Myanmar Web Media
25/10/2022
ဖရူဆိုမြိုတိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ဝံပုလွေပျောက်ကျားတပ်ဖွဲဝင်တစ်ဦး သေဆုံး
ကယားပြည်နယ်၊ အောက်တိုဘာ ၂၅
ကယားပြည်နယ်၊ ဖရူဆိုမြိုအတွင်း အောက်တိုဘာလ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် ဝံပုလွေ ပျောက်ကျားတပ်ဖွဲဝင်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖရူဆိုမြိုမရဲစခန်းရှိ လုံခြုံရေးတပ်ဖွဲနှင့် ထီးကလူဒေါကျေးရွာမှာ အင်အား ၃၀ ကျော် တပ်စွဲထားသည့် လုံခြုံရေးတပ်ဖွဲဝင်များကို အောက်တိုဘာလ ၂၂ ရက်နေ့ ညနေပိုင်းတွင် KNDF ပူးပေါင်းတပ်ဖွဲများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ တစ်နာရီကြာ ဖြစ်ပွားခဲ့ပြီး၊ လုံခြုံရေးတပ်ဖွဲဖက်မှ ပစ်ခတ်သည့် လက်နက် ကြီးထိမှန်မှုကြောင့် ပူးပေါင်းတပ်ဖွဲထဲက ဝံပုလွေပျောက်ကျားတပ်ဖွဲမှ အသက်၂၀ ဝန်းကျင်ရှိ မောင်ဂွန်ပေါလ် (ခ)ခန့်မင်းလွင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး၊ သေဆုံးသူ၏ ဈာပနကို ယမန်နေ့က ပြုလုပ်ကြောင်း သိရသည်။
ဖရူဆိုမြိုမရဲစခန်းရှိ လုံခြုံရေးတပ်ဖွဲနှင့် ထီးကလူဒေါကျေးရွာရှိ လုံခြုံရေးတပ်ဖွဲဝင်များအား KNDF B (15)၊ B (04)၊ ကရင်နီတပ်မတော် KA နှင့် ဝံပုလွေပျောက်ကျားတပ်ဖွဲတိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း လုံခြုံရေးတပ်ဖွဲဝင်များ ခုခံမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကရင်နီအဖွဲများ ပြန်လည်စုတ်ခွာသွား ကြောင်း သိရသည်။
26/09/2022
ဘဏ် ၉ ဘဏ်ကို ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တိုက်ဖျက်ရေး စံသတ်မှတ်ချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ဟု ဗဟိုဘဏ်ပြော
- Onsite စစ်ဆေးခဲ့သည့် ဘဏ်အမည်စာရင်း ထုတ်ဖော်ပြောကြားခြင်းမရှိ
ရန်ကုန်၊ စက်တင်ဘာ ၂၆
ပုဂ္ဂလိကပိုင် ဘဏ် ၉ ဘဏ်ကို ကမ္ဘာလုံးဆိုင်ရာ ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force-FATF) ရဲ့ အကြံပြုချက်ပါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တိုက်ဖျက်ရေး (AML/CFT) ဆိုင်ရာ စံသတ်မှတ်ချက်တွေကို လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။
‘‘FATF ရဲ့ အကြံပြုချက်ပါ AML/CFT ဆိုင်ရာ စံသတ်မှတ်ချက်များအရ လိုက်နာမှုရှိ/မရှိ ပုံမှန်ကြီးကြပ်စစ်ဆေးခြင်းပဲ ဖြစ်ပါတယ်။ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိပါဘူး’’လို့ ယင်းက တုံ့ပြန်ပြောဆိုပါတယ်။
ငွေကြေးမသမာမှု လုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံအနေနဲ့ FATF ရဲ့ အမည်ပျက်စာရင်းသွင်းခြင်း ခံရဖွယ်ရှိနေပြီး လုပ်ဆောင်ချက် အသက်ဝင်ပါက စီးပွားရေးအပေါ် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာနိုင်ချေရှိတယ်လို့ အကဲခတ်တွေက ပြောဆိုပါတယ်။
ဒီလို ပြောဆိုမှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ဗဟိုဘဏ်အနေနဲ့ FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေး လိုက်နာဆောင်ရွက်ရမယ့် Action Plan ပါ အချက်တွေထဲက ဘဏ်တွေရဲ့ ဆုံးရှုံးနိုင်ချေ မြင့်မားတဲ့ အပိုင်းတွေ အပါအဝင် Onsite နဲ့ Offsite စစ်ဆေးခြင်းကို အချိန်မီ ဆောင်ရွက်ခဲ့တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောဆိုခဲ့ပါတယ်။
အကြမ်းဖက်မှုနှင့် လက်နက်ဝယ်ယူမှုများကို ထောက်ပံ့မှုများနဲ့ ပတ်သက်လို့ ဘဏ်တွေကို လိုက်လံစစ်ဆေးလျက်ရှိရာ လက်ရှိမှာ ဘဏ် ၉ ဘဏ်အား စစ်ဆေးပြီးဖြစ်ကြောင်း ပြောကြားခဲ့ပေမယ့် Onsite သွားရောက်စစ်ဆေးခဲ့တဲ့ ဘဏ် ၉ ဘဏ်ရဲ့ အမည်စာရင်းကို ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပေ။
‘‘ဘဏ်နဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများရဲ့ လူအများအပြား သေကြေစေသော လက်နက်များ ပြန့်ပွားမှုကို ငွေကြေးထောက်ပံ့မှုနဲ့ စပ်လျဉ်းပြီးတော့ ပစ်မှတ်ထားတဲ့ ငွေကြေးဆိုင်ရာ အရေးယူမှုများ လိုက်နာမှုရှိ/မရှိ Onsite စစ်ဆေးရန်ဆိုတဲ့ အချက်ပါရှိတဲ့ အတွက်ကြောင့်မို့လို့ ဘဏ်များကို သွားရောက်စစ်ဆေးရခြင်း ဖြစ်ပါတယ်’’လို့ ဦးအောင်အောင်က ဆိုပါတယ်။
ပြည်ပငွေလွှဲကုမ္ပဏီတွေကိုလည်း မကြာမီ သွားရောက်စစ်ဆေးဖို့ရှိတယ်လို့ ပြောကြားထားပြီး ဗဟိုဘဏ်အနေနဲ့ FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေးအတွက် အရေးပေါ်ဆောင်ရွက်နေပြီး ပြည်ထဲရေးအပါအဝင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းဆောင်ဆောင်ရွက်နေကြောင်း သိရှိရပါတယ်။