Mind Matters

Mind Matters

Share

14/01/2025

✨ ၂၀၂၅ နှစ်သစ်မှာ မိမိကိုယ်တိုင်ရော မိမိရပ်ရွာ အသိုင်းအဝိုင်း အတွက်ပါ တိုးတက်ပြောင်းလဲဖို့ ရည်ရွယ်ထားတဲ့ လူငယ်တွေအတွက် အကျိုးရှိမယ့် fellowship program တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ

အဲတာကတော့ Nelis Global က ဦးဆောင်ပြုလုပ်တဲ့ OMLAS - One Million Leaders Asia Fellowship Program ဖြစ်ပါတယ်။ ဒီ program တစ်ခုလုံးက virtual format ဖြစ်ပြီး အချိန်ကာလအားဖြင့် ၂၀၂၅ မတ်လမှ နိုဝင်ဘာလအထိ ၉လကြာမြင့်ကာ သတ်မှတ်ထားတဲ့ phase ၄ခု အတိုင်း ပြုလုပ်သွားမှာပါ 🌏

➡️ phase 1မှာတော့ အရွေးချယ်ခံရတဲ့ fellows များအနေနဲ့ ၂လဝန်းကျင်ခန့် ကြာမြင့်မယ့် online intensive training ကို တက်ရောက်ရမှာပါ (ဒီ training ကတော့ pillar ၄ခုဖြစ်တဲ့ leadership, sustainability, entrepreneurship, personal wellbeing ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ လေ့လာ သင်ကြားခွင့်ရမှာပါ)
➡️ phase 2မှာတော့ fellows တွေက leadership challenge ကို ပါဝင်ရမှာဖြစ်ပါတယ်။ ဒီ challenge မှာတော့ fellows တွေက မိမိcommunity မှ အလားအလာရှိပြီး စိတ်ဝင်စားတဲ့ လူငယ် အယောက်၂၀ခန့် (champions) တွေကို ရှာဖွေမွေးထုတ်ပေးရမှာပါ။ မိမိရဲ့ champions အယောက်၂၀ကို မိမိကိုယ်တိုင်ဖြစ်စေ၊ တခြား fellows များနဲ့ ပူးပေါင်းပြီးဖြစ်စေ empowerment training sessions များ ပြန်ပြုလုပ်ပေးရမှာပါ။
➡️ phase 3မှာတော့ fellowsတွေ champions တွေနဲ့အတူ အောက်တိုဘာလမှာ ကျင်းပမဲ့ OML Summit မှာ virtual/in-person တက်ရောက်ပြီး community project လုပ်နိုင်ဖို့ ပရောဂျက်ရန်ပုံငွေ သို့မဟုတ် ထောက်ပံ့ကြေးရနိုင်ဖို့ အတူကြိုးစားရယူနိုင်မယ့် အခွင့်အရေးကောင်းဖြစ်ပါတယ်။ ဒီအဆင့်မှာပဲ mini grantရရှိခဲ့ပါက community project များကို အတူတကွ အကောင်အထည်ဖော်ခွင့်ရမှာပါ။
➡️ phase 4မှာတော့ fellows champions များအားလုံးနဲ့အတူ graduation dayကိုဆင်နွှဲရမှာဖြစ်ပြီး OML Leaderအနေနဲ့ အသိအမှတ်ပြုခံရမှာဖြစ်ပြီး OML alumniအနေနဲ့ ဆက်လက်ရှိနေမှာဖြစ်ပြီး alumni တစ်ယောက်အနေနဲ့ networking opportunitiesများကို ဆက်လက်ရရှိနေဦးမှာပါ။

ဒီအစီအစဉ်ကိုလျှောက်ထားမယ်ဆိုရင်တော့
📌 အသက် ၁၈-၄၀ အတွင်းဖြစ်ရပါမယ်
📌 အာရှပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံတစ်ခုခုမှာ နေထိုင်လျက်ရှိတဲ့ သက်ဆိုင်ရာနိုင်ငံသားဖြစ်ရပါမယ်
📌 အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်ရပါမယ်
📌 ပညာရေးအရည်အချင်းကန့်သတ်တာမရှိပါဘူး
📌 အဓိက အရေးကြီးဆုံးကတော့ program ကာလ ၉လတာ တစ်လျှောက်လုံးမှာ တက်တက်ကြွကြွ ပါဝင်ပေးနိုင်သူဖြစ်ရပါမယ်

ဒီ programကနေ ဘာတွေရနိုင်မှာလဲ?
✅ ဒီprogram က free of charge (အခမဲ့) တက်ရောက်ခွင့်ရမှာပါ
✅ OMLASရဲ့ pillar ၄ခုအောက်ကနေ နယ်ပယ်အသီးသီးက ကျွမ်းကျင်ပညာရှင်များ mentors တွေဆီကနေ intensive training များစွာရရှိမှာပါ
✅ မတူညီတဲ့နိုင်ငံအသီးသီးက လူငယ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ အခွင့်အရေးနဲ့အတူ champions များကိုပါ မွေးထုတ်ပေးနိုင်ဖို့ အခွင့်အရေး
✅ တခြားသော fellowsများနဲ့အတူပူးပေါင်းပြီး ‌ဒေသတွင်း သို့မဟုတ် နိုင်ငံအလိုက် OML Summitများ ဦးစီးကျင်းပနိုင်ခြင်း
✅ Fellow အနေနဲ့‌ရော alumniအနေနဲ့ပါ networking opportunitiesများ ဆက်လက်ရရှိနေဦးမှာပါ။

ဘယ်လိုလျှောက်ရမလဲ?
🔎 OMLAS website https://www.onemillionleadersasia.org/ ကိုသွားပြီး တိုက်ရိုက် လျှောက်ထားနိုင်ပါတယ်။ ပထမဆုံးအနေနဲ့ websiteမှာရှိတဲ့ Information package ကို အသေးစိတ် သေချာဖတ်ပြီးမှ လျှောက်ထားဖို့ အကြံပေးလိုပါတယ်။ လျှောက်လွှာတင်သွင်းဖို့ နောက်ဆုံးရက် (deadline) ကတော့ ၂၀၂၅ ခုနစ် ဖေဖော်ဝါရီလ ၅ရက်နေ့ပဲဖြစ်တာမို့လို့ သတ်မှတ်ရက်အတွင်း အမြန်ဆုံးလျှောက်ထားစေချင်ပါတယ်။

Photos from Mind Matters's post 23/12/2023

💨မကြာမီအချိန်အတွင်းမှာ ရောက်ရှိလာမဲ့ Christmas 🎄ကို ဘယ်လိုဖြတ်သန်းမယ် စိတ်ကူးကြလဲ ?? မြန်မာနိုင်ငံမှာတော့ Christmas ပွဲတော်ကို တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အုတ်အုတ်သဲသဲ မကျင်းပဖြစ်ကြပေမဲ့ တစ်ခြားနိုင်ငံတွေမှာတော့ Christmas ကို သူတို့ရဲ့culture နဲ့အညီ မိသားစုလိုက် သူငယ်ချင်းတွေနဲ့ စသည်ဖြင့် ခမ်းနားစွာကျင်းပကြပါတယ်။ ဒါ့အပြင် Christmas ကို တော်တော်လေး ထူးထူးခြားခြား အများနဲ့မတူ ကွဲထွက်နေအောင် စည်စည်ကားကား ကျင်းပတယ်လို့ ဆိုရတဲ့ နိုင်ငံတွေလည်းရှိပါတယ်။ ဒါဆိုရင် ဒီနိုင်ငံတွေက ဘာတွေဖြစ်မလဲ? 🤔

နိုင်ငံအသီးသီးရဲ့ Christmas Traditions & Cultures အကြောင်းကို ဒီနေ့မှာ စိတ်ဝင်စားဖွယ်ပြောပြပေးသွားမှာဖြစ်လို့ အောက်က ပုံတစ်ပုံချင်းစီမှာ ဝင်ကြည့်သွားပေးနော်

Photos from Mind Matters's post 17/12/2023

2023 မှာ Happy Christmas ဖြစ်ဖို့ ဒီ (၄) ချက်သိရင်ရပြီနော် … 😱

“ခရစ္စမတ်” လို့ ပြောလိုက်တာနဲ့ နှစ်တစ်နှစ်ရဲ့ အဆုံးသတ်ကို ရောက်ရှိလာပြီလို့ လူတိုင်း မျက်လုံးထဲ ပြေးမြင်ကြလေ့ရှိကြပါတယ်။ နှစ်တစ်နှစ်ရဲ့ နောက်ဆုံးလမှာ ကျရောက်လေ့ရှိတဲ့ ပွဲတော်လည်းဖြစ်တာကြောင့် နှစ်သစ်ကို မရောက်ရှိခင်မှာ အားလုံးပဲ ရင်ခုန် စိတ်လှုပ်ရှားကြတဲ့ ပွဲတော်တစ်ပွဲလည်း ဖြစ်ပါတယ်။ ဒါဆိုရင် မသိစိတ်ထဲကို အသိမပေးပဲ ရောက်လာခဲ့တာကတော့ နှစ်အစ နဲ့ နှစ်အဆုံးကို ပြန်လည်နှိုင်းယှဉ်တဲ့ စိတ်တွေပဲဖြစ်ပါတယ် … သေချာပါတယ် … ဒီအကြောင်းကို စပြောမိပြီဆိုတာနဲ့ Mental Health အကြောင်းကိုပဲ ကျွန်တော်တို့ ပြန်သွားရပါလိမ့်မယ်။

ဒါဆိုရင်ရော ကျွန်တော်တို့ အလုပ်ကို အင်တိုက်အားတိုက်လုပ်ကိုင်ခဲ့ကြတဲ့ သူတွေအနေနဲ့ အခုလိုကာလမျိုးမှာ ဘယ်လိုမျိုး ကိုယ်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အလေးပေး ဂရုစိုက်ကြမလဲဆိုတာကို အောက်က ပုံတစ်ပုံချင်းဆီမှာ မျှဝေပေးလိုက်ပါတယ် 🤗

Like and Follow for more insightful content

Photos from Citta Consultancy - Psychological Services's post 24/11/2023

Our Eco-printing Art Therapy Workshop 🎨 in partnership with Citta 🤝

Want your practice to be the top-listed Clinic in Magway?
Click here to claim your Sponsored Listing.

Address

Magway