TZL

TZL

Share

01/12/2020

အခန်း(၁၁) "Dispersion ဆိုတာဘာလဲ?" [Part-3]
************************************************

✍အခု Part-3 အ​နေနဲ့ Dispersion ​အ​ကြောင်း​လေးဆက်​ပြောရ​အောင်ဗျာ

💡(DWDM link ​တွေမှာ dispersion အ​ကြောင်း​ပြောတဲ့အခါ နားလည်သွား​အောင် ​ကြိုပြီး ရှင်းပြတာပါ ၊ ဒီ​ခေါင်းစဥ်က ခု​လောက် စာရှည်လာမယ် မထင်မိဘူး ၊ စ​ရေးမိပြီဆို​တော့... ဆုံးတဲ့အထိ ဆက်သွားကြတာ​ပေါ့ 😅)

✍MMF မှာ Inter-modal dispersion ဆိုတာဖြစ်တယ်ဆိုတာ Part-2 မှာသိခဲ့ပြီး ဖြစ်ပါတယ်

✍ဆို​တော့ DWDM ရဲ့ အဓိက အသက်​သွေး​ကြော SMF (Single Mode Fiber) မှာဆိုရင်​ရော? ...
.. ဟုတ်ကဲ့ 😁(ဘယ်သူ့မှ မ​မေးဘဲ ​ဖြေ​နေတာ😅) SMF မှာ ဖြစ်တဲ့ Dispersion ကိုကျ​တော့ "Intra-modal Dispersion" လို့​ခေါ်ပါတယ်ဗျ

✍သူရဲ့ အဓိပ္ပါယ်က - SMF ထဲမှာသွားမဲ့ အမျိုးမျိူး​သော မတူညီတဲ့ Wavlength ​တွေ (တနည်း) မတူညီတဲ့ ​ရောင်စဥ်အလင်း​တွေ ဟာ မတူညီတဲ့ speed နဲ့သွားတဲ့သ​ဘောကို ဆိုလိုပါတယ် ၊
(Different wavelength/ colors travel at different speed)

💡[ MMF မှာဖြစ်တဲ့ Inter-modal မှာက (different light paths , differeent modes travel at different speed) ဖြစ်ပါတယ် ]

✍တကယ်​တော့ အဲ့ SMF မှာဖြစ်တဲ့ Intra-modal dispersion ကို "Chromatic Dispersion" လို့ အများဆုံး​ခေါ်ကြပါတယ် ၊ scientific name ကကျ​တော့ "GVD: Group Velocity Dispersion" လို့ သုံးနှုန်းပါတယ်

(တချို့ Dispersion နဲ့ပက်သက်လို့ Detail ကျန်တာလေး​တွေ​တော့ ကြုံတဲ့အခါမှ ဆက်​​ပြောပြပါအုံးမယ်)

✍အနှစ်ချုပ်မယ်ဆိုရင် Dispersion ဆိုတာ fiber မှာ မလွဲမ​သွေ ကြုံတဲ့ ရူပ​ဗေဒ သ​ဘောတရားဖြစ်တယ် ၊ Dispersion ဖြစ်ရင် Pulse spreading ဖြစ်မယ် ၊ Pulse spreading (Time Domain နဲ့​ပြောမယ်ဆိုရင် ps (pico second) နဲ့ပြတယ်) ဖြစ်ရင် ISI (Intersymbol Interference) ဖြစ်မယ် (တစ်နည်းဆိုရရင်) Bit Error ဖြစ်​စေပါတယ် ၊ Bit Error ဖြစ်​တော့ ကျွန်​တော်တို့ရဲ့ Optical Communication Link ကြီးမှာ Data ​တွေ loss ဖြစ်တာ​ပေါ့ဗျာ

✍ဆို​တော့ ဟုတ်ပီ Dispersion က​တော့ ဖြစ်မှာဘဲ ၊ ဘယ်နည်းလဲသုံးပြီး ​အဲ့ Data Rate, Link Distance ကို ကန့်သတ်မှုဖြစ်​​စေတဲ့ ဒီ "Dispersion" ကို ဘယ်နည်းလဲ သုံးပြီး ​ဖြေရှင်းကြလဲဆိုတာ...?

ခရီးဆက်ပါအုံးမယ်ဗျာ...

🤔(တကယ်​တော့ Optical Communication ဆိုတာကြီးက ရူပ​ဗေဒနဲ့ သချာ်ကို အ​ခြေခံပြီး တွက်ချက်မှု​တွေလုပ် ၊ ပြသနာ​တွေ​​ဖြေရှင်း ၊ ​ကောင်းသထက်​ကောင်း​အောင် တွက်ထုတ်ယူ စမ်းသပ် စသဖြင့် အမ်မတန်မှ နက်နဲ ရှုပ်​ထွေးပါတယ်၊ ကျွန်​တော် နားလည်သ​လောက်ဆိုတာ user level ဘဲရှိပါတယ် ၊ physic နဲ့ maths ကို တကယ့်ကိုကျွမ်းကျင်တဲ့သူ​တွေဆို စိတ်ဝင်စားတယ်ဆိုရင် ခုထက်မက အဆများစွာ ​ပိုပြီးနက်နက်နဲနဲလေ့လာလို့ ကောင်းပါလိမ့်မယ်၊ ခုထက်မကလည်း ရှင်းပြ​ပေးနိုင်ပါလိမ့်မယ်)
(အဲ့​လောက်ထိ​တော့ ကျွန်​တော်​တော့ ဥာဏ်မမှီ​ပါဘူး 😅😅)

# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #
​ကျွန်​တော်​ရေးထားပြီးခဲ့သမျှ အခန်း​တွေကို ရှာရလွယ်​အောင် စုထားတဲ့ link
👉https://m.facebook.com/story.php?story_fbid=154910459401054&id=107334584158642
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

အဆင်​ပြေရင် ​ပြေသလို ခရီးဆက်ပါအုံးမယ်ဗျာ🙏

အဆုံးထိဖတ်ပေး ၊ လေ့လာပေးသည့်အတွက် ကျေးဇူးပါဗျာ ၊ COVID-19 ကဲ့သို့ ​ရောဂါကပ်ဆိုးမှလည်း ကင်း​​ဝေးနိုင်ကြပါ​စေ 🙏🙏🙏 ☺

( cmt ပေး၍ အကြံဉာဏ်ပေးနိုင် ၊ မေးနိုင် ၊ ဝေဖန်ထောက်ပြနိုင်ပါတယ် ခင်ဗျာ)

- From Internet

Long Learning👴👵
Knowledge is Power🌊
is perfect

Kaung San Hein

Dec1 ,2020

Want your business to be the top-listed Engineering Company in Insein?
Click here to claim your Sponsored Listing.

Telephone

Address

Warkhin Taung Street
Insein
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00