Ford Myanmar

Ford Myanmar

Share

30/04/2026

On-road / Off-road မောင်းနှင်တဲ့အခါမှာ ဆီစားသက်သာမယ့် ထိရောက်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ် 💡

🟦 ဆီစားသက်သာမယ့် အင်ဂျင်စွမ်းဆောင်ရည်
ကားစဝယ်ကတည်းက အင်ဂျင်စွမ်းဆောင်ရည်ကို ကြည့်ရပါမယ်။ Ford Everest နှင့် Ford Ranger တွေမှာ တပ်ဆင်ထားတဲ့ Bi-Turbo အင်ဂျင်ဟာဆိုရင် ရုန်းအားကောင်းပြီး ၁၀၀ ကီလိုမီတာကို ၆.၉ လီတာပဲ ကုန်တဲ့အထိ ဆီစားနှုန်း အလွန်သက်သာပါတယ်။

🟦 မလိုအပ်တဲ့ အလေးချိန်များ
ကားထဲမှာ အလေးချိန်များတဲ့ အသုံးအဆောင်တွေ၊ မလိုအပ်တဲ့ ပစ္စည်းတွေ မရှိပါစေနဲ့။ ကားအလေးချိန် ပေါ့ပါးလေလေ၊ အင်ဂျင်က ဝန်မပိဘဲ ဆီစားသက်သာလေလေပဲဖြစ်ပါတယ်။

🟦 သတိပြုရမယ့် လေခုခံမှု
Roof cage တွေ၊ Roof top tent တွေကို အသုံးမပြုတဲ့အချိန်မှာ ဖြုတ်ထားပေးခြင်းဖြင့် မောင်းနှင်တဲ့အခါ လေခုခံမှု (Aerodynamic drag) ကိုလျော့စေပြီး ဆီစားသက်သာစေပါတယ်။

🟦 အရှိန်မှန်မှန်မောင်းနှင်ခြင်း
လီဗာကို ရုတ်တရက် ပြင်းပြင်းနင်းပြီး အရှိန်တင်တာ၊ ဘရိတ်ကို အကြမ်းပတမ်းနင်းပြီး အရှိန်လျှော့တာတွေက ဆီစားနှုန်းကို ၃၀% အထိ ပိုများစေနိုင်တာကြောင့် ပုံမှန်အရှိန်နဲ့ မှန်မှန်လေးမောင်းနှင်ခြင်းက အကောင်းဆုံးပါပဲ။

🟦 တာယာလေပေါင်ကို ဂရုစိုက်ခြင်း
On-road မှာ လေပေါင်မှန်အောင် ဖြည့်မောင်းပြီး Off-road မှာတော့ လိုအပ်သလို လေပေါင်လျှော့ပြီး မောင်းပါ။ On-road ပဲ အမောင်းများရင်တော့ All-terrain တာယာတွေထက် Factory တာယာတွေက ဆီစားပိုသက်သာစေပါတယ်။

🟦 ပုံမှန် Service စစ်ဆေးခြင်း
ဥပမာ Air Filter ပိတ်နေတာမျိုးက ကိုယ်မသိလိုက်ဘဲ ဆီစားနှုန်းကို ပိုများစေတတ်တာကြောင့် ကားကို ပုံမှန် Service စစ်ဆေးဖို့ မမေ့ပါနဲ့။

🟦 Aircon နှင့် မှန်အဖွင့်အပိတ်
အရှိန်နှေးနှေးမောင်းနေရင် Aircon ပိတ်ပြီး မှန်ဖွင့်မောင်းကာ အရှိန်မြန်မြန်မောင်းရင်တော့ မှန်ပိတ်ပြီး Airconဖွင့်ပါ။ မှန်ဖွင့်မောင်းရင် လေတိုးပြီး ဆီပိုစားတတ်ပါတယ်။

🟦 ခရီးလမ်းကြောင်းကို ကြိုစီစဉ်ခြင်း
မလိုအပ်ဘဲ လမ်းကြောင်းတွေမပတ်မိအောင် ခရီးစတည်းက လမ်းကြောင်းကြိုဆွဲထားတာမျိုးက အချိန်ရော ဆီဖိုးပါ သက်သာစေပါတယ် ✨

22/04/2026

Tax Accountant – (1 Post)

Salary – Attractive Package
အလုပ်ချိန် _ မနက် ၈:၃၀နာရီ မှ ညနေ ၅:၀၀နာရီ။
Off Day _ Sat,Sun
email _ [email protected]
သို့ cv ဖောင် များ ပေးပို့လျှောက်ထားနိုင်ပါသည်။

Job Description
• Prepare and submit monthly commercial tax returns, specific goods tax submissions, capital gains tax returns, quarterly and annual tax returns.
• Process and submit withholding tax payments.
• Manage and process stamp duty payments for all contracts, ensuring compliance with legal requirements.
• Prepare and Collect Form 31 for all invoices across group companies, supplier and collaborate with Accounts Payable (AP) accountants to ensure proper.
• Request tax clearance letters as required for various operational needs.
• Oversee the registration process for vehicle fixed assets, including DEMO office cars, with the tax authority.
• Provide supporting tax‐related documents required by government authorities for business license extensions and other regulatory requirements.
• Ensure compliance with all relevant tax regulations and maintain accurate tax records.
• Stay updated on changes in tax legislation and regulations.
• Prepare and submit the Quarterly MIC Report.

Job Requirements
• Bachelor’s degree in Accounting, Finance, or a related field.
• Minimum 2 years of experience in tax accounting or a related role.
• Strong knowledge of tax regulations and compliance requirements.
• Excellent analytical, organizational, and communication skills.
• Proficiency in tax software and Microsoft Office Suite.

19/04/2026

Ford ရဲ့ လူကြိုက်အများဆုံး Model တွေဖြစ်တဲ့ Everest နဲ့ Ranger တို့ကို ပါဝင်ခင်းကျင်းပြသခဲ့တဲ့ The 3rd Yangon International Mobility Show 2026 ပွဲကြီးကို စိတ်ဝင်တစားတက်ရောက်ခဲ့ကြတဲ့ Ford ချစ်သူတစ်ဦးတစ်ယောက်စီတိုင်းကို အထူးကျေဇူးတင်ရှိရပါတယ်။ ဒီဗီဒီယိုလေးမှာပါဝင်တဲ့ Ford နဲ့ အမှတ်တရအခိုက်အတန့်လေးတွေကိုလည်း အတူကြည့်ရှုလိုက်ရအောင်နော် ✨🔷

17/04/2026

ယနေ့ကျရောက်လာတဲ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်ရဲ့ နှစ်သစ်နှစ်ဦး နှစ်ဆန်း(၁)ရက်နေ့မှအစပြုပြီး မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေကြောင်း Ford Myanmar မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် 🙏✨

Want your business to be the top-listed Autos & Automotive Service in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Address

Hlaing

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00