဆီမှာက Data Flow/Structure ကိုသေချာ defineလုပ်ရပါတယ် 📊 ERပြီးရင်တော့ User Journey ဖြစ်တဲ့ UI workflow သွားရပါမယ် 🛤 ကျွန်တော်တို့ထပ်အသေးစိတ်သွားချင်ရင် sequence diagramတွေလဲ သွားလို့ရပါတယ် 📜 အဲတာတွေပြီးမှသာ visual တွေဖြစ်တဲ့ UI design တွေမှာ branding , aesthetic , တွေ ဆွဲရပါတော့တယ် ✨

Designing အပိုင်းကို ဒီOrderအတိုင်း သွားမယ်ဆိုရင် ကျန်တော်တို့ရဲ့ development process တွေကပိုပြီးကောင်းလာမှာပါ 🚀 အစီိအရီနဲ့ သေချာ maintain လုပ်လို့ရမယ် 🔧 scalable လဲသေချာလုပ်လို့ရလာမှာဖြစ်ပါတယ် 📈

Author Name - Instructor Min Thu Khaing
Content Series - Journey with Moriarty

============================

အခုလိုမျိုး Information Technology နဲ့ဆိုင်တဲ့ Knowledge Sharing Content တွေကို လေ့လာဖတ်ရူချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော်

Website မှလည်း Knowledge Sharing Article တွေကို ဝင်ရောက်ဖတ်ရူလို့ရပါတယ်

https://oscord.io/articles.php

Oscord Code Academy မှာ Programming, Web Development, Software နှင့် Computer Science ဘာသာရပ်တွေကို အခြေခံမှစ၍ Application Development Level အထိ Online ကနေ By One အတန်း By Group အတန်းနှင့် Video Lecture အတန်းများဖြင့်သင်ကြားပေးနေပါတယ်

အသေးစိတ်သိရှိလိုပါက Page Messanger သို့မဟုတ်အောက်ပါ Telegram Account မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

https://t.me/oscord_cs

Photos from Oscord Code Academy's post 12/05/2026

အနာဂတ်ရဲ့ နည်းပညာနယ်ပယ်မှာ ခြေလှမ်းသစ်တွေ စတင်ဖို့ ပြင်ဆင်နေသူတို့အတွက် 𝐎𝐬𝐜𝐨𝐫𝐝 𝐂𝐨𝐝𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 ရဲ့ နည်းပညာအတန်းများ 🌌🚀

နည်းပညာလောကထဲကို ယုံကြည်မှုရှိရှိ ခြေလှမ်းနိုင်ဖို့အတွက် 𝐎𝐬𝐜𝐨𝐫𝐝 𝐂𝐨𝐝𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 က အားလုံးနဲ့အတူ ရှိနေပါတယ်။

ကျွန်တော်တို့ဆီမှာ ခေတ်မီပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းတဲ့ နည်းပညာဘာသာရပ်မျိုးစုံကို စနစ်တကျ သင်ယူနိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Academy မှာ လက်တွေ့နယ်ပယ်မှာ တကယ်အသုံးဝင်မယ့် အောက်ပါသင်တန်းတွေကို ဖွင့်လှစ်ထားပါတယ်

👾 နည်းပညာလောကရဲ့ အသုံးအဝင်ဆုံး ဘာသာရပ်တစ်ခုဖြစ်တဲ့ Python ကို အခြေခံမှစပြီး Database (Both MySQL + MongoDB) ဖြင့် Project ရေးနိုင်သည်အထိကျွမ်းကျင်အောင် သင်ကြားပေးတဲ့ 𝐏𝐲𝐭𝐡𝐨𝐧 𝐂𝐥𝐚𝐬s

https://www.facebook.com/share/v/1B5NifYyZ8/?mibextid=wwXIfr

👾 Enterprise Level Application တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Java ကို အသေးစိတ် လေ့လာနိုင်မယ့် 𝐉𝐚𝐯𝐚 𝐂𝐥𝐚𝐬𝐬

https://www.facebook.com/share/p/1b9eZxdCQN/?mibextid=wwXIfr

👾 HTML, CSS, JavaScript, PHP, Bootstrap တို့အပြင် Database နဲ့ Final Web Project အထိ လက်တွေ့ပါဝင်မယ့် သင်တန်း 𝐅𝐮𝐥𝐥 𝐒𝐭𝐚𝐜𝐤 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 𝐂𝐥𝐚𝐬𝐬

https://www.facebook.com/share/p/1AKCcaNN8W/?mibextid=wwXIfr

👾 Modern Web Development အတွက် Frontend ကော Backend ပါ ကျွမ်းကျင်တဲ့ Developer တစ်ဦးဖြစ်စေဖို့ ပြုစုပျိုးထောင်ပေးမယ့် 𝐅𝐮𝐥𝐥 𝐒𝐭𝐚𝐜𝐤 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐂𝐥𝐚𝐬𝐬 (𝐑𝐞𝐚𝐜𝐭 + 𝐋𝐚𝐫𝐚𝐯𝐞𝐥)

https://www.facebook.com/share/p/1DbsbxyPxt/?mibextid=wwXIfr

👾အချက်အလက်တွေကို အသုံးချပြီး အနာဂတ်ကို ခန့်မှန်းတွက်ချက်နိုင်မယ့် Data Scientist တစ်ဦးဖြစ်ဖို့ အခြေခံမှစ၍ စနစ်တကျလေ့ကျင့်ပေးမယ့် 𝐃𝐚𝐭𝐚 𝐒𝐜𝐢𝐞𝐧𝐜𝐞 𝐄𝐬𝐬𝐞𝐧𝐭𝐢𝐚𝐥 𝐂𝐥𝐚𝐬𝐬

https://www.facebook.com/share/p/1AFKtSZMn3/?mibextid=wwXIfr

👾လုပ်ငန်းခွင်သုံး Enterprise Application တွေ ရေးသားနိုင်ဖို့ 𝐒𝐨𝐟𝐭𝐰𝐚𝐫𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 𝐰𝐢𝐭𝐡 𝐂 #.𝐍𝐞𝐭

https://www.facebook.com/share/p/16ycU9S8W3/?mibextid=wwXIfr

👾 Programming ရဲ့ အခြေခံအကျဆုံး Logic တွေကို ပိုင်နိုင်စေဖို့ 𝐂 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠

https://www.facebook.com/share/p/1AJ6pC1JQc/?mibextid=wwXIfr

👾 OOP Concept တွေနဲ့ Game/System Development အထိ လေ့လာနိုင်ဖို့ 𝐂++ 𝐏𝐫𝐨𝐠𝐫𝐚𝐦𝐦𝐢𝐧𝐠

https://www.facebook.com/share/p/1AJ6pC1JQc/?mibextid=wwXIfr

👾အချက်အလက်တွေကို စနစ်တကျ သိမ်းဆည်း၊ စီမံခန့်ခွဲတတ်စေဖို့ Programmer တစ်ဦးမှာ မဖြစ်မနေကျွမ်းကျင်ဖို့လိုအပ်တဲ့ 𝐃𝐚𝐭𝐚𝐛𝐚𝐬𝐞 𝐒𝐲𝐬𝐭𝐞𝐦 & 𝐃𝐞𝐬𝐢𝐠𝐧

https://www.facebook.com/share/p/1Fq9UvoE4W/?mibextid=wwXIfr

👾 AI နယ်ပယ်ကို ခြေလှမ်းမယ့်သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ 𝐀𝐩𝐩𝐥𝐢𝐞𝐝 𝐌𝐚𝐭𝐡ematics 𝐟𝐨𝐫 𝐌𝐚𝐜𝐡𝐢𝐧𝐞 𝐋𝐞𝐚𝐫𝐧𝐢𝐧𝐠 & 𝐃𝐚𝐭𝐚 𝐒𝐜𝐢𝐞𝐧𝐜𝐞

https://www.facebook.com/share/p/1CGmo9dZ48/?mibextid=wwXIfr

👾 ပိုမိုထိရောက်ပြီး စနစ်ကျသော Programming ရေးသားနိုင်မှုအတွက် အဓိကကျသော ဘာသာရပ်ဖြစ်တဲ့ 𝐃𝐚𝐭𝐚 𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 & 𝐀𝐥𝐠𝐨𝐫𝐢𝐭𝐡𝐦𝐬

𝐎𝐬𝐜𝐨𝐫𝐝 မှာ နယ်ပယ်အသီးသီး၊ နိုင်ငံအနှံ့အပြားက ဝါသနာတူ သင်တန်းသားတွေ စုံစုံလင်လင် တက်ရောက်နေကြတာမို့ Networking ကောင်းကောင်းတစ်ခုကိုလည်း တည်ဆောက်နိုင်မှာပါ💯

အလုပ်ကိစ္စ ဒါမှမဟုတ် ကျောင်းကိစ္စတွေကြားထဲကနေ သင်ယူနိုင်ဖို့အတွက် အချိန်ညှိနှိုင်းပြီး Group လိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ (Individual) စိတ်တိုင်းကျ တက်ရောက်နိုင်အောင် စီစဉ်ပေးထားပါတယ်

ခေတ်မီတဲ့ သင်ကြားမှုစနစ်နဲ့အတူ လက်တွေ့အသုံးချနိုင်မယ့် Knowledge တွေကိုပဲ အဓိကထား သင်ကြားပေးတာဖြစ်ပါတယ်

အနာဂတ်ရဲ့ အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးချင်တယ်ဆိုရင်တော့ 𝐎𝐬𝐜𝐨𝐫𝐝 𝐂𝐨𝐝𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 မှာ အခုပဲ စတင်လိုက်ပါ။

သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Chat Box ကနေတစ်ဆင့် ဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ နွေးထွေးစွာ စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

📌သင်ခန်းစာ အစမ်းကြည့်ရန် -

www.oscord.io website ရှိသက်ဆိုင်ရာ Course အောက်မှာဝင်ရောက်လေ့လာနိုင်ပါတယ်

📌သင်တန်းသား Review များ

oscord.io/studentReview.php

သင်တန်းများစုံစမ်းလိုပါက

📩 Page Message (သို့မဟုတ်)
💬 Telegram Account

https://t.me/oscord_cs

ကိုလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

Photos from Oscord Code Academy's post 10/04/2026

Up to 100,000 MMK Off Thingyan Promotion - Full Stack Developer Class👨‍🚀✨

သင်္ကြန်ပိတ်ရက်ရှည်မှာ ကိုယ့်ရဲ့ Career အတွက် ဖြည့်တင်းချင်တဲ့ သူတွေအတွက် Oscord Code Academy က သတင်းကောင်းတစ်ခု ယူဆောင်လာပါပြီ 💦🚀

Web Development လောကထဲကို ခြေစုံပစ်ဝင်ဖို့ စဉ်းစားနေရင်တော့ Frontend ကနေ Backend အထိ အစအဆုံး ကျွမ်းကျင်သွားစေမယ့် Full Stack Web Developer Course က အသင့်တော်ဆုံးပါပဲ။

Website တစ်ခုကို အစကနေ အဆုံးထိ ကိုယ်တိုင် ဖန်တီးနိုင်ရုံတင်မကဘဲ ကိုယ်ပိုင် Domain နဲ့ Internet ပေါ်တင်နိုင်တဲ့အထိ လက်တွေ့ကျကျ သင်ကြားပေးသွားမှာနော်။

🌟 သင်္ကြန်အထူး Discount တွေကိုတော့ သင်ယူလိုတဲ့ ပုံစံပေါ်မူတည်ပြီး အတန်ဆုံးဈေးနှုန်းတွေနဲ့ ရွေးချယ်နိုင်ပါတယ်။

1️⃣ Video Lecture Only Class (Limited Zoom Session support)

Original Fee: 90,000 MMK
Promotion Fee : 29,900 MMK (80% Off တောင်နော်)

မိမိအားလပ်ချိန်မှာ ကိုယ်တိုင် လေ့လာချင်သူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ကိုယ့်အချိန်ကိုယ် စီမံခန့်ခွဲနိုင်သူများနှင့် ကုန်ကျစရိတ် သက်သာချင်သူများအတွက် အထူးသင့်တော်ပါတယ်

သင်ခန်းစာ Video တွေကို Website မှာ အချိန်မရွေး Life Time Access ဖြင့်ကြည့်ရှုနိုင်ပြီး သက်ဆိုင်ရာ Course ရဲ့ဆရာနဲ့ Zoom Class 7 ကြိမ် မှ 8 ကြိမ်အထိ ဆရာနဲ့ ညှိနှိုင်းပြီး သင်ယူခွင့်ရှိတာမို့ မရှင်းတာတွေ မေးနိုင်ပါတယ်။

2️⃣ Video Lecture + Zoom Class (Unlimited Weekly Zoom Session Included + Personalized guidance)

Original Fee: 299,000 MMK
Promotion Fee: 199,000 MMK

Video Lectures များဖြင့်လည်းကောင်း Zoom Class ဖြင့်လည်းကောင်း နှစ်မျိုးလုံးနဲ့သင်ယူရမှာဖြစ်ပါတယ်

Course ပြီးသည်အထိ သင်တန်းကာလသတ်မှတ်ကာလသတ်မှတ်ထားခြင်းမရှိဘဲဆရာနဲ့တစ်ဦးတည်းသီးသန့် အပတ်စဉ် Zoom Class တက်ရောက်နိုင်ပါတယ်

နားမလည်တာတွေပြန်မေးဖို့၊ Extra Lesson တွေသင်ကြားနိုင်ဖို့ Pratical Project များလေ့ကျင့်နိုင်ဖို့နှင့် ကျောင်းသားရဲ့သင်ကြားမူကိုတစ်ဦးချင်းဂရုစိုက်ပေးနိုင်ရန်အပေါ်ရည်ရွယ်ပါတယ်

ဘာတွေလေ့လာရမလဲ ..?

🎨 Frontend Development အပိုင်းအတွက်

🔸 HTML
🔸 CSS
🔸 JavaScript Basic & Advanced
🔸 Bootstrap
🔸 Final Frontend Web Project

🛠️ Backend Development မှာဆိုရင်

🔸 PHP Programming
🔸 Database System & Design (MySQL)
🔸 Simple CRUD Web Project
🔸 API
🔸 Website Deployment in Cpanel
🔸 Final Web Application Project

🌟 Special Feature အနေနဲ့ Final Project မှာ LMS, Ecommerce ဒါမှမဟုတ် POS System စတဲ့ ကိုယ်နှစ်သက်ရာ Web Application တစ်ခုကို ဆရာနဲ့အတူ အစအဆုံး ရေးသားရမှာဖြစ်ပါတယ်။

🧑‍💻Zero ကနေ စတင်ချင်သူတွေ။
🧑‍💻 Computer Science ကျောင်းသား/သူတွေ။
🧑‍💻ကိုယ်ပိုင် Web App ဖန်တီးချင်တဲ့ လုပ်ငန်းရှင်တွေ အဓိကတက်ရောက်သင့်ပါတယ်။

💡 သင်တန်းကာလ ၆ လ မှ ၇ လ အထိ ကြာနိုင်ပြီး။စနစ်တကျ အခြေခံခိုင်အောင် သင်ပေးသွားမှာပါ

Developer တစ်ယောက်ဖြစ်ဖို့ အခွင့်အရေးက လက်တစ်ကမ်းမှာပဲ ရှိနေတဲ့အတွက် အသေးစိတ်ကိုတော့ Page Messenger (သို့) အောက်ပါ Telegram Link မှာ စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

➡️ Website - www.oscord.io
➡️Telegram - https://t.me/oscord_cs

🔰 နမူနာသင်ခန်းစာများကို www.oscord.io website ထဲရှိ သက်ဆိုင်ရာ course အောက်မှာဝင်ရောက်ကြည့်ရူနိုင်ပါတယ်

🔰Youtube မှတစ်ဆင့်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်

https://youtube.com/playlist?list=PLunggmB-HckV8ZLchWUD8JO0q1MHMus-t&si=pQ6B_MhCjumLa5-E

ဒီနှစ်သင်္ကြန်မှာ အချိန်ကို အကျိုးရှိရှိ အသုံးချပြီး အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံလိုက်ရအောင် 🤝🚀



#သင်္ကြန်

04/04/2026

Node.js မှာ Asynchronous နဲ့ Synchronous ဆိုတာ ဘာလဲ ⚡️

Node.js ဟာ Single-threaded ပတ်ဝန်းကျင်မှာ အလုပ်လုပ်တာဖြစ်တဲ့အတွက် ဒီ Asynchronous (Non-blocking) သဘောတရားက Node.js ရဲ့ Performance နဲ့ Scalability အတွက် မင်းသားကြီးတစ်ပါးပဲ ဖြစ်ပါတယ် 👑

Synchronous (Blocking) ဆိုတာကတော့ ⏳

တစ်ကြောင်းပြီးမှ နောက်တစ်ကြောင်းကို အစီအစဉ်အတိုင်း စောင့်ပြီး လုပ်ဆောင်သွားတာမျိုး ဖြစ်ပါတယ်။ ဒါကို Blocking လို့လည်း ခေါ်ဆိုလို့ ရပါတယ်။

သူဘယ်လိုလုပ်ဆောင်တာလဲဆိုတော့ Function တစ်ခုကို ခေါ်လိုက်ရင် အဲဒီ Function က သူ့အလုပ်ပြီးဆုံးတဲ့အထိ Main Thread ကို Block ထားလိုက်တာပဲ ဖြစ်ပါတယ် 🚫

ဥပမာ: File အကြီးကြီးတစ်ခုကို Read လုပ်နေတယ်ဆိုရင် Read လုပ်လို့ မပြီးမချင်း နောက်က Code တွေ လုံးဝဆက်မလုပ်ဘဲ စောင့်နေရတာမျိုး ⏳

အားနည်းချက် ❌

I/O operation တွေ (Database Query, File System Access, Network Request) လိုမျိုး အချိန်ကြာတဲ့ အလုပ်တွေမှာ Main Thread ကို Block ထားတဲ့အတွက် Application တစ်ခုလုံးရဲ့ efficiency ကျဆင်းသွားပြီး၊ အခြား User တွေရဲ့ Request တွေကိုပါ ကြာသွားစေနိုင်ပါတယ် 😣

Synchronous ကို ဘယ်မှာ သုံးလဲ?

→ တစ်ခုနဲ့တစ်ခု ဆက်စပ်ပြီး အစီအစဉ်အတိုင်း သွားရမယ့် ရိုးရှင်းတဲ့ Script တွေ
→ Debug လုပ်ရတာ လွယ်ကူချင်တဲ့ အခါမျိုးတွေမှာ အဓိက သုံးကြပါတယ် 🔧

Asynchronous (Non-blocking) ⚡️

အလုပ်တစ်ခုပြီးဆုံးဖို့ စောင့်စရာမလိုဘဲ နောက်ထပ်အလုပ်တစ်ခုကို ချက်ချင်း ဆက်လက်လုပ်ဆောင်သွားတာမျိုး ဖြစ်ပါတယ် 🚀

Function တစ်ခုကို ခေါ်လိုက်ရင် အဲဒီ Function ရဲ့ အလုပ်ကို Background မှာ လွှဲပေးလိုက်ပြီး၊ Main Thread က ချက်ချင်း နောက်တစ်ကြောင်းကို ဆက်လုပ်သွားပါတယ် ⚡️

Background က အလုပ်ပြီးသွားရင် Callback, Promise သို့မဟုတ် Async/Await နဲ့ ရလဒ်ကို ပြန်ပို့ပေးပါတယ် 📨

အားသာချက် 🔥

I/O-bound အလုပ်တွေ (Database Access, API Call, File Read/Write) မှာ Main Thread ကို မပိတ်ထားဘဲ Concurrent Operation အများကြီးကို တစ်ပြိုင်တည်း လုပ်ဆောင်နိုင်တဲ့အတွက်
→ Throughput နဲ့ Responsiveness ကို အဆမတန် boost ပေးနိုင်ပါတယ် 🚀

ဒါကြောင့်မို့ Node.js မှာ Database, API, File Operation စတဲ့ အရာတွေမှာ Asynchronous ကို Standard အဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ် ✅

Author Name - Instructor Min Thu Khaing
Content Series - Journey with Moriarty

============================

အခုလိုမျိုး Information Technology နဲ့ဆိုင်တဲ့ Knowledge Sharing Content တွေကို လေ့လာဖတ်ရူချင်တယ်ဆိုရင်တော့ Page ကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့နော်

Website မှလည်း Knowledge Sharing Article တွေကို ဝင်ရောက်ဖတ်ရူလို့ရပါတယ်

https://oscord.io/articles.php

Oscord Code Academy မှာ Programming, Web Development, Software နှင့် Computer Science ဘာသာရပ်တွေကို အခြေခံမှစ၍ Application Development Level အထိ Online ကနေ By One အတန်း By Group အတန်းနှင့် Video Lecture အတန်းများဖြင့်သင်ကြားပေးနေပါတယ်

အသေးစိတ်သိရှိလိုပါက Page Messanger သို့မဟုတ်အောက်ပါ Telegram Account မှာလာရောက်စုံစမ်းနိုင်ပါတယ်ခင်ဗျာ

https://t.me/oscord_cs

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Address

Mandalay