Cool Tech

Cool Tech

Share

Virtual Tutoring: Coding for Kids Webinar 27/04/2020

*Virtual Tutoring: Coding for Kids Webinar*

[Unicode]
COVID19 ကပ်ရောဂါ သက်ရောက်မှုကြောင့် ပြောင်းလဲခဲ့ရတဲ့ အခြေအနေအမျိုးမျိုးမှာ ပညာရေးစနစ် လဲ အပါအဝင် ဖြစ်ပါတယ်။ ကာလကြာရှည် ကျောင်းပိတ်ရမယ့် ကျောင်းသား၊ကျောင်းသူများအတွက် (အထူးသဖြင့် မူလတန်း၊အထက်တန်းအရွယ် ကလေးငယ်များအတွက်) ပူးပေါင်း ဆောင်ရွက် သင်ကြားနိုင်မယ့် နည်းလမ်းတွေကို နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးလာကြပါတယ်။

STEM နဲ့ ဆက်နွယ်နေတဲ့ Computer Science , Robotics အစရှိတဲ့ ဘာသာရပ်တွေအတွက် Online Learning သင်ကြားနိုင်တဲ့ နည်းစနစ်တွေကတော့ စတင်အသုံးပြုနေကြပီ ။ မြန်မာနိုင်ငံ က ကလေးငယ်တွေအတွက်လဲ အဆိုပါ သင်ကြားနည်းစနစ်တွေကို အထောက်အပံ့ပေးနိုင်ဖို့ Phandeeyar STEM Lab အနေနဲ့ Online Webinar တစ်ခု စီစဥ်ထားရှိပါတယ်။

“Virtual Tutoring:Coding for Kids” လို့ အမည်ပေးထားတဲ့ ဒီ Webinar က မေလ(၉)ရက် နှင့် (၁၀)ရက်နေ့ - ၂ ရက်တာအတွင်း တစ်ရက်လျှင် ၂ နာရီ - နံနက်(၉) နာရီ မှ (၁၁) နာရီ အတွင်း - ကလေးငယ်များကို အွန်လိုင်းပေါ်မှတဆင့် Programming/Coding များကို အခြေခံ မိတ်ဆက်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ အသက်(၁၂) နှစ်အောက် ကလေးငယ်များအနေနဲ့ တက်ရောက်မယ်ဆိုရင် အုပ်ထိန်းသူအနေနဲ့ Webinar တလျှောက်မှာ မဖြစ်မနေ ကူညီ ကြည့်ရှုပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါအပြင် တက်ရောက်ခွင့်ရသူ ကလေးငယ်များအနေနဲ့ Webinar အတွင်း လေ့ကျင့်ခန်းများကို Mentor နဲ့အတူ လေ့လာနိုင်ဖို့ ကွန်ပျူတာ နဲ့ အင်တာနက် မဖြစ်မနေ ရှိနေဖို့ လိုပါတယ်။

ဒါကြောင့် ဒီ webinar ကို စိတ်ဝင်စားခဲ့မယ်ဆိုရင် မိဘ အုပ်ထိန်းသူများအနေနဲ့ မိမိတို့ ကလေးငယ်များအတွက် အောက်ပါ Link အတိုင်း သွားရောက်ပီး Register ပြုလုပ်နိုင်ပါတယ်။
Register Link -> https://bit.ly/virtual-coding

ကလေးငယ်များအနေနဲ့ Webinar အတွင်း စနစ်တကျ၊အကျိုးရှိရှိ လေ့လာနိုင်စေရန်အတွက် အရေအတွက် (၂၀) ဦးသာလျှင် အများဆုံး လက်ခံနိုင်မှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းချိန် နှင့် webinar အတွက် လိုအပ်ချက်များပြည့်စုံမှု ရှိ/မရှိ အပေါ် ဦးစားပေးရွေးချယ်မှာ ဖြစ်တဲ့အတွက် အမြန်ဆုံး စာရင်းပေးသွင်းနိုင်ဖို့ တိုက်တွန်းချင်ပါတယ်။

Webinar တက်ရောက်ဖို့ ရွေးချယ်ခံရတဲ့ ကလေးငယ်များကို မေလ(၇) ရက်နေ့မှာ မိဘများရဲ့ email များမှတဆင့် ဆက်သွယ် အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ မရှင်းလင်းသည်များရှိပါက ဖုန်းနံပါတ် 09-897824502 သို့လည်းကောင်း ၊ [email protected] သို့ လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

မိမိပတ်ဝန်းကျင်မှာ သိပ္ပံ၊နည်းပညာ စိတ်ဝင်စားတဲ့ ကလေးငယ်များရှိမယ်ဆို လေ့လာသင်ယူနိုင်စေဖို့ တဆင့် မျှဝေပေးဖို့လဲ မမေ့နဲ့နော်

Virtual Tutoring: Coding for Kids Webinar Online Webinar Registration - May 9/10,2020 - 9:00 AM to 11:00 AM

20/04/2020
How to stream using vlc player 18/04/2020

How to stream using vlc player , , , VLC player သုံးပြီး မီဒီယာဖိုင်များကို streaming လုပ်ခြင်း

Want your business to be the top-listed Computer & Electronics Service in Insein?
Click here to claim your Sponsored Listing.

Telephone

Address

No. 27(B), B. E. P. S(49)St, Taung Thu Gone Qtr
Insein