June Page Promote and Boost Service

June Page Promote and Boost Service

Share

11/04/2026

သင်္ကြန်ကာလမှာ Boost နဲ့ Promote လုပ်သင့်၊ မလုပ်သင့် ဝေခွဲရခက်နေပြီလား⁉

ဒါကတော့ လတ်တလောမှာ Online page တွေအားလုံး စဥ်းစားရခက်နေတဲ့ ကိစ္စတခုပါ 🤯

💥 ခုစာက Service ပေးတဲ့ Page တွေအတွက်မဟုတ်ဘဲ Product ရောင်းသူတွေအတွက် အဓိကရည်ရွယ်ပါတယ်

ကဲ ဒီတော့ Admin တို့တွေ နည်းလမ်းကျကျ စဉ်းစားကြည့်ရအောင် 💡

📱သင်္ကြန်ကာလမှာ လူတွေအားလုံး ခွင့်ရက်ရှည်တွေရကြပြီး အွန်လိုင်းပေါ်မှာ အချိန်ကုန်လေ့ရှိကြပါတယ်

ဒါဟာ Online Page တွေအတွက်တော့ Awareness ရဖို့ (လူသိများလာစေဖို့) မဟာအခွင့်အရေးကြီးပါ 👀

ခုကာလမှာ Delivery ရုံးတွေ၊ ကားဂိတ်တွေ ပိတ်ထားတာမို့ Customer တွေဟာ ချက်ချင်းဝယ်ယူဖို့ စိတ်အားမထက်သန်ကြတော့ပါဘူး

ဒါဆိုရင် Admin တို့တွေ ဘာလုပ်လို့ရနိုင်မလဲ❓

🔑 Engagement Boost လုပ်ပါ
ဒီကာလတွေမှာ ချက်ချင်းရောင်းရဖို့ Message Campaign နဲ့ Run တာမျိုး မလုပ်ပါနဲ့
ကိုယ့်ရဲ့ Postကို သတိထားမိပြီး အဆက်မပြတ်မြင်နေစေဖို့ ဘတ်ဂျက်နည်းနည်းနဲ့ Engagement Boost ကို ရက်ရှည်လုပ်ထားတာက ပိုကောင်းပါတယ်

✅ ချက်ချင်း အကျိုးရလဒ်တွေ မရနိုင်ပေမယ့် သာမန်အချိန်တွေထက် ပိုပြီး လူတွေရဲ့မြင်တွေ့မှု (Reach)ကို ရနိုင်တယ်။

🔑 Page Promote လုပ်ပါ
ဒီလိုအချိန်မျိုးမှာ လူတိုင်းနီးပါး လိုချင်တဲ့ပစ္စည်းတွေကို စိတ်အေးလက်အေး ရှာဖွေလေ့ရှိကြပါတယ်
ဒါကြောင့် ကိုယ့်ရဲ့ Page ကို သူတို့မျက်စိရှေ့ အရောက်ပို့ဖို့အတွက် အလွန်အရေးကြီးလှပါတယ်

✅ Page follower လဲ တိုးမယ့်အပြင် အားလုံးဟာ Potential customers တွေမို့ သင်္ကြန်ပြီးတာနဲ့ ချက်ချင်း ရောင်းအားတက်လာစေနိုင်ပါတယ်

❇ သင်္ကြန်ကာလအတွင်းမှာ "ရောင်းအား"ထက် "ဝယ်သူအသစ်"စုဆောင်းထားပါ ❇

ကဲ ဒီလောက်ဆိုရင်တော့ Online Shop Admin တွေအားလုံး
ကိုယ့်Pageကို ဘယ်လို Run ရမလဲ ဆုံးဖြတ်နိုင်ကြလိမ့်မယ်လို့ထင်ပါတယ်နော်

💦 အားလုံးပဲ နှစ်သစ်မှာ အေးချမ်းပျော်ရွှင်ကြပါစေ 💦

Contact:
📞09941638548
📩 [email protected]

လူကိုယ်တိုင်လာရောက် ဆွေးနွေးချင်ရင်တော့ -

June - Crochet Yarn Shop
သစ္စာလမ်းမကြီးပေါ် (မော်လမြိုင်ထမင်းဆိုင်နဲ့ မျက်နှာချင်းဆိုင်)
ပြည်တော့သာလမ်းနဲ့ မဲထီးလမ်းကြား၊ မကွေးမြို့ ကို လာရောက်ဆွေးနွေးအကြံဉာဏ်တောင်းခံနိုင်ပါတယ်

28/03/2026

$ Rate လေးတက်နေတာမို့
ယခင် $1 5400 ကနေ
$1 5600 ks နှုန်း သို့ တက်ခွင့်ပြုပါနော် 🙏🙏🙏
$ Rate ပြန်ကျရင် စျေးပြန်လျှော့ပေးပါမယ်နော်...

Want your business to be the top-listed Advertising & Marketing Company in Magway?
Click here to claim your Sponsored Listing.

Website

Address

Thitsar Street
Magway