Kayin State Red Cross
13/05/2025
မြဝတီမြို့နယ်ကြက်ခြေနီမှ မီးလောင်မှုဖြစ်စဉ်တွင်သွားရောက်ကူညီဆာင်ရွက်
------------------------------
မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြေနီကုန်းကျေးရွာအုပ်စုတောင်ကလေးဘုန်းကြီးကျောင်းအရှေ့ ကားတာယာအရောင်းဆိုင်မှစတင်၍ (၁၀.၅.၂၀၂၅) ရက်နေ့ ညဦးပိုင်း(၇:၀၀) နာရီအချိန်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာမီးလောင်မှုသတင်းရသည်နှင့် တပြိုင်နက် မြဝတီမြို့နယ်ကြက်ခြေနီ အသင်းခွဲ၊ မြဝတီမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှအရေးပေါ်လူနာတင်ယာဉ် (၂)စီးဖြင့် မီးလောင်ရာနေရာသို့ရောက်ရှိခဲ့ပါသည်။
ထိုသို့ရောက်စဥ်ထိခိုက်ဒဏ်ရာရသူများကို ရှေးဦးပြုစုပေးခြင်း၊ မီးငြိမ်းသတ်ရာတွင်ပါဝင်ကူညီပေးခြင်းတို့ကိုကူညီေဆာင်ရွက်ရာ မီးခိုးမွန်ကာအောက်စီဂျင် လုံလောက်စွာမရရှိ၍ အသက်ရှူမဝဖြစ်သော လူနာတစ်ဦးအားထံမံရှေးဦးပြုစုပေးပြီ ကြက်ခြေနီအရေးပေါ်လူနာတင်ယာဉ်ဖြင့် မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ အချိန်မီပို့ဆောင်ပေးခဲ့ ကြောင်းသိရှိရပါသည်။
10/04/2025
ငလျင်ဘေးဒဏ်သင့်ဒေသများသို့ ကရင်ပြည်နယ်ကြက်ခြေနီစေတနာလုပ်အားရှင်များကသွားရောက်ကူညီဆောင်ရွက်ပေးလျက်ရှိ
======================================
လတ်တလောကြုံတွေ့နေရသည့်ငလျင်ဘေးဒဏ်သင့်ပြည်သူများထံသို့သွားရောက်ကူညီဆာင်ရွက်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြနီအသင်းဌာနချုပ်၏လမ်းညွန်မှုဖြင့်ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ မှ ကြီးကြပ်၍သက်ဆိုင်ရာခရိုင်၊မြို့နယ်များရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များအားအရေးပေါ်တုန့်ပြန်ရေးအဖွဲ့အဖြစ် ၃၁-၃-၂၀၂၅ ရက်နေ့တွင် စပြီး ပဲခူး နှင့်နေပြည်တော်သို့ ၁၀ဦး ၊ ၄-၄-၂၀၂၅ရက်နေ့တွင်မန္တလေး နှင့်နေပြည်တော်သို့ ရေနှင့်ဆိုင်ရာပတ်၀န်ကျင်သန့်ရှင်းရေးအဖွဲ့တွင်ပါ၀င်ကူညီရန် ၅ဦး ၊ ဆက်လက်ပြီး၅-၄-၂၀၂၅ရက်နေ့တွင် စိတ်ပိုင်းဆိုင်ရာ အားပေးကူညီ ရေးတွင်ပါ၀င်ဆာင်ရွက်ရန်မန္တလေးသို့ကြက်ခြေနီလူငယ် ၃ဦး စုစုပေါင်း၁၈ဦးတို့ကို စေလွတ်ခဲ့ပါသည်။ ယနေ့ချိန်ထိ တာ၀န်ကျသည့်နေရာအသီးသီးမှာလူမှုကရုဏာဆိုင်ရာလုပ်ငန်းများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
#
02/05/2023
ကရင်ပြည်နယ်တွင် ယာယီခိုလှုံရာစခန်းမှပြည်သူများအတွက် အလှူရှင်များပေးအပ်သော အစားအသောက်မုန့်နှင့် သောက်ရေ၊သုံးရေများအား ကြက်ခြေနီကသွားရောက်လှူဒါန်း
=============
ဖာပွန်၊ မေလ(၂)ရက်။
၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့က ကရင်ပြည်နယ်၊ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ ဘုရားကိုးဆူယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စု(၂၅)စုအတွက် ရပ်ရွာမှအလှူရှင်များက အစားအသောက်နှင့် ခေါက်ဆွဲခြောက်ထုပ်များ၊မုန့်များနှင့် သောက်ရေ၊သုံးရေများ ထောက်ပံ့လှူဒါန်းခဲ့ရာ ကြက်ခြေနီစေတနာလုပ်အားရှင်များက သွားရောက်လှူဒါန်းပေးခဲ့ကြပါသည်။
ကြက်ခြေနီစေတနာလုပ်အားရှင်များသည် မိမိတို့ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများကို အခြေခံမူ(၇)ချက်နှင့်အညီဆောင်ရွက်နေကြပြီး ရပ်ရွာလူထုအား လိုအပ်သည့်အကူအညီများပေးနိုင်ရန်အတွက် ကြိုးစားနေကြပါသည်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Hpa-an