Content Creation
06/03/2022
အောင်မြင်ချင်ရင် ငွေကိုအရင်မရှာပါနဲ့။
ခုခေတ်အတော်မှားယွင်းနေကြတဲ့ အတွေးခေါ်တစ်ခု။
ငွေမှငွေ ငွေပဲရှာမယ်။
ငွေသာဘုရားသခင် ထင်နေရင်
တိုင်နဲ့ခေါင်းနဲ့ ပြေးသာဆောင့်လိုက်ပါတော့။
အထူးသဖြင့်
လုပ်ငန်းတစ်ခုကို ထူထောင်တော့မယ်
သို့မဟုတ် လုပ်ငန်းကို ထပ်ချဲ့ထွင်မယ်
ဆိုရင် ဒီအချက်ကို အရင်တွေးပါ။
(ငါဘာအတွက်လုပ်မှာလဲ။)
ဒီမေးခွန်းကို အဖြေရှာနိုင်မှ လုပ်ငန်းကိုချဲ့ထွင်ပါ။
လုပ်ငန်း တစ်ခုတည်းနဲ့ ရပ်တည်လည်ပတ်လို့မရသာ
စီးပွားရေးလုပ်ငန်းရှင်တိုင်း သိကိုသိရပါမယ်။
ငွေဝင်လမ်းကြောင်းနောက်တစ်ခု ဖန်တီးရာမှာ
ဘယ်လောက်ထိ ကြာရှည်ခံနိုင်မလဲ။
အမြဲတမ်းဝင်ငွေ ရနေနိုင်မာလား။
ကိုယ်မပါဘဲလည်ပတ်နိုင်လား။
ဒီအချက်3ချက်နဲ့ ပြည့်စုံတဲ့
လုပ်ငန်းကိုမှ foundation သေချာချပါ။
လုပ်ငန်းစထောင်မဲ့ စွန့်ဦးလူငယ်တွေတွက်က
ခုနပြောခဲ့ပြီးပါပြီ။
ငွေကိုအရင်မရှာပါနဲ့။
ဝါသနာအရင်ရှာပါ။
ကိုယ်ဘာကို ရူးသွပ်သလဲ အရင်သိမှ
အဲ့ဒီအရာကို ထပ်ဆင့်ပွားပါ။
လုပ်ငန်းတစ်ခုဖြစ်လာဖို့
Foundation ချခြင်းပေါ့။
Foundation ချဖို့ စနစ်လိုတယ်
ဇွဲမလျော့ဖို့လိုတယ်
အပြောခံနိုင်ဖို့လိုတယ်။
လုပ်ငန်းတစ်ခု တည်ဆောက်ပြီး
ဈေးကွက်စရှာတဲ့အခါ
စေတနာအရင်ထားပါ။
စေတနာထားနိုင်မှ
ဖောက်သည်ဖန်တီးနိုင်မာ ဖြစ်တယ်။
ဖောက်သည် ဖန်တီးနိုင်မှ
ဈေးကွက်မှာ ဦးမော့လာနိုင်မာ။
ဒီအချက်တွေသေချာ ပိုင်နိုင်မှ
အောင်မြင်မှုဆိုတဲ့အသီးပွင့်က စရလာမာဖြစ်တယ်။
သူ့နောက်ကွယ်မှ ငွေဆိုတဲ့ အရာကကပ်ပါလာမာ။
အလုပ်လုပ်မှ အတွေ့ကြုံရမာမဟုတ်ဘူး
ဝါသနာကို ထပ်မံတီထွင်နိုင်ရင်လည်း
အတွေ့ကြုံရတယ်
သူများအလုပ်လုပ်ပြီး
ငွေ10သိန်းရမှ income ဖြစ်သာမဟုတ်ဘူး။
ကိုယ်ပိုင်စီးပွားရေးကရတဲ့ ငွေ2သိန်းကလည်း
Incomeပဲ။
အိပ်မက်တွေအတိုင်းသာသွား။
အချိန်ကြာချင်ကြာမယ်။
အောင်မြင်ချင်မှအောင်မြင်မယ်။
အနည်းဆုံးတော့
အဓိပ္ပာယ် ရှိတယ်။
Content creation
Pic crd
Click here to claim your Sponsored Listing.
Telephone
Website
Address
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |