Shared By Hsu

Shared By Hsu

Share

30/05/2026

အသက် ၂၇ ပြည့်သွားပြီးတဲ့နောက် ရလာတဲ့အသိတရားတစ်ခု

"လူတိုင်းက ကိုယ်လိုမဟုတ်ဘူး" ဆိုတာပဲ

သူကောင်းခဲ့တာတွေရှိမယ် ကိုယ်ဆိုးခဲ့တာရှိမယ်
ကိုယ်ကောင်းခဲ့ရက်သားနဲ့ သူဆိုးနေတာလည်းရှိမယ်..

အလိုဆိုတော့ တစ်ခုခုဆိုရင်
ကိုယ့်ကိုမကောင်းပြောလာရင် သူမကောင်းတာပါ ပြန်ပြောချင်တာ ပြန်ရှင်းပြချင်တာပေါ့ကွယ်

စိတ်တွေတိုပြီး ရှင်းပြနေတာမဟုတ်ဘူး
သူ့တုန်းကလဲ ကိုယ်ဘယ်လိုသည်းခံခဲ့လဲဆိုတာ သိစေချင်တာ

ဒါမယ့် တကယ်က
အဲလို ရှင်းပြချင်တာ သိစေချင်တာကကိုပဲမှားနေတာ

ကိုယ်ဘယ်လိုပဲပြောနေနေ သူထင်ချင်သလိုထင်နိုင်တာပဲ
သူရှင်းပြနေလဲ ကိုယ်က ကိုယ့်စိတ်အတိုင်း ထင်ချင်သလိုထင်မှာပဲ

အဲဒီတော့ ခုနောက်ပိုင်း
ထင်ချင်သလိုထင် ဆိုတဲ့စိတ်ပဲရှိတော့တယ်

သူလည်းထင်ချင်ရာထင်
ကိုယ်လည်းထင်ချင်ရာထင်ပဲ

Photos from Shared By Hsu's post 30/05/2026

ဆယ်တန်းတက်တော့ ခြေဖျားလက်ဖျားအေးအောင်ကြောက်ရတဲ့ ဘော်ဒါ အုပ် ဆရာကြီး

စာမသင်ရရင် နေမကောင်းဖြစ်လို့ တဲ့
နေမကောင်းရင် စာလာသင်ပြ်ီ

သူစာလာသင်ရင် ကိုယ်တွေက ကြောက်လွန်းလို့
ဘယ်လောက်တောင်ကြောက်လဲဆို

ကိုယ်တွေပူခြစ်ပြီး တအားဖျားနေတာတောင် သူ့လဲမြင်ရော အပူတွေ ပျောက်သွားတာ

သူစာသင်ပြီးလဲပြန်ရော ချက်ချင်းပြန်ဖျား အလောက်တောင်ကြောက်တာ

အဲဒါကြောင့် ကိုယ့်ကို စာသင်ခဏဝင်ခိုင်းရင် ကလေးတွေကိုပျော်အောင်ထားပါတယ်😁😁
စကားနားမထောင်ရင်တော့ အော်ပါတယ် စိတ်လဲကောက်ပါတယ်

29/03/2026

Hey!

I'm Suyi.

I'm a freelance phonics teacher and also content writer.

If you are passionate about your children’s

education, or if you are looking for a creative and

reliable content writer to elevate your business,

I'm here for you.

29/03/2026

ဘာတွေပဲ ဖြစ်နေ ဖြစ်နေ

ကိုယ့်ရည်မှန်းချက်အတွက်

ကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်း

ကိုယ်လုပ်စရာရှိတာ ဆက်လုပ်နေရမှာပဲ

26/03/2026

Phonics ကို ဘယ်အရွယ်မှာ စသင်သင့်သလဲ❓

မိမိရဲ့ ကလေးကို Phonics လည်း သင်ပေးချင်တယ် ဘယ်အရွယ်ကနေ စသင်ရမလဲ မသိသေးတဲ့ မိဘတွေအတွက်👇👇

ယေဘုယျအားဖြင့်ဆိုရင်တော့ အသက် ၃ နှစ်မှ ၄ နှစ်အတွင်းမှာ သင်ကြားဖို့အကောင်းဆုံးပါ။
ဒါပေမယ့် ကလေးရဲ့ အသက်အပြင် သူ့ရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုလည်း ထည့်သွင်းစဥ်းစားရမယ့် အခြေအနေတွေလည်းရှိပါတယ်။

🚨🚨မိမိရဲ့ကလေးကို Phonics သင်လို့ရပြီလား ဆိုတာ ဆန်းစစ်နိုင်တဲ့ အချက် 4️⃣ချက် ရှိပါတယ်🚨🚨

✅ကလေးက စကားလုံးအသစ်တွေကို စိတ်ဝင်တစားရှိလာပြီလား❓

ဥပမာ

ကလေးတွေက စကားလုံးတွေကို စိတ်ဝင်တစားသိချင်လာပြီဆိုရင် *မေမေ ဒါကဘာလဲ ဟိုဟာက ဘာလဲ မေးပါလိမ့်မယ်* အဲလိုမေးလာတဲ့အခါကျရင် စကားလုံးကိုသင်တာထပ် အဲဒီစကားလုံးရဲ့ အသံကို သင်ပေးပါ။ ဘက်ဂ် (bag) ခက်တ် (cat) ဒေါ့ဂ် (dog) စသဖြင့် သင်ပေးပါ။

✅အသံတုလိုက်ဆိုနိုင်ပြီလား

ကလေးက ကိုယ်ပြောလိုက်တဲ့ စကားတွေကို အတုခိုးပြောတတ်နေပြီလား။ ဒါဆိုရင်တော့ Phonics စသင်ပေးလို့ရပါပြီ။ ဒါပေမယ့် ကလေးက အသက် ၃ နှစ်အောက် ၂ နှစ်အရွယ်ဆိုရင် Letter Names ကိုသင်တာထက် Letter Sounds ကို အရင်သင်ပေးတာပါ ပိုသင့်တော်ပါတယ်

✅မှတ်ဉာဏ်ဖွံ့ဖြိုးမှု

Phonics သင်ပေးတော့မယ်ဆိုရင် ကလေးက အရောင်၊ ပုံသဏ္ဍန်နဲ့ တိရစ္ဆာန် နာမည်တွေကို မှတ်မိနေပြီလားဆိုတာက အရေးကြီးပါတယ်။ ကိုယ်က Flashcards လေးတွေပြပေးမယ် ကလေးက letter names လေးတွေပြောတတ်ပြီ၊ shapes တွေပြောတတ်ပြီ၊ animals’ names တွေ ပြောတတ်နေပြီဆိုရင်တော့ Phonics စသင်လို့ရပါပြီ။

✅Abstract Thinking

Phonics သင်တဲ့အခါ စကားလုံးတစ်လုံးက အသံတစ်သံကို ကိုယ်စားပြုတယ်ဆိုတာက ကလေးတွေအတွက် Abstract ဖြစ်စေတဲ့အရာတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီတွေးခေါ်မှုစွမ်းရည်ရှိလာမှ Phonics ကို ကောင်းကောင်းနားလည်မှာဖြစ်ပါတယ်။ ကလေးရဲ့ abstract thinking တိုးတက်အောင် matching တွဲတာနဲ့ စတင်လေ့ကျင့်ပေးလို့ရပါတယ်။

ကလေးတွေကို အတင်းအကျပ် သင်ခိုင်း မှတ်ခိုင်းတာထက် games တွေ activities တွေ flashcards တွေ ဝေဝေဆာဆာသုံးပြီး သင်တာက ပိုပြီးတော့ ထိရောက်ပါတယ်။

25/03/2026

Oxford Phonics နဲ့ Jolly Phonics ဘာကွာလဲ❓❓

နှစ်ခုလုံးက အသံထွက်ကို အခြေခံပြီး စာဖတ်တတ်အောင် သင်ကြားပေးတဲ့ နာမည်ကြီး Phonics စနစ်တွေဖြစ်ပါတယ်။ ဒါပေမယ့်

🚨🚨Oxford Phonics နဲ့ Jolly Phonics ဘယ်လိုကွာသွားတာလဲ ဆိုတာ သိပြီးပြီလား🚨🚨

✅Oxford Phonics က level 1 to 5 ရှိပြီး သင်ခန်းစာတွေက စနစ်တကျနဲ့ ရှင်းလင်းပါတယ်။ A to Z အက္ခရာ အခြေခံကနေစသင်ရပြီး Level 5 ထိ တစ်ဆင့်ချင်းသင်ရပါတယ်။ သူ့ရဲ့အားသာချက်ကတော့ အိမ်မှာ ကလေးတွေကို ကိုယ်တိုင်သင်ပေးချင်တဲ့ မိဘတွေအတွက် အဆင်ပြေပါတယ်။ Games တွေ Apps တွေ နဲ့တွဲဖက်အသုံးပြုနိုင်ပြီး အရောင်အသွေးစုံလင်တဲ့ ကာတွန်းပုံလေးတွေလည်း ပါဝင်တာကြောင့် ကလေးက စာအုပ်ကို စိတ်ဝင်တစားနဲ့ ကြည့်ချင်စိတ်ဖြစ်ပါတယ်။

✅အတန်းထဲမှာ ကလေးအများကြီးကို သင်ရတဲ့အခါ Jolly Phonics စနစ်က အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သူက အက္ခရာစဥ် a to z အတိုင်း သင်ရတာမဟုတ်ပဲ အသုံးအများဆုံး ဖြစ်တဲ့ s,a,t,i,p,n ကနေ စပြီးသင်ရပါတယ်။ Group 6 (အုပ်စု ခြောက်ခု) ခွဲသင်ရပါတယ်။ ပထမ Group တစ်ခု ပြီးတာနဲ့ စာလုံးပေါင်းများစွာကို ကလေးက စတင်ဖတ်နိုင်နေပြီဖြစ်ပါတယ်။ အသံတစ်သံချင်းမှာ Action တွေ story တွေ ပါဝင်တဲ့အတွက် ကလေးတွေ တက်တက်ကြွကြွ ပူးပေါင်းလှုပ်ရှားရပါတယ်။

🚩🚩နောက်ပိုင်းမှာတော့ Oxford Phonics နဲ့ Jolly Phonics နှစ်ခုလုံးကိုပေါင်းပြီး သင်ကြတာမျိုးလည်းရှိပါတယ်။

ကျမကတော့ နှစ်ခုပေါင်းပြီး သင်ပေးပါတယ်။

ဥပမာ Letter ‘A,a’’ ကို သင်တော့မယ်ဆိုရင်

သူ့ရဲ့

✅ Letter sound
✅Action
✅Story
✅Song
✅Letter formation စသဖြင့် သင်ပါတယ်။

🚨🚨အကျိုးရှ်ိတယ်ဆိုရင် Like & Share လုပ်ပြီး
Oxford Phonics ရဲ့ pdf တွေလိုချင်ရင် ကျမဆီမှာ လာတောင်းလို့ရပါတယ်ရှင်။

Photos from Shared By Hsu's post 23/03/2026

🌟 Phonics ဆိုတာဘာလဲ? ဘာကြောင့်ကလေးတွေကို မဖြစ်မနေ သင်ပေးသင့်တာလဲ? 🤔📚

​မိဘများနဲ့ ဆရာ/ဆရာမများအတွက် အရမ်းအရေးကြီးတဲ့ အကြောင်းအရာတစ်ခုကို ဒီနေ့ ပြောပြပေးချင်ပါတယ်။ ကလေးတစ်ယောက် စာစဖတ်ပြီဆိုရင် Phonics ဆိုတဲ့ စကားလုံးကို ကြားဖူးကြမှာပါ။

​💡 Phonics ဆိုတာ အလွယ်ပြောရရင်...

​အက္ခရာ (Letters) နဲ့ အသံ (Sounds) ကို ချိတ်ဆက်ပေးတာပါ။
​ကလေးတွေကို အလွတ်ကျက်စရာမလိုဘဲ စာကိုဖတ်တတ်အောင် သင်ပေးတဲ့ အခြေခံအကျဆုံး နည်းလမ်းပဲ ဖြစ်ပါတယ်။

​🔑 ဘာကြောင့် Phonics က အရေးကြီးတာလဲ?

​ကလေးတစ်ယောက်က ABC ကို အစဉ်လိုက်ရွတ်တတ်ရုံနဲ့ စာဖတ်တတ်ပြီလို့ (လုံးဝ) မသတ်မှတ်နိုင်ပါဘူး။
​ဥပမာကြည့်ရအောင် 👇
ကလေးက A ကို “အေ” လို့ပဲ သိထားရင် “Apple” ဆိုတဲ့ စကားလုံးကို တွေ့တဲ့အခါ "အေ-ပီ-ပီ-အယ်လ်-အီး" လို့ပဲ ပေါင်းနေပါလိမ့်မယ်။

​Phonics သင်ထားတဲ့ကလေးကတော့...

👉 A = /æ/
👉 p = /p/
👉 l = /l/
👉 /æ/ + /p/ + /əl/ = Apple 🍎 လို့ အသံတွေကို ပေါင်းစပ်ပြီး သူ့အလိုလို ဖတ်နိုင်သွားပါလိမ့်မယ်။

​🧠 Phonics သင်ပေးခြင်းရဲ့ အကျိုးကျေးဇူး (၄) ချက်

​Reading Skill: စာဖတ်နှုန်း သိသိသာသာ မြန်ဆန်လာမယ်။
​Spelling: စာလုံးပေါင်း သတ်ပုံတွေ မှန်ကန်လာမယ်။
​Pronunciation: အသံထွက် (Accent) မှန်ကန်ပီသလာမယ်။
​Confidence: သူများပြောပြစရာမလိုဘဲ ကိုယ်တိုင်ဖတ်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးလာမယ်။

ကလေးတစ်ယောက်ကို စာတွေအများကြီး "ကျက်ခိုင်းတာ" ထက်၊ စာကို ဘယ်လို "ဖတ်ရမလဲဆိုတဲ့ နည်းလမ်း" သင်ပေးတာက ပိုအဖိုးတန်ပါတယ်။

​ဒီ Post လေးက အသုံးဝင်တယ်ဆိုရင် တခြားမိဘတွေဆီရောက်အောင် Like & Share လုပ်ပေးပါဦးနော်။
​နောက်ထပ် Phonics Lesson တွေ ဆက်လေ့လာချင်တယ်ဆိုရင် Comment မှာ “Phonics” လို့ ရေးခဲ့ပေးပါဦး။ 😊

03/03/2026

ကိုယ့်ကို လူတွေသဘောကျဖို့ထက်
ကိုယ့်ကိုကိုယ် သဘောကျဖို့ ပိုအရေးကြီးတယ်။

ဘာလို့လဲဆို လူတွေရဲ့စိတ်က
မနက်နဲ့ ညတောင် တူတာမဟုတ်ဘူး။

ကိုယ်နဲ့ကိုယ်က တစ်သက်လုံးနေရမှာ။

လူတွေ သဘောကျဖို့ထက်
ကိုယ့်ကိုကိုယ် သဘောကျဖို့သာလုပ်ပါ။

💭 || 2.3.2026
Crd

21/02/2026

ကိုယ့်ရဲ့ content က view ကျနေပြီလား?
အဆုံးထိ မဖတ်ဘဲ scroll လုပ်သွားကြတာတွေ ဖြစ်နေပြီလား?
Audience ရင်ထဲ မရောက်ဘူးလား?

ဒါဆိုရင် ပြဿနာက Formula မသုံးသေးတာ ဖြစ်နိုင်ပါတယ်။

Content တစ်ပုဒ်ကို အောင်မြင်စေဖို့
Hook – Value – CTA Formula ကို သုံးပါ။

Hook က content အောင်မြင်မှုရဲ့ 80% လောက်ကို သက်ရောက်စေပါတယ်။

ပထမစာကြောင်းကပဲ လူကို ရပ်ပြီးဖတ်စေမလား၊ scroll လုပ်သွားစေမလား ဆုံးဖြတ်ပေးပါတယ်။

Value ကတော့ audience အတွက် အကျိုးရှိရပါမယ်။
ဥပမာ –
✅Motivation ပေးတဲ့စာများ
✅အလုပ်အကိုင်အခွင့်အလမ်းများ
✅ဘဝနေနည်း tips
✅စာအုပ် review
✅Scholarship program အကြောင်းများ

Audience အတွက် တကယ်အသုံးဝင်မှသာ သူတို့ရင်ထဲ ရောက်နိုင်ပါတယ်။

CTA (Call To Action) ကလည်း အရေးကြီးပါတယ်။
ဒါပေမယ့် content က ရင်ထဲမရောက်ဘူးဆိုရင် CTA ထည့်လည်း မထိရောက်ပါဘူး။

Content ကသာ audience ရင်ထဲ ရောက်သွားပြီဆိုရင်
Like, Comment, Share, Save စတဲ့ response တစ်ခုခုလုပ်သွားမယ်။

ဒါပဲဆိုရင် —
CTA က အောင်မြင်ပြီးသားပါ။

Want your public figure to be the top-listed Public Figure in Magway?
Click here to claim your Sponsored Listing.

Category

Website

Address

Magway Region, Myanmar (Burma)
Magway