Sustainable Development- OD and Leadership

Sustainable Development- OD and Leadership

Share

05/12/2023

# နိုင်ငံတစ်ခု တည်ဆောက်ခြင်း အတွေးစ တစ်စ

ကိုယ်နေချင်တဲ့ လိုချင်တဲ့ လူမှုအသိုင်းအဝိုင်းကို ကိုယ်ကိုယ်တိုင်ကသာ တည်ဆောက်ရတာပါ။ အပြောနဲ့ မရပါဘူး။ အိပ်မက်နေရုံနဲ့ မဖြစ်လာဘူး။ လိုချင် မြင်ချင်တဲ့ အပြုအမူ၊ အလေ့အကျင့်၊ အတွေးအခေါ်တွေနဲ့သာ ရှင်သန်ဖို့ ကြိုးစားကြတယ်။ ဒါက ယဉ်ကျေးမှုပါ။

မကိုက်ညီတဲ့ အလေ့အကျင့်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေ စွန့်ပစ်ခဲ့ရပါမယ်။ အလေ့အကျင့်၊ အတွေးအခေါ်တို့ ဆိုတာ စိတ်ထဲ နှလုံးသားထဲ အမြစ်တွယ် ဆွဲညှိနေလို့ သတိမထားမိဘဲ သူ့အလိုလို ဖြစ်လာတတ်၊ လုပ်လာမိတတ်တယ်။ ကိုယ် မြင်ချင်တဲ့ အသိုင်းအဝိုင်းအတွက် မကိုက်ညီ၊ မသင့်တော်တဲ့ အရာတွေ စွန့်လိုက်ဖို့ အတော်ခက်တဲ့အရာတွေကိုး။

ဒါကြောင့်လည်း စနစ်တွေ တည်ဆောက်ကြတယ်။ စည်းကမ်းတွေ စံနှုန်းတွေ သတ်မှတ်ကြတယ်။ ဘယ်သူပဲ ဖြစ်ဖြစ်၊ ဒီအသိုင်းအဝိုင်းမှာ နေရင် လိုက်နာရတယ်။ လူတွေ အဲဒီအတိုင်း ဖြစ်ဖို့ အမြင်ဖွင့်၊ လေ့ကျင့်သင်တန်းပေးတာတွေ လုပ်ကြတယ်။ မလိုက်နာရင် ပြစ်ဒဏ်တွေ ပေးပြီး လိုက်နာလာဖို့ ဖန်တီးကြပြန်တယ်။ ပြစ်ဒဏ်ပေးတယ်ဆိုတာ လူတွေ နောင်ကျဉ်အောင် အကြောက်တရားရှိအောင် လုပ်တာ။

ဒါပေမဲ့လည်း ကိုယ့်ရဲ့ တန်ဖိုးထားမှုကို ပြန်စမ်းစစ် ကြရပါဦးမယ်။ ဘာကို ကိုယ်တကယ် တန်ဖိုးထားနေတာလဲ။ တန်ဖိုးထားမှု လွဲမှားနေရင် အပြုအမူလည်း လိုချင်တဲ့ အပြုအမူမျိုး ပြုမူလာမှာ မဟုတ်ဘူး။ မမြင် ကွယ်ရာမှာ သူများ မသိအောင် ခိုးလုပ်တယ် ဆိုတာတွေ ဖြစ်လာတယ်။

စနစ်က ထိန်းကွပ်ထားတော့ ရှိတဲ့ အပေါက်၊ ချောင်နေတဲ့ အကွက်ကနေ လုပ်ကြတဲ့ အကျင့်ပျက်ခြစားတာ၊ လာဒ်ပေး လာဒ်ယူ၊ မှောင်ခို ဆိုတာတွေ ကြားလာရတယ်။ ဒါကြောင့် လာဒ်ပေး .. ရန်မလို ဆိုတာ၊ လူခင်တော့ မူပြင်.. ဆိုတဲ့စကား ကြုံတွေ့ကြားသိကြရတာ ဖြစ်တယ်။

အဲဒါကြောင့် သမိုင်းမှာ ဆိုရှယ်လစ်တွေ အများအားဖြင့် ကျဆုံး သလို၊ ဒီမိုကရေစီတိုင်း မအောင်မြင် ဖြစ်ရတာလား။

စက်မှုတက္ကသိုလ် ပထမနှစ်မှာ နိုင်ငံရေးသိပ္ပံသင်ခဲ့တုန်းက မြန်မာ့ဆိုရှယ်လစ်အတွေးအခေါ်သင်ရတယ်။ သိပ်ကောင်းတဲ့ ideal နိုင်ငံရေးအတွေးအခေါ်ဖြစ်ပြီး ဘာကြောင့် မအောင်မြင်တာလဲလို့ ကျောင်းသားတွေ မေးစရာဖြစ်လာတော့ ဆရာက... လမ်းဘေးသောက်ရေအိုးစင်ကိုကြည့်လိုက်။ သောက်ရေခွက်ကို သံကြိုးနဲ့ ချည်ထားရသေးတယ်တဲ့။ ဒါကြောင့် နိုင်ငံတော်ခေါင်းဆောင်ဟောင်း ဦးနေဝင်းက "လူတော်လူကောင်း" ဆိုတဲ့ ဆိုရိုးစကားကို "လူကောင်းလူတော်" ပြောင်းခေါ်ဆိုဖို့ လုပ်လိုက်တာများလား။

နိုင်ငံ ရဲ့ အနာဂတ်ဟာ ကလေးငယ်တွေပါ ဆိုတဲ့ အတွေးအခေါ်နဲ့ တချိန်မှာ လိုချင်တဲ့၊ မြင်တွေ့ချင်တဲ့ အသိုင်းအဝိုင်းဖြစ်ဖို့ ကလေးအရွယ်ကတည်းက လေ့ကျင့်ပျိုးထောင်ပေးကြတယ်။ဥပမာ- ဂျပန် ရဲ့ ပညာရေးစနစ် မှာ မူကြို အရွယ်ကတည်းက တာဝန်ယူမှု တာဝန်ခံမှု၊ စည်းကမ်းလိုက်နာမှု၊ တဖက်သားကို လေးစားမှု၊ ကြင်နာမှု၊ စာနာမှု၊ စွန့်လွှတ်စွန့်စားမှု၊ ခေါင်းဆောင်မှု၊ နာခံမှု... စတာတွေ လေ့ကျင့်သင်ကြားပေးနေတယ်။ မိသားစု၊ အသိုင်းအဝိုင်းက အဲဒီလို ပြုမူတာကို အသိအမှတ်ပြုပေးတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံလည်း ဒီလိုပဲ။ လိုချင် တဲ့ တန်ဖိုးထားမှု ရှိလာအောင် ပုံသွင်းယူကြတယ်။

မြန်မာစကား "သန္ဓေမှန်ဖို့ လိုတယ်" ဆိုတာ သတိရဖို့ လိုတယ်။ တန်ဖိုးထားမှုကနေ သန္ဓေ ဖြစ်တည်လာတယ်။ သန္ဓေ့တည်ကတည်းက တန်ဖိုးထားမှု မှန်ရမယ်။ နိုင်င်ငံရေးဟာ ဘယ်အခြေအနေ၊ ဘယ်အဆင့် မှာပဲ ရောက်နေနေပေါ့။ သန္ဓေမမှန်ရင် အကောင်ပေါက်လာရင်လည်း မမှန်နိုင်ဘူး။

အခုထက်ထိ "အဘ" ခေါ်နေတုန်းလား။
အခုအထိ "ခွဲခြားမှု" အမျိုးမျိုး ရှိနေတုန်းလား။
"တန်းတူညီမျှရေး" လို့ ဆိုပြီး ကိုယ် အသာစီးရဖို့ လုံးပမ်းနေသလား။
"အများအကျိုး"ဆိုပြီး "ကိုယ်ကျိုး" အတွက် စဉ်းစားနေသလား။
"လူသားအခွင့်အရေး "လို့ ပြောနေပြီး "လူ့အခွင့်အရေး" ထိခိုက်အောင်၊ ပျက်ဆီးအောင် ချိန်းခြောက်နေသလား။

တန်ဖိုးထားမှုကို သတိနဲ့ စမ်းစစ်နေရမယ့် အချိန်ပါ။ သန္ဓေမှန်ဖို့ ဂရုပြုရမယ့် အချိန်ပါ။

စိူင်းဦး
အဖွဲ့အစည်းဖွံ့ဖြိုးရေး
5 Dec 2023 (Tuesday)

buildung
buildung
building
building

08/11/2023

-6

# It ain't what you don't know that hurts you; it's what you do know that ain't so.
မဟုတ်ဘူး ဆိုတာ သင်သိကို သိပါတယ်။ သင်မသိအောင် ထိခိုက်နာကျင်စေတာ မဟုတ်ဘူး။

စနစ်ရဲ့ ပြုမူမှုနဲ့ ပတ်သက်ပြီး ယူဆချက် အမှားတွေ လုပ်မိမှာကို သတိထား ဆင်ခြင်ရမယ်။ အမှန် လို့ ကိုယ်က မှတ်ယူမိတဲ့အခါ မှားကြောင်း သက်သေအထောက်အထား ရှာဖို့ရန် ပျက်ကွက်တတ်လေ့ရှိတယ်။ မှားပါတယ် ဆိုတဲ့ အထောက်အထား ကို မတွေ့ရတော့ အမှန်တွေပဲလို့ ယူဆမိတယ်။ ကိုယ်က မသေချာလို့ မသေချာ မရေရာတဲ့အတိုင်း သတိထား နေရမှာထက် မှားယွင်းတဲ့ ထင်မြင်ယူဆချက် အတိုင်း တကယ့်ကို မိုက်မိုက်မဲမဲ ပြုမူမိဖို့ ပိုဖြစ်နိုင်တယ်။

စိုင်းဦး
အဖွဲ့အစည်းဖွံ့ဖြိုးရေး

: An Introduction to Systems Thinking


# Photo- Internet

08/11/2023

-5
# There Ain't No Such Thing As A Free Lunch.
ဘယ်အရာမှ အလကား မရဘူး။

ဖောက်သည်ဆွဲဆောင်တဲ့ အနေနဲ့ "တစ်ခု ဝယ်၊ တစ်ခု လက်ဆောင်" ဆိုတဲ့ ကြော်ငြာတွေ တွေ့ဖူးတယ်။ တကယ်တမ်းတော့ ရောင်းတဲ့ ပစ္စည်း မှာ လက်ဆောင်အတွက် ကုန်ကျစရိတ် ပေါင်းထည့်ပြီးသား။
ရှုပ်ထွေးတဲ့ စနစ်ထဲမှာ ပြသနာ တစ်ခုကို ဖြေရှင်းဖို့ အသက်သာဆုံးနည်းလမ်းက ရေရှည်မှာ ဈေးအကြီးဆုံး ဖြစ်တတ်တယ်။

ဘယ်အရာကိုမှ တစ်စုံတရာ မျှော်လင့် မထားနဲ့။ မမြင်ရတဲ့ ကုန်ကျစရိတ်တွေ အမြဲရှိတယ်။

စိုင်းဦး
အဖွဲ့အစည်းဖွံ့ဖြိုးရေး

: An Introduction to Systems Thinking



# Photo- Internet

07/11/2023

-4
# Everything is connected to everything else.
အရာရာတိုင်းဟာ တခြား ဘယ်အရာတွေနဲ့ပဲ ဖြစ်ဖြစ် ချိတ်ဆက်နေတယ်။

တကယ်လက်တွေ့ဘဝ ဟာ ရှုပ်ထွေးတဲ့ ကမ္ဘာ့ဂေဟစနစ် တစ်ခုထဲမှာ အသက်ရှင်နေထိုင်နေကြတာ ဖြစ်တယ်။ စနစ်ခွဲတွေ subsystems အားလုံးက တစ်ခုနှင့် တစ်ခု ထပ်နေတာ ရှိပြီး အပြန်အလှန် သက်ရောက်မှု ရှိတယ်။
ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားက စနစ်ခွဲ တစ်ခု နဲ့သာ သီးခြား လုပ်ကိုင်တာ ဖြစ်တယ်။ တခြားအရာတွေနဲ့ မချိတ်ဆက်သလိုပဲ။ တခြားစနစ်ခွဲတွေဆီက ကြိုတင် မှန်းဆ မထားတဲ့ နည်းလမ်းနဲ့ တုန့်ပြန်လာတာကြောင့် အမြဲတမ်းလိုလို ဦးတည်မျှော်မှန်းထားတာနဲ့ ဆန့်ကျင်ပြီး ဘက်ပြန် ထိခိုက်စေတယ်။

Edit:
# You can never do just one thing. တစ်ခုတည်း ဘယ်တော့မှ မလုပ်နိုင်ဘူး။

အရာရာတိုင်းဟာ တခြား ဘယ်အရာတွေနဲ့ပဲ ဖြစ်ဖြစ် ချိတ်ဆက်နေတာ ဖြစ်လို့လုပ်ဆောင်ချက် တစ်ခုကြောင့် ချက်ချင်းလက်ငင်း အကျိုးရလဒ်ကို ခံစားရမှာဖြစ်တဲ့အပြင် အကျိုးဆက်တွေလည်း စနစ်တလျှောက် ရေလှိုင်းလို အမြဲရှိနေမယ်။

စိုင်းဦး
အဖွဲ့အစည်းဖွံ့ဖြိုးရေး

: An Introduction to Systems Thinking

07/11/2023

-3

is no “away”အဝေး ဆိုတာ မရှိပါ။

တစ်ခုခုကို တစ်နေရာကနေ တစ်နေရာသို့ သင် ရွှေ့နိုင်တယ်။
အဲဒီအရာကို တခြားဘယ်လို ပုံသဏ္ဌာန်ဖြစ်ဖြစ် ပြောင်းလဲလိုက်နိုင်တယ်။
ဒါပေမဲ့ ဖယ်ရှားပစ်လို့တော့ မရဘူး။
အဲဒီအရာဟာ မြေပေါ်မှာ ရှိနေသမျှ ကာလပတ်လုံး ကမ္ဘာ့ဂေဟစနစ်ထဲက အစိပ်အပိုင်း တစ်ခု ဖြစ်တယ်။
အတိတ်ကာလတုန်းက စက်ရုံက အဆိပ်တွေ၊ ညစ်ညမ်းမှုတွေ၊ ပိုးသတ်ဆေးတွေ၊ နဲ့ ရေဒီယို သတ္တိကြွပစ္စည်းတွေ ကို အဝေးသို့စွန့်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ မကြာခဏ အဲဒီအရာတွေ အားလုံး ပြန်လှည့်လာပြီး ကျွန်တော်တို့ကို ထိခိုက်စေတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ မှာ "အဝေး" ဆိုတာ မရှိဘူး ဆိုတဲ့ သတ်မှတ်ချက်ကို မသိဘူး။

စိုင်းဦး
အဖွဲ့အစည်းဖွံ့ဖြိုးရေး

: An Introduction to Systems Thinking

Photos from Sustainable Development- OD and Leadership's post 07/11/2023

-3 What is a System
# System and Stability
စနစ် နှင့် တည်မြဲခြင်း

အရွယ်အစားကြီးမားတဲ့ စနစ်တွေဟာ ထိန်းချုပ်ရခက်သလို တည်မြဲမှု အပိုင်းအားနည်းတာ တွေ့ရတယ်။ စနစ်တွေ အရွယ်အစား သေးငယ်လေ ပိုမိုတည်မြဲနိုင်စွမ်းရှိလေ ဆိုတာကိုလည်း တွေ့ရတယ်။
ဒါကြောင့် ကမ္ဘာဦး ဒိုင်နိုဆောတွေဟာ ခက်ခဲတဲ့အချိန်ကာလမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ အစာရှာရခက်ခဲပြီး မျိုးသုန်း ပျောက်ကွယ် သွားကြရတယ်။ အရွယ်အစားကြီးမားတဲ့ လူ့အဖွဲ့အစည်းကြီးတွေမှာ လည်း ဒီလို အခက်အခဲတွေ တွေ့ရတယ်။

လူ ၅-ယောက်ပဲရှိပြီး အဲဒီလူတွေနဲ့ အလုပ် တစ်ခုကို ကောင်းကောင်း လည်ပတ်အောင် လုပ်နိုင်ပေမယ့် လူ ၅-ရာ (သို့) ၅-ထောင် ရှိလာလျှင် စုဖွဲ့လုပ်ဆောင်မှုမှာ အခက်ကြုံတယ်။ လက်တွေ့ မှာ အဖွဲ့အစည်းကြီးထဲ အလုပ်အဖွဲ့တွေ အသီးသီး ခွဲပြီး အချင်းချင်း အပြန်အလှန် ဆက်သွယ်ဆက်ဆံမှုကောင်းမွန်နိုင်မယ့် စနစ်သစ် (တစ်ခု သို့မဟုတ် တစ်ခုထက်မက) ကို တည်ဆောက်ယူကြတယ်။

: a collection of parts which interact with each other to function as a whole-
" စနစ်ဆိုတာ - ဥဿုံတစ်ခုလုံး အနေနဲ့ လည်ပတ်နေဖို့ အစိပ်အပိုင်းများ အချင်းချင်း ဆက်ဆံမှု ရှိတဲ့ အစုအဖွဲ့ တစ်ခု" လို့ ယေဘုယျ ဆိုထားပါတယ်။
"အစိပ်အပိုင်း အချင်းချင်း ဆက်ဆံမှု ရှိတယ်" ဆိုတဲ့အတိုင်း ......ရပ်တည်နိုင်ဖို့ အခြားအစု အဖွဲ့အပေါ် တည်မှီနေကြရတယ်။ တစ်စု တစ်ဖွဲ့ မရှိရင် အခြားအစု အဖွဲ့တွေ ရပ်တည်ဖို့ ခက်သွားတယ်။

မြန်မာနိုငံမှာ စီးပွားရေးစနစ်ကြောင့် သစ်တောတွေ အလွန်အကျွံ ခုတ်ယူကြတယ်။ သစ်တောကြီးတွေ ပြုန်းတော့ တောကို မှီပြီး အသက်ရှင်ကြရတဲ့ တိရိစ္ဆာန်တွေ အခက်တွေ့ကြတယ်။ အထူးသဖြင့် အကောင်ကြီး၊ အုပ်စုကြီးတွေဟာ မြို့ရွာတွေအထိ ကျူးကျော်ဝင်ရောက်လာကြတာ တွေ့ရတယ်။ ဥပမာ- ဆင်တွေ ရွာတွေထဲ ဝင်လာကြတာ။ ကြွက်အုပ်လိုက် စိုက်ခင်းတွေ စားသောက်ပစ်တာ။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် လူ၊ ကျွဲ၊ နွား နဲ့ အိမ်မွေး တိရိစ္ဆာန်တွေ အမြောက်အများ သေကြေပျက်ဆီး ကြရတယ်။ ကြွက်ကို စားတဲ့ သားရဲကောင်တွေပါ မုန်တိုင်းထဲမှာ သေကြေသွားကြတယ်။ ကြွက်တွေကို စားသောက်မယ့် အကောင်မရှိတော့လို့ ဘေးကင်းကင်းနဲ့ ရှင်သန်လာပြီး သားပေါက်နှုန်းလည်း အတိုင်းထက်အလွန်မြင့်လာတယ်။ အကောင်ရေ အဆမတန် များလာတော့တယ်။ စိုက်ခင်းတွေကို တခဏအတွင်း အကုန် စားသောက် ပစ်ကြတယ်။ လူတွေနောက်ထပ်ကပ်ဘေးတစ်ခု ခံစားကြရတယ်။

မုန်တိုင်းဒဏ်ကြောင့် စိုက်ပျိုးစားသောက်ဖို့ မြေနေရာတွေ ဆုံးရှုံးသွားလို့ ဒေသခံ ရာထောင်နဲ့ချီ ပြီး အခြားဒေသကို ပြောင်းရွေ့ အလုပ် လုပ်ကိုင်ကြရတယ်။

လူဦးရေ တိုးပွားလာလို့ နေစရာချဲ့ထွင်လာကြရသလို အစားအသောက် ပိုထုတ်လုပ်လာကြတော့ စက်ရုံတွေတိုး၊ တောတောင်တွေ ပြုန်းလာ ကြတယ်။ ကာဗွန်ဓာတ်ငွေ့တွေ ပိုထုတ်လာဖြစ်တယ်။ ကမ္ဘာကြီးက ဖန်လုံအိမ်လို ဖြစ်လာပြီး ပိုပူနွေးလာတယ်။ကမ္ဘာ့မြောက်ဖက်ခြမ်းက ရေခဲတောင်တွေ ပုံမန်ထက် ပို အရည်ပျော်တော့ အရပ်ရပ်မှာရေကြီး ရေလွမ်းမိုးမှုတွေ ဖြစ်ပေါ်လာတယ်။

အထက်က ဥပမာတွေမှာ စနစ်အမျိုးမျိုး တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေကြတာကို တွေ့ရတယ်။ စနစ်တစ်ခု ချို့ယွင်းသွားတာနဲ့ အခြားစနစ်တွေပါ သက်ရောက်မှုရှိတယ်။

စိုင်းဦး
အဖွဲ့အစည်းဖွံ့ဖြိုးရေး

: An Introduction to Systems Thinking



# Photos- Internet

Want your business to be the top-listed Business in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address

Lashio