Cele Fans world

Cele Fans world

Share

Photos from Cele Fans world's post 27/07/2021

ချောင်းဆုံ တောင်ပြိုမှုမှာ ပျောက်ဆုံးနေသူတစ်ဦးကို ရှာဖွေနေဆဲ

မော်လမြိုင် ၊ ဇူလိုင် ၂၇

မွန်ပြည်နယ်၊ချောင်းဆုံမြို့မှာ ဇူလိုင်လ(၂၆)ရက်နေ့၊ညနေပိုင်းအချိန်ခန့်က မိုးအဆက်မပြတ်ရွာသွန်းမှု​ကြောင့် ကဒါကျေးရွာ၊တော်ကနာကျေးရွာနဲ့ကွမ်ရိုက်ကျေးရွာတွေမှာတောင်ပြိုမှုတွေဖြစ်ပွားခဲ့ပါတယ်။

တောင်ပြိုမှုကြောင့်နေအိမ်အချိုပျက်စီးခဲ့သလိုကွမ်ရိုက်ကျေးရွာမှာတော့လူတစ်ဦးပျောက်ဆုံးနေပြီးလက်ရှိဇူလိုင်လ(၂၇)ရက်နေ့၊နေလည်ပိုင်းအချိန်ထိရှာဖွေဆဲဖြစ်တယ်လို့ကူညီဆောင်ရွက်ပေးနေတဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တွေကပြောပါတယ်။

"ဒီနေ့မနက်ကစစ်ကောင်စီပြည်နယ်ကအဖွဲ့တွေရယ်၊နောက်မီးသတ်တပ်ဖွဲ့တွေရယ်ရှင်းနေတာတွေ့တယ်၊ကွမ်ရိုက်ရွားမှာလေ၊ပိတ်မိတဲ့သူတစ်ယောက်ကအလောင်းကအခုထိထုတ်မရသေးဘူးလို့ပြောတာပဲ၊ရှာနေတုန်းပဲမိန်းကလေးပါ၊လက်ရှိထိရှာနေတုန်းပဲ"လို့လူမှုကယ်ဆယ်ရေးအဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။

လက်ရှိချောင်းဆုံးမြို့နယ်အတွင်းတောင်ပြိုမှုကြောင့်ကွမ်ရိုက်ကျေးရွာမှာလူနေအိမ်(၅)လုံးပြိုခဲ့ပြီးလူနေအိမ်(၃)လုံးမှာထိခိုက်မှုရှိခဲ့ကြောင်း၊ကဒါကျေးရွာမှာတော့လူနေအိမ်တစ်လုံးထိခိုက်ခဲ့ပြီးလူထိခိုက်မှုမရှိကြောင်းနဲ့တော်ကနာကျေးရွာမှာတော့ထိခိုက်မှုမရှိဘူးလို့သိရပါတယ်။

အခုလိုတောင်ပြိုမှုဖြစ်ပေါ်ခဲ့တဲ့ကွမ်ရိုက်ကျေးရွာရှိဒေသခံတွေကိုတော့ဘေးလွတ်ရာသို့ရွေ့ပြောင်းပေးခဲ့ပြီးနေအိမ်(၅၅)လုံးကိုတော့ကန့်သတ်နယ်မြေအဖြစ်ထားရှိထားတယ်လို့သိရပါတယ်။

Photos from Cele Fans world's post 27/07/2021

မြဝတီခြေနေကတော့ဒီလိုပါပဲ🤧

Photos from Cele Fans world's post 22/07/2021

ဒီပုံထဲက အဘွားကို..သေချာကြည့်ပေးကြပါ😔
နာမည်👉ဒေါ်ယဥ်လှိုင်
အသက်👉80
သားနာမည်👉ကိုဝင်းနိုင်
ချွေးမနာမည်👉မမိုမို
နေရပ်👉မော်လမြိုင် ကျွန်းတောလမ်း
သူ့သားက ကားမောင်းတယ်
မြေးလေးတွေလဲရှိတယ်
ဒါတွေက ဒီအဘွားကိုမေးထားခြင်းဖြစ်ပါတယ်...
အသက်လဲကြီး..နားကလဲမကြားတော့ မနည်းအော်ဟစ်ပြီးမေးထားရပါတယ်...
ဒီနေ့ညနေ4:00ဝန်းကျင်လောက်က ကျွန်တော်တို့ ပဲခူးတိုင်းပဲခူးမြို့ သာယာအေးကျေးရွာ ဇရပ်မှာအဖြူရောင်ကားတစ်စီးထဲက အမျိုးသားတစ်ဦးက ပွေ့ချီပြီး အမျိုးသမီးက စားစရာအဝတ်အထည်ထည့်ထားသောခြင်းကို သယ်ယူပြီးလာပစ်သွားခြင်းဖြစ်ကြောင်း ရွာမှဦးလေးတစ်ဦးမှမြင်တွေ့ခဲ့ခြင်းဖြစ်သည်...
မိုးချုပ်ရင်လာပြန်ခေါ်မယ်လို့ သူ့သားကပြောသွားတယ်တဲ့😔😔
အာ့ကိုယုံစားပြီး အိပ်ရာခင်းကိုတောင်မခင်းနိုင်ပဲ ခေါင်းအုံးသဖွယ် အုံးပြီးစောင့်နေရှာတယ်...
မေးကြမြန်းကြတော့..အဘွားမှာမျက်ရည်တွေကျနေတယ်..
မျက်ဝန်းမှာ..အားငယ်ခြင်း ဝမ်းနည်းခြင်းတွေပြည့်နေတယ်..ကျွန်တော့်ရဲ့friတွေထဲက မော်လမြိုင်နေသူတွေ အခုကျွန်တော်တင်ထားတဲ့ လိပ်စာနဲ့ သား ချွေးမ နာမည်တွေရှိ မရှိ မော်လမြိုင်နေသူတွေရှိခဲ့ရင် စုံစမ်းပေးပါဗျာ...တကယ်သာဆိုအခုလိုရောဂါကာလ စစ်ကာလကြီးမှာ အသက်80အမေအိုကိုအခုလို မစွန့်ပစ်သင့်ပါဘူးဗျာ...😭😭😭
အဘွားပုံကို မတင်သင့်မှန်းသိပေမဲ့...တင်လိုက်ရပါတယ်နော်...မကျွေးနိုင်တော့ရင် ဘိုးဘွားရိပ်သာသွားပြီး အကူအညီတောင်းကြပါခင်ဗျာ...🙏🙏🙏

21.7.2021

Want your business to be the top-listed Beauty Salon in Hlaing?
Click here to claim your Sponsored Listing.

Category

Website

Address

TawWin Street
Hlaing
12510