MMP ICT Solutions
💙 2021 နှစ်သစ်မှာ ကျန်းမာ ပျော်ရွှင် ကြပါစေ...
ICT Solution
02/12/2020
🎯ကဲ ကျတော်တို့ MMP ICT Solutionမှာလဲ Computer ဆက်စပ်ပစ္စည်းများကို ဝယ်ယူအားပေးနိုင်ပါပြီ ခင်ဗျာ....
🎯Computer Services & Network Solution &CCTV Installation & ရုံးပိုင်း IT Maintenanceပိုင်းများကို ဈေးနှုန်းချိုသာစွာ ဆောင်ရွက်ပေးနေပါပြီခင်ဗျာ......
✓MMP ICT Solutions
📱09452000250
✓Thanks
01/11/2020
🎯အားလုံးပဲ မဂ်လာပါခင်ဗျာ...
✍️ ဒီနေ့မှာတော့ Topology နှစ်မျိုးမှာမှ Physical Topology ရဲ့ Type တွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျ....
📌Topology နှစ်မျိုး အကြောင်းကို အရင်ပိုစ့်တစ်ခုမှာ ပြောပြပေးထားတော့ Topologyဟာဘာတွေလဲ ဘယ်လိုပုံစံ လဲဆိုတာသိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်ဗျ....
🎯ကဲ...ဒီတော့ Physical Topology Typeတွေကိုဖော်ပြပြီးတော့ ဘယ်လိုပုံစံအလုပ်လုပ်လဲဆိုတာာ စလိုက်ကြမယ်...
📌Physical Topology Type
✓ Bus Topology
✓ Ring Topology
✓ Star Topology
✓ Mesh Topology
✓ Hybric Topology ဆိုပြီးရှိကြပါတယ်....
🎯Bus Topology
Bus Topologyဆိုတာ Network Cable အရှည်တတစ်ချောင်း ထဲမှာပဲ Devices အားလုံးကလာရောက်ချိတ်ဆက်ကြတာပါ(Cable အဆုံးမှာတော့ Termination လုပ်ထားပါတယ်).....ဒါပေမယ့် အဲ့ဒီ Cable ပြတ်တောက်မှုတစ်စုံတစ်ရာဖြစ်ခဲ့ရင်တော့ Network တစ်ခုလုံး Down သွားမှာပါဗျ.....
🎯Ring Topology
Ring Topology ဟာလဲ Cable တစ်ချောင်းကိုပဲ Device အားလုံးကလာရောက်ချိတ်ဆက်တာပဲဖြစ်ပါတယ်.(Bus Topologyနဲ့မတူညီတာက Ring Topologyမှာ နောက်ဆုံး Device နှစ်ခုကို Ring ပုံစံနဲ့ချိတ်ဆက်လိုက်တာပါ).....အဲ့ဒီ Cableပျက်သွားရင် Network ဟာလည်း Downသွားမှာပါခင်ဗျ ဒါပေမယ့် Redundancyကို ရချင်ရင်တော့ Dual Ringဖြစ်အောင် နောက်ထပ်Cableတစ်ချောင်း ထပ်ထည့်ပြီး ချိတ်ဆက်ရပါမယ်.......
🎯 Star Topology
Star Topology မှာဆိုရင် End Devices တွေက Central Deviceအဖြစ် ထားရှိမယ့် Device (e.g Switch) ဆီကိုNetwork Cable အသုံးပြုပြီး Star ပုံစံ လာရောက်ချိတ်ဆက်ကြမှာပဲဖြစ်ပါတယ်.....
အဲ့ဒီSwitchသာ Down ခဲ့ရင်တော့ ချိတ်ဆက်ထားတဲ့Userတွေ ပါNetwork Connection Downသွားမှာပါခင်ဗျ....ဒါပေမယ့် အဲ့ဒီSwitchရဲ့ portတခုပဲDownတာဆိုရင်တော့ အဲ့ဒီ portကို ချိတ်ဆက်ထားတဲ့ Computerပဲ Connection Downမှာပါ ကျန်တဲ့ Computerတွေတေတာ့ Connectionရနေမှာပါ...
ကိုလိုချင်တဲ့ Networkက ကြီးရင်တေတာ့Switch အရေအတွက်များလာမှာာပါ....
🎯Mesh Topology
Mesh Topologyမှာတော့....Full Meshနဲ့ Partial Mesh ဆိုပြီး နှစ်မျိုးရှိပါတယ်...
👉Full Mesh ဆိုတာကတော့ Down Time လုံးဝရှိလို့မရတဲ့ Network ပဲဖြစ်ပါတယ်..သူမှာတော့ Device တွေအားလုံး ပတ်ချိတ်ပေးရပါတယ်.....
👉Partial Mesh ကတော့ Deviceအားလုံးပတ်မချိတ်တော့ဘဲ လိုအပ်တာကိုပဲပတ်ချိတ်တာကိုဆိုလိုတာပါ.......
🎯Hybric Topology
Hybric Topology ဆိုတာကတော့ Topology
နှစ်ခု ဒါမှမဟုတ် နှစ်ခုအထက်ပိုချိတ်ဆက်ထားတာကိုဆိုလိုတာပါ...(e.g Star and Mesh နှစ်ခုချိတ်ဆက်တာမျိုးကိုဆိုလိုတာပါ)
ပုံတွေကိုတော့ အောက်မှာ👇👇👇ပြပေးထားပါတယ်...
ဒီလောက်ဆိုရင် Physical Topology Typeအတွေရဲ့ အလုပ်လုပ်ပုံကိုနားလည်လိမ့်မယ်လို့ထထင်ပါတယ်....
နောက်ပို့စ်တွေမှာ တွေ့ကြမယ်နော်
အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ....
✓ MMP ICT Solution
📱09452000250
28/10/2020
✏️အားလုံးပဲ မဂ်လာပါခင်ဗျ
ဒီနေ့မှာတော့ OSI Model တွေ ဘယ်လိုပေါ်ပေါက်လာသလဲ ဆိုတာ မျှဝေ ပေးသွားမှာပါ......
OSI Modelတွေ အကြောင်းဟာဆိုရင် Network ပိုင်းကို စတင်လေ့လာသူတွေ နဲ့ Interviewတွေမှာပါ အသုံးဝင်စေမှာပါဗျ.......နောက်တချက်က စာဖတ်သူတို့အတွက်ပါ ဗဟုသုတ ရရှိစေမှာဖြစ်ပါတယ်....
👉OSI Model ဘာကြောင့်သတ်မှတ်ခဲ့ကြသလဲဆိုတာစလိုက်ရအောင်ဗျာ.....
👉 ကျတော်တို့ OSI Modelတွေ စပြီးမသတ်မှတ်ခင်က Network Device တွေ ထုတ်လုပ်တဲ့ vendorတွေက ကိုယ်ပိုင် Solution၊ ကိုယ်ပိုင်မူတွေနဲ့ ထုတ်လုပ်ခဲ့ကြတယ်ပေါ့....အဲ့ဒီတော့ Vendor မတူ တဲ့Device တွေ ချိတ်ဆက်ကြတယ့်အခါ ပြသနာစလာပါတယ်။
📌ဒါကြောင့် Vendor မတူနဲ့ Network Deviceတွေချိတ်ဆက်ဖို့ အခက်အခဲတွေဖြစ်လာကြတယ်။
📌ဒီအခက်အခဲပြသနာတွေဖြေရှင်းဖို့အတွက် ISO ကနေ OSI Modelကို 1984 ခုနှစ်မှာ စဉ်းမျဉ်းတစ်ခု
စံစနစ် တခုအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
Hardware ထုတ်လုပ်မယ့် Vendorတွေအတွက်ရော Softwareထုတ်လုပ်မယ့် Developer အတွက်ပါ လိုက်နာရမယ့် စံတစ်ခုအနေနဲ့ Layerတွေခွဲပြီး OSI 7 Layer ကို သတ်မှတ်ခဲ့ကြပါတယ်။
👉ဒီလိုသတ်မှတ်ခဲ့လို့ ယနေ့ခေတ်မှာ Vendor မတူနဲ့ Deviceတွေ အတူတူ အလုပ်လုပ်နိုင်တာဖြစ်ပါတယ်.....
OSI 7 Layerရဲ့ Layerေတွေကြာင့်တခြားသူတွေကို Networkအကြောင်းရှင်းပြတဲ့ အခါ လွယ်ကူစေရုံသာမက Troubleshootလုပ်တဲ့အခါမှာလည်း လွယ်ကူစေပါတယ်....
📌နောက်ပိုင်းမှာတော့ OSI Modelတွေလိုပဲ Public Networking Model တခုကို Department Of Defense (DoD)ကနေ TCP/IP ဆိုတာကို publishလုပ်ခဲ့ပါတယ်။ TCP/IPကိုတော့ ယနေ့ခေတ် Computerမှာ မြင်တွေ့ရမှာပါ....
ဒါကတော့OSI Model ပေါ်ပေါက်လာပုံပဲဖြစ်ပါတယ်ခင်ဗျ.....
📌ဒီတော့ OSI 7Layer အကြောင်းကို တော့ နောက်ပို့စ်မှာ စောင့်မျှော်ဖတ်ရှုပေးကြပါခင်ဗျ.......
✓အားလုံးကို ကျေးဇူးတင်ပါတယ်...
✓MMP ICT Solution
📱09 452000250
21/10/2020
👉Computer အသုံးပြုသူတိုင်း ပါးစပ်ဖျားမှာ ”Computerလေးနေလား SSDစိုက်လိုက်"ဆိုတဲ့စကားလုံးခုချိန်မှာ အရမ်းကို ရေဖန်းစားလာပါပြီဗျ။
👉သင်လည်း နောက်ကျမကျန်ခဲ့ရအောင်အမြန်ဆုံးSSD ကို အသုံးပြုလိုက်ပါ။
👉ကျတော်တို့MMP ICT Solutions ကနေ လူကြီးမင်းတို့ Computer ပြဿနာများကို လူကြီးမင်းတို့စိတ်ကြိုက်ဖြေရှင်းပေးနေပါပြီခင်ဗျ။
👉ကိုဗစ် ကာလ WFH လုပ်ရင်းcomputerကြီး အဝိုင်းလည်နေလို့ စိတ်မညစ်ပါနဲ့တော့
MMP ICT Solutionကလူကြီးမင်းတို့အတွက် အသင့်ရှိနေပါပြီ။
👉အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ....
ICT Solution
Together
#09452000250
Click here to claim your Sponsored Listing.
Category
Website
Address
Kamayut