NewMe
02/02/2025
ဆွဲဆောင်မှုစွမ်းအင်ကို ပိတ်ဆို့သွားစေတဲ့အကြောင်းရင်းတွေထဲက ၁ ခု
--------------------------------------------------------------------
ဘယ်လောက်ပဲ Manifest တွေလုပ်နေပေမဲ့ လက်တွေ့ဘဝက မပြောင်းလဲလာဘူး..."။ ဘာလို့လဲ ? လူတော်တော်များများ အနည်းဆုံး တစ်ကြိမ်မေးဖူးတဲ့ မေးခွန်းတစ်ခုဖြစ်တယ် ။ "ဒါဆို လက်ခံဖို့ အဆင်သင့်မဖြစ်သေးဘူးလား?" လို့ မိသားစု၀◌င်များကို ပြန်မေးခွင့်ပြုပါ ။ ဆွဲဆောင်မှု အလုပ်မဖြစ်သေးတဲ့ အကြောင်းရင်းတွေထဲမှာ လက်ခံဖို့ "အဆင်သင့်" မဖြစ်သေးတာလဲ တစ်ခုအပါ အ၀◌င်ဖြစ်တယ် ။
ဘာကြောင့် ဒီနံရံကိုကျော်ဘို့ အရေးကြီးတာလဲ ❓
ဆွဲဆောင်မှုဥပဒေကို ကျင့်သုံးတဲ့အခါ တစ်စုံတစ်ခုကို လိုချင်တယ်ဆိုရုံလေးနဲ့အဆင်မပြေပါ လက်ခံရရှိပြီဆိုတဲ့ အခြေအနေမှာကိုယ်ဟာ ရှိနေဘို့ အင်မတန်ကိုလိုအပ်တယ် ။
ဥပမာအားဖြင့်…
💰 ငွေကို Attract လုပ်ထားပြီး "ငါ့မှာ အဲဒါကိုစီမံနိုင်တဲ့ အရည်အချင်းမရှိသေးဘူး" လို့ အတွင်းထဲမှာ စိုးရိမ်စိတ်တွေရှိနေလား ?
💖 ကောင်းတဲ့လက်တွဲဖော်ကို Attract လုပ်ထားပြီး ငါ့ကိုတချစ်နိုင်တဲ့သူမဟုတ်လောက်ပါဘူးဆိုတဲံ့ခံစားချက်မျိုးဖြစ်နေလား ?
➡ ဒါဆိုရင်တော့ ဆွဲဆောင်မှုစွမ်းအင်ကို ပိတ်ဆို့သွားစေပါလိမ့်မယ်...............
ဒါဆိုကျွန်မတို့ဘာလုပ်ကြမလဲပေါ့ လွယ်ကူတဲ့နည်းလမ်း ၃ ခု မျှေ၀ပါမယ် ။ လုပ်ကြည့်ပါ ။
1️⃣ ငွေကို Attractလုပ်ချင်ရင်တော့ အရင်ဆုံး သူတို့တွေငွေကိုသဘောထားတဲ့အတိုင်း ပြုမူသလိုပြုမူပါ ။ (ကျေးဇူးတင်စိတ်နဲ့ ငွေသုံးပါ)(ငွေကိုချစ်ပါ ) ( ငွေကိုသက်မဲ့တစ်ခုလိုသဘောမထားပါနဲ့ )
2️⃣ ချစ်ခြင်းမေတ္တာကိုAttractလုပ်ချင်ရင်... အရင်ဆုံး ကိုယ့်ကိုကိုယ် ချစ်တဲ့ အလေ့အထကိုမွေးမြူပါ 💖 (မှန်ထဲမှာ ကိုယ့်ကိုယ်ကို ချစ်ကြောင်း"ပြောပါ ။
3️⃣ အောင်မြင်မှုကို ဆွဲဆောင်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ အောင်မြင်တဲ့အနာဂတ်ကို လက်တွေ့ကျကျ ပုံဖော် စိတ်ကူးယဉ်ပြီး စိတ်လှုပ်ရှားလိုက်ပါ ။
"ဆွဲဆောင်မှုပျက်ရတဲ့ အကြောင်းရင်းက အဓိကသင်မကောင်းလို့ မဟုတ်ဘူး ။" လက်ခံဘို့အဆင် သင့်မဖြစ်သေးလို့ဖြစ်တယ် " ။
"လက်ခံဘို့ပြင်ဆင်ပြီးတာနဲ့ အရာအားလုံးကအဆင်ပြေချောမွေ့စပြုလာပါလိမ့်မယ်"
👉 ဒီနေ့ကစပြီး 'ငါလက်ခံဖို့ အဆင်သင့်ဖြစ်နေပါပြီ' လို့ ကိုယ့်ကိုယ်ကိုပြော ပြီး 💖 Universe ကို ဒီလိုကြေ ငြာသွားလိုက်ပါ ။
💬 လက်ခံဘို့အဆင်သင့်ဖြစ်ပြီဆိုရင် comment မှာ ကြေငြာသွားပါဉီး ။
2.2.2024 12: 30 PM
မေတ္တာဖြင့်
New Me @ မနွေ
ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း
02/02/2025
Manifest လုပ်ရင်း လမ်းတ၀◌က်မှာ စိတ်ပျက်နေရင်??
--------------------------------------------------------
" ဟယ် ငါ Manifest လုပ်ထားတဲ့ဆန္ဒလေးတွေ တကယ်ဖြစ်လာနိုင်ပါ့လား... လမ်းတ၀◌က်မှာ စိတ်သောက နဲနဲ ခံစားလာရရင် အဆုံးထိသာဖတ်သွားလိုက်ပါ ။ တကယ်တော့ အဲဒါက သင့်ဆန္ဒတွေ တကယ်ဖြစ်လာ တော့ မယ်ဆိုတဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်။
ဘာကြောင့်လဲဆိုတော့
စိုးရိမ်ပူပန်ခြင်းဆိုတာက ပြောင်းလဲမှုရဲ့ လက္ခဏာတစ်ခုဖြစ်တယ် ။
ဥပမာ... နေမထွက်ခင်မှာ မနက်ခင်းဟာ အမှောင်ဆုံးမို့လား ။ 🌅 ဒီသဘောအတိုင်းပါပဲ ............
ဒါကြောင့် အခုအချိန်မှာ စိုးရိမ်ပူပန်နေတယ်ဆိုရင် မကြာခင်မှာ သင့်ရဲ့ဆန္ဒတွေ ပြည့်ဝလာတော့မယ်လို့ဆိုတဲ့ အဓိပ္ပါယ်ပါပဲ ။
💡 စိတ်ပူပန်မှုတွေကို Energy အဖြစ်သာပြောင်းလဲလိုက်ပါ " Energy " အဖြစ် ပြောင်းလဲဖို့ အတွက်ဒါတွေ လုပ်ကြည့်လိုက်ပါ.................. အဆင်ပြေသွားပါလိမ့်မယ် ............
✨ ① Thank You Universe "စိတ်ပူပန်မှုတွေက ငါ့ဆန္ဒတွေနဲ့ နီးလာပြီဆိုပြီး ကြေငြာလိုက်ပါ " 🗣
👉 စကားလုံးတွေနဲ့ ပေါင်းလိုက်တဲ့အခါ ဦးနှောက်က အဲဒါကို ကောင်းတဲ့အရာတစ်ခုလို့ အသိအမှတ်ပြုပါတယ်။
② ငါ့ဆန္ဒတွေပြည့်လာတဲ့အခါ ငါဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ကူးယဉ်ပြီးရင်ခုန်လိုက်ပါ ။ ဘယ်သူ့ကိုမှ ပိုက်ဆံမပေးရပါဘူး 🎬💭
👉 သင့်အိမ်မက်တွေ တကယ်ဖြစ်လာရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို လက်တွေ့ကျကျတွေးကြည့်ပါ။ စိတ်ခံစားမှုတွေ ပြောင်းလဲလာပါလိမ့်မယ် ။
③ အခုပဲ ပျော်စရာတစ်ခုခုထလုပ်လိုက်ပါ 🎶💃
👉 "အခုအချိန်ကအကောင်းဆုံးပါပဲ" အကောင်းဆုံးပဲ အဆင်ပြေဆုံးပဲ ဆိုတဲ့ Vibration ကို ထုတ်လွှတ် နေသရွေ့ ကိုယ်ဟာ ကံကောင်းတဲ့သူ ပါပဲ
"စိုးရိမ်စိတ်က ဆန္ဒတွေပြည့်တော့မယ့် လက္ခဏာတစ်ခုပါ" သင် အခုလုပ်နိုင်တာကို ထလုပ်ပြီး ပျော်နေ ရင် သင်သတိမထားမိလိုက်ခင်မှာ ဆန္ဒတွေတကယ်ဆွဲငင်လာပါလိမ့်မယ် ။
2.2.2024 08: 25 AM
မေတ္တာဖြင့်
New Me @ မနွေ
ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း
01/02/2025
"အတွင်းစိတ်ကို နားထောင်ခြင်း"
ーーーーーーーーーーーー
"အတွင်းစိတ်ကို နားထောင်ခြင်း"ဆိုတာက ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေ ၊ ဆန္ဒတွေ ၊ နှလုံးသားရဲ့ အနက် ရှိုင်းဆုံးအပိုင်းမှာရှိနေတဲ့ ကိုယ့်ရဲ့ အစစ်အမှန်တွေ တနည်းအားဖြင့် ပင်ကိုယ်သိစိတ် လို့ပဲ ပြောပြော အလိုလို သိစိတ်ပဲဆိုဆို အဲ့ဒီကနေလာတဲ့စကားသံတွေကို နားထောင်တာကို ဆိုလိုတယ် ။
ကျွန်မတို့တွေ သောဒီနေ့ ခေတ်မှာ အရမ်းအလုပ်များကြတယ် ။ အဲ့လိုအခြေအနေမှာ ပြင်ပလှုံ့ဆော်မှုတွေနဲ့ အခြားသူတွေရဲ့ ထင်မြင်ယူ ဆချက်တွေက အလွယ်တကူလွှမ်းမိုးတာခံရပြီး မိမိတို့ရဲ့ ခံစားချက်အစစ်အမှန်ကို မျက်ခြည်ပြတ် သွားတတ် ကြတယ် ။
အတွင်းစိတ်မှ အသံကို နားထောင်ခြင်းဖြင့် ကိုယ့်ကိုကိုယ် ပိုနားလည်စေပြီး ပိုမိုကောင်းမွန်သော ရွေးချယ်မှုတွေ ပြုလုပ်နိုင်စေဘို့အတွက် အများကြီးအထောက်အကူဖြစ်တယ် ။
အတွင်းစိတ်အသံကို နားထောင်ချင်တယ်ဆိုရင် ဒါတွေလေ့ကျင့်ကြည့်ပါ
1. တိတ်ဆိတ်သော ပတ်ဝန်းကျင်ကို ဖန်တီးပါ။
သင့်အတွင်းစိတ်မှ အသံကိုကြားနိုင်ဘို့အတွက် တိတ်ဆိတ်သောပတ်ဝန်းကျင်ကို ဦးစွာဖန်တီးဘို့ အရေး ကြီးတယ် ။ မိမိအိမ်မှာဖြစ်စေ သို့မဟုတ် သဘာဝထဲမှာဖြစ်စေ ကိုယ့်ကို သက်တောင့်သက်သာဖြစ်စေတဲ့ ဆိတ်ငြိမ်သော နေရာကို ရွေးချယ်ပါ ။
2. တရားထိုင်ပြီး အသက်ပြင်းပြင်းရှူပါ။
သင့်ခန္ဓာကိုယ်အတွင်း တင်းမာမှုတွေကို ပြေလျော့စေပြီး သင့်စိတ်ကို တည်ငြိမ်စေဖို့အတွက် ဖြည်းဖြည်းနဲ့ ရှည်ရှည် အသက်ရှုပေးပါ ။ တရားထိုင်ခြင်း နှင့် အသက်ပြင်းပြင်းရှူခြင်းက စိတ်ကို တည်ငြိမ်စေပြီး အတွင်းစိတ်ရဲ့ အသံကို နားထောင်ဘို့ အလွန်ထိရောက်တယ် ။
3. Record ယူပါ ။
ပေါ်လာသမျှ အတွေးနဲ့ ခံစားချက်တွေကို စာအုပ်ထဲ ချရေးတာဟာလဲ အတွင်းစိတ်ကို နားထောင်ဖို့ နည်း လမ်းတစ်ခုဖြစ်တယ် ။ စိတ်ထဲပေါ်လာသမျှကို လွတ်လပ်စွာရေးသားခြင်းဖြင့် ကိုယ့်ရဲ့ ပတ်၀◌န်းကျင် ပယော၈မပါတဲ့ စိတ်ရင်းအမှန် အရင်းခံအတွေးတွေနဲ့ ခံစားချက်တွေကို သိနိုင်တယ် ။
4. အလိုလိုသိစိတ်ကိုလိုက်နာပါ။
အတွင်းစိတ် အလိုလိုသိစိတ်က လာတဲ့ အသံသည် အစစ်အမှန်တွေဖြစ်တယ် ။ ဆုံးဖြတ်ချက် တစ်ခုချတဲ့အခါ တွက်ချက်ပြီးမှ ဆုံးဖြတ်ချက်ချမဲ့အစား ကိုယ့်ရဲ့ အလိုလိုသိစိတ်ကနေလာတဲ့ ပထမဆုံးအရာကို ယုံကြည်ပါ။
5. သင့်ကိုယ်သင်မေးပါ။
"ငါတကယ်လိုချင်တာဘာလဲ" နဲ့ "ပျော်ရွှင်ဖို့အတွက် ငါဘာလုပ်ရမလဲ" ဆိုတဲ့မေးခွန်းတွေမေးပြီး သင့်ရဲ့ နှလုံးထဲက အဖြေကိုစောင့်နေလိုက်ပါ။
6. သဘာဝနဲ့ထိတွေ့ပါ။
သဘာဝတရားထဲမှာ အချိန်ဖြုန်းခြင်းက သင့်ကို စိတ်အပန်းပြေစေပြီး သင့်အတွင်းစိတ်မှ အသံကို ပိုကောင်း စွာကြားနိုင်ဘို့အတွက် အများကြီး အကူအညီဖြစ်စေတယ် ။ လမ်းလျှောက်ခြင်း နီးစပ်ရာ မြစ် ချောင်း ပင်လယ် ရေကန် ( တောတောင် ဒီနေ့ခေတ်တော့ သိပ်မလွယ်လှပါ ) စတဲ့ မိမိနဲ့ အဆင်ပြေတဲ့ နေရာတွေသွားပြီး သဘာ ဝနှင့် ချိတ်ဆက်ခံစားကြည့်ပါ။
7. အိပ်မက်တွေနဲ့ ခံစားချက်တွေကို စောင့်ကြည့်ပါ။
အိပ်မက်တွေထဲမှာ ကြုံတွေ့ ခံစားရတဲ့ ခံစားချက်တွေနဲ့ နိမိတ်လက္ခဏာငယ်များကို အာရုံစိုက်ခြင်းဖြင့် သင့်အတွင်းစိတ်မှ အသံကို သတိပြုမိလာနိုင်သည်။ ထိုသတိလစ်မှ မက်ဆေ့ခ်ျများ ပါဝင်နေနိုင်တယ် ။
"အတွင်းစိတ်ရဲ့ အသံကို " ကောင်းကောင်း ကြားရပြီး ကိုယ့်ရဲ့အစစ်အမှန်ကိုရှာတွေ့ကာ ကိုယ်စီ ကိုယ်စီ လုပ်ထားတဲ့ Manifestation တွေ ထပ်ခါထပ်ခါ အမြန်ဆုံး အောင်မြင်ကြပါစေ ။
1.2.2024 7: 40 AM
မေတ္တာဖြင့်
New Me @ မနွေ
ိုနားထောင်ခြင်း
#အတွင်းစိတ်ကိုနားထောင်ခြင်း
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Hlaing
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |