Dip IFR

Dip IFR

Share

17/05/2026

Bill of Lading B/L ဆိုတာဘာလဲ

Bill of Lading B/Lဆိုသည်မှာ ကုန်ပစ္စည်းပို့ဆောင်ရေး အထူးသဖြင့် ရေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အလွန်အရေးပါသော တရားဝင်စာရွက်စာတမ်းတစ်ခု ဖြစ်ပါတယ် ရိုးရိုးရှင်းရှင်းပြောရလျှင် သင်္ဘောလိုင်း သို့မဟုတ်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ Carrier မှ ကုန်ပစ္စည်းများကို လက်ခံရရှိကြောင်းနှင့် သတ်မှတ်ထားသော ဆိပ်ကမ်းသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပေးသည့် ဝန်ခံကတိပြုလွှာ ဖြစ်သည်။

Bill of Lading သည် သယ်ယူပို့ဆောင်သူ Carrierက ကုန်ပစ္စည်းများကို သင်္ဘောပေါ်သို့ တင်ဆောင်ပြီးပြီဖြစ်ကြောင်း သို့မဟုတ် လက်ခံရရှိပြီဖြစ်ကြောင်း အတည်ပြုပေးသည့်အထောက်အထား ဖြစ်ပြီး B/L လက်ဝယ်ရှိသူသည် ထိုကုန်ပစ္စည်းကို ပိုင်ဆိုင်ခွင့်ရှိသည် ထို့ကြောင့် ကုန်ပစ္စည်းကို ဆိပ်ကမ်းတွင် ထုတ်ယူရာတွင် Original Bill of Ladingကို ပြသနိုင်မှသာ ကုန်ထုတ်ယူခွင့် ရရှိမည်ဖြစ်သည် original B/Lကို ​​ပျောက်လို့မရပါဘူး။

B/L တစ်​စောင်မှာ ဘာ​တွေပါ​လေ့ရှိတယ်ဆို​တော့

- Shipper ကုန်ပို့သူ၏ အမည်နှင့် လိပ်စာ။
- Consignee ကုန်လက်ခံမည့်သူ၏ အမည်နှင့် လိပ်စာ။
- Notify Party ကုန်ရောက်ရှိကြောင်း အကြောင်းကြားရမည့်သူ။
- Vessel/Voyage သင်္ဘောအမည်နှင့် ခရီးစဉ်အမှတ်။
- Port of Loading/Discharge ကုန်တင်ဆိပ်ကမ်းနှင့် ကုန်ချဆိပ်ကမ်း။
- Description of Goods ကုန်ပစ္စည်းအမျိုးအမည်၊ အရေအတွက်၊ အလေးချိန်နှင့် ထုပ်ပိုးမှုပုံစံစတာ​တွေပါဝင်​လေ့ရှိပါတယ်။

Bill of Lading (B/L) ရဲ့ လုပ်ဆောင်ပုံကို ပိုမိုရှင်းလင်းသွားအောင် ဥပမာ​ပြောပြရရင် စာ​ရေးနိုင်ငံခြားကနေ ရုံးသုံး ပရိဘောဂ Office Furnitureတွေ မှာယူတယ်လို့ ဆိုပါစို့ Shipper ကုန်ပို့သူက တရုတ်နိုင်ငံက Furniture Factory တစ်ခုဖြစ်ပြီး Carrier သယ်ယူပို့ဆောင်သူက သင်္ဘောလိုင်း ဥပမာ - Maersk သို့မဟုတ် MSCဖြစ်ကာ
Consignee ကုန်လက်ခံမည့်သူက စာ​ရေးသူဖြစ်ပါမယ်။ဒါကို processအရ ကုန်ပစ္စည်းလွှဲပြောင်းဖိုွအတွက် တရုတ်စက်ရုံက ပရိဘောဂတွေကို ကွန်တိန်နာနဲ့ ထည့်ပြီး သင်္ဘောဆိပ်ကို ပို့လိုက်ပါတယ်သင်္ဘောလိုင်းက ကုန်တွေကို လက်ခံရရှိတဲ့အခါ Bill of Lading (B/L) ကို ထုတ်ပေးလိုက်ပါတယ် အဲဒီ B/L ထဲမှာ ပရိဘောဂ သေတ္တာအလုံး ၅၀၊ အလေးချိန် ၅ တန်ကို အခြေအနေကောင်းမွန်စွာ လက်ခံရရှိပြီး ရန်ကုန်ဆိပ်ကမ်းသို့ ပို့ဆောင်ပါမည် လို့ ရေးသားထားပါတယ်ဒါကို တရုတ်စက်ရုံက အဲဒီ B/L Original ကို စာ​ရေးသူဆီကို အမြန်​ချောပို့ DHLလိူမျိုး သို့မဟုတ် LCသုံးရင်ဘဏ်ကတစ်ဆင့် ပို့ပေးလိုက်ပါတယ်။

ပြီး​​တော့ ကုန်ထုတ်ယူဖို့အတွက် သင်္ဘော ရန်ကုန်ဆိပ်ကမ်းကို ရောက်တဲ့အခါ စာ​ရေးသူက မိမိဆီမှာရှိတဲ့ B/L မူရင်းကို သင်္ဘောလိုင်းရဲ့ ကိုယ်စားလှယ်ဆီ Shipping Agentမှာ ပြသပြီး ဒီကုန်ပစ္စည်းဟာ ကျွန်တော်တို့ပိုင်တာပါလို့ သက်သေပြပြီးကုန်ထုတ်ယူခွင့်လက်မှတ် Delivery Order (D/O)ရရှိပြီး​နောက်တခြား Port Fees ဆိပ်ကမ်းအခွန်အခများအတွက် ​ငွေသွင်းထားတဲ့​ပြေစာ နဲ့ Customs Clearance လို့ ခေါ်တဲ့ သွင်းကုန်ပစ္စည်းတွေအတွက် ပေးဆောင်ရမယ့် အကောက်ခွန် Duty/Taxတွေကို ပေးဆောင်ပြီးကြောင်းနဲ့ အကောက်ခွန်ဌာနကနေ ကုန်ထုတ်ယူခွင့်ပြုကြောင်း (Release)စာစတဲ့ ၃မျိုးနဲ့ ကုန်ထုပ်ရမှာဖြစ်ပါတယ် ဒါ​ကြောင့် ကုန်ထုပ်မယ်ဆိုရင် ​D/O သင်္ဘောလိုင်းက ထုတ်ပေးတာ - B/L နဲ့ လဲထားတာ နဲ့ ဆိပ်ကမ်းပြေစာ ,အကောက်ခွန်ခွင့်ပြုချက် Customs က ထုတ်ပေးတာကို လိုအပ်မှာဖြစ်ပါတယ်။

Bill of Lading B/ L အမျိုးစား​တွေထဲမှာဆိုရင် Clean B/L နဲ့ Claused /Dirty B/L ဆိုတဲ့ ၂မျိုးဖြစ်တဲ့Clean Bill of Lading ကတော့ အကောင်းဆုံး အခြေအနေဖြစ်တဲ့ သင်္ဘောလိုင်း Carrierက ကုန်ပစ္စည်းတွေကို လက်ခံရရှိတဲ့အခါ အထုပ်အပိုးတွေဟာ အကောင်းပကတိရှိနေရင် B/L ပေါ်မှာ Slightly damaged သို့မဟုတ် Shortage စတဲ့ ကုန်ပစ္စည်းချို့ယွင်းချက် ပြတဲ့စာသားမျိုး လုံးဝမပါဝင်ဘူးဆိုရင် ဘာအနာအဆာမှ မရှိဘူးဆိုရင် Clean B/L ကို ထုတ်ပေးပါတယ် ဒါဆိုရင် ဘဏ်တွေဟာ L/C (Letter of Credit) နဲ့ ငွေချေတဲ့အခါ Clean B/L ကိုပဲ လက်ခံလေ့ရှိပါတယ် ကုန်ပစ္စည်းတွေ အကောင်းအတိုင်း ရောက်လာမယ်ဆိုတာ သေချာစေလို့ ဖြစ်ပါတယ်။

Claused / Dirty / unclean Bill of Lading က​တော့ကုန်ပစ္စည်းတွေကို သင်္ဘောပေါ်တင်တဲ့အချိန်မှာ အထုပ်အပိုးတွေ ပေါက်နေတာ၊ သံချေးတက်နေတာ၊ ကွန်တိန်နာ စိမ့်နေတာ ဒါမှမဟုတ် အရေအတွက် လိုနေတာမျိုးကို သင်္ဘောလိုင်းက တွေ့သွားရင် B/L ပေါ်မှာ အဲဒီချို့ယွင်းချက်ကို မှတ်ချက် Clause ရေးလိုက်ပါတယ်ဒါကို Claused B/L သို့မဟုတ် Dirty B/L လို့ ခေါ်ပါတယ်
ပါဝင်နိုင်သည့် မှတ်ချက်​တွေက​တော့ Packaging torn အထုပ်အပိုး ပြဲနေသည်၊ Wet before loading မတင်မီကတည်းက စိုနေသည်၊ 3 cases broken သေတ္တာ ၃ လုံး ကွဲနေသည်စသည်ဖြင့်​ရေး​ပေးလိုက်ရင်အကျိုးဆက်က ဘဏ်အများစုဟာ Claused B/L ကို L/Cအတွကိငြင်းပယ် Reject တတ်ပါတယ် လမ်းခရီးမှာ ပစ္စည်းပျက်စီးရင် သင်္ဘောလိုင်းက ငါတို့လက်ခံကတည်းက ပျက်နေတာလို့ သက်သေပြဖို့ ဒီမှတ်ချက်ကို သုံးပါတယ်။​​နောက်ထပ်ပြီး

Master Bill of Lading (MBL) နဲ့ House Bill of Lading (HBL) အ​ကြောင်းထပ်​ပြောပြ​ပေးပါ့မယ်

Master Bill of Lading MBLကို Shipping Line သင်္ဘောလိုင်းကိုယ်တိုင်က တိုက်ရိုက်ထုတ်ပေးတာ ဖြစ်ပြီး House Bill of Lading HBL ကိုတော့ Freight Forwarder ကုန်စည်ပို့ဆောင်ရေး အေးဂျင်းကနေပြီးတော့ တကယ့်ကုန်သည် ထံကို ထုတ်ပေးတာ ဖြစ်ပါတယ်အထူးသဖြင့် LCL Less than Container Load ခေါ်တဲ့ ကွန်တိန်နာတစ်လုံးစာမပြည့်တဲ့ ကုန်ပစ္စည်းတွေကို စုပေါင်းပို့တဲ့အခါမှာ သုံးကြပါတယ်

ဥပမာ မြင်​အောင်​ပြောပြရရင် စာ​ရေးသူက ရန်ကုန်က ABC logistic company နဲ့ တရုတ်က ပစ္စည်း​​တွေမှာပြီးတင်သွင်းတယ် container တစ်လုံးမပြည့်ဘူး ကုန်သည် ၅​ယောက်​ပေါင်းမှ container တစ်လုံးပြည့်တယ်ဆိုရင် သင်္ဘောလိုင်းကForwarder logistic company ဆီကို MBL ၁ စောင် ပဲ ထုတ်ပေးပါတယ်ကွန်တိန်နာ တစ်လုံးစာအတွက်ဖြစ်ပြီးForwarder ကတော့ ကုန်သည် ၅ ဦးစီကို HBL ၅ စောင် ခွဲထုတ်ပေးပါတယ်တစ်ဦးချင်းစီရဲ့ ကုန်ပစ္စည်းအတွက်ဖြစ်ပါတယ်။ပစ္စည်းဆိပ်ကမ်းရောက်ချိန် သင်္ဘောရန်ကုန်ရောက်တဲ့အခါ Forwarder ဆီက Arrival Noticeပစ္စည်းရောက်ကြောင်းအကြောင်းကြားစာရောက်လာပါမယ် အဲ့ကြရင်စာ​ရေးသူက Forwarder ABC Logistics ရုံးသို့ သွားပြီး စာ​ရေးသူလက်ထဲက HBL (Original) ကို Forwarder ဆီ အပ်ရပါတယ် Forwarder က ဝန်ဆောင်ခတွေ Freight & Local Chargesကို တွက်ချက်ပြီးပြေစာပေးပါမယ် Forwarder (ABC Logistics) ဟာ စာ​ရေးသူဆီက HBL ကို သိမ်းပြီးတဲ့နောက် သူတို့လက်ထဲမှာရှိတဲ့ MBL Master B/Lကို ကိုင်ပြီး သင်္ဘောလိုင်း Maerskရုံးကို သွားပါတယ် Forwarder က Maersk ဆီမှာ သင်္ဘောခတွေပေးချေပြီး D/O (Delivery Order) ကို သွားထုတ်ပါတယ်ပြီးရင် Port Fees နဲ့ Customs Clearance လုပ်ပြီးရင် ဆိပ်ကမ်းမှာ ပစ္စည်းထုပ်မှာဖြစ်ပါတယ်။

Bill of Lading မှာ တခြားStraight Bill of Ladingဆိုတဲ့သတ်မှတ်ထားသော ကုန်လက်ခံသူ (Consignee) တစ်ဦးတည်းသာ ထုတ်ယူခွင့်ရှိပြီး တဆင့်ပြန်လည်ရောင်းချ၍ မရသော အမျိုးအစားနဲ့ Order Bill of Ladingဆိုတဲ့ကုန်ပစ္စည်းကို တဆင့်ပြန်လည်ရောင်းချနိုင်ရန် Negotiable ပြုလုပ်နိုင်​​သောအမျိုးအစား​တွေရှိပါ​သေးတယ်။

အားလုံးကို ​ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

Photos from Dip IFR's post 03/05/2026

Projectများအတွက် Investment and Financial Feasibility Calculation

Water treatment plant projectလေး ဆောက်ဖို့အတွက် project ၂ ခုရထားတာကို နမှုနာအနေနဲ့တွက်ချက်ပြီး တစ်ခုကိုရွေးတဲ့ပုံလေး နမှုနာတွက်ပြမှု
Water treatment plant ဆောက်တယ်ဆိုတာက ရေမကောင်းတဲ့နေရာတွေမှာ မြစ်ရေကိုပဲ စက်ရုံနဲ့ သန့်စင်ကာ လူတွေသုံးလို့ရအောင် ပြန်လည်ဖြန့်ဖြူးပေးတာဖြစ်ပါတယ်။ဒီမှာ project ၂ခုရှိမှာဖြစ်ပါတယ်။

(၁)ပထမ project ကတော့ ဒလမှာ BOT စနစ်နဲ့လုပ်မယ့် water treatment plant project ဖြစ်ပါတယ်။ဒီproject ကို ရင်းနှီးငွေ သိန်းပေါင်း40,000ks ဖြင့် ရင်နှီးရပြီး plant စက်ရုံအတွက် သိန်းပေါင်း30,000ksဖြစ်ပြီး ရေဖြန့်ဖြူးရေးအတွက် သိန်းပေါင်း10,000ksကို အသုံးပြုမှာဖြစ်ပါတယ်။ဒီproject ကို တည်ဆောက်ပြီး အချိန်၁၀နှစ် အတွက်ရတဲ့ အခွန်တွေကို ရင်းနှီးသူကရရှိမှာဖြစ်ပြီး ဒီproject ကနေ အိမ်ခြေ30,000ကို ရေပေးနိုင်မှာဖြစ်ပြီး တစ်အိမ်ကို 2,000ks ရရှိကာ တစ်လကို ရေဖိုးအခွန်း သိန်း600 ရရှိပြီး တစ်နှစ်ကို သိန်း7,200ရရှိမှာဖြစ်ပါတယ်။Operation လုပ်ပြီး ၁၀နှစ်ကြာတဲ့အခါ အစိုးရကို လွှဲပေးရမှာဖြစ်ပါတယ်။နောက် project တစ်ခုက

(၂)ဒုတိယ project ကတော့ ရန်ကုန်မြို့သစ်နေရာနားမှာရှိပြီး ဒီproject လည်း BOT စနစ်နဲ့ လုပ်ရမှာဖြစ်ကာ တည်ဆောက်ဖို့အတွက် သိန်းပေါင်း65,000ks ကုန်ကျမှာဖြစ်ကာ စက်ရုံအတွက် သိန်းပေါင်50,000ks နဲ့ ရေဖြန့်ဖြူးရေးအတွက် သိန်းပေါင်း15,000ks ကုန်ကျမှာဖြစ်ပါတယ်။တည်ဆောက်ပြီးအချိန် ၁၂နှစ်ရဲ့ ရေဖိုးအခွန်တွေကို ရမှာဖြစ်ပြီး ဒီprojectကနေ အိမ်ခြေ40,000 ကိုရေပေးနိုင်ပြီး တစ်အိမ် 2,000ksကို ရေဖိုးရကာ တစ်လသိန်း800ရပြီး တစ်နှစ် သိန်း9,600 ရရှိမှာဖြစ်ပါတယ်။

လုပ်ငန်းအနေနဲ့ ငွေအရင်အနှီးက အကန့်အသက်ရှိသောကြောင့် ဒီprject ၂ခုထဲ က တစ်ခုကိုပဲရွေးခြယ်ရမှာဖြစ်ပါတယ်။ဒီလိုရွေးချယ်တဲ့အခါ ROI, ARR ,NPV,DNPV ,Payback period ,Discount Payback period,IRR စတာတွေနဲ့ တွက်ချက်ပြီး ဘယ်ဟာလုပ်သင့်လဲကို ရွေးခြယ်မှာဖြစ်ပါတယ်။
-
အပေါ်ကပုံမှာဆိုရင် ဇယား၂ ခုရှိပါတယ် Dala project နဲ့ New City projectတို့ဖြစ်ပါတယ်။Dala project ကစစချင်း သိန်းပေါင်း40,000 ရင်းနှီးထားပြီး နှစ်အလိုက် သိန်းပေါင်း7,200ဝင်ငွေရကာ ၁၀နှစ်အတွက် သိန်းပေါင်း72,000ရရှိမှာဖြစ်ပါတယ်။

New City projectမှာဆိုရင် သိန်းပေါင်း65,000ရင်းထားရပြီး နှစ်အလိုက် သိန်းပေါင်း9,600 ဝင်ကာ ၁၂နှစ်စာအတွက် သိန်းပေါင်း115,200 ရရှိမှာဖြစ်ပါတယ်။
-
Retrun On Investment ROI နဲ့ Accounting Rate of Return ARR calculation

အပေါ်ကပုံမှာ ROI ကို စပြီးတွက်ပါမယ် ROI ဟာ စုစုပေါင်း နှစ်တွေအကုန်ပေါင်းထားတဲ့ total income ထဲက စစချင်းရှင်းနှီးငွေကို နုတ်ကာ စစချင်းရင်းနှီးငွေရဲ့ ဘယ်လောက်% မြတ်လည်းဆိုတာကို တွက်ချက်ခြင်းဖြစ်ပါတယ်။
Dala project အတွက် ROI ကိုတွက်ရင် ၁၀နှစ်စာဝင်ငွေက သိန်းပေါင်း72,000ရထားတဲ့ထဲက စစချင်းရင်းနှီးငွေသိန်းပေါင်း40,000 ကိုနုတ်ပြီး သိန်းပေါင်း32,000 မြတ်ထားပါတယ် ဒါကို စစချင်းရင်းနှီးငွေ သိန်း40,000နဲ့ စားရင် ROI 80% ဖြစ်ပြီး 100ရင်းရင် 80မြတ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။New City အတွက် ROI ကတော့ 77.2%ဖြစ်ပါတယ်။

ARR ကတော့ နှစ်အလိုက်ဝင်ငွေတွေကို ပေါင်းပြီး နှစ်အရေအတွက်နဲ့စားကာ တစ်လစာaverage income ကိုတည်ပြီး စစချင်းရင်းနှီးငွေနဲ့ စားခြင်းဖြစ်ပါတယ်။Dala project အတွက် 72,000ကို ၁၀နဲ့စားတာကြောင့် 7,200ရပြီး စစချင်းရင်နှီးငွေ သိန်း40,000နဲ့စားရင် 18% ARR ရမှာဖြစ်ပါတယ်။New city အတွက် ARR က14.8%ဖြစ်ပါတယ်။
-
Net Present Value calculation

Project ၂ ခုလုံးရဲ့ ဝင်ငွေတွေကို ငွေတန်ဖိုးချပြီး စစရင်းထားတဲ့ငွေကို နုတ်ပြီး ဘယ်လောက်မြတ်လဲ NPVကို တွက်မှာဖြစ်ပါတယ် ဒီနေရာမှာ Discount rateကို inflation နဲ့ ဘဏ်တိုးကို ချိန်ကာ 7% နဲ့ထားပြီးတွက်မှာဖြစ်ပါတယ်။
Dala project မှာ ရတဲ့ဝင်ငွေတွေကို နှစ်အလိုက် 7% discount rate နဲ့ ဇယားမှာရှိတဲ့ နှစ်အလိုက်တန်ဖိုးတွေနဲ့ မြှောက်ရမှာဖြစ်ပါတယ် ဇယားကို စာအုပ်ရဲ့နောက်ဆုံးမှာကြည့်လို့ရပါတယ် ပြီးရင် ရတဲ့တန်းဖိုးတွေကို ပေါင်းတာ တန်ဖိုးလျော့ပြီး ၁၀နှစ်စာ သိန်းပေါင်း50,567 ဝင်ပြီး စစချင်းနှီးငွေ သိန်းပေါင်း40,000 နုတ်တဲ့အခါ NPV က သိန်းပေါင်း10,567မြတ်နေပါတယ်။New city projectမှာဆိုရင် NPVက သိန်းပေါင်း11,244ဖြစ်ပါတယ်။
-
Payback Period Calculation

ဘယ်နှနှစ်နဲ့ ရတဲ့ ဝင်ငွေဟာ စစရင်းနှီးငွေကို ပြန်ရလဲဆိုတာ တွက်ချက်ခြင်းဖြစ်ပါတယ်။Dala projectမှာဆိုရင် စစရင်းနှီးငွေ သိန်း40,000ကိုတည်ပြီး နှစ်အလိုက်ဝင်ငွေ7,200 နဲ့စားတဲ့အခါ payback period က ၅နှစ်နဲ့ ၇လဖြစ်ပါတယ်။New City project မှာဆိုရင် စစရင်းနှီးငွေ သိန်း65,000 ကို နှစ်အလိုက်ဝင်ငွေ သိန်း9,600နဲ့စားရင် Payback periodက ၆နှစ်နဲ့ ၉လဖြစ်ပါတယ်။ဒီမှာ နှစ်အလိုက်ဝင်ငွေတွေက တူတူပဲမို့လို့ ဒီလိုစားလို့ရတာပါ မတူရင် တစ်နှစ်ချင်းစီးပေါင်းပေးပြီး စစချင်ရင်းနှီးငွေနဲ့ ညီတဲ့နှစ်ကို payback periodအဖြစ် သက်မှတ်ရမှာဖြစ်ပါတယ်။

-

Discount Payback Period calculation

Discount payback period ကတော့ နှစ်အလိုက် ဝင်ငွေတွေကို discount rate နဲ့ တန်ဖိုးလျော့ပြီး ဘယ်နှစ်ကြရင် paybackရမလဲတွက်ချက်ခြင်းဖြစ်ပါတယ် ပုံမှာ NPVတွက်တဲ့ဟာကိုပဲ ပထမနှစ်ကနေပြီး နှစ်အလိုက်ပေါင်းသွားပါ Dala projectမှာဆိုရင် ၈နှစ်မြောက်မှာ သိန်းပေါင်း42,992 ရနေပါတယ် စစချင်းရင်းနှီးငွေးမှာ သိန်း40,000ဖြစ်တာကြောင့်discount payback periodက ၇ နှစ် နဲ့ ၆လဖြစ်ပါတယ်။New city projectမှာလည်းဒီလိုပါပဲ discount payback periodက ၉နှစ်နဲ့ ၆လဖြစ်ပါတယ်။

-

Internal Rate of Return IRR calculation

IRR ကိုတွက်တဲ့အခါ NPV + အပေါင်းထွက်အောင် တစ်ခါတွက်ရမယ် ပြီးရင် NPV - အနုတ်ထွက်အောင် တစ်ခါတွက်ရမှာဖြစ်ပါတယ် ဒီ projectမှာ Discount rate 7% နဲ့ 15% နဲ့တွက်ထားပါတယ် ဒါကပုံသေထားတွက်ရမယ့် %မဟုတ်ပါဘူး ကိုယ့်projectအပေါ်မှုတည်ပြီး +အပေါင်းထွက်ချင်ရင် %ကို လျော့တွက်ရပြီး - အနုတ်ထွက်ချင်ရင် %ကိုတိုးပြီးတွက်ရမှာဖြစ်ပါတယ်။
Dala projectမှာဆိုရင် discount rateကို 7% တွက်ရင် NPV က +10,567ထွက်ပြီး 15%နဲ့တွက်ရင် NPVက -3,865ရပါတယ်။Discount rateတွေကို %အလိုက် ဇယားမှာကြည့်ရမှာဖြစ်ပါတယ် ဇယားကို စာအုပ်ရဲ့နောက်ဆုံးမှာလည်းကြည့်လို့ရပါတယ်။ပြီးရင် IRR ကိုတွက်တဲ့အခါ IRRက 12.856%ရမှာဖြစ်ပါတယ်။

New City projectမှာလည်း discount rateကို 7% နှင့် 15%ထားပြီး အပေါင်းအနုတ်ရအောင်တွက်ပြီး IRR နည်းအရတွက်တဲ့အခါ IRRက 10.6%ရပါတယ်။

-

နောက်ဆုံး investment decisionတွေကို financialအရအခြေခံပြီး ချတော့မယ်ဆိုရင် ခုနကတွက်ထားတဲ့ဟာတွေကို project ၂ခု ကိုယှဥ်ကြည့်ပါ။ဒီမှာ ROI ကလည် Dalaက 2.8%ပိုကောင်းတယ်၊ ARR က 3.2%ပိုများတယ် NPVကြတော့ သိန်း677 နည်းသွားတယ်။Payback periodကြည့်ရင်လည်း Dala projectက တစ်နှစ် ၂လ ပိုနည်းတယ် ၊Discount paybackဆိုရင် ၂နှစ်ထိကို ပိုနည်းတာတွေ့ရပါတယ်။IRR ကများတာကောင်းပါတယ် ဒါကြောင့် Dala projectက 2.256% ပိုပြီးများပြီး အားလုံးခြုံကြည့်ရင် Dala projectကပိုကောင်းနေတာကို တွေ့ရလို့ သူ့ကိုပဲ ရွေးချယ်လုပ်ကိုင်မှာဖြစ်ပါတယ်။ဒါဟာ financeအပေါ်ပဲ အခြေခံစဥ်းစားတာပါ တခြားအရာတွေပါထပ်ပြီး စဥ်းစားရင် ကိုယ်မှာတခြားမဟာဗျူဟာရှိတယ် ဥပမာ မြို့သစ်ဘက်က တခြားprojectတွေကိုလည်း လိုက်မယ်နောက်ကြရင် ဒီမှာ project လုပ်ဖူးထားရင် တခြားဟာတွေရဖို့ ပိုပြီးဖြစ်နိုင်တာမျိုးတွေမျိုးဆိုရင် စဥ်းစားပုံကတမျိုးပြောင်းလဲသွားနိုင်မှာ ဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

20/04/2026

💥💥💥 Trial Balance မကိုက်တဲ့အခါ
ခေါင်းကိုက်နေရပြီလား???

🤫📊 စိတ်မပူပါနဲ့....

🔎✨ အောက်မှာဖော်ပြထားတဲ့
အမှားနှစ်ခုဟာ
အဖြစ်အများဆုံးဖြစ်ပြီး၊
'9' ရဲ့ မှော်စွမ်းအင်နဲ့
ပထမဦးဆုံး စစ်​​ကြည့်လိုက်ပါ!!!
===============================
1️⃣ Error of Transposition
(စာရင်းသွင်းရာမှာ ဂဏန်းနေရာလွဲခြင်း)



*Correct Amount - $12,345
*Error - $12,435
*Difference - $90

(Difference $90 ကို
၉ နဲ့စားရင် ပြတ်ပါတယ်...)

📌📌📌 မည်သည့် Error of Transposition မဆို
Difference ကို ၉ နဲ့ စားရင် ပြတ်ပါတယ်...
အပေါ်က Example 1 ကို
ကြိုက်ရာ ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး
စမ်းသပ်ကြည့်နိုင်ပါတယ်ခင်ဗျ....
==========================
2️⃣ Slide Error (or) Error of Transplacement
(သုညတစ်လုံး ပိုသွားခြင်း သို့မဟုတ် ကျန်ခဲ့ခြင်း)


*Correct Amount - $50
*Error - $500 (သုညတစ်လုံး ပိုထည့်လိုက်မိ)
*Difference - $450

(Difference $450 ကို
၉ နဲ့စားရင် ပြတ်ပါတယ်...)


*Correct Amount - $60,000
*Error - $6,000 (သုညတစ်လုံး ကျန်ခဲ့)
*Difference - $54,000

(Difference $54,000 ကို
၉ နဲ့စားရင် ပြတ်ပါတယ်...)

📌📌📌 မည်သည့် Slide Error (or)
Error of Transplancement မဆို
Difference ကို ၉ နဲ့ စားရင် ပြတ်ပါတယ်...
အပေါ်က Example 2 နဲ့ 3 ကိုလည်း
ကြိုက်ရာ ကိန်းဂဏန်းတွေနဲ့ အစားထိုးပြီး
စမ်းသပ်ကြည့်နိုင်ပါတယ်ခင်ဗျ....
==========================
Cheers,
All My Friends (*)
🥰🥰🥰

Want your public figure to be the top-listed Public Figure in Kamayut?
Click here to claim your Sponsored Listing.

Category

Website

Address

Hledan
Kamayut
111111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00