MayMi's J-Life Notes
30/07/2022
🇯🇵✈️ဂျပန်ပြည်ကြီးကထွက်မပြေးပါဘူး။
အချိန်မရွေးဂျပန်လာလို့ရပါသေးတယ်။
မလောနဲ့။ ပြီးတော့ နှေးနဲ့မနှေးနဲ့။
■လောရင်လဲ ဂျပန်စာတွေအခြေခံမပိုင်၊
လုံလောက်စွာစကားပြောမကျွမ်းကျင်သေးပဲထင်ထားတာထက် ဒီနိုင်ငံမှာပိုခက်ခဲလိမ့်မယ်။
■နှေးရင်လဲ လစာလေးနဲနဲနဲ့ပြည်တွင်းမှာငယ်ထားတဲ့အရွယ်တွေပြယ်ကုန်မယ်။မိဘအတွက်လဲအချိန်မှီပြုစုခွင့်လေးတွေ ကြန့်ကြာမယ်။အချိန်ကိုက်နဲ့စနစ်တကျလေးချိန်ပြီးသာလာခဲ့ကြပါ။
မင်း...အိမ်မက်ကဂျပန်မှတ်လား။
ဂျပန်ပဲရောက်အောင်လာပေါ့။
#အခက်အခဲထိတိုင်းပြိုလဲလေလွင့်မနေနဲ့ဦး။
🌵 🇯🇵✈️
07/05/2022
Japanese Scholarship 🇯🇵✅
ဂျပန်စကော်လာမှာ ပြန်ပေးစရာမလိုတဲ့ စကော်လာနဲ့၊ ပြန်ပေးဆပ်ရတဲ့ စကော်လာဆိုပြီး အမျိုးအစား၂မျိုးရှိပါတယ်။
ပြီးတော့ မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်လို့ရတဲ့ စကော်လာနဲ့ ဂျပန်ရောက်မှ လျှောက်လို့ရတဲ့ စကော်လာဆိုပြီး ၂မျိုးရှိပါတယ်။
Internet က အချက်အလက်များကို မှီငြမ်းပြီး ပြန်ပေးစရာမလိုတဲ့ စကော်လာများကို စုစည်းတင်ပြပေးလိုက်ပါတယ်။ Japanese Learners တွေအတွက်ပြန်လည် Sharing လုပ်ပေးခြင်းဖြစ်ပါတယ်။
---------------------------------------------
၁။ မြန်မာနိုင်ငံကနေတိုက်ရိုက်လျှောက်လို့ရတဲ့ စကော်လာ 🗓️✅
1. HOSEI University Scholarship
ဒီ စကော်လာကတော့ HOSEI တက္ကသိုလ်ကပေးတဲ့ စကော်လာပါ။အသေးစိတ်အချက်အလက်ကို အောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://scope.hosei.ac.jp/admission/
2. AICHI KEN Scholarship
ဒီစကော်လာကိုတော့ အအိချိခရိုင်ကနေပေးတာပါ။
http://www.pref.aichi.jp/kokusai/ryugakusei-portal/e/ukeire/index.html
3. Risona Bank (IUCHI) Scholarship
ဒီ စကော်လာကတော့ ဂျပန်Risona Bank ကပေးတဲ့ စကော်လာပါ။ အသေးစိတ်အချက်အလက်ကို အောက်က link မှာ ဝင်ရောက်လေ့လာပါ။ မြန်မာလို Guideline ရှိပါတယ်
http://www.resonabank.co.jp/kojin/koken/iuchi.html
4. Matsumae International Foundation Scholarship
အသေးစိတ်အချက်အလက်ကို အောက်က link မှာ ဝင်ရောက်လေ့လာပါ။
http://www.mif-japan.org/fellowship/announcement/?hl=en
5. JICA Scholarship
ဒီစကော်လာက ဂျပန်နိုင်ငံ JICA အဖွဲအစည်းကပေးတဲ့ စကော်လာပါ။ ဒီအောက်က link မှာ ဝင်ရောက်လေ့လာပါ။ ကျောင်းနဲ့လိုက်ပြီး လျှောက်လွှာပိတ်ရက် ကွာပါတယ်။
https://www.jica.go.jp/english/countries/asia/innovative_asia.html
လျှောက်လွှာပိတ်သွားပြီဖြစ်တဲ့ ဒီလိုစကော်လာတွေလည်း ရှိပါတယ်။နောက်နှစ်တွေမှာ သတိထားပြီးလျှောက်ကြည့်ပါ။
MEXT Scholarship
http://www.mext.go.jp/a_menu/koutou/ryugaku/06032818.htm
🔸 မြန်မာနိုင်ငံကနေလျှောက်လို့ရတဲ့ စကော်လာတွေဟာ
များသောအားဖြင့် မြန်မာနိုင်ငံဂျပန်သံရုံး၊ MAJA နဲ့ မြန်မာနိုင်ငံက တက္ကသိုလ်(သို့)အဖွဲအစည်းတွေကနေ ခေါ်တတ်ကြပါတယ်။
ဂျပန်စကော်လာ လိုချင်တဲ့လူတွေဟာ မြန်မာနိုင်ငံဂျပန်သံရုံး၊ MAJA webpage နဲ့ MES တို့လိုမျိုးအသင်းအဖွဲ့၊ မိမိတက္ကသိုလ်က ကျောင်းသားရေးရာ၊ ဆရာ၊ ဆရာမများထံမှာ သတင်ရယူကြိုးစားသင့်ပါတယ်။
၂။ ဂျပန်နိုင်ငံမှာကျောင်းတက်နေတဲ့ မြန်မာကျောင်းသားတွေ လျှောက်လို့ရတဲ့ စကော်လာ 🗓️✅
1. 特定非営利活動法人 留学協会奨学金
NPO အဖွဲအစည်းတစ်ခုဖြစ်တဲ့ 留学協会 က မြန်မာကျောင်းသားတွေကိုပဲပေးတဲ့ စကော်လာပါ။
http://blog.ryugakukyokai.or.jp/archives/70464326.html
2. アジアの留学生と交流する会奨学金
အာရှမှလာသော ပညာတော်သင်ကျောင်းသားများကို ပေးတ စကော်လာဖြစ်ပါတယ်။
http://www.geocities.jp/asianogakusei/
3. 佐藤陽国際奨学財団
Sato Yo အဖွဲအစည်းကပေးတဲ့ Scholarship ပါ။
http://sisf.or.jp/ja/scholarship/foreign-studies/self-supporting/
4. 平和中島財団 奨学金
ဒီစကော်လာကိုတော့ heiwa nakajima အဖွဲအစည်းကပေးတာပါ
မိမိတက္ကသိုလ်တွေမှာ စုံစမ်းကြည့်ပါ။
http://hnf.jp/shogaku/
5. とうきゅう留学生奨学財団
သတိထားပြီးလျှောက်ကြည့်ပါ။❗
http://www.tokyu-f.jp/application.html
6. JASSO Scholarship
ဒီဟာကတော့ ဂျပန်ကျောင်းသားအဖွဲ့အစည်းကပေးတဲ့ စကော်လာပါ။မိမိတက္ကသိုလ်၊ ကျောင်းမှာ စုံစမ်းကြည့်ပါ။ဝင်ရောက်လေ့လာကြည့်ပါ။ဂျပန်စာသင်တန်းသားတွေလည်း လျှောက်ခွင့်ရှိပါတယ်။
http://www.jasso.go.jp/en/study_j/scholarships/brochure.html
လျှောက်လွှာပိတ်သွားပြီဖြစ်တဲ့ ဒီလိုစကော်လာတွေလည်း ရှိပါတယ်။နောက်နှစ်တွေမှာ သတိထားပြီးလျှောက်ကြည့်ပါ။
SGH 財団 奨学金
http://www.sgh-foundation.or.jp/scholar/index.html
Waseda University Scholarship
http://web.waseda.jp/admission/ssp/myanmar/
ဂျပန်မှာကျောင်းတက်နေတဲ့ကျောင်းသားတွေ စကော်လာလိုချင်တယ်ဆိုလျှင်၊ အဓိကကတော့ မိမိတက်နေတဲ့ကျောင်း(သို့)တက်မယ့်ကျောင်းမှာ စုံစမ်းပါ။ စကော်လာအဖွဲ့အစည်းတွေဟာ ကျောင်းတွေနဲ့ အဓိကချိတ်ဆက်ထားတတ်ကြပါတယ်။
ပြီးတော့ လက်ရှိ ဂျပန်မှာ စကော်လာရနေတဲ့လူ၊ ရခဲ့တဲ့လူတွေကို မေးမြန်းဆက်သွယ်ပြီး လျှောက်ကြပါ။
🔹 အင်တာနက်ကနေလည်း ရှာဖွေကြပါ။
ဒီအောက်က link ကတော့ ဂျပန်နိုင်ငံမှာ နိုင်ငံခြားသားတွေကို ပေးတဲ့ စကော်လာတွေကို ရှာဖွေနိုင်တဲ့ link ပါ။
တက္ကသိုလ်အမည်၊ စကော်လာအမည် စသည်ဖြင့် အမျိုးမျိုးရှာဖွေကြည့်လို့ရပါတယ်။
မြန်မာနိုင်ငံကနေ တိုက်ရိုက်လျှောက်လို့ရတဲ့ စကော်လာရှိသလို၊ ဂျပန်မှာကျောင်းတက်နေတဲ့လူတွေ လျှောက်လို့ရတဲ့ စကော်လာတွေလည်း အများကြီးရှိပါတယ်။ ရှာဖွေကြည့်ကြပါ။ဂျပန်စာသင်တန်းကျောင်းသား၊ တက္ကသိုလ်၊ ကောလိပ်၊ မာစတာ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။
http://www.jpss.jp/ja/scholarship/
နောက်ဆုံးအနှစ်ချုပ်ပြီးပြောရလျှင်...
မိမိလျှောက်မယ့် စကော်လာဟာ ပြန်မပေးရတဲ့ စကော်လာဖြစ်ဖို့လိုအပ်ပါတယ်။ ပြီးတော့ အချို့စကော်လာတွေဟာ သက်တမ်းထပ်တိုးလို့ရပါတယ်။ တစ်နှစ်စာပဲပေးမယ်ပြောပေမယ့် နောက်နှစ်တွေမှာ ထပ်လျှောက်လို့ရတာတွေလည်းရှိပါတယ်။
စကော်လာရဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကြိုးစားမယ်ဆိုလျှင်ရမှာပါ။
အထက်က စကော်လာတွေကို မိမိကိုယ်တိုင်လေ့လာ၊ တိုက်ရိုက်ဆက်သွယ်မေးမြန်းပြီး လျှောက်ကြည့်ကြပါ။
ကျွန်မကတော့ လမ်းပြပေးလို့ပဲရပါတယ်။ ရအောင်လျှောက်ယူရမှာက မိမိတာဝန်ပါ။
မူရင်းတင်သူကိုcrdပေးပါတယ်ရှင်....
Thanks You !!!
Wint Htet Learners Japanese ❣️
Click here to claim your Sponsored Listing.