Main Main
ရှယ်တန်တဲ့ 40000တန်စကောထမင်းလေး
စာကြပါဦးရှင့် 🤗💜
curling hair
24/10/2022
တင်းတိတ်(Melasma)အကြောင်း
တင်းတိတ်ဆိုတာ နေရောင်ဒဏ်ခံရတဲ့ အရေပြားပေါ်မှာ အညိုကွက်တွေ ဖြစ်ပေါ်လာတာကို ဆိုလိုပါတယ်။ အဓိကအားဖြင့် နေရောင်တိုက်ရိုက် ထိတွေ့တဲ့ ပါးမို့ နှစ်ဖက်၊ မေးစေ့၊ နှဖူး၊ နှုတ်ခမ်းအပေါ်ဘက် နေရာတွေမှာ တွေ့ရများပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ?
တင်းတိတ်ဖြစ်စေတဲ့ ဖြစ်စဉ်ကို တိတိကျကျ မသိနိုင်သေးပေမဲ့ တင်းတိတ် ဖြစ်စေတတ်တဲ့ အကြောင်းအရင်း များစွာရှိပါတယ်။
တင်းတိတ် ဖြစ်ပေါ်စေတဲ့ အဓိက အကြောင်းအရင်းကတော့နေရောင်ခြည် ကြောင့်ပဲ ဖြစ်ပါတယ်။ နေရောင်မှာ ပါတဲ့ UV rays တွေက အရေပြားပေါ် ကျရောက်တဲ့ အချိန်မှာ Reactive oxygen species တွေ ဖြစ်ပေါ်လာစေပြီးတော့ အမဲရောင်ခြယ်ဓာတ် တွေကို ပိုမို ဖြစ်ပွါးလာစေပါတယ်(melanogenesis)။
နောက်တစ်ခုကတော့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ သန္ဓေတားသောက်ဆေး အသုံးပြုချိန်တွေမှာ ဟော်မုန်းဓာတ် အပြောင်းအလဲတွေကြောင့် တင်းတိတ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
နောက်တစ်ခုကတော့ မျိုးရိုးလိုက်တတ်ပါတယ်။ တင်းတိတ်ဖြစ်နေတဲ့ အမျိုးသမီး (၃၂၄) ယောက်ကို လေ့လာကြည့်တဲ့အချိန်မှာ ၄၈% က မိဘ မျိုးရိုးမှာ တင်းတိတ် ဖြစ်တဲ့သူရှိတာကို တွေ့ရှိခဲ့ပါတယ်။
ရှားရှားပါးပါး အမျိုးသမီး (၂)ယောက်က ပြင်းထန်တဲ့ စိတ်ဖိစီးမှုဒဏ် ခံရပြီး တင်းတိတ်တွေ ရုတ်တရက် ဖြစ်ပေါ်လာတာကို တွေ့ရတယ်လို့ မှတ်တမ်းတင်ထားပါတယ်။
အချို့သော အလှကုန်တွေကြောင့်လဲ တင်းတိတ် ပိုဆိုးစေတတ်ပါတယ်။
ဘယ်လူမျိုးတွေမှာ ဖြစ်တတ်သလဲ?
တင်းတိတ်က လူမျိုးမရွေးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အညိုဖျော့ရောင် အသားအရေရှိတဲ့ လက်တင်လူမျိုးတွေနဲ့ အာရှတိုက်သားတွေမှာ ပိုအဖြစ်များပါတယ်။ အဓိကအားဖြင့် နေလောင်ဒဏ် ပိုခံရတဲ့ သူတွေမှာ အဖြစ်များပါတယ်။
S*x
တင်းတိတ်က အမျိုးသားတွေမှာလည်း တွေ့ရပေမဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။
တင်းတိတ်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြသနာတွေ ဖြစ်နိုင်သလား?
တင်းတိတ်ကြောင့် နောက်ဆက်တွဲကျန်းမာရေး ပြသနာတွေ မဖြစ်နိုင်သလို တင်းတိတ်ကနေ အရေပြား ကင်ဆာ အဖြစ်ပြောင်းလဲ သွားတာကိုလည်း မတွေ့ရှိရပါဘူး။ ဒါပေမဲ့ တင်းတိတ်တွေကြောင့် အလှပျက်ပြီး မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းလာတာ၊ စိတ်ဓာတ်ကျ အားငယ်လာတာတွေ တော့ ဖြစ်နိုင်ပါတယ်။
#တင်းတိတ်
Click here to claim your Sponsored Listing.