HOPE English School

HOPE English School

Share

14/04/2025

❣️❣️Power of a little warmth❣️❣️

တစ်ခုသော မနက်ခင်းလေးမှာ အတွေးပေါင်းများစွာနဲ့ လမ်းထဲမှာ လမ်းလျှောက် နေတုန်းပေါ့။ ရပ်ကွက်ထဲက ပိုက်ဆံရှိပြီးလူသိများတဲ့ လူတစ်‌ယောက်ကလည်း မျက်နှာချင်းဆိုင်ဘက်ကနေ လာနေခဲ့သည်။ ကျွန်တော်တို့ အချင်းချင်း မျက်မှန်းတမ်းမိကြသော်လည်း အသိမိတ်ဆွေတွေတော့ မဟုတ်ကြဘူး။ ကျွန်တော်တို့ သိကြတဲ့အတိုင်း လူတွေရဲ့ ချမ်းသာကြွယ်ဝမှု အဆင့်အတန်းပေါ် မူတည်ပြီး အခေါ် အပြော လုပ်ကြသည့် ခေတ်ကြီးမှာ ကျနော့်လို ဆင်းရဲပြီး သာမန်လူတစ်‌ယောက်ကို သူ လှည့်ပြီးပြုံးပြနှုတ်ဆက်မယ်လို့ မမျှော်လင့်ပါဘူး။ ကျွန်တော့်ကိုဆို လူတွေက မသိသလို သဘောထားပြီး ဘေးကဖြတ်သွားကြတာပါပဲ။

တကယ်လည်း အဲ့တာက လူ့သ‌ဘောသဘာဝပဲလေဗျာ ဟုတ်တယ်မလား။ ခင်ဗျားတို့ သူငယ်ချင်းလို့ပြောပြောနေတဲ့ သူတွေတောင် တစ်ခါတစ်ရံ လမ်းမှာတွေ့ရင် မသိချင်‌ယောင် ဆောင်ကြတာပဲလေ။ မာနကြီးလို့ပဲလား၊ အရင်နှုတ်ဆက်ရမှာ ကြောက်လို့လား တော့ မသိပါဘူး။ နွေးနွေးထွေးထွေးဆက်ဆံတာက ထင်ထားတာထက် ပိုပြီးသတ္တိရှိဖို့လိုလို့လည်းဖြစ်နိုင်တာပဲ။ အဲ့တာကြောင့် ကျွန်တော်ကလည်း ခေါင်းငိုက်စိုက်ရင်း လူတွေရဲ့ လျစ်လျူရှုမှုကို အဆင်သင့်ပြင်ထားခဲ့တာပေါ့။

သူကျွန်တော့်ကို လှမ်းကြည့်လိုက်တယ်။ ဒါပေမယ့် ဂရုမစိုက်တဲ့ပုံစံ၊ သနားစရာ ပုံစံ နဲ့တော့ မဟုတ်ဘူး။ မိတ်ဆွေ‌ဟောင်း တစ်‌ယောက်ကို တွေ့တဲ့နွေးထွေးတဲ့ ပုံစံမျိုးနဲ့။ သူကျွန်တော့်ကို သေသေချာချာလေး ပြုံးပြခဲ့တယ်။ ပျော်ပျော်ရွှင်ရွှင်နှုတ်ဆက်တယ်။ ကျွန်တော်ဟာ အ‌ရေးပါတဲ့ လူတစ်‌ယောက်လိုမျိုး ကျွန်တော့်နာမည်ခေါ်ပြီး ကျွန်တော်နေကောင်းလား အဆင်ပြေလား တောင်မေးသေးတယ်ဗျ။

အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော့်ကိုကျွန်တော် အသုံးမကျတဲ့သူဆိုသည့် အတွေးနဲ့ ဝမ်းနည်းနေခဲ့တဲ့အချိန်။ ကျွန်တော်ဖြစ်ချင်တဲ့ ကျွန်တော့်အိပ်မက်တွေနဲ့ ပို၍ပို၍ ဝေးသွားတယ်လို့ ထင်နေတဲ့အချိန်၊ ဘာတစ်ခုမှာမှ အသုံးကျတဲ့သူ မဟုတ်ဘူးလို့ စတင်ပြီး ယုံကြည်လာတဲ့အချိန်ပေါ့ဗျာ။ ဒါပေမယ့် အဲဒီသူရဲ့ ရိုးရှင်းတဲ့အပြုအမူလေးဖြစ်တဲ့ ထိုပြုံးပြနှုတ်ဆက်မှု၊ ထိုလေးစားသဖြင့် ဆက်ဆံမှု က ကျွန်တော် အချိန်အကြာကြီး ထမ်းပိုးထားတဲ့ အမှောင်ထုထဲကို ဖောက်ထွက်လာတဲ့ မျှော်လင့်ချက်ရောင်စဥ်လေးတစ်ခုပဲ။

ကျွန်တော် ယခင်ဘယ်တုန်းကမှ အခုလို နွေးထွေးကြင်နာမှုလေးတစ်ခုက တစ်စုံတစ်ယောက်ရဲ့တစ်နေ့တာလုံးကို တောက်ပလင်းလက်သွာစေမယ်လို့ မထင်ထားခဲ့ဘူး။ နာကြင်ပျက်စီးနေသော နှလုံးသားတစ်ခုအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်လာစေမယ်လို့တောင် မှပေါ့။ အဲဒီမနက်ခင်းလေးမှာပဲ ကျွန်တော်သိလိုက်တယ်- အနည်းငယ်သော နွေးထွေးမှုလေးတစ်ခု၊ လေးစားမှုလေးတစ်ဖုံ၊ စစ်မှန်သောအပြုံးလေး တစ်မျိုးပင်လျှင် ကောင်းမှုကုသိုလ်တစ်ခုဖြစ်သည် ဆိုတာ။ ခင်ဗျားတို့ လူတစ်ယောက်ရဲ့တစ်နေ့တာကို ပြောင်းလဲဖို့ ပိုက်ဆံတွေ ကြီးကျယ်ခမ်းနားသော အပြုအမူတွေ မလိုအပ်ပါဘူး။ တစ်ခါတစ်ရံမှာ တကယ်လိုအပ်တာက လှပသော အပြုံးလေးတစ်ခုသာ။

One fine morning, I was walking slowly down our street, lost in my own heavy thoughts. At the same time, a well-known and rich man from my ward was walking toward me from the opposite direction. Although we knew of each other, we weren't acquaintances. And in a world like ours, where wealth and status draw lines between people, I didn’t expect anything from him — no greeting, no glance, not even a small smile. I was just a poor, ordinary guy, the kind people often pass by like I’m invisible.

In fact, that’s human nature, isn’t it? Even people who call themselves your friends sometimes look away when they see you outside, pretending not to notice. Maybe out of pride. Maybe out of fear of being the first to greet. Maybe because showing warmth costs more courage than it seems. So there I was, walking with my head low, fully prepared to be ignored — when something unexpected happened.

He looked at me — not with indifference, not with pity, but with the warmth of someone seeing an old friend. His face lit up with a huge, genuine smile. He greeted me happily, called me by my name, and even asked how I was doing, as if I truly mattered.

At that time, I was drowning inside, struggling with the thought that I was a failure, that my dreams were slipping farther and farther away. I had started to believe I wasn’t good at anything — just another man defeated by life. But that simple act — that smile, that respect — it pierced through the darkness I had been carrying for so long.

I never knew before that a single moment of kindness could light up someone’s whole day — or even spark hope back into a broken heart. That morning, I realized something important: giving a little warmth, a little respect, even just a genuine smile, is a good deed in itself. You don't need money or grand gestures to change someone’s day. Sometimes, all it takes is just a beautiful smile.

Want your school to be the top-listed School/college in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

6th Thiri Street
Hlaing
11051