Dima Tissue
07/04/2026
မကြာခင်မှာ သင်္ကြန်ရောက်တော့မှာဆိုတော့ Mo Mo ရဲ့ ချစ်ကာကာလေးတွေကို အတာအိုး နှင့် အတာပန်းအကြောင်းလေးတွေကို ဗဟုသုတရစေဖို့ တင်ပြပေးလိုက်ပါတယ်နော်။အတာအိုးဆိုတာ သင်္ကြန်ကာလအတွင်း အတာရေ (ပန်းရေ) ထည့်ထားတဲ့ အိုးကို ခေါ်ပါတယ်။
အများအားဖြင့် မြေအိုး (သို့) အလှဆင်ထားတဲ့ အိုးဖြစ်ပြီး ပန်းများ၊ ရနံ့မွှေးများ ထည့်ထားလေ့ရှိပါတယ်။
အတာရေကို သန့်ရှင်းခြင်း၊ ကံကောင်းခြင်းကို ကိုယ်စားပြုပါတယ်မြန်မာလူမျိုးတွေ ရှေးအစဉ်အဆက် လက်ဆင့်ကမ်းပြုလုပ်လာကြတဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။အတာပန်းအိုးပြုလုပ်ပြီးတော့ အတာပန်းအိုးထဲမှာထည့်ဖို့အတွက် ပန်းတွေကို လည်း နေ့၊နာမ် အလိုက် ကံဆိုးမှုတွေဖယ်ရှားပြီး၊ကံကောင်းခြင်းတွေ ရရှိစေဖို့့ −
တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက် ၊
တနင်္လာ အတွက်ဆို … က - ခ - ဂ - ဃ - င ထဲက ကန့်ကော်ပန်း ၊ ခရေ …
အင်္ဂါဆို ဇီးရွက် ၊ ဇီဇဝါ ၊ ဇော်စိမ်း ၊ စံပယ်
ဗုဒ္ဓဟူးဆို ရွက်လှ ၊ ရေတမာ ၊ ရင်ခက်ပန်း ကြာသပတေးဆို မြေဇာ ၊ မာလကာရွက် ၊ ပိန်းပန်း
သောကြာဆို သပြေပန်း ၊ သဇင်ပန်း
စနေဆို တမာရွက် ၊ ဒန်းပန်း ၊ အစရှိသဖြင့်...... နေ့ ၇ နေ့ကို ကိုယ်စားပြုတဲ့ ၇ နေ့နံ ပန်းနဲ့ပါ ။ တစ်ချို့ကလဲ ပတ်၀န်းကျင် ကို မူတည်ပြီး ဒန်း ၊ ဇီး ၊ စသည် ဖြင့် ထည့် ကြတယ် ။
(၇)ရက်သားသမီးတို့ အတွက် ရည်ရွယ်၍ ပန်း ၇-မျိုး ဖြစ်စေ၊ အညွန့် ၇-မျိုးဖြစ်စေရေပြည့်အိုးမှာ ထိုးလေ့ ထည့်ကြလေ့ ရှိပါတယ် ။ သင်္ကြန် ၄ ရက်လုံး အတာအိုး နဲ့ ကြိုပီး နှစ်ဆန်း တစ်ရက်နေ့ ရောက်တော့ သဲဖြူ ချည်ကြိုးတွေ ထပ်ဖြည့်ပီး အန္တရာယ် ကင်း ပရိတ်ရွတ် ကြတဲ့ အခါ “ အတာအိုး ” နဲ့ “ အတာပန်း ” ကနေ “ ပရိတ်အိုး ” နဲ့ “ ပရိတ်ပန်း ” အဖြစ် အသွင်ကူးပြောင်းပီး မိမ်တို့အိမ် ပတ်ပတ်လည်မှာ “ ပရိတ်ပန်း ” “ ပရိတ်သဲ ” တွေနဲ့ ကာရံပြီး အန္တရာယ် ကင်းအောင် လုပ်ကြပါတယ်။အချို့ဒေသများတွင် အတာအိုးနှင့် ပရိတ်အိုး ဟူ၍ သီးသန့ထားရှိပါသည်။ပရိတ်အိုးကို နှစ်ဆန်း (၁)ရက်နေ့တွင် အများဝိုင်းဖွဲ့၍ ဘုန်းကြီးများ ပင့်လျှောက်ပြီး အန္တရာယ်ကင်း ပရိတ်များ ရွတ်ဖတ်တရားနာပြီး ရလာတဲ့ ပရိတ်ပန်း များကို အိမ်ပတ်လည်တွင် ထိုးထားရင်း အန္တရာယ်ကင်းအောင်ပြုလုပ်ကြပါတယ်။Mo Mo ရဲ့ ချစ်ကာကာ လေးတို့ရော အတာကို ကြိုဖို့အတွက် အဆင်သင့် ဖြစ်နေပြီလား(inlove)
#အတာအိုး #အတာပန်း #သင်္ကြန် #
23/02/2026
နွေရာသီ၏ ပြင်းထန်သော အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေး ပြဿနာများကို ကာကွယ်ရန်အတွက် အောက်ပါ အချက်များကို အထူးသတိပြုရန် လိုအပ်ပါသည် -
ရေဓာတ် ပြည့်ဝစွာ ထိန်းသိမ်းပါ – ရေငတ်သည်အထိ မစောင့်ဘဲ တစ်နေ့လျှင် အနည်းဆုံး ရေ ၂ လီတာခန့် သို့မဟုတ် တစ်နာရီလျှင် ၂ ခွက်မှ ၄ ခွက်အထိ ပုံမှန် သောက်သုံးပေးပါ။ အယ်လ်ကိုဟောနှင့် ကဖင်းဓာတ်ပါသော အချိုရည်များသည် ရေဓာတ်ကို ပိုမိုခမ်းခြောက်စေနိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။
နေပူထဲထွက်ခြင်းကို ဆင်ခြင်ပါ – နေရောင်ခြည် အပြင်းဆုံးအချိန်ဖြစ်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအတွင်း အပြင်ထွက်ခြင်းနှင့် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ အပြင်ထွက်ရန် လိုအပ်ပါက ထီး၊ ဦးထုပ်ဆောင်းခြင်းနှင့် နေကာမျက်မှန် တပ်ဆင်ခြင်းတို့ကို ပြုလုပ်ပါ။
ဝတ်စားဆင်ယင်မှု ဂရုပြုပါ – ခန္ဓာကိုယ်မှ အပူများကို လွယ်ကူစွာ စွန့်ထုတ်နိုင်ရန်အတွက် ပေါ့ပါးပြီး ချောင်ချိသော ချည်ထည် (Cotton) နှင့် အရောင်ဖျော့သော အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပါ။
အစားအသောက် သန့်ရှင်းမှု – နွေရာသီတွင် အစားအစာများ ပုပ်သိုးလွယ်ပြီး ပိုးမွှားများ ပေါက်ဖွားလွယ်သဖြင့် ဝမ်းပျက်ဝမ်းလျှောနှင့် အစာအဆိပ်သင့်ခြင်းများ မဖြစ်စေရန် လတ်ဆတ်သော အစားအစာများကိုသာ စားသုံးပါ။
အသားအရေ ထိန်းသိမ်းပါ – ခရမ်းလွန်ရောင်ခြည် (UV) ဒဏ်မှ ကာကွယ်ရန် နေကာခရင်မ် (Sunscreen) လိမ်းပေးပါ။ မြန်မာ့ရိုးရာ သနပ်ခါးသည်လည်း နေလောင်ဒဏ်ကို ကာကွယ်ပေးပြီး အသားအရေကို အေးမြစေနိုင်ပါသည်။
အပူလျပ်ခြင်း (Heat Stroke) ကို သတိပြုပါ – ကိုယ်အပူချိန် အလွန်မြင့်တက်ခြင်း၊ သတိလစ်ခြင်း၊ မူးဝေခြင်းများ ဖြစ်ပေါ်ပါက လူနာအား အေးမြသော အရိပ်အောက်သို့ အမြန်ပို့ဆောင်ပြီး ရေပတ်တိုက်ပေးကာ ဆေးရုံသို့ အမြန်ဆုံး ပို့ဆောင်ရမည်။
ရုတ်တရက် အပူအအေး မပြောင်းပါနှင့် – နေပူထဲမှ ပြန်လာလျှင် ချက်ချင်း ရေချိုးခြင်း သို့မဟုတ် အဲကွန်းအလွန်အေးသော အခန်းထဲသို့ ရုတ်တရက် ဝင်ခြင်းများကို ရှောင်ကြဉ်ပါ။
နွေရာသီတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများသည် အပူဒဏ်ကို ပိုမိုခံစားရနိုင်သဖြင့် ၎င်းတို့ကို အထူးဂရုစိုက်ပေးရန် လိုအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 08:30 - 17:30 |
| Friday | 08:30 - 17:30 |
| Saturday | 08:30 - 17:30 |