GreenCycle

GreenCycle

Share

31/05/2021

ဇွန်လ(၅)ရက်နေ့မှာ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ( World Environment Day)တွင် နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားသော သူရဲကောင်းများနှင့် စစ်အာဏာရှင်ကို လက်ရှိ တွန်းလှန်တိုက်ခိုက်နေသည့် လူမျိုးဘာသာ အလွှာမျိုးစုံရှိရဲဘော်အပေါင်းတို့ကို ဂုဏ်ပြုသည့် အနေဖြင့်
မိမိ ကြိုက်နှစ်သက်ရာ သစ်ပင်/ သီးပင်/စားပင်/ အရိပ်ရပန်းမန်သစ်ပင် များစိုက်ပျိုးခြင်းဖြင့် ကမ္ဘ့ာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့လူထုလှုပ်ရှားမှု (WED Campaign) တွင် ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

09/05/2021

မဂ်လာပါ သူငယ်ချင်းတို့ရေ 💚🙆‍♂️

ဒီစာလေးကို လွတ်လပ်စွာ မျှဝေနိုင်ပါတယ်

မကြာခင်မှာပဲ သစ်သီးတွေ လိုှင်လိှုင်ပေါတဲ့ ရာသီကိုရောက်လာတော့မှာပါ
ဥပမာ
✔ သရက်သီး
✔ ဒူးရင်းသီး
✔ ကနစိုသီး
✔ ကြက်မောက်သီး
✔ မင်းကွပ်သီး
✔ ပိန်နဲသီး အစရှိသဖြင့်ပေါ့.

ကျွန်တော်တို့ မေတ္တာရပ်ခံချင်တာကတော့
အဲဒီအသီးတွေကို စားပြီးတဲ့အခါ သစ်စေ့လေးတွေကို အမိှုက်တွေနဲ့အတူ လွင့်မပစ်ကြပါနဲ့ခင်ဗျာ....🙅‍♂️🙅‍♂️

အဲဒီအ​ေစ့လေးတွေကို ရေပြောင်အောင်ဆေးပြီး အခြောက်ခံပေးထားပါ....🙆‍♂️

ကောင်းစွာ ခြောက်သွေ့သွားတဲ့အချိန် သတင်းစာ စက္ကူလေးနဲ့ ထုပ်ပြီး မိတ်ဆွေတို့ရဲ့ ကားထဲမှာဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သိမ်းထားပေးပါခင်ဗျ....🙋‍♂️

ခရီးသွားရင်းနဲ့ပဲ ဖြစ်ဖြစ် မြို့အပြင်ရောက်တဲ့အခါမှာ ဖြစ်ဖြစ် ကျေးလက်လမ်းတွေမှာပဲဖြစ်ဖြစ် ကားလမ်းဘေးက မြေကွက်လပ်တွေမှာပဲဖြစ်ဖြစ် အဲဒီနေရာတွေကို ရောက်တဲ့အခါမှာ သင်သိမ်းထားတဲ့ သစ်စေ့လေးတွေကို လွင့်ပစ်ပေးပါ....🙋‍♂️🙋‍♂️

🔰 အဲဒီအစေ့လေးတွေဟာ မိုးရာသီရောက်တဲ့ခါမှာ အလွယ်တကူ ရှင်သန်လာနိုင်ပါတယ်

🔰 မိတ်ဆွေ အနေနဲ့ နှစ်စဉ်မိုးရာသီတိုင်းမှာ ဒီနည်းသုံးပြီး အပင်လေးတွေ စိုက်ပျိုးပေးမယ်ဆိုရင် ကျွန်တော်တို့ နေထိုင်ရာ ကမ္ဘာကြီးစိမ်းလန်းလာရေး ရည်မှန်းချက်ဟာ အောင်မြင်လာမှာပါ

🔰 ထိုင်းအစိုးရကတော့ ဒီနည်းနဲ့ အပင်တွေစိုက်ပျိုးကြဖို့ သူတို့နိုင်ငံသားတွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက လှုံ့ဆော်နေခဲ့တာပါ

🔰 ထိုင်းနိုင်ငံရဲ့ ခရိုင်အရာရှိတွေဟာ သူတို့ဒေသတွေမှာ ဒီနည်းကို စိတ်အားထက်သန်သန်ပဲ ဟောပြောစည်းရုံးခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ မြောက်ပိုင်းက ခရိုင်တွေက ( မြန်မာနိုင်ငံ ရှမ်းပြည်နဲ့ ဆက်စပ်နေတဲ့ ဒေသ ) တောတွေမှာ ဒီနည်းနဲ့ သစ်သီးပင်တွေဟာ တိုးပွားလို့လာနေပါတယ်😊😊😊😊😊😊😊

ရိုးရှင်းပြီး ထိရောက်စေမဲ့ ဒီနည်းလမ်းလေးကို အသုံးပြီး ကျွန်တော်တို့ အနာဂတ် မျိုးဆက်တွေအတွက် သစ်ပင်တွေ အေးမြတဲ့အရိပ်တွေ အလျှံပယ် ထားခဲ့ကြရအောင်လားဗျာ...........

Penro Tarlac Page က ရေးထားတာလေးကို ဆီလျှော်အာင် ဘာသာပြန်ပေးထားတာပါ

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Website

Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00