Maxus Myanmar
26/03/2022
G50 ရဲ့ ကိုယ်အကြိုက်ဆုံးမီးလုံးစတိုင်တွေ
တပုံချင်းကြည့်ကြည့်
Quality နဲ့ ပေးရတဲ့ဈေးနဲ့ အတန်ဆုံးပြန်ရတဲ့ကောင်ကြီး
🔷🔹Maxus G50 🔹🔷
❤️Luxury Edition❤️
22/03/2022
Maxus G50 Review ( Part-1)
ကိုယ်ထည်ရှည်ရှည်နဲ့ လေးထောင့်ပုံစံ boxy ဒီဇိုင်းနဲ့ ရှေ့ရုပ်ထွက် သွက်သွက်လက်လက်နဲ့ Maxus G50 ဟာ ကျွနတော့်လို MPV ထဲက Alphard လောက်ကြီးတာလဲမလိုချင် Wish လိုမျိုးသေးတာလည်းမလိုချင် GAC GN6 လိုစျေးတန်းလည်းမတတ်နိုင်သူတွေအဖို့အကိုက်ပါပဲ ။ မြန်မာနိုင်ငံကို ဝင်လာတဲ့ ရာဇဝင်ကိုပြန်လှန်ရရင်တော့ မနှစ်က Maxus G50 ကို ခုံ ၃ တန်းအလယ်လျောက်လမ်းမပါနဲ့ (၈ ယောက်စီး ) ဝင်ခဲ့ပါတယ် ဒီနှစ်တော့ ရှေ့က shell တန်း horizonal အပြိုင်တွေနဲ့မဟုတ်တော့ပဲ latest design ပျားအုံ shell နဲ့ဖြစ်သွားတယ် အလယ်လျောက်လမ်းနဲ့ဖြစ်သွားတယ် (၇) ယောက်စီးဆိုပါတော့ ။
✍️Maxus G50 ဟာ Ertiga လို Hydraulic steering မဟုတ်ပဲ လေးလေးကြီးဖြစ်မနေပဲ EPS (Electronic Power Steering ) မို့ အကွေ့အပြုတွေ မှာ DX7 လိုမျိုးပေါ့ပေါ့ပါးပါးမို့ တော်တော် နှစ်ခြိုက်စရာကောင်းပါတယ် ။ Turbo ကားတွေမှန်သမျှ Turbo lag ရှိတတ်ကြပေမယ့် Maxus G50 ကသိပ်မသိသာဘူး ရှင်းရှင်းပြောရရင် DX7 မှာတောင် Turbo lag 2 sec လောက်ရှိပေမယ့် Maxus G50က မရှိသလောက်ပဲ တာဘိုကားဟုတ်ရဲ့လား ပြန်ကြည့်ရတဲ့အထိကို လီဗာနင်းတာနဲ့ကားတကယ်ထွက်တဲ့အချိန်နဲ့ Gap မရှိပဲ အဆင်ပြေပါတယ် ။ ကားကိုယ်ထည်က ကိုယ်မောင်းနေကျ DX7 ထက်ပိုရှည်တော့ အချိုးအကွေ့တွေသတိထားရတယ် A Pillar/B Pillar တွေက ကျနော့်အတွက်တော့ အနှောက်အယှက်သိပ်မရှိလှဘူး သူ့မှာ Triangle မြင်ကွင်းအပေါက်လေးတွေလည်းပါတာကိုး ။
✍️Ertiga လည်းစီးနေကြကျနော့်အဖို့တော့ Suspension ပိုင်းကိုပြောရရင် တကယ့်ကို အိအိငြိမ့်ငြိမ့်လေး Ertiga တုန်းက ချိုင့်ကျရင် သိသာတယ် ဒါပေမယ့် Maxus ကတော့ ငြိမ့်ကနဲဖြစ်သွားတာကလွဲလို့ လူးခြင်းခါခြင်းလည်းမရှိဘူး ။ ဒီကားကို ဝယ်ထဲက ဆုတောင်းခဲ့တာ နောက်ခန်း အဲကွန်း အခြေအနေပါ ။ ခုံ ၃ တန်းကို Round Aircon ကို နောက် ၂ တန်းအတွက် separate လုပ်ပေးထားတာမို့ စစဖွင့်ခြင်း ၃ မိနစ်လောက် မသိသာပေမယ့် ၃ မိနစ်လောက်ကျော်ပြီးရင် အေးစိမ့်ပြီး fan လျော့ရတဲ့အထိကို အေးပါတယ် ။ နောက်ခန်း လေ ရပါ့မလားစိတ်ပူနေသူတွေ စိတ်ပူစရာမလိုတော့ပါဘူး Round Aircon က side vent တွေမို့ ကိုယ့်ခုံနဲ့ကိုယ့် vent နဲ့တော်တော်လေးကို smart ကျပါတယ် ။
✍️Wireless function ပါတာကတော့သူ့ရဲ့အားသာချက်ပေါ့လေ iphone 11,12,13 series တွေကိုင်သူတွေအကြိုက်ပေါ့ power outlet တွေလည်းပေါမှပေါထည့်ပေးထားတာ နောက်မှ function တွေပြောတာပေါ့ သူက DX7 လောက် Ground clearance မမြင့်တာကြောင့် အချိုးအကွေ့တွေ မှာ body roll မရှိသလောက်ပဲ အားသာချက်ကတော့ နောက်ခန်းထိုင်လည်းခေါင်းမမူးတော့ဘူး ပေါ့ တကယ့်ကို Family MPV ပါပဲ မှန်ချိုးမှန်ခေါက်ကလည်း Auto / Manual ချိန်လို့ရသေးတယ် ဆိုလိုတာက Key Lock/Unlock မှာ မှန်ပွင့်/မှန်ချိုး လို့ရသလို လမ်းကျဉ်းထဲဝင်မှာမို့ ကိုယ့်ဘာသာ ခလုတ်နှိပ်ပြီးချိန်မယ်ဆိုရင်တော့ အားနည်းချက်က DX7 တို့လို ခလုတ်လေးနောက်ဆွဲလိုက်တာနဲ့မှန်မခေါက်သွားပါဘူး ။ ခလုတ်ကို close marking အထိ 90 degree လှည့်ရတာပါ ။
✍️ဒုတိယခုံတန်းအကျယ်နဲ့နောက်ဆုံးခုံတန်းက leg room အကျယ်အတော်လောက်ပါပဲ Alphard လောက်တော့အကျယ်ကြီးဘယ်ဟုတ်မလဲ Wish တို့ Ertiga တို့လိုနောက်ဆုံးခုံဝင်ရင် ခုံလှန်စရာမလိုဘူး အလယ်လျောက်လမ်းကနေ ဝင်သွားယုံပဲ ဒါလည်းတော်တော်အဆင်ပြေတယ် အားနည်းချက်ကို ကြံဖန်ပြောရရင်တော့ ရှေ့မီးကြီးက Auto စနစ်လုပ်ထားတော့ ကားစက်နှိုးရင် ၁ မိနစ်လောက်တော့ရှိမယ် ပွင့်နေတတ်တယ် ပြန်ပိတ်ချရင် Off ကိုလှည့်ရတယ် ဒါပေမယ့် Off မှာ အသေထားထားလို့မရဘူး off ကိုတချက်လှည့်ပြီး Auto ပြန်ရောက်သွားတာပဲ ဒါလေးကတော့ ဘာသဘောလဲမသိသေးပါဘူး ခုမှ စစီးတာဆိုတော့ ကလိရမှာတွေအများကြီးပဲ TV က android ပေမယ့် app အသစ်ထည့်လို့မရလောက်ဘူး စမ်းတော့မစမ်းရသေးဘူး ထည့်လို့မရဖို့များတယ် ဘာလို့လည်းဆိုတော့ 360 နဲ့ DX7 လိုပဲတွဲချိတ်ထားလို့ပဲ ။ 360 ကတော့ ပုံမှန်ပါပဲ ထွေထွေထူးထူးဝေဖန်စရာတော့သိပ်မရှိလှဘူး
✍️သူလည်း normal, eco, sport ဆိုပြီး display မှာပါတယ် Interface က Normal (အပြာ) Sport (အနီ ) ပြောင်းလို့ရတယ် ဒါပေမယ့် Eco/Normal က Auto Switch လုပ်ပေးတာပါ လီဗာနင်းတဲ့ပေါ်မူတည်ပြီး Eco ပြောင်းတယ် normal ပြောင်းတယ် အဲ့လိုသဘောပါပဲ ။ Sport ပြောင်းချင်ရင်တော့ steering button ကနေချိန်းရပါမယ် ။ မြန်မာ time zone မတွေ့ပေမယ့် မြန်မာအချိန် တွေ နေ့စွဲတွေအကုန်ပြောင်းလို့ရမယ် build in screen saver ၃ ခုပါတယ် ထပ်ထည့်လို့ရမရ မသိသေးဘူး နောက်ထပ် ဆက်ရေးစရာတွေကျန်ပါသေးတယ် ဒီနေ့တော့အပိုင်း (၁) ကို ဒီလောက်နဲ့ရပ်လိုက်ပါဦးမယ်ဗျ ။
Part (2) coming soon.
18/03/2022
ချစ်ဆုံးကြီးရောက်လာပြီ ❤️
Review coming soon !!
Can inquiry at MAXUS Motor Myanmar
✍️ဒါနဲ့နောက်ခန်း round aircon ရှယ်မိုက်တယ်
✍️Suspension က DX7 Prime အတိုင်းပဲ အိအိလေးနဲ့ငြိမ့်
ရေးစရာတွေအများကြီး
စိတ်ဝင်စားရင်function တွေပါ အသေးစိတ်ရေးပေးပါမယ်
Stay Tuned, Guys ✌️
Click here to claim your Sponsored Listing.