Kyaw Zayar

Kyaw Zayar

Share

05/01/2023

အရမ်းမထိုးနဲ့အုန်းကွာ

04/01/2023

ဟူး လိုင်းမကောင်းလို့မတင်မိဘူး

23/12/2022

23.12.2022 သောက်ကြာနေ့အတွက်

တစ်နေ့လုံးစာ အခွေ 83501 သင့်မှာ ဘရိတ် လုံးပိုင်ရှိရင်

ကပ်ထိုးနိုင်တယ်

ကျနော်ကတော့

83. 35. 30. 81. 15 ဒဲ့ပဲ 😉

10/12/2022

GoPro ဆိုတာ Action Camera တွေ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္မဏီပါ။ အမှန်တော့ Action Camera ထုတ်လုပ်တာ GoPro နဲ့အပြိုင် Contour ဆိုတာ ရှိခဲ့ပါတယ်။ GoPro ထက်ကို နည်းပညာမြင့်ခဲ့ပြီး အရေးအသွေးကောင်းခဲ့တဲ့ Action Camera တွေကို ထုတ်လုပ်ခဲ့ပေမယ့် Contour က နောက်ဆုံးမှာဈေးကွက်ရှူံးနိမ့်ပြီး လုပ်ငန်းပိတ်သိမ်းသွားခဲ့ပါတယ်။

Contour ကုမ္မဏီ ရဲ့Founder ဖြစ်တဲ့ Marc Barros က ထုတ်ကုန်ထုတ်သူများအတွက်မှတ်သားစရာ ဈေးကွက်သင်ခန်းစာ ကို ဒီလိုပြောခဲ့ပါတယ်။

〰 〰 〰
"I learned a very hard lesson .. the best product doesn't always win, the product everyone knows about does."

"အကောင်းဆုံး Product ဖြစ်တိုင်းလဲ အမြဲအလုပ်ဖြစ်လိမ့်မယ် မထင်နဲ့.. လူတိုင်းသိတဲ့ Product မှသာ အလုပ်ဖြစ်လိမ့်မယ်" .. တဲ့ ။
〰 〰 〰

ဈေးကွက်မှာ ကြည့်လိုက်ရင် ဒီစကားရဲ့အဓိပ္ပါယ်လေးနက်မှုကို တွေ့ရပါလိမ့်မယ်။

လုပ်ငန်းထုတ်ကုန်အများစု ကို ကြည့်ရင် အကောင်းဆုံးဖြစ်တိုင်းလဲ လူသိ မများကြသလို.. လူသိများတိုင်းလဲ အကောင်းဆုံး မဟုတ်ကြပါဘူး။ ဒါပေမယ့် .. ကိုယ့်ထုတ်ကုန် ကို လူမသိ ရင် မရောင်းရပါဘူး။ မရောင်းရမှ တော့ ဝင်ငွေ မရှိသလို၊ အမြတ်မရှိပါဘူး။ အမြတ် မရှိမှ တော့ .. လုပ်ငန်းဘယ်လို ရေရှည်ခံပါ့မလဲလေ။

သေချာတာ တစ်ခု ကတော့ .. လူသိများဖို့ဆိုတာ ..အကောင်းဆုံး ဖြစ်စရာမလိုပါဘူး၊ တော်ယုံကောင်းနဲ့လဲ လူသိများအောင်လုပ်လို့ရပါတယ်။

💠လူသိများတဲ့ Product ထုတ်ကုန်/ လုပ်ငန်း တစ်ခု ဖြစ်လာဖို့ဆိုတာ ကြော်ငြာယုံနဲ့မရတော့ပါဘူး။

ကြော်ငြာ ကို သီးခံပြီး ကြည့်ရတဲ့ခေတ်ကုန်သွားပါပြီ။

ကြော်ငြာ ဆိုတာ နဲ့ကျော်ကြည့်လို့ရသွားတဲ့အတွက် "ကြော်" .. ဆိုတာ နဲ့ ကြည့်သူက "ကျော်" ပြီးသားဖြစ်နေကြပါပြီ။

ကျော်ငြာ ကို အားကိုးနေတုန်းပဲလား ❓

ကြော်ငြာ ဖို့ထက် .. ပျံ့နှံ့ဖို့ကို အားကိုးပါ။ ✔

ကြော်ငြာခြင်း ဆိုတာ ကိုယ့်အကြောင်းကိုယ်ပြောရတာ၊ ကိုယ်ထုတ်ကုန်အကြောင်း ကိုယ့်ငါးချဉ်ကိုယ်ချဉ်ရတာ။

⭐ပျံ့နှံ့ခြင်း ဆိုတာ .. စားသုံးသူအတွက် အကျိုးရှိလို့အခြားသူတွေကို မျှဝေတာ.. Share တာ.. ပျံ့နှံ့စေတာပေါ့။

ကြော်ငြာခြင်းဆိုတာ .. တကိုယ်ကောင်းဆန်တယ်၊

⭐ပျံ့နှံ့စေခြင်း ဆိုတာ .. အများအကျိုးဆန်တယ်။

ကြော်ငြာခြင်း ဆိုတာ .. ရောင်းဖို့ရည်ရွယ်တယ်၊

⭐ပျံ့နှံ့စေခြင်း ဆိုတာ .. ကြိုက်ရင်ဝယ်စေဖို့ရည်ရွယ်တယ်။

ဘယ်သူမှ အရောင်းမခံချင်ဘူး... ဒါပေမယ့် ကြိုက်ရင်တော့ ဝယ်ကြတာပါပဲလေ။

အရင်တုန်းက ထုတ်ကုန်တစ်ခု ကောင်းရင် လူ လေးငါးယောက်လောက်ပဲ ပြန်ပြောပြလို့ရတယ်။ ✔
ဒီနေ့ခေတ်မှာ ထုတ်ကုန်တစ်ခုကောင်းရင် လူပေါင်း လေးငါးထောင် ၅၀၀၀ လောက်ကို ကိုယ့်ဖေ့ဘုတ်မှာ ပြန်ပြောပြ၊ မျှဝေလို့ရတယ်။

ကြော်ငြာခြင်းမှာ လူတစ်သန်းလောက်သိဖို့.. ကုန်ကျစားရိတ် သန်းနဲ့ချီရှိနိုင်ပေမယ့် .. ပျံ့နှံ့ခြင်းမှာ လူတစ်သန်းသိဖို့ ကိုယ့်သူငယ်ချင်း ငါးရာလောက်က နှစ်ဆင့်လောက် share တာနဲ့ ကုန်ကျစားရိတ်မရှိပဲ ဖြစ်နိုင်တယ်။

အမှန်တော့ .. ကြော်ငြာခြင်း ဆိုတာ Reminder (သတိပေးချက်တစ်ခု) ပါ၊
ပျံ့နှံ့စေခြင်း ဆိုတာ initiator (အစပြုမှုတစ်ခု ) ပါ။

ပေါက်ပြီးသား ဘရန်းအတွက် ကြော်ငြာ ကို reminder အနေနဲ့လုပ်နိုင်ပေမယ့် ..

ကိုယ်က ခုမှ ဈေးကွက်မှာ လူသိဖို့ကြိုးစားနေတဲ့ လုပ်ငန်းဆိုတာ initiator က ပိုအရာထင်ပါတယ်။

ပျံ့နှံ့စေဖို့ .. မားကက်တင်း အိုင်ဒီယာ (၁၀) မျိုးဖော်ပြပေးလိုက်ပါတယ်။

ပျံ့နှံ့စေခြင်း အိုင်ဒီယာ (၁၀) ချက်
⭐⭐⭐⭐⭐

✨ ၁။ နွားပြာကြီး အိုင်ဒီယာ ( တစ်ခုကောင်းကို အများနဲ့မတူပေးခြင်း )

✨ ၂။ လူမှု ဂုဏ်တန်ဖိုး အိုင်ဒီယာ ( အများမသိ၊ မရှိတဲ့အရာတစ်ခုကို ပေးခြင်း)

✨ ၃။ မောင်းခလုတ် အိုင်ဒီယာ ( ရှိပြီးပေါက်ပြီးသားအရာတစ်ခု နဲ့တွဲစပ်ပေးခြင်း)

✨ ၄။ စိတ်ခံစားမှု အိုင်ဒီယာ (ဟာသ ပျော်ရွင်မှု စတဲ့ စိတ်ခံစားမှု ကောင်းများပေးခြင်း)

✨ ၅။ သိုးအုပ် အိုင်ဒီယာ ( အများနဲ့အတူ လုံခြုံမှု ကို ပေးခြင်း )

✨ ၆။ လက်တွေ့ကျခြင်း အိုင်ဒီယာ ( လက်တွေ့အသုံးဝင်သောအရာများပေးခြင်း)

✨ ရ။ ဇာတ်လမ်း အိုင်ဒီယာ ( တူညီသောကိုယ်ချင်းစာမှုကို ပေးခြင်း)

✨ ၈။ သတင်း အိုင်ဒီယာ ( ထူးခြားဖြစ်စဉ် ကို ပေးခြင်း)

✨ ၉။ အာခီမီဒီး အိုင်ဒီယာ ( ထိုးဖောက်စဉ်းစား အသိဉာဏ်ပွင့်မှု ကို ပေးခြင်း)

✨ ၁၀။ အံသြဘနန်း အိုင်ဒီယာ ( မမျှော်လင့်သော အရာကို ပေးခြင်း)

အထက်ပါ အိုင်ဒီယာတွေကို ကျွန်တော် နောက်ပိုင်း မှာ ပညာဒါနအဖြစ် မျှဝေပေးမယ် ဆိုရင် စိတ်ဝင်စားပါသလား ?

မျှဝေတဲ့အခါ မသိလိုက်ဖြစ်ပြီး လက်မလွတ်ရလေအောင် .. အောက်တွင် တစ်ခုခု မန့်ခဲ့နိုင်ပါတယ်ခင်ဗျာ။ ။ 💖👇

#မာသင်
In Search of Impactful Existence

Want your business to be the top-listed Advertising & Marketing Company in Hinthada?
Click here to claim your Sponsored Listing.

Telephone

Address

23/9 Zay Lan
Hinthada
10061