SMN

SMN

Share

Photos from SMN's post 24/06/2026

AI သုံးပြီး Dashboard App (ကွန်ပျူတာသုံး ဆော့ဝဲလ်) ကို ဖန်တီးထားတာပါ။ trial အတွက် အောက်မှာ download လုပ်ဖို့ link , user name , password ရှိပါတယ်။ Trial ဖြစ်တဲ့အတွက် row 500 အထိပါတဲ့ data တွေပဲ သုံးလို့ရမယ်။ Full version ဆိုရင် row 50000 လောက်ထိ သေချာ သုံးလို့ရနိုင်မှာပါ။

Data Analysis လုပ်ရတဲ့အချိန် လျော့စေဖို့ -
Data တွေကို Template ထဲ ထည့်ပြီး Import သွင်းလိုက်ရုံနဲ့ လိုအပ်တဲ့ Analysis တွေ အလိုအလျောက် ထွက်လာအောင် ဖန်တီးထားတယ်။

Report တွေကို အချိန်မီ ပြင်ဆင်နိုင်ဖို့ -
အဆင်သင့် တွက်ချက်ထားတဲ့ အချက်အလက်တွေအပြင် ကိုယ်တင်ပြချင်တဲ့ အချက်အလက်တွေပါတဲ့ Page တွေကို PDF အဖြစ် တိုက်ရိုက် Download လုပ်ယူနိုင်ပါတယ်။

အရောင်းအခြေအနေတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နိုင်ဖို့ -
SKU အလိုက်၊ Customer အလိုက် အရောင်းအခြေအနေတွေကို ကာလအလိုက် တွက်ချက်ပြီး နှိုင်းယှဉ်ပြသပေးထားပါတယ်။ Effective မဖြစ်တာ ဘယ် customer တွေဆိုတာ သိဖို့ ဖော်ပြထားတယ်။

Dashboard App ကို trial သုံးလို့ရအောင် မျှဝေပေးတာပါ။

User : admin
Password : admin123
https://drive.google.com/file/d/1IoXns5UmagYOCwejcMoIeefSflR-FyUK/view?usp=sharing

Photos from SMN's post 06/05/2026

‎Warehouse Management Web App ကို Gemini AI နဲ့ ကိုယ်တိုင်ရေးကြမလား?
‎ယနေ့ခေတ် Warehouse Management ဆိုတာ Excel နဲ့ Manual မကပဲ
‎Smart, Fast & Scalable Web App တွေလိုအပ်လာပါပြီ။

‎သင် VS Code ကိုအသုံးပြုတတ်ပြီလား?
‎ဒါဆိုရင် Gemini AI ကိုတွဲသုံးပြီး Own Warehouse Management Web App ကို ကိုယ်တိုင်တည်ဆောက်နိုင်ပါတယ်။
‎Gemini AI + Visual Studio Code = Powerful Development
‎Visual Studio Code ထဲမှာ Gemini AI ကိုသုံးရုံနဲ့—
‎✅ Inventory CRUD Logic ကို auto-generate လုပ်နိုင်တယ်။
‎✅ Database structure / API design ကို assist ပေးနိုင်
‎✅ UI flow & validation logic ကို suggestion ပေးနိုင်
‎✅ Time-saving

‎Warehouse Management Web App မှာ ဘာတွေပါတာကောင်းလဲ?
‎📦 Stock In / Stock Out Management
‎📊 Real-time Inventory View
‎🔔 Low Stock Alert System
‎👥 User Role & Permission Control
‎📈 Reports & Dashboard
‎Gemini AI က ဒီ feature တွေရဲ့ backend logic ကို
‎step-by-step guide + code suggestion နဲ့ကူညီပေးပါတယ်။

‎ဒီနေ့ Warehouse Management မှာ
‎📦 Stock ရေတွက်နေရုံမလုံလောက်တော့ပါဘူး
‎📊 Data ကိုကြည့် → Analysis လုပ် → Decision ချနိုင်တဲ့ Dashboard လိုအပ်လာပါပြီ
‎👉 အဲ့ဒီ Dashboard ကို
‎Visual Studio Code + Gemini AI နဲ့
‎ကိုယ်တိုင်ရေးလို့ရတယ်ဆိုတာ သိလား?

‎Warehouse Report Dashboard မှာ ဘာတွေမြင်ရမလဲ?
‎🔹 Total Stock Overview
‎•Warehouse တစ်ခုလုံးရဲ့ Stock Status ကို ချက်ချင်းမြင်နိုင်တယ်။
‎🔹 Stock by Category (Chart View)
‎•Electronics / Apparel / Home Goods …
‎•ဘာ category က အများဆုံး occupy လုပ်နေလဲဆိုတာ သိနိုင်တယ်။
‎🔹 Reorder Alert Section
‎•Minimum level အောက်ကျလို့ Reorder လိုတဲ့ item တွေကို auto highlight
‎🔹 Monthly Movement / Sales Trend
‎•Stock in / Stock out trend
‎•Demand pattern ကိုခန့်မှန်းနိုင်တယ်။
‎👉 ဒီအရာအားလုံးကို Own Web App ထဲမှာ
‎ကိုယ့် Business Flow နဲ့အညီ customize လုပ်နိုင်ပါတယ်။

Photos from SMN's post 28/04/2026

Sales & Distribution အောင်မြင်ဖို့ Data Analysis မရှိမဖြစ် (Business Leaders များအတွက်)
Sales ရလာဒ်က အတွေ့အကြုံပဲ မူတည်လို့ မလုံလောက်တော့ပါ။
အောင်မြင်တဲ့ Business Owner, Sales Manager, Sales Supervisor တွေက
Data ကို မျက်နှာချင်းဆိုင်ကြည့်ပြီး ဆုံးဖြတ်ချက် ချနိုင်သူတွေ ဖြစ်နေပါပြီ။
✅ Sales & Distribution မှာ အသုံးချနိုင်တဲ့
✅ 4 Key Steps of Data Analysis
① Define – (Sales Question ကိုရှင်းလင်းစွာ သတ်မှတ်ပါ)
Business Owner / Sales Manager အတွက် အရေးကြီးဆုံးအဆင့်
မေးခွန်းမမှန်ရင် Data ကအကျိုးရှိလိမ့်မယ် မဟုတ်ပါ။
Sales & Distribution Example မေးခွန်းများ
•ဘယ် Product / SKU က အမြတ်အများဆုံး ထုတ်ပေးနေလဲ?
•ဘယ် Township / Route မှာ Sales drop ဖြစ်နေလဲ?
•Sales Rep ဘယ်သူတွေ Productivity နည်းနေလဲ?
•Distributor / Dealer ဘယ်သူက Stock turnover ကောင်းလဲ?
📌 Define ကောင်းရင် Strategy မှန်လာပါတယ်
② Collect – (Sales & Distribution Data ကို စုဆောင်းပါ)
Sales Supervisor အတွက် အလုပ်အကောင်းဆုံး အဆင့်
ဒီအဆင့်မှာ “ခံစားချက်” မပါပါဘူး — အချက်အလက်ပဲပါပါတယ်
Collection Data Examples
•Daily / Monthly Sales Volume
•Route-wise / Territory-wise Sales
•Distributor Stock, Order & Return Data
•Sales Rep Call, Invoice, Drop Size Data
•Promotion / Scheme Result Data
📌 အချက်အလက်မပြည့်စုံရင် ဆုံးဖြတ်ချက်မှားနိုင်ပါတယ်
③ Clean & Analyze – (Sales Data ကို စစ်ဆေး၊ ဆန်းစစ်ပါ)
Sales Manager တွေ အများဆုံး လွတ်သွားတဲ့ အဆင့်
•Duplicate Data ဖယ်ရှား
•Sales Report အတိအကျဖြစ်မဖြစ် စစ်ဆေး
•Trend, Pattern, Root Cause ရှာဖွေ
Sales & Distribution Analysis Examples
•Sales drop ဖြစ်တဲ့ Route ရဲ့ အကြောင်းရင်း
•Distributor performance နှိုင်းယှဉ်ခြင်း
•Product mix မမှန်တဲ့ Sales Rep များ
•Promotion မအောင်မြင်ရတဲ့ Channel များ
📌 Data ကို မဆန်းစစ်ရင် Report က ကိန်းဂဏန်းပဲ ဖြစ်နေပါမယ်
④ Interpret & Visualize – (Management ဆုံးဖြတ်ချက်ချနိုင်အောင် တင်ပြပါ)
Business Owner & Senior Management အတွက် အရေးကြီးဆုံးအဆင့်
•Chart
•Dashboard
•KPI Tracking
•Comparative Analysis
Visualize လုပ်လိုက်တဲ့အကျိုးကျေးဇူး
•problem ကို မြင်လွယ်
•meeting ဆုံးဖြတ်ချက်မြန်
•Sales team ကို Action-oriented ဖြစ်စေ
•Distribution strategy ပြန်ညှိနိုင်
📌 မမြင်ရတဲ့ Data က မလုပ်ဆောင်နိုင်ပါ
✅ Summary (Business Leader များအတွက် Key Message)
📌 Sales & Distribution ကို တိုးတက်စေမယ့် အချက် ၃ ချက်
1.Experience + Data မဖြစ်မနေတွဲသုံးပါ
2.Sales decision တိုင်းမှာ Data ကို အခြေခံပါ
3.KPI, Route, Distributor, Rep အားလုံးကို Measurement လုပ်ပါ

Data Analysis လုပ်တဲ့အခါ Power Query, Power Pivot, DAX function တွေကိုနားလည်ပြီး လုပ်တက်ရင် Excel နဲ့ Sales Report Dashboard ဖန်တီးနိုင်တယ်၊ dashboard မှာလည်း အချက်အလက်ကို ရှင်းလင်းစွာမြင်နိုင်တယ်။

Photos from SMN's post 02/04/2026
Photos from SMN's post 02/04/2026

365 ထဲက Online Excel မှာ Copilot ကို ဖိုင် ပေးစရာမလို့ပဲ ဖိုင်ကို ဖွင့်ထားပြီး တိုက်ရိုက် ညွှန်ကြားလို့ရတယ်။ကိုယ်လိုချင်တဲ့ ပုံစံ သူ့ ကို ညွှန်ကြားလို့ရသလို့ သူ့ရဲ့ suggestion နဲ့ လည်း လုပ်ခိုင်းလို့ရတယ်။ Summary report တို့ Chart တွေ Table တွေပါတဲ့ Dashboard တို့ကိုလည်း လုပ်ခိုင်းလို့ရတယ်။ သူက လုပ်ပေးပြီးရင် download link ပေးတယ် အဲ့ဒီက နေ download လုပ်ပြီးအသုံးပြုလို့ရနေပါပြီ
#

Photos from SMN's post 25/01/2026

Google Colab, Python မှာ AI ပါလာတယ်၊ ကိုယ်ဖြစ်စေချင်တဲ့ပုံစံတွေကိုလုပ်ခိုင်းလို့ရတယ်။ ကိုယ်တိုင် Code တွေ ရေးစရာမလိုတော့ဘူး။ sales data, date table, customer information, product information, Sales Team mapping စသည်ဖြင့် မိမိ အသုံးပြုမယ့် data တွေကို Google Drive ထဲမှာ ထည့်ရင်အဆင်ပြေတယ်၊ အရင်ဆုံး Google Drive desktop ကို‌ download အရင်လုပ်ပါ၊ မိမိ အသုံးပြုမည့် Google account နဲ့ချိတ်ဆက်ပါ။ အဲ့ဒါပြီးရင် download လုပ်တဲ့ computer 🖥️💻 မှာ ပေါ်လာပါလိမ့်မယ်။ အဲ့ဒီ Google Drive ထဲကို data ထည့်လိုက်ပါ chrome က drive ကိုဖွင့်ပြီး refresh လုပ်လိုက်ရင် Google Colab မှာပါ update ဖြစ်သွားစေဖို့ပါ။

Chrome မှာ Google Colab လို့ရေးပြီး Enter နှိပ်လိုက်ပါ။ အဲ့ဒီမှာ Welcome To Colab - Google ပေါ်လာရင် နှိပ်လိုက်ပါ။ ကျန်တဲ့အဆင့်တွေကို ပုံနဲ့ပြထားပါတယ်။ Python အနေနဲ့က ကိုယ်သုံးမည့် ဖိုင် အမည်ကိုတော့ တိကျစွာရေးပေးရတယ်။

ကျေးဇူးပါ

02/12/2025
Want your business to be the top-listed Computer & Electronics Service in Kamayut?
Click here to claim your Sponsored Listing.

Telephone

Website

Address

Kamayut
11041