Health Insurance - Nwe

Health Insurance - Nwe

Share

17/09/2023

နာတာရှည် ​ကျောက်ကပ်အားနည်း​ရောဂါဆိုတာ ပြင်းထန်​ရောဂါ တမျိုးပါ။

အခုထိ.. 😔*ဘယ်နိုင်ငံမှာမှ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုး* လို့ပဲ ပြောရမှာပါပဲ။

ကမ္ဘာ့လူဉီးရေရဲ့ (၁၅) ရာခိုင်နှုန်းနီးပါးဟာ နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ခံစားနေရပါတယ်။ လူ (၁၀၀) မှာ (၁၅) ယောက်လောက်ဟာ နာတာရှည်ကျောက်ကပ်အားနည်းနေကြတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။

​ကျောက်ကပ်အားနည်းလို့ ​ကျောက်ကပ်​ဆေးခြင်းနည်းလမ်းနဲ့ကုသမှုခံယူရမယ်ဆိုရင် အနည်းဆုံး တစ်လကို (၅) သိန်း လောက်မှ အကုန်မခံနိုင်ရင် ကျောက်ကပ်ဆေးဖို့ မလွယ်ပါဘူး။ ဒါတောင် အနည်းဆုံး စျေးကို တွက်ပြထားတာပါ။

တစ်လမှာ တစ်ကြိမ်ပဲ ​ကျောက်ကပ်​ဆေးခြင်း လုပ်ရတာလဲ မဟုတ်ပါဘူး။ ​​ကျောက်ကပ်ရဲ့ လုပ်​ဆောင်မှုကျန်နိုင်စွမ်း​ပေါ်မှာမူတည်ပြီး နှစ်ပတ်တကြိမ်, တပတ်တစ်ကြိမ်က​နေ ၂-၃ ရက် တစ်ကြိမ်ထိ ​ကျောက်ကပ်​ဆေးပီး ရှင်သန်​နေကြရတာဖြစ်ပါတယ်။

ဒီလို ပြင်းထန်​ရောဂါ​တွေဖြစ်လာတဲ့အခါ ​ဆေးကုသမှုကုန်ကျစရိတ်​တွေက လူနာနဲ့ လူနာရှင်မိသားစု​တွေအတွက် ​ငွေ​ကြေးဝန်ထုပ်ဝန်ပိုး များစွာဖြစ်​စေပါတယ်။

ဘယ်​ရောဂါမဆို မဖြစ်​အောင်​ မိမိကျန်းမာ​ရေးကို ဂရုစိုက်ကာကွယ်နေထိုင်ခြင်းက အ​ကောင်းဆုံးဖြစ်ပါတယ်။

​ရောဂါမဖြစ်​အောင်ကာကွယ်လို့မရ​နိုင်​တော့တဲ့အ​ခြေ​နေ​​တွေ ကြုံလာတဲ့အခါ ပြင်းထန်​ရောဂါကုသစရိတ်အတွက် ​ငွေ​ကြေးလုံ​လောက်မှုရှိဖို့ လိုအပ်ပါတယ်။

ဒါ​​ကြောင့် ​ရောဂါကိုလဲမဖြစ်​အောင် ကာကွယ်ဖို့အ​ရေးကြီးသလို ဖြစ်လာခဲ့ရင်လဲ ​ကုသစရိတ်ငွေ​ကြေးလုံ​လောက်မှုရှိဖို့ မိမိတတ်နိုင်သမျှ ​ငွေ​ကြေးအကာကွယ်ယူထားဖို့ အ​ရေးကြီးလာပြန်ပါတယ်။

ဒီလိုပြင်းထန်​ရောဂါ​တွေဖြစ်​လာခဲ့ရင် အနာဂါတ်​ဆေးကုသစရိတ်​တွေအတွက် စိတ်​အေးချမ်းသာစွာ ​ဆေးကုသမှုခံယူနိုင်ဖို့ Dai-ichi Life Myanmar ရဲ့ ပြင်းထန်​ရောဂါ အသက်အာမခံ- Critical illness Insurance- Dai-ichi CI Plus နဲ့ ကြိုတင်စီမံ ကာကွယ်မှုယူထားလို့ရပါတယ်။

အ​သေးစိတ်​ဆွေး​နွေးတိုင်ပင်လိုပါက Chatbox / 09796103070 ကို ဆက်သွယ်နိုင်ပါတယ်ရှင်။

Health Insurance - Nwe 🍀
Yours Health Insurance Advisor

ထာဝရသင်နှင့်အတူ 🥰

နာတာရှည် ကျောက်ကပ်အားနည်း‌ရောဂါကြောင့် ကျောက်ကပ်ပျက်စီးပြီး ကျောက်ကပ်အစားထိုးထားရာကနေ အဲဒီအစားထိုးထားတဲ့ကျောက်ကပ် ပြန်ပြီးပျက်စီးသွားလို့ ကျောက်ကပ်ပြန်ဆေးနေရတဲ့ လူနာတစ်ယောက်နဲ့ ကျွန်တော်စကားပြောကြည့်ဘူးတယ်။

အဲဒီတုန်းက အဲဒီလူနာက သူကျောက်ကပ်ဆေးဖို့လာရင်း သူ့အလှည့် မရောက်သေးလို့ ထိုင်ခုံကို မှီပြီးနားနေရင်း သူ့အလှည့်ကို စောင့်နေတဲ့အချိန်...

"နေကောင်းရဲ့လား" လို့ ကျွန်တော်မေးတော့ "ကျောက်ကပ်မဆေးရသေးတော့ လေးတေးတေးကြီးပေါ့ ဆရာရယ်" တဲ့။ "ဆေးပြီးရင်တော့ နေလို့ထိုင်လို့ ကောင်းပါတယ်" တဲ့။

သူကဆက်ပြောတယ်။

"ဒါပေမယ့် ခဏပဲ ဆရာ၊ တစ်ရက် နှစ်ရက်ဆို နေရတာ လန်းလန်းဆန်းဆန်း မရှိတော့ဘူး။ ဆရာရယ်.. ကျွန်တော် ကျောက်ကပ်ပြန်အစားထိုးချင်တာ။ ပိုက်ဆံ စုလိုက်ဉီးမယ်။
ကျောက်ကပ်အစားထိုးလိုက်တဲ့ အရသာက ဘာနဲ့မှ မတူဘူး။ လေထဲမှာ လမ်းလျှောက်နေရသလို ပေါ့ပါးနေတာပဲ။ ထမင်းတွေလည်း စားလို့ကောင်း၊ အသက်ရှုလို့လည်း ဝ တယ်။ နေလို့ထိုင်လို့ အရမ်းကောင်းတာပဲ. ဆရာရယ်" တဲ့။

သူပြောတာကို ကျွန်တော် နားထောင်နေရင်းနဲ့ သူ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လိုခံစားရတယ်ဆိုတာ ကျွန်တော် ဘယ်လိုနည်းနဲ့မှ သေချာမသိနိုင်ဘူး။ ကျွန်တော်မှ မခံစားဘူးပဲကိုး။

ကျွန်တော်တို့သိထားတဲ့ ဆီးဆိပ်တွေ (Urea) တွေ၊ Creatinine တွေ၊ အက်ဆစ်ဓါတ်တွေ၊ ကျန်တဲ့ ကျောက်ကပ်ပျက်စီးလို့ မစွန့်ထုတ်နိုင်တဲ့ အကြွင်းအကျန် အညစ်အကြေးတွေ ခန္ဓာကိုယ်မှာ စုပုံလာတဲ့အခါ လူတစ်ယောက် ဘယ်လိုခံစားရမလဲဆိုတာ ဝေဒနာရှင်ကိုယ်တိုင်ပဲ အသိဆုံးဖြစ်ပါလိမ့်မယ်။

ကျွန်တော်တို့တတွေ ဖျားဖူး၊ နာဖူး ကြတာပဲ။ ဖျားကြနာကြတဲ့အခါ အမြန်ဆုံး ပြန်သက်သာချင်ကြတာပဲ မဟုတ်လား။ တကယ်လို့ သွားကိုက်တဲ့ ဝေဒနာကိုခံစားဘူးတယ်ဆိုရင် အဲဒီဝေဒနာကို အမြန်ဆုံး သက်သာချင်တဲ့ ဆန္ဒဘယ်လောက် ပြင်းပြသလဲ ဆိုတာ ကိုယ်တိုင်သွားကိုက်ဘူးတဲ့သူဆိုရင် ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။

ဒါပေမယ့်...
နာတာရှည်ကျောက်ကပ်အားနည်းတဲ့ရောဂါဟာ သာမန်တုပ်ကွေးမိ ဖျားနာသလို၊ သွားကိုက်သလိုမျိုး မဟုတ်ပါဘူး။

ရုတ်တရက် ပျက်စီးတဲ့ ကျောက်ကပ်ရောဂါ (Acute Kidney Injury) ဆိုရင် ပြန်ကောင်းနိုင်ပေမယ့် တကယ်သာ နာတာရှည်ကျောက်ကပ်‌ဝေဒနာ ခံစားရပြီဆိုရင် အဲဒီကျောက်ကပ်ဟာ NO U-TURN ဘယ်တော့မှ ပြန်ပြီးကောင်းလာမှာ မဟုတ်တော့ပါဘူး။ အရှင်းဆုံးပြောရရင်တော့ အခုထိ.. 😔*ဘယ်နိုင်ငံမှာမှ ကုရာနတ္ထိ ဆေးမရှိတဲ့ ရောဂါဆိုး* လို့ပဲ ပြောရမှာပါပဲ။

ကမ္ဘာ့လူဉီးရေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါးဟာ နာတာရှည် ကျောက်ကပ်အားနည်းရောဂါ ခံစားနေရပါတယ်။ လူ ၁၀၀ မှာ ၁၅ ယောက်လောက်ဟာ နာတာရှည်ကျောက်ကပ်အားနည်းနေကြတယ်လို့ အကြမ်းဖျဉ်း ပြောလို့ရပါတယ်။

ကျောက်ကပ်ဆေးတယ်လို့ အရပ်ထဲမှာ အလွယ်ပြောကြတဲ့ (Hemodialysis) ကျောက်ကပ်သွေးသန့်စင်တာပဲဖြစ်ဖြစ်၊ (Peritoneal Dialysis) ဝမ်းဗိုက်အမြှေးပါးက သွေးသန့်စင်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်ခန္ဓာကိုယ်ထဲက သဘာဝကျောက်ကပ်က အလုပ်မလုပ်နိုင်လို့ ကိုယ်စားဝင်အလုပ်လုပ်ပြီး ခန္ဓာကိုယ်က မလိုအပ်တဲ့ အဆိပ်အတောက် အညစ်အကြေးတွေကို စွန့်ထုတ်ပေးရုံပဲ တတ်နိုင်တာပါ။ ပျက်စီးသွားတဲ့ ကျောက်ကပ်ကို ပြန်ပြီးကောင်းလာအောင် ကုစားပေးတာ မဟုတ်ပါဘူး။ ဒါကို တစ်ချို့ဆရာဝန်တွေတောင် နားလည်မှုလွဲနေကြတာ ရှိပါတယ်။ ကုန်ကျစားရိတ်လည်း အင်မတန်များပါတယ်။

အနည်းဆုံး တစ်လကို (၅) သိန်း လောက်မှ အကုန်မခံနိုင်ရင် ကျောက်ကပ်ဆေးဖို့ မလွယ်ပါဘူး။ ဒါတောင် အနည်းဆုံး စျေးကို တွက်ပြထားတာပါ။ ဘယ်လိုပဲ ကျောက်ကပ်ဆေးဆေး ကိုယ့်သဘာဝကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြည့်မှီအောင် မစွမ်းဆောင်နိုင်တာ​တွေ အများကြီးရှိပါသေးတယ်။

ကျောက်ကပ်လဲတယ်လို့ ပြောကြတဲ့ ကျောက်ကပ်အစားထိုးတယ် ဆိုတာကလည်း ကျောက်ကပ်အကောင်း (အသစ်) တစ်လုံး ထည့်လိုက်တာဖြစ်လို့ ပုံမှန်အတိုင်း စားနိုင်သွားနိုင်လာနိုင်တယ် ဆိုသည့်တိုင်အောင် အဲဒီ ကျောက်ကပ်အသစ်ကလေး ပျက်မသွားရအောင် နေ့စဉ် ဆေးဝါးတွေ ရာသက်ပန်သောက်သုံးနေရတာပါ။ အဲဒီဆေးတွေကြောင့်လည်း ကိုယ်ခံအားကျဆင်းနေတာဖြစ်တဲ့အတွက် လူမမာတပိုင်းလို့ ဆိုရင် မမှားပါဘူး။

ဒီလောက်ဆိုရင် နာတာရှည်ကျောက်ကပ်ရောဂါ ဆိုတာ ပေါ့‌ပေါ့လေးမဟုတ်မှန်း သိလောက်ပြီထင်ပါတယ်။

ကျွန်တော်တို့ဆီမှာ နှလုံးရောဂါဖြစ်မှာ၊ ကင်ဆာ ဖြစ်မှာ သိပ်ကြောက်ကြတယ်။ ဘီပိုး စီပိုး ကူးစက်ခံရမှာလည်း သိပ်ကြောက်ကြပါတယ်။ အဲဒီရောဂါတွေဟာ ကြောက်ဖို့ကောင်းတာမှန်ပါတယ်။ ဒါပေမယ့် ရောဂါရဲ့ အတိမ်အနက်ပေါ်မူတည်ပြီး မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်။

နာတာရှည်ကျောက်ကပ်ရောဂါကတော့ ဖြစ်ပြီဟေ့ ဆိုတာနဲ့ နောက်မဆုတ်တော့ပါဘူး။ အသက်ကြီးလာမှာကို တားမရသလို နာတာရှည်ကျောက်ကပ်ဝေဒနာရှင်ရဲ့ ကျောက်ကပ်ပျက်စီးသွားမှာကို ဘာနဲ့မှ တားလို့ မရပါဘူး။ မသကာ အရွယ်တင်အောင် အလှတွေပြင်၊ လေ့ကျင့်ခန်းတွေလုပ် လို့ ရသလို ကျောက်ကပ်ပျက်စီးတဲ့ နှုန်းထားကို နှေးနေအောင်ပဲ ‌ဆေးဝါးတွေ၊ အပြုအမူအနေအထိုင်တွေနဲ့ ကုသပေးလို့ ရပါတော့တယ်။ ဉပမာ- ၃၀ ဖိုး ပဲ အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်က တစ်နှစ်နေရင် ၂၀ ဖိုးပဲ ကျန်တော့မယ်ဆိုရင် သေသေချာချာ ကုသလို့ရှိရင် ၂၅ ဖိုး လောက် ကျန်နိုင်တာမျိုး လောက်အထိပဲ စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲဒီ ကျန်နေတဲ့ ၃၀ ဖိုး ကို ၅၀ ဖိုး- ၆၀ ဖိုး ဖြစ်လာအောင် ကုသပေးလို့ မရနိုင်တော့ပါဘူးခင်ဗျာ။

အဲဒီတော့ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ဆိုတာ ဘာများပါလိမ့် ❓

နာတာရှည်ကျောက်ကပ်အားနည်းရောဂါဟာ ကနဉီးကာလတွေမှာ ဘာလက္ခဏာမှ မပြပါဘူး။ ကျွန်တော်တို့ ဆီးဆိပ်လို့ အလွယ်ပြောကြတဲ့ (သာမန်လူ နားလည်အောင် အလွယ်ပြောရရင်) Creatinine စစ်မကြည့်မချင်း မသိနိုင်ပါဘူး။

စက်ရုံတစ်ရုံမှာ အလုပ်သမား ၁၀၀ ရှိတယ် ဆိုပါစို့။ အင်တိုက်အားတိုက် အလုပ်လုပ်နေကြတယ်။
အလုပ်သမား ၂၀ လောက်က အလုပ်ထွက်သွားတယ်။ ၈၀ ပဲ ကျန်တယ် ဆိုပါစို့။ အဲဒီ ကျန်နေတဲ့ ၈၀ က လူ ၁၀၀ စာ ကို ဟန်မပျက် ထိမ်းပြီး အလုပ်လုပ်ပေးနေနိုင်သေးတယ်။ မသိသာသေးဘူး‌ပေါ့လေ။
ဒါပေမယ့် အဲဒီ လူ ၈၀ ကလည်း ၁၀၀ စာ မလုပ်နိုင်တော့ဘဲ တဖြည်းဖြည်းနဲ့ ​လျော့​လျော့လာမယ်ဆိုရင် လူ ၅၀ လောက်ပဲ ကျန်တော့တဲ့ အချိန်မှာတော့ အဲဒီ စက်ရုံက မနိုင်မနင်း ဖြစ်လာပါပြီ။ လူ ၅၀ ကပဲ အရင် လူ ၁၀၀ စာ လုပ်ခဲ့တဲ့ အလုပ်တွေကို သိမ်းကြုံးလုပ်ရတော့တာကိုး။

အဲဒီ ကျန်နေတဲ့ လူ ၅၀ ကနေ.. ၃၀.. ၂၀ အစရှိသဖြင့် နည်း နည်း လာမယ် ဆိုရင်တော့ နောက်ဆုံး ၁၀ ယောက် လောက်ပဲ ကျန်တော့တဲ့ အခါ စက်ရုံအလုပ်လုပ်ဖို့ မလွယ်တော့ပါဘူး။

ဒီသဘောပါပဲ။ နာတာရှည်ကျောက်ကပ်အားနည်းရောဂါ ရဲ့ ကနဉီး အဆင့်တွေမှာ ကျောက်ကပ်ရဲ့ အလုပ်လုပ်ပေးနေတဲ့ Nephron လို့ ခေါ်တဲ့ ယူနစ်သေးသေးလေးတွေက အလုပ်တွေပိုလုပ်ပေးနေလို့ မသိသာသေးပါဘူး။ ရောဂါ လက္ခဏာလည်း မပြသေးပါဘူး။ သူတို့တွေ တဖြည်းဖြည်းနဲ့ လျော့ကျလာတဲ့ အခါမှာတော့ ကျောက်ကပ်အားနည်းတဲ့ အဆင့်က ပိုပြီး ဆိုးလာပါတော့တယ်။ အဲဒီယူနစ်ကလေးတွေဟာ အနာရွတ်တွေ ဖြစ်သလို ကျောက်ကပ်ထဲမှာ ရှုံတွပျက်စီးကုန်တာ ဖြစ်တဲ့အတွက် ဘယ်တော့မှ ပြန်ကောင်းမလာနိုင်တော့ပါဘူး။
ညှိုးသွားတဲ့ ပန်းကလေး ဟာ ဘယ်တော့မှ ပြန်လန်းမလာနိုင်တော့သလိုပါပဲ။

တချို့က ပြောကြတယ်။

ဆီးတွေလည်း သွားတယ်။ ဖော လည်း မဖောဘူး။ ကျောက်ကပ်အားနည်းတာ ဟုတ်ပါ့မလား တဲ့။

ဆီးတွေနည်းတယ်၊ ဖောတယ် ဆိုတာ ကနဉီး ကျောက်ကပ်ရောင်တာ၊ ရုတ်တရက် ကျောက်ကပ်ပျက်တဲ့ အနေအထားတွေမှ ချက်ချင်းလက်ငင်း ဖြစ်တတ်ပေမယ့် နာတာရှည်​ကျောက်ကပ်အားနည်းရင်တော့ တော်တော်လေး ‌နောက်ကျမှ သိတတ်တာမျိုးပါ။

တချို့ကလည်း ကျွန်တော်/ကျွန်မ က ခါးမှ မနာတာ။ ကျောက်ကပ်ပျက်တယ်ဆိုတာ ဟုတ်ပမလား တဲ့။

ကျောက်ကပ်ကြောင့် ခါးနာတယ်ဆိုတာ ကျောက်ကပ်မှာ ကျောက်တည်တာတို့၊ ကျောက်ကပ်မှာ ပိုးဝင်ပြီး ပြည်ဝင်တာမျိုး (Pyelonephritis)၊ အင်မတန် ရှားတဲ့ ကျောက်ကပ်ပုတ်တာမျိုးမှ နာတတ်တာမျိူးပါ။ နာတာရှည်ကျောက်ကပ်အားနည်းတာဟာ ခါးလည်း မနာတတ်ပါဘူး။ (တစ်ခုတော့ရှိတာပေါ့လေ။ သူ့ဟာသူ ကြီးပေါင်းတို့၊ သွေးကင်ဆာတစ်မျိုး (Myeloma) ကြောင့် အရိုးတွေ ကြွတ်ဆတ်ပြီး နာတာကြောင့် နာတာရှည်ကျောက်ကပ်ရောဂါ ဖြစ်တာမျိုးက လွဲရင်ပေါ့)။

လက်တွေ့မှာ အတွေ့ရအများဆုံးကတော့ ထိန်းမနိုင်သိမ်းမရ လေယာဉ်ပျက်ကျတဲ့အခါ (Crash Landing) ဘာမှလုပ်မရသလို မဖြစ်မနေ နောက်ဆုံးအဆင့် ကျောက်ကပ်ပျက်မှ ကျောက်ကပ်ဆရာဝန် ဆီ ရောက်လာတဲ့အခါ လူနာရဲ့ အနေအထားဟာ ပျက်ကျတဲ့လေယာဉ်ထဲက ခရီးသည်လို ဖြစ်နေတာမို့ (Crash Lander) လို့တောင် တင်စားခေါ်ဝေါ်နေကြပါပြီ။

နာတာရှည်ကျောက်ကပ်အားနည်းရောဂါဆိုတာ သွေးချို၊ဆီးချိုရောဂါ ကြာလာပြီဆိုရင်၊ သွေးတိုးရောဂါ ကြာလာပြီဆိုရင် ဖြစ်လာတတ်တာကြောင့် သတိထားဖို့လိုပါတယ်။ ဒါ့အပြင် အရေပြားလေးဖက်နာလို ရောဂါမျိုးတွေ၊ ကျောက်ကပ်ရောင်ရောဂါမျိုးတွေကို သေသေချာချာကုသမှု မခံယူခဲ့ရင် သေချာပေါက် ဖြစ်လာမယ့် ရောဂါပဲ ဖြစ်ပါတယ်။

အဓိက က တော့ မိမိမှာ သွေးတိုးရှိရင်၊ သွေးချိုဆီးချိုရှိရင်၊ နှလုံးရောဂါရှိရင် ကျောက်ကပ်ဆီးဆိပ်ကို မဖြစ်မနေ စစ်ကြည့်ပါ။ အနည်းဆုံး ၆ လ တစ်ခါ စစ်ကြည့်ပါ။ စျေးမကြီးပါဘူး။ ကျွန်တော်တို့ မြန်မာလူမျိုးတွေက သွေး မစစ်ချင်ကြဘူး။ တစ်ချို့ က နှမြောတယ်။ တစ်ချို့ကျတော့ ရောဂါသိမှာ ကြောက်ကြတယ်။ တကယ်တော့ ရောဂါဆိုတာ စောစောသိလေလေ ကုသဖို့ အချိန် ပိုရလေလေပါပဲ။

အထူးသဖြင့် (ဆရာဝန်တွေကိုပါ တောင်းဆိုချင်တာပါ) ငယ်ငယ်ရွယ်ရွယ် သွေးတိုးရင် လူနာတွေကို မဖြစ်မနေ စစ်ကြည့်စေချင်ပါတယ်။ အနည်းဆုံး Creatinine နဲ့ Urine RE လောက်တော့ စစ်ကြည့်ပေးဖို့ အနူးအညွတ် တောင်းဆိုလိုပါတယ်။ အဲဒီလို စစ်ကြည့်လို့ ကောင်းနေခဲ့ရင်တောင် တစ်လ နှစ်လလောက် ခြားပြီး ထပ်စစ်ပေးဖို့ လိုပါသေးတယ်။ ငယ်ငယ်ရွယ်ရွယ် နဲ့ နာတာရှည်ကျောက်ကပ်ပျက်စီးကြရသူ အများစုဟာ ကျောက်ကပ်မပျက်ခင်မှာ သွေးတိုးနဲ့ ဆရာဝန် ပြထားကြသူတွေ များပါတယ်။ သွေးကျဆေး ပေးထားတဲ့ အချိန် လူနာတွေက နေကောင်းနေပေမယ့် သူတို့ရဲ့ ကျောက်ကပ်ရောင်နေတာ (Glomerulonephritis) ကို မသိရတဲ့အတွက် ကုသလို့ ရသေးတဲ့ အချိန်မှာ ကုသခွင့် ဆုံးရှုံးကြရသူတွေ အများကြီးရှိပါတယ်။ ကျောက်ကပ်ဆရာဝန်ဆီ ရောက်လာရင်တော့ လေယာဉ်ပျံကြီး ပျက်ကျနေပြီပေါ့ဗျာ။

နောက်တစ်ခု က အကိုက်အခဲ ပျောက်ဆေးပါ။ အရပ်ထဲမှာ အလွယ်ဝယ်လို့ရနေတဲ့ ဝက်ငါးကောင် (Mefenaemic Acid) တို့၊ အလွယ်ထိုးလို့ရနေတဲ့ အသားဆေး (Diclofenac) တွေဟာ ကျောက်ကပ်သမားတွေအတွက် အင်မတန်ကြောက်ဖို့ကောင်းတဲ့ အဆိပ်တွေလို့ ဆိုရင် မမှားပါဘူး။ သာမန်လူကောင်းတွေတောင် အခန့်မသင့်ရင် ဒုက္ခပေးနိုင်ပါတယ်။

နောက်သတိထားဖို့ကတော့ တိုင်းရင်းဆေးတွေပါ။ အယူတိမ်းရင် နတ်စိမ်း ဖြစ်တယ် ဆိုသလိုပဲ.. တိုင်းရင်းဆေးကို အောဂန်းနစ် ဆိုပြီး အားကိုးတကြီး သောက်ကြတာတွေကလည်း အဓိက ကုသမှုကို မရဘဲ လူနာတွေ နစ်နာစေတဲ့အပြင် ကျောက်ကပ်ကို ဝန်ပိစေလို့ သတိပြု ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ တစ်ချို့ တရားဝင်ရောင်းချနေတဲ့ တိုင်းရင်းဆေးတွေ၊ ဖြည့်စွက်စာတွေဟာလည်း ကျောက်ကပ်ကို အန္တရာယ်ပေးနိုင်ပါတယ်။ အဆိုးဆုံးက အဲဒီဆေးဝါးတွေကို သောက်နေပြီး လူနာအတွက် အဓိကလိုအပ်တဲ့ ဆေးဝါးတွေကို ဆက်မသောက်တော့ဘဲ ရပ်ပစ်လိုက်တာမျိုးပါ။ ဖြည့်စွက်စာဆိုတာ ဆေး မဟုတ်ပါဘူး။ အရာရာဟာ တန်ဆေး လွန်ဘေး ပါပဲ။

ဒီနေ့ဟာ ကမ္ဘာ့ကျောက်ကပ်ရောဂါနေ့ (World Kidney Day) ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်ကလည်း *Bridge the knowledge gap to better kidney care* ဖြစ်ပါတယ်။ *အသိပညာများများပေး ကျောက်ကပ်ပိုမို ကျန်းမာရေး* လို့များ ဆိုရမလား။

ကျောက်ကပ် ကျန်းမာအောင်
➡️သွေးပေါင်မတက်အောင် ဂရုစိုက်ပါ။
➡️ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။
➡️ဆေးလိပ်ဖြတ်ပါ။
➡️ရေများများသောက်ပါ (မိမိမှာ ဖောရောင်နေတာ မရှိရင်)။
➡️သွေးချိုဆီးချို ဂရုစိုက်ပါ။
➡️အငန် ရှော့စားပါ။
➡️အဝမလွန်အောင် ဂရုပြုပါ။
➡️မလိုအပ်တဲ့ တိုင်းရင်းဆေး၊ အကိုက်အခဲပျောက်ဆေးတွေ ရှောင်ပါ။
➡️မိမိမှာ မျိုးရိုးရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။
➡️သွေးတိုး/ဆီးချို စတဲ့ ရောဂါအခံ တွေရှိရင် မဖြစ်မနေ သွေး/ဆီး စစ်ကြည့်ဖို့ မိမိဆရာဝန်ကို တိုင်ပင်ပါ။

ကိုယ့်မှာ ကျောက်ကပ်ရောဂါရှိနေရင်တော့ မဖြစ်မနေ ကျောက်ကပ်ကုသမှု အထူးကုဆရာဝန်တွေနဲ့ တိုင်ပင်ဖို့လိုအပ်ပါတယ်။
ကာကွယ်ခြင်း ဟာ ကုသခြင်းထက် ပိုပြီးထိရောက်ပါတယ်။

ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ကျန်းမာခြင်း၊ ကျောက်ကပ်၏ ကျန်းမာခြင်း နဲ့ ပြည့်စုံကြပါစေ လို့ ကျောက်ကပ်ဆရာဝန်တစ်ယောက်အနေနဲ့ ဆုတောင်းလိုက်ပါတယ်။


ဒေါက်တာ ကျော်သူရိန်လွင်
(ကျောက်ကပ် ဆရာဝန်)

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Website

Address

Mandalay