MHK_Sharing
30/01/2022
၇။ မဟာတာပန ငရဲ
🌸🌸🌸🌸🌸🌸🌸🌸
-- တာပနငရဲထက် ဒုက္ခပိုမိုကြီးလေး
ပြင်းထန်စွာ ခံရသော ငရဲသည်
မဟာတာပနငရဲ ဖြစ်သည်။
ယင်းငရဲသည် တာပနငရဲကြီးအောက်
ယူဇနာ (၁၅၀၀၀) ဝေးကွာသော မြေလိုဏ်
ဥမင်ကြီးအတွင်း၌ ယူဇနာ တစ်သောင်း
ကျယ်ပြန့်စွာ တည်ရှိသည်။
--- ငရဲသားတို့ခံစားရပုံ ---
--- ဤမဟာတာပန ငရဲကြီးတွင်
အလျှံညီးညီး အရှိန်ကြီးသော သံမြေပြင်ရှိသည်။
ကြီးကျယ်မြင့်မား သောသံဖြင့် ပြည့်သော
မီးတောင် ကြီးတို့သည် ထင်ရှားရှိကုန်သည်။
မီးတောင်ကြီးတွင် အမြဲတောက်လောင်နေသော မီးတောက်မီးလျှံတို့သည် ရဲရဲညီးနေသည်။
ထိုမီးတောင်ကြီး၏ ထက်၀န်းကျင် ပတ်လည်၌
ထန်းတော၊ ပေတောကြီးပမာ လွန်စွာထူထပ် ပေါများသော သံတံကျင် တောကြီးများ တည်ရှိသည်။
--- ထိုသံတံကျင် တို့သည် အရင်းမှ
အဖျားတိုင်အောင် မီးလောင်နေလျက် မော့သော
အဖျား၊ ထက်မြက်သော အဖျားရှိကြသည်။
--- ငရဲသားတို့ကို စူးဖောက်ရန် အမြဲမျှော်
လင့်ပြီး အသင့်ရှိနေကြသည်။ နွားကျောင်းသားတို့သည် မိမိတို့ နွားအုပ်များကို မြက်ပေါသော
တောင်ပေါ်သို့ မောင်းနှင်၍ တင်ကြကုန်သကဲ့သို့ ငရဲထိန်း တို့သည် ကြီးမားထက်မြက် မီးစက်မီးလျှံပါသော လက်နက်အမျိုးမျိုးတို့ဖြင့် ရိုက်နှက်ပုတ်
ခတ်ကြပြီး ငရဲသားတို့ကို တစ်အုပ် တစ်သိုက်ကြီး မီးတောင်ပေါ်သို့ မောင်းနှင်တင်ကြလေသည်။
--- မတက်မနေရလေအောင် အတင်းတက်
စေသည်။ မခံမရပ်နိုင်အောင် ညှဉ်းဆဲခြင်းဖြင့်
ပူပြင်းစွာ ခံကြကုန်သော ငရဲသားတို့သည်
သံတောင်ကြီးပေါ်သို့ တက်ကြရသည်။
--- တောင်ခုလတ်တစ်ခု၌ အစဉ်တည်ရှိသော
ငရဲဆူးပင်ကြီးတို့သည် ရောက်လာသမျှသော ငရဲသားတို့၏ ၀မ်းဗိုက်ကိုစူး၀င်ပြီး အူအသည်းတို့ကို သံကောက်တို့က ဆွဲယူကြသည်။
မျက်လုံးထဲ ၀င်ပြီး မျက်လုံးအိမ်ကို အတင်း
ဆွဲထုတ်ယူသည်။
--- ငရဲထိန်းတို့က အတင်းမောင်းနှင်ကြသဖြင့်
တောင်အောက်သို့ဆင်းခွင့် မရကြ။ တောင်ထိတ်သို့ ရောက်သောအခါ အဆိပ်ခိုးငွေ့ရောသော
လေပြင်းမုန်တိုင်းက ငရဲသားတို့ကို အတင်း
တိုက်လွှင့်ချ ကုန်သည်။
--- လေမုန်တိုင်းကြောင့် လက်ပံပင်မှ
လဲမှိုတို့ ကြွေလွင့်သကဲ့သို့ ငရဲသားတို့သည်
အဆိပ်ရောသော လေမုန်တိုင်းကြောင့် မီး
တောင်ကြီးမှ ဖရိုဖရဲ လွင့်စင်ကျကုန်သည်။
ထိုအခါ အောက်ခြေရှိ သံကျင်တောသို့
ကျရောက်ကြကုန်၏ ။ သံတံကျင်တို့က
စူး၀င်စွပ်မိကြသဖြင့် လူးကာ လွန့်ကာ
နေကြရသည်။
--- ထိုအခါ ငရဲထိန်းက သံတွေသံခဲတို့ဖြင့်
ပစ်ခတ်သဖြင့် လည်းကောင်း၊ သံခက်ရင်း
တို့ဖြင့် ထိုးသဖြင့်လည်းကောင်း သံမြေပြင်သို့
ကျစေပြန်သည်။
--- သံမြေပြင်သို့ ရောက်သောအခါ
တစ်ဖန် သံတောင်ပေါ်သို့ ပြန်တက်စေပြန်သည်။ ဤသို့လျှင် ကံမကုန်မချင်း ခံကြရလေသည်။
--- ငရဲသက်တမ်း ---
- မဟာတာပနငရဲသက်တမ်းမှာ
"အန္တရကပ် တစ်၀က်" ရှိပါသည်။
--- ငရဲခံစားကြရသူများ ---
--- အဂတိတရားလိုက်စားသောသူများ၊
လင်ယောက်ျား အပေါ်၌ နိုင်လိုမင်းထက်
ရက်စက်ကြမ်းကြုတ်စွာ ပြုတတ်သော
မိန်းမယုတ် များသည် ဤငရဲ၌ ကျရောက်
ခံစားကြရပါသည်။
ငရဲပြည်/ငရဲပြည်မှသေရွာပြန်များ
ပြိတ္တာဖြစ်ရပ်ဆန်း/ဥပရိပဏ္ဏာသ/
ပ႑ိတေ၀ဒနိယ/ဇာတက-စေသာ
စာအုပ်များနှင့် ငရဲပြည်အကြောင်း
သိကောင်းစရာ Facebook-
page-မှ ကူးယူဖော်ပြပါသည်။
အရှင်ဣန္ဒောဘာသ(ဓမ္မသုတ)
#ပြန်လည်မျှဝေခြင်း ဖြစ်တာကြောင့်
မူရင်းရေးသားသူ ဓာတ်ပုံပိုင်ရှင်များကို
လေးစားစွာ Credit ပေးပါတယ်ဗျ
#သော်တာမင်
Click here to claim your Sponsored Listing.