Aung Computer KyanKhin

Aung Computer KyanKhin

Share

Photos from Aung Computer KyanKhin's post 09/01/2023

ကျောင်း (3)ကျောင်းမှ ဆုဒိုင်းပေါင်း(169)ခု အားပေးမှူတွက် အောင်ကွန်ပျူတာမိသားစုမှကျေးဇူးအထူးတင်ရှိပါတယ်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးအန္တရာယ်တွေကင်းရှင်းပါစေ ။စီးပွားလာဘ်လာဘတွေပေါကြွယ်ဝပါစေ ဆုမွန်ကောင်းတောင်း မေတ္တာပို့သအပ်ပါတယ်🙏🙏🙏
Computer

#ဆုဒိုင်း

28/10/2022

ငွေရင်းထပ်မထည့်ပဲ ပိုမြတ်စွန်းအောင်…
လုပ်ငန်းလေး တွေကနေ လုပ်ငန်းကြီးတွေ အဖြစ်တိုးတက် လာဖို့ဆိုတာ Profit ဆိုတဲ့ အမြတ်အစွန်း တွေ ပိုပိုပြီး ရရှိ လာဖို့လိုအပ်ပါတယ်။ အခြေခံယေဘုယျ အားဖြင့်တော့ အမြတ် အစွန်းပိုရဖို့ဆိုတာ ငွေ အရင်းအနှီး ထပ်ထည့်ပြီး ကုန်ပစ္စည်းတွေ ပိုတင် ပိုရောင်းချ နိုင်မှသာ ဖြစ်နိုင်လေ့ရှိပါတယ်။ ဥပမာ သိန်း ၁၀၀ ဖိုး ကုန်ပစ္စည်းတွေ ဝယ်ယူပြီး တစ်လ တာရောင်းချရာမှာ တစ်လ ငါးသိန်း အမြတ် ရှိတယ်ဆိုရင် သိန်း ၁၀၀ ထပ်ရင်းပြီး သိန်း ၂၀၀ ဖိုး ဝယ်ရောင်းလုပ်တဲ့အခါမှာ မှ နှစ်ဆ ဆယ်သိန်းအမြတ်ကို ရရှိတဲ့ သဘော ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ကိုယ့်အနေနဲ့ အရင်းအနှီးထပ်မထည့်ရပဲ အမြတ် ပိုတိုးအောင် ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးလိုပါတယ်။
(၁) Credit စနစ်နဲ့ ကုန်ပစ္စည်းတွေ ရယူရောင်းချတာ
ကျွန်တော့်ရဲ့ အသိသူငယ်ချင်း တစ်ဦး က ရပ်ကွက်စျေးထဲမှာ ကုန်မျိုးစုံဆိုင်လေးတစ်ဆိုင် စဖွင့်ပါတယ်။ ဖွင့်စ ကတော့ တစ်နိုင်တပိုင်အရင်းအနှီးလေးနဲ့သာဆောင်ရွက် တာပါပဲ။ ဒါပေမယ့် နှစ်အနည်းငယ် အကြာ မှာတော့ ကုန်ပစ္စည်းအတော်များများ ရနေတဲ့ ဆိုင် အလတ် အဆင့်ကိုရောက်လာ ပါတော့တယ်။ အဓိက အကြောင်းအရင်းကတော့ ရောင်းအား ရှိလာတဲ့အခါမှာ ကုန်ပစ္စည်းရောင်းတဲ့ Supplier တွေက စိတ်ချ ယုံကြည်လာပြီး ယူနေကျ ပစ္စည်းတွေကိုလဲ အရေအတွက် များများ အကြွေးချပေးတာ၊ ကုန်ပစ္စည်း အသစ်တွေ ကိုလဲ လပေး စနစ်သို့မဟုတ် ရောင်းရမှ ငွေရှင်းစနစ် နဲ့ယူလို့ ရလာတာတွေ ကြောင့်ပါပဲ။
ဒီလို Credit စနစ် တစ်ခုခုနဲ့ ကုန်တွေ တင်ရောင်းနိုင်ရင်လည်း ကုန်ပစ္စည်းအတွက် အရင်းအနှီးထပ်ဖြည့် ဝယ်စရာမလိုတဲ့အတွက် အမြတ် သက်သက် ပိုပြီး ရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ရောင်းအား ကောင်းတဲ့ Convenience Storeတွေ မှာ ဆိုရင် ကုန်ပစ္စည်းထုတ်လုပ်သူတွေ ကိုယ်တိုင်က သူတို့ ပစ္စည်းကို ဆိုင်မှာ တင်ရောင်း ဖို့အတွက် အမျိုးမျိုးသော Credit terms တွေကို ဆွဲဆောင်နေကြရလေ့ရှိပါတယ်။
(၂) Stock Turnover နှုန်းများအောင်လုပ်တာ..
ကျွန်တော့်ရဲ့ ပုံမှန် လေ့လာသူ စာဖတ်ပရိတ်တွေဆိုရင်တော့ Stock Turnover ကို နားလည်သိရှိပြီးဖြစ်ပါ လိမ့်မယ်။ ဥပမာ ငွေ ၁၀ သိန်းနဲ့ Stock အခု ၁၀၀ ကိုဝယ်ပြီး တစ်လ နဲ့ရောင်းလိုက်တာ အမြတ် တစ်သိန်း ရတယ်ဆိုရင် ဒါကို တစ်လ အတွင်း Stock Turnover တစ်ကြိမ်လို့သတ်မှတ်ပါတယ်။ ဒီလိုမဟုတ်ပဲ stock အခု ၁၀၀ ကိုဝယ် နှစ်ပတ်နဲ့ရောင်း၊ ပြန်ပေါ်လာတဲ့ငွေရင်းနဲ့ နောက် Stock အခု ၁၀၀ ထပ်ဝယ်ပြီး နောက် နှစ်ပတ်နဲ့ ရအောင် ရောင်းနိုင်ရင် အမြတ်က နှစ်ဆ ဖြစ်ပြီး နှစ်သိန်းမြတ်မှာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် တော့ Stock Turnover ကို တစ်လ ၂ ကြိမ် အဖြစ်မြှင့်တင်လိုက်နိုင်လို့ပါပဲ။
(၃) စျေးတင်ရောင်းတာ…
ငွေရင်းက ဒီလောက်ပဲ ကိုမှ အမြတ်ပိုရဖို့ နည်းတစ်ခုကတော့ စျေးတင်ရောင်းတာဖြစ်ပါတယ်။ ဒီနည်းကို ကျွန်တော်ပြောလိုက်ရင်အစမှာ လူတိုင်းက နောက်နေတယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ အတည် ပြောနေတာဖြစ်ပါတယ်။ ရောင်းအား တစ်ခုရလာပြီး ကိုယ့်ရဲ့ အမာခံ customer တွေ ရှိလာတဲ့ အခါမှာ Branding တစ်ခု တည်ဆောက်ပြီး စျေး နှုန်းကို ပမာဏ တစ်ခုတင်ရောင်းလို့ရပါတယ်။ ဥပမာ အထည် အလိပ် တွေရောင်းမယ်ဆိုရင် ကိုယ့်ဆီက အမြဲ update ဖြစ်တယ် ဒီဇိုင်းလှတယ် ဆိုတဲ့ အားသာချက် တွေ ကို Brand အဖြစ်တည်ဆောက်ကာ စျေးအနည်းငယ်ပိုတာမျိုး လုပ်လို့ရပါတယ်။ တစ်ချို့ လက်လီအရောင်းဆိုင်တွေ ဆိုရင် Customer Service ကို သိပ်ကိုကောင်းအောင် ပြုလုပ်ထားပြီး စျေးနှုန်း ကတော့ အနည်းငယ်များနေပေမယ့် အောင်မြင်အောင် ဆောင်ရွက်နိုင်ကြတာလဲတွေ့ရပါတယ်။
ကိုယ့်မှာ အခြားသူတွေ ထက် အထက်ကလိုအားသာချက်တစ်ခုခုကို ချွန်ပြီး လုပ်ထားနိုင်မယ်ဆိုရင် စျေးနှုန်း အနည်းငယ်များတာကို ဘယ်သူမှ အပြစ်တစ်ခုလို ပြောကြမှာမဟုတ်ပါဘူး။
(၄) ဆက်စပ် ဝန်ဆောင်မှုလေးတွေ လုပ်ပေးတာ..
ဥပမာ ကိုယ်က online shopping ရောင်းလို့ ရောင်းအားအတော်လေးရလာတဲ့အခါမှာ Delivery ကိုပါ ကိုယ့်ဆီကနေ ပူးတွဲ လိုက်ပို့တာမျိုးပါပဲ။ Delivery အတွက် ပါ ဝန်ဆောင်ခကို ရယူနိုင်ပြီး ကိုယ်တိုင် ပဲ လုပ်ကိုင်တာဖြစ်လို့ Deli ခကို လျော့ချ ယူပြီး အခြား online shop တွေ ထက် အားသာချက်ဖြစ်အောင်လဲ လုပ်ဆောင်နိုင်ပါသေးတယ်။ နောက်တစ်ခါ ကိုယ်က ပိတ်စရောင်း ရင်း customer တွေကို အကျင်္ီ ချုပ်ဆိုင် ကောင်းကောင်းကိုညွှန်ပြပေးတာမျိုးလုပ်ဆောင်ပြီး ကိုယ် လွှတ်ပေးတဲ့သူလာတိုင်း ရာခို်င်နှုန်းတစ်ခု ပေးဖို့ ညှိနှိုင်းထားနိုင်တာမျိုးပါပဲ။ ဥပမာ ပုဂံမှာ တုတ်တုတ် ငှားစီးပြီးလည်တဲ့ Customer တွေကို ဓာတ်ပုံရိုက်ချင်ရင် တစ်ခါထဲငှားနိုင်ဖို့ ကင်မရာကြီးဝယ်ပြီး ဓာတ်ပုံပညာပါ သင်ထားလိုက်တဲ့ ယာဉ်မောင်းဆရာကြီးများလိုပါပဲ။
(၅) စရိတ်တွေကိုလျော့ချတာ..အလေအလွင့်မရှိစေတာ
ငွေရင်းလဲထပ်မထည့်ပဲ ဒီရောင်းအားအတိုင်းကိုမှ အမြတ်ပိုထွက်စေဖို့ နောက်နည်းလမ်းတစ်ခုကတော့ Expenses တွေကို လျော့ချတာဖြစ်ပါတယ်။ ဘယ်လိုနည်းတွေ ကပိုစရိတ်သက်သာမလဲ ကိုအမြဲ ရှာဖွေနေ ပြီး အသေးလေးတွေကအစစီစစ်မယ်ဆိုရင် စရိတ်လျော့ကျ ကာ အမြတ်တိုးလာနိုင်ပါတယ်။ ဒါမှမဟုတ် အလေအလွင့် တွေကို တတ်နိုင်သမျှ မရှိအောင်ထိန်းနိုင်မယ်ဆိုရင်လဲ အမြတ်ပိုတိုးလာနိုင်မှာပါပဲ။
(၆) Supplier Analysis လုပ်ဆောင်တာ၊ ညှိနှိုင်းတာ…
Supplier analysis ဆိုတဲ့ ခြောက်လတစ်ကြိမ်လောက် ဘယ်supplier က quality သာတယ်၊ credit terms ပိုကောင်းတယ်၊ စျေးပိုသက်သာတယ်ဆိုတာကို လေ့လာသုံးသပ်ပြီး စမ်းသပ်မှာယူတာမျိုး လဲ ဆောင်ရွက်ခြင်းအားဖြင့် Cost of Goods Sold (COGS)ကိုလျော့ကျစေနိုင်ပြီး အမြတ်ပိုတိုးစေနိုင်ပါသေးတယ်။ ဒါမှမဟုတ် ရောင်းအားကောင်းတဲ့ ကုန်ပစ္စည်းတွေကို အရေအတွက် ဘယ်လောက်ယူရင် အများစျေးဘယ်လောက် လျော့ပေးနိုင်မလဲ စသဖြင့် ညှိနှိုင်းတာ၊ အကြွေး ပေးနိုင်ဖို့..ပေးတဲ့ ကာလ ကြာကြာရဖို့ စတာတွေ ညှိနှိုင်းတာနဲ့လဲ အမြတ်တိုးစေနိုင်ပါတယ်။
(၇) Fixed Cost တွေကို variable cost အဖြစ်ပြောင်းလဲကာ Flexibility ကောင်းစေတာ..
အရင်ခေတ်တုန်းကတော့ လူစည်ကားရာနေရာမှာ ဆိုင် နေရာ ကျယ်ကျယ် နဲ့ ရောင်းချမှ ပိုရောင်းရလေ့ရှိ ကြပါတယ်။ ဒီနေ့မှာတော့ online ကိုကောင်းကောင်းသုံးကာ လိုင်းပေါ်မှာ ဆိုင်တည်နိုင် ပြီဖြစ်ပါတယ်။ ဒီအတွက် ဆိုင်ခန်းငှားခ လိုမျိုး ပုံသေ ကုန်ကျနေတဲ့ Fixed Cost တွေကို Variable Cost တွေ အဖြစ်ပြောင်းလဲ လျော့ချ လာနိုင်တာမျိုးရှိပါတယ်။ ဥပမာကိုယ့်ကုန်ပစ္စည်းက အပြင်မှာ တိုက်ရိုက်လာကြည့်ပြီး ဝယ်မှ ရမှာ မျိုးမဟုတ်ရင် အရင်ကလောက်ဆိုင်နေရာ ကျယ်ကျယ် နဲ့မဖွင့်တော့ပဲ နေရာကိုလျော့ချကာ ငှားခသက်သာစေပြီး online ကနေ အဓိက ရောင်းချတာမျိုး၊ ဆောင်ရွက်တာပါပဲ။
(၈) နည်းပညာ အသုံးချမှု
ကုန်ထုတ်လုပ်ငန်းတွေ မှာဆိုရင်လဲပိုကောင်းတဲ့ ပိုမြန်ပိုထုတ်နိုင်မယ့် စက်တွေ အစားထိုး ဝယ်ယူတာမျိုး၊ နဲ့ ရေရှည်ကုန်ကျစရိတ်တွေကို လျော့ချ ကာ ၊ Service လုပ်ငန်းတွေမှာလဲ ပိုပြီး workflow ကိုမြတ်စေမယ့် နည်းပညာတွေ အသုံးပြုတာမျိုးက အမြတ်ပိုစေနို်င်ပါသေးတယ်။ ဒါ့အပြင် လစဉ် လျှပ်စစ်မီတာ ခ အကုန်အကျကြီးမားနေတာကို အစားထိုး လျော့ချဖို့ ဆိုလာ စနစ်နဲ့ တပ်ဆင်အသုံးပြုကာ ရေရှည်မှာ ကုန်ကျစရိတ်ပိုသက်သာစေတာမျိုး စတဲ့ နည်းပညာ တွေကိုပါ လုပ်ငန်းမှာ အသုံးပြုဆောင်ရွက်နိုင်ပါတယ်။
(၉) လက်ကားပြန်ရောင်းတာ..
ကိုယ်က လုပ်ငန်းလုပ်တာ အချိန်တစ်ခုကြာလို့ Suppler နဲ့ relation တစ်ခုတည်ဆောက်ထားနိုင်မယ် ဆိုရင် ကုန်ပစ္စည်းတွေကို စျေးအသက်သာဆုံးနှုန်း ထား ရယူပြီး အခြား လက်လီပြန်လည်ရောင်းချ လိုသူတွေကို လက်ကားအနေနဲ့ ချက်ချင်းလက်လွဲပေးကာ ကြားထဲက အမြတ်ရာခိုင်နှုန်းတစ်ခုကို ရယူ တာကလဲ အရင်းထပ်မစိုက်ရပဲ အမြတ်ရနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၁၀) ရှယ်ယာခေါ်တာ၊ ချေးငွေယူတာ၊
ဒါကလည်း ကိုယ့်ရင်းနှီးငွေ ထပ်ထည့်တာမဟုတ်ပဲ အခြားသူရဲ့ ငွေကို ယူပြီး ကိုယ့်အတွက် အမြတ် တစ်ခု ရအောင်လုပ်ဆောင်တာဖြစ်လို့ ထည့်သွင်းမျှဝေရတာဖြစ်ပါတယ်။ စျေးကွက်ဆိုတာ အမြဲ ကောင်းနေတတ် တာမျိုးမဟုတ်ပဲ တက်လိုက် ကျလိုက် ရှိနေတတ်တာပါပဲ။ မိုးရွာတုန်းရေခံ ဆိုသလို စျေးကွက် ကောင်းနေ ချိန်မှာ ရနိုင်သမျှအမြတ်ကို များများ ရယူထားလိုက်ဖို့လိုအပ်ပါတယ်။ ဒီလိုအခြေအနေမှာ ကိုယ့် ရင်းနှီးငွေ နဲ့မလောက်ရင် အခြားကနေ ရယူဆောင်ရွက်ဖို့လဲလိုအပ်ပါတယ်။ ဥပမာ သိန်းတစ်ရာဖိုး အရောင်းအဝယ်လုပ်ရင် တစ်လ ဆယ်သိန်းကြိမ်းသေ ရနေတယ်ဆိုပါစို့။ ချေးငွေ ရယူ လိုက်ရင် အတိုးက သိန်းတစ်ရာကိုတစ်လ ငါးသိန်းသာ ပေးရမယ်ဆိုရင် အမြတ် ဆယ်သိန်းမှာ ငါးသိန်းက ကိုယ့်အတွက် ကျန်ရှိနေမှာ ဖြစ်ပါတယ်။
ဒါတွေကတော့ ငွေရင်းထပ်မထည့်ပဲ အမြတ်တိုးလာစေနိုင်မယ့် နည်းတွေကို မျှဝေပေးခဲ့တာဖြစ်ပြီး အမြတ်အစွန်းကောင်းတဲ့ လုပ်ငန်းများ ဖြစ်ကြပါစေကြောင်းဆုမွန်ကောင်း တောင်း အပ်ပါတယ်ဗျား။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

01/10/2021

ငွေထုတ်ခ % ပေးစရာမလိုဘဲ အခမဲ့ငွေထုတ်နိုင်ပါပြီ

အောင် ကွန်ပျူတာ
နာရီစင်အနီး ဗိုလ်ချုပ်လမ်း ကြံခင်းမြို့
09 790237824, 09 955591128

Photos from Aung Computer KyanKhin's post 25/11/2020

စာအုပ် အုပ် ( ၂၀၀ )အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်😍

အောင် ကွန်ပျူတာ
နာရီစင်အနီး ကြံခင်းမြို့
09 955591128,09 790237824

Want your business to be the top-listed Computer & Electronics Service in Kyangin?
Click here to claim your Sponsored Listing.

Website

Address

Kyangin