Second Pyo
10/07/2023
🌻အခန်း-၁🌻
"မင်္ဂလာဦးညဆိုတာ လှလှပပ
ကျော့ကျော့မော့မော့လေးပြင်ပြီး
ယောင်္ကျားကိုစောင့်ရမှာလေ
မြေးမလေး ဘာလို့ခုထိအလှလဲမပြင်
ရေလည်းမချိုးသေးတာလည်း"
မင်္ဂလာဦးညဆိုတာကြီးကိုကြားကတည်းက
အသက်မျက်နှာလေးနီရဲကာ
ခေါင်းငုံ့ချလိုက်မိသည်။
လက်ထပ်ခြင်းဟုသော
ထိုအဖြစ်ပျက်နဲ့ ထိုအရာကြီးနဲ့ပက်သက်သမျှ
အရာအားလုံးကို အသက်ယုံလည်းမယုံနိုင်
သေးသလို ခုထိလက်ခံဖို့လည်းခဲယဥ်း
နေမိသေးတယ်...
"အဖွားကလည်း
မုန့်ဆီကြော်ကဘယ်နားနေမလဲမသိဘူး
နှုပ်ခမ်းဝနဲ့တေ့ပါ့မလားလုပ်နေတယ်
အသက်ကအလှပြင်ရင်ခဏပေါ့
ဟို အသက်နဲ့လက်ထက်ရမဲ့
ဦးလေးအောင်ဝင်းရဲ့သားကလာပြီမိုလို့လား"
"ဟဲ့ မိကြွက် ညည်းကဘာသိလို့တုန်း
ငါ့မြေးနဲ့ယူမဲ့လူကရိုးရိုးလူမှမဟုတ်တာ
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးက
အရာရှိကြီးဟဲ့...သိရဲ့လား
ညည်းလို လက်ယားလက်ယား
လျှောက်သွားလို့ရတာမဟုတ်ဘူး
အချိန်နဲ့အခါနဲ့လုပ်ရတာ...."
ဖွားဖွားကြီးက ပိတ်ငေါက်လိုက်၍
အသက်ရဲ့သူငယ်ချင်းမိကြွက်က
ဇာက်လေးပုကာလျှာလေးထုပ်ပြသည်။
အဲ့အတိုင်းပါပဲ...
ဖွားဖွားက နေသူရိန်ဆိုသော
လူနဲ့ပက်သက်ရင် အသက်ကိုတောင်
ချန်တာမဟုတ်ပေ.....
လာသမျှလူတိုင်းကိုလည်းသူ့မြေးသမက်က
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးက
အရာရှိကြီးဟု လိုက်ကြွားဝါရတာအမော...
"အသက် ဆံပင်တွေကိုဘာလို့ကျစ်စမီး
ကျစ်ထားတာလည်း ဖြန့်ချထားပါလား
ညည်းကဆံပင်တွေဖြန့်ချထားရင်
အရမ်းလှတာအေ့"
မျက်စိမှုန်နေပေမဲ့ အသက်ဆံပင်ကို
စမ်းကာစမ်းကာနဲ့ တဖွဖွပြောနေပြန်သည်။
အရိုးပေါ်အရည်တင်နေတဲ့ဖွားဖွားရဲ့
လက်နှစ်ဖက်ကိုအသက်အသာအယာလေး
ဆုပ်ကိုင်လိုက်ရင်း...
"ရပါတယ်ဖွားဖွားရဲ့ အသက်ပူလို့ပါ"
နူးညံ့ညှင်သာအသံလေးကဘယ်တော့မှ
ဒေါသမစွပ်ဖက်...
ဒေါ်မြကြည် သနပ်ခါးဝါဝါလေးနဲ့
ဆံပင်လူတရပ်လူတရပ်ဖြင့်လှပအေးချမ်း
လွန်းသောမြေးမလေးဖြစ်သူကိုကြည့်ကာ
ကျေနပ်စွာပြုံးလိုက်မိသည်။
သူမဘဝကဆင်းရဲ၍ ချစ်ရတဲ့မြေးမလေးကို
ဒီလို ဆင်းရဲသောအသိုင်းဝိုင်းကလူနဲ့ပဲ
ညားသွားမှာဖူးစာဆုံမှာကိုစိုးရိမ်နေမိတာ...
ဒါပေမဲ့ မထင်ရဘူး...
သမီးဖြစ်တဲ့မိုးကလျာက
သူ့သမီးလေး၏ဘဝကိုစိတ်ချလုံခြုံအောင်
မသေခင် သေချာစီမံသွားပေးတာပဲ....
"ဟင်...မေမေ့အမွှေးတိုင်လေးညိမ်းသွား
ပြီလားမသိဘူး ဖွားဖွား ခဏနော်"
အသက် ဒူးတုတ်လျှက်လေးထိုင်နေရာက
ကုန်းထလိုက်တော့ ပ်တုတ်တုတ်ကျစ်စမီးကြီးက
ခါးသိမ်သိမ်လေးမှာအိပဲ့အိပဲ့လှုပ်ခတ်သွားရကာ
ထမီကိုခြေမျက်စိဖုံးဝတ်တတ်သူလေးမို့
ကြမ်းခင်းကိုတချက်နင်းတိုင်း
ဂျွိခနဲအသံနဲ့အတူ ထမီခပ်သံတဖျက်ဖျက်က
ကပ်ပါလာခဲ့သည်။
အသက် ဘုရားခန်း၏ဘေးထောင့်မှာ
ဓာတ်ပုံလေးနှစ်ပုံအားယှဥ်လျှက်ချထားသော
ကုန်ဆုံးတော့မည်အမွှေးတိုင်ရှေ့
ဒူးတုတ်လျှက်လေးထိုင်ချလိုက်သည်။
တတောင်သာသာဓာတ်ပုံနှစ်ပုံအတွင်းမှာ
ပြုံးနေကြသောလူနှစ်ယောက်...
တယောက်ကအသက်၏မိခင်ဒေါ်မိုးကလျာ
ဖြစ်ကာ နောက်တစ်ဦး အသက်ရဲ့ပထွေး
ဦးအောင်ဝင်း...
ပထွေးဆိုပေမဲ့အသက်ကိုဖခင်အရင်းလိုပဲ
ချစ်မြတ်နိုးတဲ့သူ...
နှစ်ဦးလုံး၏အပြုံးတွေကကြင်နာ
နွေးထွေးလွန်းကြကာအသက်ငေးကြည့်ရင်း
မျက်ရည်ကြည်တွေကဝိုင်းစို့တက်လာရ၏
လွန်ခဲ့သောနှစ်လကအသက်တို့မိသားစုဘဝလေးကသာသာယာယာရှိနေရင်းကရုတ်
တရတ်ကြီးကံဆိုးမိုးမှောင်ကျခဲ့သည်။
ဖေဖေနဲ့မေမေ စီးသွားသောကားက
ကားအက်စီးဒင့်ဖြစ်ကာ
ဖေဖေဦးအောင်ဝင်းကပွဲခြင်းပြီးဆုံး၍
မေမေကတော့ဆေးရုံမှာအသဲသန်အလူးလဲ
ခံစားခဲ့ရသည်။
ဖေဖေရက်လည်နေ့မှ မေမေဆုံးပါးသွားခဲ့ကာ
အသက်ရဲ့ မြင့်မိုရ်တောင်ကြီး
နှစ်တောင်လုံးကပြိုင်တူလိုပင်ပြိုကျသွားခဲ့ရ၏
မေမေဆေးရုံတက်ချိန်ကတင်ခဲ့သော
အကြွေးကလည်း သိန်းငါးဆယ်ကျော်
ရှိကာ မကျန်းမာတဲ့ဘွားဘွားကြီးကတဖက်နဲ့
အသက်ဘဝရဲ့ရှေ့အနာဂတ်က
မဲမှောင်လွန်းခဲ့တယ်...
ဒါပေမဲ့ အသက်လုံးဝမထင်မှတ်ထားခဲ့သောအရာ
က မေမေဟာ အသက်ဘဝကို
သူ့နောက်အိမ်ထောင်ယောင်္ကျား၏
သားလက်ထဲထည့်ပေးခဲ့မည်လို့...
သူကလူကောင်းလား လူဆိုးလားအသက်မသိဘူး
အသက်သိတာက သူကအသက်ထက်
ခြောက်နှစ်ကြီးတယ်...အသက်တို့ဘဝထက်
အဆထောင်ပေါင်းများစွာချမ်းသာတယ်...။
အသက် သူ့ကိုကြောက်တယ်
သူ့အရှိန်ဝါကိုကြောက်တယ်
ဒါပေမဲ့ မေမေ့ရဲ့နောက်ဆုံးဆန္ဒ
ဖွားဖွားကြီးအတွက်ဆေးဖိူးငွေ
စတာတွေကအသက်ဘဝကိုရုန်းမရအောင်
ချယ်နှောင်ထားသည်။
ဝဲတက်လာတဲ့မျက်ရည်စလေးတွေကို
အသက်မျက်တောင်လေးနဲ့ပုတ်ထုပ်ရင်း
မေမေဓာတ်ပုံလေးကိုဖွဖွလေး
ယူနမ်းလိုက်မိသည်။
"မေမေကျေနပ်တော့နော်
မေမေ့ရဲ့နောက်ဆုံးဆန္ဒကို
အသက်နာခံမှာပါမေမေရယ်"
"တီး ...တီး!!!"
"ဟင်..."
အိမ်ရှေ့က ကားဟွန်းသံကြောင့်
ဝိုင်းစက်သောမျက်ဝန်းလေးများက
ပင့်တက်သွားရပြီး အသက်
ကပျာကရာလေးထရပ်ကြည့်တော့
ထိုးရပ်လာသော အကောင်းစား
ဇိမ်ခံကားကြီးတစ်စီး...
"မြေးမလေး လာပြီလား"
"ဟုတ် ဖွားဖွားသူတို့ထင်တာပဲ"
ဖွားဖွားကြီးက ကတုန်ကယင်နဲ့
ထွက်လာကြည့်သည်။
အသက်လက်တဖက်ကဖွားဖွားကြီးကို
ဖေးမရင်း ရှေ့ကျနေတဲ့ဖူမီးကြီးကို
နောက်ပို့ကာ အိမ်ရှေ့သို့ထွက်လာတော့
ထိုကားပေါ်ကနေ အမျိုးသားနှစ်ယောက်
ဆင်းလာသည်။
ဗလတောင့်တောင့်နဲ့ထိုလူနှစ်ယောက်လုံးက
နေသူရိန် မဟုတ်ဘူးဆိုတာ
အသက်မသိစိတ်ကခံစားမိနေသည်။
"မမလေး ကျွန်တော်တို့က
မမလေးကိုလာကြိုကြတာပါဗျ"
"ဟင်..."
"ဟို အရာရှိကြီးနေသူရိန်ရော
မပါဘူးလားကွယ်"
"ဟုတ်ကဲ့အဖွား အရာရှိကအရေးကြီး
အလုပ်တစ်ခုသွားနေရလို့ပါဗျ
အထုပ်တွေဘယ်မှာလဲ
ကျွန်တော်တို့သယ်ပါ့မယ်"
အသက် မျက်နှာလေးညိုးနွမ်းသွားရကာ
ရင်ထဲမှာသိမ်ငယ်သွားမိသည်။
အသက်တို့ကဆင်းရဲလို့အလေးမထားချင်တာလား
အသက်ကို သူကတကယ်ရောလက်ထပ်
ချင်ရဲ့လား....
အသက်မျက်နှာလေးညိုးသွားတာကို
ဒေါ်မြကြည်ကချက်ချင်းရိပ်မိ၍
လက်ခုံလေးကိုတချက်ပုတ်ကာ...
"သူကသာမာန်လူမှမဟုတ်ပဲကွယ်
မြေးမလေးနားလည်ပေးလိုက်နော်
လာ...လာ..အထုပ်တွေပြကြရအောင်"
အသက် ခေါင်းလေးညိမ့်ပြရင်း
ဖွားဖွားကြီးကိုချန်ထားခဲ့ကာ
အင်္ကျီထုပ်တွေပြရန်အိမ်ပေါ်တက်လာခဲ့သည်။
ဖွားဖွားကြီးကြိုက်တဲ့အိမ်အသုံးဆောင်
ပစ္စည်းလေးတွေရယ် အိတ်တွေရယ်
အားလုံးပေါင်းရင် ငါးလုံးမကရှိသည်။
ဝဲတက်ချင်နေတဲ့မျက်ရည်စတွေကို
ကြိုးစားထိန်းရင်း အသက်
နှုပ်ခမ်းလေးကိုဖိကိုက်ကာ
လုပ်စရာရှိတာလုပ်လိုက်ရင်း...
"သွားကြရအောင်မမလေး"
"ကြွက် ငါသွားပြီနော်"
"အေး...သူငယ်ချင်း
နင်...နင်ပြန်လာလည်နော် အီး..."
ကြွက်က အသက်ကိုလက်ပြရင်းက
ဟီးခနဲငိုချသည်။
အသက်လည်းထိုအခါမှမျက်ရည်စတွေ
ပိုးပိုးပေါက်ပေါက်စီးကျလာရကာ
ဘွားဘွားကြီးရင်ခွင်ထဲမျက်နှာအပ်၍
ရှိုက်ငိုမိသည်။
_________________________
"ဟယ် အကြီးကြီးပဲမြေးရေ
တော်တော်ချမ်းသာကြတာပဲ
အောင်ဝင်းက ဒါကိုဘာလို့သူ့မိသားစု
တွေဆီမပြန်တာလဲမသိဘူး"
အရိုးခံဖွားဖွားကြီးက
မျက်ရည်တွေပါဝဲကာအသက်လက်လေးကို
ဖြစ်ညှစ်၍အသံတုန်တုန်နဲ့ပြောရှာ၏
အသက်ကိုယ်တိုင်လည်းရင်သပ်ရှူမောဖွယ်ရာ
လေးထပ်တိတိ ရှိသောတိုက်ကြီးကြောင့်
နှုပ်ခမ်းလေးကဝိုင်းဟနေမိသည်။
အမှန်တိုင်းပြောရရင် ရင်ထဲမှာလည်း
သိမ်ငယ်သွားမိတယ်...
အသက်ဘက်ကပဲ အလိုက်သတိ
ဒီမင်္ဂလာပွဲကိုဖျက်ပေးလိုက်ရင်ကောင်း
မလား မသိပါဘူး...
သူတိူ့လိုအဆင့်တန်းနဲ့အသက်ကို
ဒီအိမ်ရဲ့ဇနီးတယောက်အဖြစ်လက်ခံရတာက
သူတို့နစ်နာကြရှာမှာပေါ့...
"ဟဲ့...ဟဲ့ နေအုံး
ဘာအထုပ်တွေလည်း
ငါ့အိမ်ထဲကိုအရမ်းမထည့်နဲ့နေအုံး!"
"ဟင်"
ကျယ်ကျယ်လောင်လောင်အော်သံနဲ့
ပြေးထွက်လာသောအမျိုးသမီးကြီးတယောက်။
အသက် မျက်ဝန်းလေးဝိုင်းစက်ကာ
ဖွားဖွားကြီးကိုအသာအနားဆွဲလိုက်မိသည်။
"ဘာတွေလည်း အစုပ်ပလုပ်တွေနဲ့တူတယ်
ရွှတ်...ရွှတ် ဒါကရော
ဘာလည်း ချဥ်စုပ်စုပ်အနံကြီးနဲ့
ရွံစရာကြီး ဘာလဲ..."
"ချဥ်...ချဥ်ပတ်ပါအဒေါ်"
"ဟင်...ဘာလည်းချဥ်ပတ်က
ထားပါ ဘာဖြစ်ဖြစ် ဟဲ့ ယူသွားပြီး
ပြစ်လိုက်...ဒီအိမ်ဒီအဆင့်တန်းနဲ့
အဲ့လိုဟာတွေစားစရာလား"
ဖွားဖွားကြီး၏လက်ဖျားတွေ
အေးစက်လာတာကိုအသက်ခံစားမိကာ
ရင်ထဲမှာထိပ်လန့်ကြောက်ရွံနေမိပေမဲ့
အသက် ဖွားဖွားကြီးရှေ့ကနေ
ရပ်နေမိသည်။
နေသူရိန်မှာ အဖိုးရယ် အဒေါ်ရယ်ပဲ
ရှိတယ်ဆိုတော့ထိုအမျိုးသမီးက
သူ့အဒေါ်ဆိုသူပဲနေရမယ်...
"ဟင့် နံလိုက်တာ
နေပါအုံး ညည်းကချစ်သက်လျာ
ဆိုတာလား"
"ဟုတ်..ဟုတ်ကဲ့"
ချောချောလှလှမျက်နှာကအကျဥ်းတန်စွာ
မဲ့သွားတာကိုအသက်သေချာတွေ့လိုက်ရသည်။
ရင်ထဲမှာသက်ပြင်းလေးချရင်း...
မေမေရယ်...ဂုဏ်ဓနတွေရဲ့အသိုင်းဝိုင်းက
သမီးတို့ရပ်ကွပ်လောက်မနွေးထွေးဘူးရယ်...
"ဆံပင်ကတော့ လှပါတယ်"
ကျန်တာက ဘားမှမထူးဘူးဆိုတဲ့သဘောပေါ့။
"နေအုံး...နင်ကချစ်သက်လျာ
နင့်နောက်ကနင့်အဖွားဆိုတာလား
သူကဘာလိုက်လုပ်တာလည်း"
"ဟင်..ဖွားဖွားကအသက်နဲ့အတူနေဖိူ့
ခေါ်လာတာပါ အဲ့အကြောင်းကိုလည်း
ကိုနေသူရိန်ရဲ့မန်နေဂျာဆိုသူနဲ့
အသက်ပြောထားပြီးသားပါ"
သိရက်သားနဲ့တမင်ပြောခြင်၍
မေးနေမှန်းသိသာသောထိုအမျိုးသမီးက
မျက်နှာကိုမဲ့၍...
"အေးလေ...အခွင့်ရေးဆိုတာက
ရတုန်းယူတတ်ရတာကို
လာ...လာ...နင်နေဖို့အခန်းလိုက်ပြမယ်
လက်ထပ်စာချုပ်မှာလတ်မှတ်ထိုးဖို့ကတော့
သူရိန်ပြန်လာမှလုပ်လိမ့်မယ်
အဖေကလည်း အလုပ်ကိစ္စနဲ့အပြင်ခဏသွားတယ်
နင်တို့ကလည်း ဒီအချိန်ကျမှရောက်လာတယ်လို့
ငါကအားတာမဟုတ်ဘူး ထွက်ကြိုနေရတာ"
"ဖွားဖွား ရရဲ့လားဟင်"
လှေကားထစ်အရှည်ကြီးကိုတက်ရမှာမို့
အသက်ဖွားဖွားကိုလှည့်မေးနေချိန်
ထိုအမျိုးသမီးက ခြေစုံလှည့်လာပြီး
"သူ့ကိုဘာလုပ်ဖို့လည်း
သူ့အတွက်ကအောက်ထပ်မှာစီစဥ်ထားပြီးသား
ဟဲ့...ဟင်နရီ...ဟင်နရီ"
"ရှင် မမကြီး"
ကုလားစင်မလေးတယောက်က
ကသုပ်ကရက်လေးပြေးထွက်လာကာ
"သွား အဲ့အဖွားကိုငါရှင်းခိုင်းထားတဲ့
အခန်းဆီခေါ်သွားလိုက်"
"ဟုတ်"
"ဟင် အသက်လိုက်ပို့ပါ့မယ်"
"မလိုဘူး...လာ...လာ
နင်ကအပေါ်တက်ခဲ့
အမလေး...သူယူတဲ့မိန်းမကို
ငါကခရီးရောက်ရောက်ချင်းခိုင်းပါတယ်ဆိုပြီး
နေသူရိန် ရဲ့ အကြည့်ကိုမခံချင်ပါဘူး"
အသက် ဖွားဖွားကိုစိတ်မချစွာ
လည်ပင်းလေးတရှည်ရှည်...
နောက်ဆုံး အသက် ရင်ခုန်ဖွယ်ရာ
မင်္ဂလာအပြင်ဆင်နဲ့အခန်းကြီးထဲရောက်လာရ၏
အသက်ကိုလုံးဝလိုလားဟန်မရှိသော
သူ့ကိုယ်သူသင်ဇာနွယ်ဟုပြောသော
ထိုအမျိုးသမီးကြီးကတော့
ဘားမှမပြောပဲ ပိုးထမီကြီးကိုမ၍
ထွက်သွား၏...
အသက် အဝတ်အိတ်လေးကို
ကျစ်ကျစ်ပါအောင်ဖိဆုပ်ရင်း
ပုလဲလုံးတွေ တရုတ်ဘက်သွားသော
အနီရောင်မင်္ဂလာ ခန်းစီးလိုက်ကာတွေနဲ့
အခန်းကြီးအား.မရွှင်ပျစွာပင်
ရင်တုန်စွာနဲ့ငေးမောကြည့်နေမိသည်။
ထိုချိန် မျက်ဝန်းထောင့်၌ ရှော်ဖွယ်
ချိတ်ဆွဲထားသော အရာရှိဝတ်ဆုံအား
တွေ့လိုက်ရသည်။
ရင်ထဲမှာ လှပ်ခနဲအေးခနဲ...
သူကအရပ်အတော်ရှည်ကြီးခန္ဓာကိုယ်
ကြံ့ခိုင်တဲ့လူဆိုတာ အသက်ထက်ခေါင်း
တစ်လုံးစာရှည်နေသည့်ဝတ်ဆုံက
ပြောပြနေသည်မဟုတ်ပါလား...
__________________________
အသက် ရေမိုးချိုးပြီးဖွားဖွားကို
စိတ်မချ၍ အိမ်အောက်ဆင်းလာခဲ့သည်။
ကျယ်လွန်း၍မျက်စိမလည်အောင်
ထိန်းနေရကာ အဖွားအတွက်အခန်းကလည်း
လေဝင်လေထွက်ကောင်းတာမို့
အသက် စိတ်သက်သာရသည်။
သို့ပေမဲ့ စိတ်သက်သာမှု့ကခဏတာ
ဒေါ်သင်ဇာနွယ် အသက်ကိုမိန်းခလေး
တယောက်ဖြင့်ခေါ်ခိုင်း၍...
"ခဏနေငါ့တူလေး
ပြန်လာတော့မှာ ညည်းကဇနီးဝတ္တရား
ကျေပွန်စွာထမင်းဝိုင်းပြင်ဆင်
ခူးခပ်ထားပေးရမယ်လေ"
တမင်ညှင်းခိုင်းနေမှန်းသိပေမဲ
အသက်အစတည်းကလုပ်ဖို့အစီစဥ်
ရှိပြီးသားမို့ခေါင်းလေးညိမ့်ကာ
မီးဖိုခန်းကြီးဘက်ထလာခဲ့သည်။
ထိုအန်တီကြီးကြောင့်နည်းနည်းတော့
စိတ်ကျဥ်းကျပ်သလို မင်္ဂလာဦးညဆိုတဲ့
အသိကြောင့်ရင်တွေလည်းခုန်သည်...
ဘုရားသိကြားမလို့ သူအရက်တွေ
မသောက်လာပါစေနဲ့...
ဆုတောင်းရင်း ထမင်းပွဲပြင်ကာ
အသက်နှာဖူးကချွေးစလေးတွေသီးခို
လာရချိန် ပေါ်တီအောက်ကိုညိမ့်ညောင်းစွာ
ထိုးရပ်လာသောကားတစ်စီးကြောင့်
ဟင်းချိုပန်ကန်ပါတိမ်းစောင်း၍ဖိတ်ကုန်ရသည်။
"မင်းတို့နားလိုက်တော့"
သြရှရှကြီးနဲ့ ကြက်သီးထဖွယ်သာယာနာပျော်ဖွယ်
အို...သူ...သူပြန်လာပြီပဲ
အသက်စားပွဲအောက်ပဲဝင်ပုန်းရမလိုလို
အခန်းတစ်ခုခုထဲပဲပြေးဝင်ပုန်းရတော့မလိုလို။
ဘာ့ကြောင့်မှန်းမသိ ကိုယ့်အင်္ကျီလေး
ကိုယ်ဆွဲချကာ သပ်သပ်ရပ်ရပ်လေး
ပြင်နေမိရင်းခေါင်းကိုငုံ့ကာ
ဇနီးသည်တယောက်၏တာဝန်ကျေရန်
ကြိုဆိုဖို့ ထမီစလေးတဖျက်ဖျက်ခတ်၍
ထွက်လာခဲ့သည်။
_________________________
သူအစားခံရဖို့
သန်မာအောင်နေဖို့သင်ပေးနေတဲ့
ဗျူဟာမှူးကြီးပါ...
မိခင်က ပထွေးပါသားနဲ့
ပေးစားသွားခဲ့ပြီး
အသက် သူမသိထားတာတွေထက်
လှို့ဝှက်နက်နဲသောအိမ်ကြီးထဲသို့
ရောက်သွားရုံမက
အသစ်စက်စက်ခင်ပွန်းက
မူးယစ်တိုက်ဖျက်ရေးအရာရှိဖြစ်နေတဲ့အပြင်
သူမကို တစ်စတစ်စအလွန်ချစ်မိပြီး
အူတိုလာတော့တဲ့အခါ...
pdf - gp ဖြင့်
စဆုံး ရပါပြီ။
gp -4000
pdf -4000
ငွေလွှဲဖုန်း- 09895063529
Wave acc- May Thal Nwet
Kpay acc -Daw May Thal Nwet
ကြိုက်နှစ်သက်ရာနှင့်လွှဲနိုင်ပါသည်။
ဖုန်းဘေဆို Mpt-Ooredooပါ(4500)
ph-09895063529
ငွေလွှဲSsလေးနဲ့အတူ
page cbမှာgp link
လာရောက်ထုပ်ယူနိူင်ပါပြီ
Click here to claim your Sponsored Listing.