Highness Luminary
31/03/2026
Volunteer လုပ်တာဟာအချိန်ဖြုန်းတာလား❓
မဟုတ်ပါဘူး… Volunteer လုပ်တယ်ဆိုတာ လူမှုအသိုက်အဝန်းကို တန်ဖိုးရှိတဲ့ အကျိုးပြုနေခြင်းတစ်ခုပါ…💙
Volunteer လုပ်ရင်း… ✨ Experience တွေရယူမယ် ✨ Skill တွေတိုးတက်မယ် ✨ Networking ကောင်းတွေတည်ဆောက် ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ Highness Luminary ကိုလာခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်..💁
Language Teacher တစ်ယောက်ဖြစ်ချင်ပေမယ့် 📌 ဘယ်လိုစရမလဲမသိဘူး 📌 စာမသင်ရဲဘူး 📌 Confidence မရှိသေးဘူးဆိုရင်…
Highness Luminary မှာ 💡 ကိုယ့်စွမ်းရည်ကို ထုတ်ဖော်ပြနိုင်မယ်၊ 💡 လက်တွေ့အတွေ့အကြုံတွေ ရယူနိုင်မယ်၊ 💡 Supportive environment ထဲမှာ တိုးတက်နိုင်မယ့်အပြင် Volunteer အချိန်ကာလပြီးသွားလို့ရှိရင်တော့ Certificate ပေးအပ်သွားမှာဖြစ်ပါတယ်…💁
📚 We are looking for Volunteer Teachers: 🇬🇧 English Language Teacher 🇰🇷 Korean Language Teacher 🇨🇳 Chinese Language Teacher 🇯🇵 Japanese Language Teacher
Main Teacher ရော Assistant Teacher တွေပါ ပါဝင်အားဖြည့်ပေးမယ့်သူတွေ ကျွန်တော်တို့ Highness က လိုအပ်နေတာ ဖြစ်တဲ့အတွက်“ ကိုယ့်ရဲ့ပထမဆုံးခြေလှမ်း ကိုစတင်ဖို့ဘယ်တော့မှ မကြောက်ပါနဲ့…”💪
Highness နဲ့အတူ ပူးပေါင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်…🫶 ✨
📩 Join us now & grow together!
အခုပေးထားတဲ့ Tele acc မှာလာရောက် စုံစမ်းမေးမြန်းပြီးလျှောက်ထားနိုင်ပါတယ်..🫶
Highness Luminary Institute for Future Leaders
📌Highness page: Click here
https://0www.facebook.com/Mosbyphyo?mibextid=ZbWKwL
📌 Telegram Channel: Join here: https://t.me/highn_15
📌 Email Address: [email protected]
📌 Tittok Acc
https://www.tiktok.com/.luminary?_t=ZS-8u9cF10GLVS&_r=1
📝 Content:Wai Yar Myo
💻 Graphic:Mya Hume Khin
14/03/2026
သင်တန်းကြေး လုံးဝမပေးရဘဲ Certificate (၂) ခုအထိ ရမယ်ဆို ယုံနိုင်ပါ့မလား…?
အင်္ဂလိပ်စာကို အခြေခံကနေ တကယ် တတ်မြောက်ချင်ပေမဲ့ ဘယ်ကစပြီး
လေ့လာရမလဲ မသိသေးတဲ့သူတွေအတွက်
Highness Luminary ကနေ သတင်းကောင်း လေးတစ်ခု မျှဝေချင်ပါတယ်… 📢
ကျွန်တော်တို့ Highness Luminary က
NHZR Global Language Academy နဲ့ ပူးပေါင်းပြီး English A1 Class ကို 100% Free နဲ့ ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်…🫶
“Free ဆိုတော့ အရည်အသွေး မကောင်းဘူးလား…?” လို့စိုးရိမ်နေစရာ မလိုပါဘူးနော်။
ကျွန်တော်တို့ဘက်က သင်ယူမှုအရည်အသွေး ကို အဓိကထားပြီး စနစ်တကျ စီစဉ်ပေးထား ပါတယ်…💁
📚 ဒီသင်တန်းမှာ ဘာတွေ ရမလဲဆိုရင်…
✅ အရည်အသွေးမြင့်( Video Class)ဖြင့်
Tr. Yoon Lae Wai က သင်ခန်းစာတွေကို အသေးစိတ် ပို့ချပေးမှာဖြစ်ပြီးတော့ Homework တွေကိုတော့ Tr. Thoon Thoon က စနစ်တကျစစ်ဆေးပေးသွားမှာဖြစ်တဲ့ အတွက် (တနင်္လာနေ့မှ သောကြာနေ့) အထိ
တစ်လတိတိ အတူတူလေ့လာသွားကြဖို့
ဖိတ်ခေါ်ပါတယ်နော်…🫶💁
🎓 Certificate ကလည်း(၂)ခုတောင်ရမှာနော်.
1️⃣ NHZR Global Language Academy မှ
Completion Certificate
2️⃣ Highness Luminary & NHZR ပူးပေါင်းချီးမြှင့်တဲ့
Achievement / Appreciation Certificate
(အတန်းတွင် တက်တက်ကြွကြွ ပါဝင်သူများအတွက်)
📌 Class Details
🗓 Start Date – 16 March 2026
👥 Student Limit – 30 to 50 Students
ပညာဆိုတာ အကောင်းဆုံးလက်ဆောင် တစ်ခုပါ။ ဒါကြောင့် ဒီအခွင့်အရေးကို
လက်မလွှတ်ဘဲ အတူတူလေ့လာကြဖို့အခုပဲ အမြန်ဆုံး Register လုပ်ထားလိုက်တော့နော်.
Register လုပ်ဖို့အတွက်အောက်က link မှာလုပ်ထားလို့ရပါတယ်နော်…💁
https://t.me/NHZR_GlobalLanguageAcademy
Highness Luminary Institute for Future Leaders
📌Highness page: Click here
https://0www.facebook.com/Mosbyphyo?mibextid=ZbWKwL
📌 Telegram Channel: Join here: https://t.me/highn_15
📌 Email Address: [email protected]
📌 Tittok Acc
https://www.tiktok.com/.luminary?_t=ZS-8u9cF10GLVS&_r=1
📝 Content: Kyal Sin La
💻 Graphic:Hureen
#
19/02/2026
ကမ္ဘာပေါ်ရှိ အမျိုးမျိုးသော လူမျိုး ဘာသာ ရိုးရာယဉ်ကျေးမှု ပွဲတော် များစွာထဲမှ တရုတ်နှစ်သစ်ကူးပွဲတော်ဟာလည်း နှစ်စဉ် စည်စည်ကားကား ကျင်းပနေကြ ပွဲတော်တစ်ခုဖြစ်ပါတယ်။
တရုတ်ပြက္ခဒိန်ရဲ့ နွေဦးရာသီမှာ ကျင်းပတဲ့အတွက် “နွေဦးရာသီပွဲတော်” လို့လည်း ခေါ်ကြပါတယ်။
ဒီပွဲတော်က တရုတ်ယဉ်ကျေးမှုပွဲတော်တွေထဲမှာ အချိန် အကြာဆုံး ကျင်းပတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
နှစ်ဆန်း (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး
မီးပုံးပွဲတော်နဲ့ အဆုံးသတ်တယ်လို့ဆိုကြပါတယ်။
တရုတ်နှစ်ကူးပွဲတော်ကို တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ မကာအိုနဲ့ တခြား တရုတ်လူမျိုးများနဲ့ ဆက်နွှယ်တဲ့ နိုင်ငံတွေမှာ ကျင်းပ လာကြတာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၅၀၀)ကျော် ရှန်မင်းဆက် (Shang Dynasty) ခေတ်က စတင်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နှစ်သစ်ကူးနေ့သည် “လ” ကို အခြေခံတဲ့ ပြက္ခဒိန် (Lunar Calendar) ပေါ်မူတည်တာဖြစ်လို့ နှစ်စဉ်ကျင်းပတဲ့ ရက်တွေ ပြောင်းလဲ နေတာပဲဖြစ်ပါတယ်။
နှစ်စဉ် ကြွက်၊ နွား၊ ကျား၊ ယုန်၊ နဂါး၊ မြွေ၊ မြင်း၊ ဆိတ်၊ မျောက်၊ ကြက်၊ ခွေး၊ ဝက် ဆိုတဲ့ တိရစ္ဆာန် (၁၂) မျိုးကို အလှည့်ကျ ကကိုယ်စားပြုပြီး
တိရစ္ဆာန်တစ်မျိုးစီမှာလည်း (သစ်၊ မီး၊ မြေ၊ သတ္တု၊ ရေ) ဆိုတဲ့ ဓာတ်ကြီး (၅) ပါး နဲ့ တွဲပြီး အလှည့်ကျ ကျရောက်တဲ့အတွက် နှစ်(၆၀) ကြာမှ တစ်ကြိမ်သာ ပြန်လည်ရောက်ရှိတာဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်ရဲ့ တရုတ်နှစ်သစ်ကူးနေ့ဟာ “မီးမြင်းနှစ်” ကို ကိုယ်စားပြုတဲ့နှစ်ပဲဖြစ်ပါတယ်။
မီးမြင်းနှစ်သည် ထူးခြားတဲ့ စွမ်းအင် များစွာကို ပိုင်ဆိုင်ထားတဲ့ နှစ် တစ်နှစ် လို့လည်း ပြောနိုင်ပါတယ်။
ထူးခြားတဲ့ စွမ်းအင်များစွာထဲမှ အနည်းငယ်ကို ပြောပြချင်ပါတယ်။
အဲ့တာတွေကတော့
✴️တရုတ်ယဉ်ကျေးမှုမှာ မဆုတ်မနစ် ကြိုးစားမှု၊ လွတ်လပ်မှု နဲ့ အောင်မြင်မှု တွေ ရရှိနိုင်မယ့်နှစ်
✴️အနှောင်အဖွဲ့တွေကနေ ရုန်းထွက်ပြီး ကိုယ့်ရဲ့ ဝါသနာနဲ့ အိပ်မက်တွေကို ရဲရဲဝံ့ဝံ့ အကောင်အထည်ဖော်နိုင်မယ့် နှစ်
✴️မီးဓာတ်နဲ့ ပေါင်းစပ်ထားလို့ စိတ်အားထက်သန်မှုများစွာရှိတဲ့နှစ်
✴️အခက်အခဲတွေကို မြင်းတစ်ကောင်လို ခုန်ကျော်ဖြတ်သန်းနိုင်တဲ့ ဇွဲသတ္တိ တွေ အပြည့်ရှိမယ့်နှစ်
စတာတွေပဲ ဖြစ်ပါတယ်။
တရုတ်နှစ်ကူးပွဲတော်မှာ လူကြီးတွေက လူငယ်တွေကို၊ အလုပ်ရှင်တွေက အလုပ်သမားတွေကို
ကျန်းမာ၊ ချမ်းသာကြစေဖို့ ရည်ရွယ်ကာ ဟုန်ပေါင်း (အန်ပေါင်း) ဆိုပြီး အနီရောင် အိတ်လေးတွေနဲ့ မုန့်ဖိုးပေးခြင်းဟာလည်း ထင်ရှားတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။
တရုတ်နှစ်ကူးပွဲတော် (နွေဦးရာသီပွဲတော်) ဟာ နှစ်တွေပြောင်းလဲ ကြာညောင်းပေမယ့် မှေးမှိန် ပျောက်ကွယ်သွားခြင်း မရှိဘဲ နှစ်စဉ်အမြဲ ကျင်းပနေကြဆဲဖြစ်တဲ့ ပွဲတော်ကြီးတစ်ခုသာဖြစ်ပါတယ်။
ကိုးကား : Wikipedia
📌Highness page: Click here
https://www.facebook.com/Mosbyphyo?mibextid=ZbWKwL
📌 Telegram Channel: Join here: https://t.me/highn_15
📌 Email Address:
[email protected]
📌 Tittok Acc
https://www.tiktok.com/.luminary?_t=ZS-8u9cF10GLVS&_r=1
📝 Content: Hnin Nwe Win
💻 Graphic: Hureen
04/02/2026
အချစ်အကြောင်းကို “Deep” ဆွေးနွေးကြမယ့် Love Debate မှ ကြိုဆိုပါတယ်! 🎙️✨
အချစ်ဆိုတာ ခံစားချက်သက်သက်လား? ဒါမှမဟုတ် နားလည်မှုတွေနဲ့ တည်ဆောက်ရတဲ့ အနုပညာတစ်ခုလား?
လူငယ်တွေကြားထဲမှာ အမြဲတမ်း အငြင်းပွားနေရတဲ့ အချစ်ရေးပြဿနာတွေ၊ မတူညီတဲ့ အမြင်တွေကို တစ်နေရာတည်းမှာ အားရပါးရ ဆွေးနွေးဖို့ ဒီ Activity မှ ဖိတ်ခေါ်လိုက်ပါပြီ
🔶 ဘယ်လို Topic တွေဖြစ်မလဲနော်🤔?
"Long distance ဖြစ်နေတဲ့ အချစ်တစ်ခုမှာ 'Trust' က ပိုအရေးကြီးလား၊ 'Time' ပေးနိုင်မှုက ပိုအရေးကြီးလား? ❤️🕰️"
"အချစ်ရှိရင် အားလုံးပြည့်စုံတယ်ဆိုတာ တကယ်ပဲလား? ဒါမှမဟုတ် 'Stability' မရှိဘဲနဲ့ အချစ်က ရေရှည်ခိုင်မြဲနိုင်ပါ့မလား? 💸💔"
ဦးနှောက်လား နှလုံးသားလားနော်?
🔶 ပါဝင်ဆွေးနွေးသူတွေအနေနဲ့ ဘာတွေရမလဲ?
ကိုယ့်ရဲ့အမြင်ကို ရဲရဲဝံ့ဝံ့ ချပြခွင့်။
အချစ်ရေးနဲ့ပတ်သက်တဲ့ မတူညီတဲ့ Perspective အသစ်တွေ။
အတွေ့အကြုံရှိတဲ့သူငယ်ချင်းလေးတွေကလည်း အခုမှ စပြီး တွေးမဲ့သူလေးတွေကို အတွေ့အကြုံတွေ ပြန်ဝေမျှလို့ရပါတယ်နော်…
⬛ ဘယ်လိုစာရင်းသွင်းရမလဲ?
🔶 ဒီ Post ကို Public နဲ့ Share ပါ။
🔶 အောက်က Link မှာ Form ဖြည့်ပေးပါ_
https://docs.google.com/forms/d/e/1FAIpQLSdEPi1rlQtdxiI_Bh4_K6UWY5cpwU3ut_M6SdD8yQwHxT7TFA/viewform?usp=dialog
🔶 Comment မှာ "Interested" လို့ ရေးခဲ့ပေးပါဦး။
Note: လူဦးရေကန့်သတ်ထားတာမို့ အမြန်ဆုံး Register လုပ်ထားမှ စိတ်ချရမယ်နော်! 🏃♂️💨
🔶🔶 Detail :
Date_ 6. 1. 2026 (Friday)
Time_ 8:00 p.m MMT
Platform_ Google Meet (or) Zoom Meeting
Highness Luminary Institute for Future Leaders
📌Highness page: Click here
https://www.facebook.com/Mosbyphyo?mibextid=ZbWKwL
📌 Telegram Channel: Join here: https://t.me/highn_15
📌 Email Address:
[email protected]
📌 Tittok Acc
https://www.tiktok.com/.luminary?_t=ZS-8u9cF10GLVS&_r=1
📝 Content: Aye_Aye_Khaing and Thin Yu
💻 Graphic: Hureen
Click here to claim your Sponsored Listing.