Feeling Love

Feeling Love

Share

09/12/2024

စိတ်ထားလှအောင်အမြဲနေပါ။

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒီလူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

ကိုယ်အသ၊က်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။

တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ။

21/10/2024

အရာရာကို..
အဖက်ဖက်က..
ကြိုတင်ပြင်ဆင် လုပ်ဆောင်ထားခြင်းက

ကောင်းတဲ့အခြေအနေတစ်ရပ်ကိုရောက်အောင်
အဓိကပို့ဆောင်ပေးတဲ့အချက်ဖြစ်တယ်..!

ဒီနေ့ မနက်ဖြန်အတွက်စဉ်းစားနေတာကနေ
နောင် ၁ နှစ်၊ ၃ နှစ်၊ ၅ နှစ် စသည်ဖြင့်...
ကိုယ်ကြိုတင်စဉ်းစားနိုင်သလေါက် အတွက်ကြိုတင်ပြင်ဆင်ပါ..!

ကြိုတင်တွက်ဆ စဉ်းစားရွေးချယ်ခွင့်က
မိတ်ဆွေ လက်ထဲမှာ ၁၀၀% အပြည့်ရှိနေပါတယ်..!

18.10.2021

Mobile uploads 16/09/2024

၂၀၂၄ ခုနှစ် ၊ စက်တင်ဘာလ (၁၀) ရက်နေ့မှ စတင်၍ နိုင်ငံတွင်း ရေဘေးသင့်ပြည်သူများ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ကမ္ဘောဇဘဏ်လီမိတက်မှ ကျပ်‌‌ငွေ (၁၀) ဘီလီယံ မ,တည်လှူဒါန်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့် ဖြန့်ကျက်ဆောင်ရွက်လျက် ရှိပါသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့်တပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။

ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့် - ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယဆင့် - ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်များ ရေးဆွဲလျက်ရှိပါသည်။
ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် စက်တင်ဘာလ (၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ခံစားရသော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး အသင့်စားသုံးနိုင်သော အစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် အစရှိသော နေရာ အသီးသီး အထိ ကားကြီးများဖြင့် အရောက် အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိပါသည်။

ချက်ပြုတ်စားသောက်ရန် ခက်ခဲသောမြို့ရွာများတွင်လည်း ထမင်းချက်စခန်းများကို မဏ္ဍပ်များထိုး၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးဒဏ်ခံရသော ကျေးရွာများအတွက်လည်း ၄င်းရွာနှင့် နီးစပ်သော ရေလွတ်သော ကျေးရွာများသို့ KBZPay မှတဆင့် ငွေလွှဲ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေလျက်ရှိပါသည်။

မြန်မာနိုင်ငံတဝှမ်း ကမ္ဘောဇဘဏ်ဘဏ်ခွဲအသီးသီးရှိ ဘဏ်ဝန်ထမ်းများမှလည်း ဘဏ်မှလှူဒါန်းမှုဒါန်းမှုများအတွက် ကိုယ်တိုင် လုပ်အားပေး ပါဝင်ဆောင်ရွက်နေသည့်အပြင် အဝတ်အထည် ၊ ဆေးဝါး ၊ ငွေကြေးအလှူဒါနတို့ကိုပါ တတ်အားသရွေ့ ပါဝင်လှူဒါန်းလျက်ရှိပါသည်။

ရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ် ရှိသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားနေရာ‌ဒေသများအတွက်လည်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ရရှိခဲ့သော ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွေ့အကြုံကောင်းများ ကို အခြေခံကာ ယခုရေကြီးရေလျှံမှု သဘာဝဘေးအန္တရယ် ကျရောက်ချိန်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

28/08/2024

ချစ်တယ် နဲ့ သံယောဇဉ် ရှိတာ မတူဘူး။

ချစ်တယ်ဆိုတာ
တစ်ခဏလေး တွေ့လိုက်ချိန် အတွင်းမှာပဲ
လူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်။

ဒီနေ့
ချစ်မိနေပြီးမနက်ဖြန်မှာ ချက်ချင်းပဲ
မချစ်နိုင်တော့တာလဲ ဖြစ်နိုင်တယ်။

"သံယောဇဉ်" ဆိုတာ က
ချစ်တယ် ဆိုတာထက် ပိုလေးနက်တယ်။

တည်ဆောက်ရတဲ့ ကာလကလည်း
ကြာတယ်.........
လူနှစ်ယောက် မချစ်ပဲ နဲ့ လည်း
သံယောဇဉ်ကြောင့်
လက်ထပ် သွားကြ တာလည်း ရှိတယ်။

သံယောဇဉ်က
"ချစ်တယ်" ဆိုတာ လိုမျိုး
အပြောင်းအလဲ မရှိဘူး။

ဒီနေ့ "သံယောဇဉ်" ရှိလည်း
နောက်နေ့..... နောက် နေ့ပေါင်းများစွာလည်း
ရှိမှာပဲ။

မုန်းနေရင်တောင်
"သံယောဇဉ်" ကြောင့်စိတ်ထဲ တွေးမိ ပြီး
သတိရနေ မှာပဲ။

အဲ့တော့
တစ်ယောက်နဲ့ တစ်ယောက်
ချစ်တာ အပြင်သံယောဇဉ် ရှိသွားရင်
ဘယ်သူ ဖြတ်ဖြတ် မပြတ်ကြတာ များတယ်။

ပြတ်သွားခဲ့ သည်ရှိတောင်
တစ်ယောက်နဲ့ တစ်ယောက်
သေရာပါ မမေ့နိုင်ကြတာ များတယ်။

"သံယောဇဉ်" ဆိုတာက "ချစ်တယ်"
ဆိုတာထက် ပိုလေးနက်သလို
ပိုပြီးလည်း ဖြတ်တောက်ရ ခက်တဲ့ ကြိုးပါ.။

LDRS ဘဝ မှာ အချစ်တစ်ခုတည်းနဲ့
မတည်မြဲပါဘူး။ သံယောဇဉ်တွေနဲ့ ရစ်ပတ်မှ
ဒီကြိုးက ခိုင်မှာပါ။

ကျွန်တော်ကတော့ လူတစ်ယောက်ကို
"သံယောဇဉ်" အပြင် " ချစ်တယ် " ဆိုတာထက်
ပိုပြီး ချစ်တတ်တဲ့ လူအမျိုးအစား ထဲမှာပါတော့
ခံစားရရင်လည်း
သူများထက် ၃ ဆလောက်ပိုတယ်။...

??𝙞𝙣𝙖𝙡_𝙒𝙧𝙞𝙩𝙚𝙧
Via -

Want your public figure to be the top-listed Public Figure in Hinthada?
Click here to claim your Sponsored Listing.

Videos (show all)

အရာရာဟာအတိုင်းအတာတစ်ခုအထိပါပဲ
ပိုက်ဆံချေးထားသူများ သို့ ...
ဟန်ဆောင် မချစ်ပါနဲ့တော့ ငါတို့နှစ်ယောက်လုံးပင်ပန်းပါတယ် ချစ်သူ… “Can’t keep holding on to you”💔Feeling Love

Category

Address

Aye Mya Tharyar Qtr Tapin Shwe Htee Street
Hinthada
10062