Friend Mobile

Friend Mobile

Share

01/02/2021

အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။
"FireChat" for Android & Apple iOS
"The Serval Mesh" for Android
"Signal Offline Messenger" for Android
"Vojer" for Apple iOS
"Bridgefy" for Android & Apple iOS
"Briar" for Android တို့ ဖြစ်ပါတယ်။
အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။
ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး
မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။
မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။
စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။

Credit to Ei Aye








20/05/2019

❗️❗️ အထူးသတိပြုရန် - 'Huawei' ဖုန်းအသုံးပြုသူများ

Trump ရဲ့ Trade war ကြောင့် Google ကပါ Huawei ကို အျထာက်အပံ့မပေးတော့ပဲ ရပ်ဆိုင်းခဲ့ပါပီ

US - China ရဲ့ Trade war ကြောင့် US မှာ တရုတ်က ထုတ်ကုန်တွေကို ကုန်သွယ်ခွင့်ရပ်ဆိုင်းခဲ့တာ ကြာပါပြီ
အခုဆိုရင် တရုတ် နည်းပညာ ကုမ္ပဏီ ကြီး တစ်ခု ဖြစ်တဲ့ Huawei နဲ့ သူ့ရဲ့ ကုမ္ပဏီ ၆၈ ခုကို Entity List ဆိုတဲ့ စာရင်း တစ်ခုထဲ အရင်အပတ်က ထည့်ခဲ့ပါတယ် . Entity List ဆိုတာ အမေရိကန်ကုမ္ပဏီ တွေ ဆီက ပစ္စည်းတွေကို အစိုးဆီက ထောက်ခံချက်မပါပဲ ဝယ်လို့မရနိုင်တဲ့ ကုမ္ပဏီ စာရင်းပါ .
ဒီ စာရင်းကြောင့် Google , Qualcomm , Intel နဲ့ Nvidia လို့ နည်းပညာ ကုမ္ပဏီ ကြီးတွေက တရုတ်နဲ့ ကုန်သွယ်ပြီး လုပ်ခွင့်မရှိတော့တာပါ .

ဒီလို တရုတ်နဲ ကုန်သွယ်ခွင့်ပိတ်လိုက်တာကြောင့် Huawei ဖုန်းသုံးတဲ့သူတွေ အပေါ် ရှိလာတဲ့ ရိုက်ခတ်မှုက

- Android Version Update ရမယ့် ဖုန်းတွေက နောက်ထပ် မရနိုင်တော့ပါဘူး
- လက်ရှိသုံးနေတဲ့ Android OS ကိုတော့ ထိခိုက်မှု မရှိပေမယ့် Google Service တွေအကုန် ရပ်ဆိုင်းကုန်ပါတယ် . ဥပမာ Google Contact Sync , Play Store , Google Maps , Google Backup , etc .

Reuter ဌျာနက ကြေငြာတဲ့သတင်းဖြစ်ပြီး Huaweiဘက်က အတိအကျ မသိရသေးပါဘူး . ဒါပေမယ့် တစ်ချို့ Huawei User တွေမှာ Contact တွေ ပျက်သွားတဲ့ ပြသနာစတွေ့နေရပါပီ

Contact တွေကို .vcf extension နဲ့ ဖုန်းရဲ့ Memory ထဲကို အရင် Save ထားပေးကြပါ .

Google Camera လို့ အရမ်းကောင်းတဲ့ Feature ကိုလဲ Huawei က လက်​လွှတ်​ရေတာ့မျွာဖစ်​ပါတယ်​ 😥

M3 Mobile Professional Training & Service
၃၃လမ်း ၇၀နဲ့၇၁လမ်းကြား

Want your business to be the top-listed Computer & Electronics Service in Kanbalu?
Click here to claim your Sponsored Listing.

Telephone

Website

Address

Friend Mobile
Kanbalu