Fill U R Brain

Fill U R Brain

Share

25/01/2025

Use of Chemical

အခုလို မီးပျက်တဲ့ကာလတွေမှာ 24 hrs run နေတဲ့ စက်ရုံတွေက တနေ့ကို ဒီဇယ် လီတာ ထောင်ချီပြီး သုံးကြရပါတယ်။ ၀င်လာတဲ့ ဆီကားတစီးမှာ ပါတဲ့ ဒီဇယ်ပမာဏရဲ့ တန်ကြေးဟာ ကာလတန်ကြေးနဲ့တွက်ရင် သိန်း ထောင်ချီတန်ပါတယ်။

တာ၀န်ယူမှု၊ တာ၀န်ခံမှုတွေ ကြီးမားသလို စစ်ဆေးမှုတွေလည်း အဆင့်ဆင့် လုပ်ဆောင်ရပါတယ်။ ဒီစစ်ဆေးမှုတွေထဲက တခုက water finding - ရေပါ မပါ စစ်ဆေးခြင်း ဖြစ်တယ်။

ရေရဲ့ သိပ်သည်းဆသည် ဒီဇယ်ရဲ့ သိပ်သည်းဆထက် ပိုများတဲ့အတွက် ဒီဇယ်ကန်ထဲမှာ ရေပါမယ်ဆိုရင် ရေက ကန်ရဲ့ အောက်ခြေမှာ ရှိမယ်။ ဒါကြောင့် ရေစစ်ဆေးမယ့် ဓာတုဆေး‌ကို တုတ်တံတခုမှာ သုတ်လိမ်းပြီး ဒီဇယ်ကန်ရဲ့ အောက်ခြေဘက်ကို တိုင်းကြည့်ရပါတယ်။

ပုံပါဓာတုဆေးရဲ့ အရောင်ဟာ အညိုရောင် ဖြစ်ပြီး ရေပါ၀င်မှု ရှိတဲ့အခါ တောက်ပတဲ့ အနီရောင်ကို ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။

Want your school to be the top-listed School/college in Hmawbi?
Click here to claim your Sponsored Listing.

Telephone

Website

Address

Sat Thwar Taw
Hmawbi
11361