Wai Yan
25/10/2025
ယူနိုက်တက် မပါအောင် Screen shot ရိုက်ပါဦး 😎
မှတ်မိသလောက် top 4 ထဲ ပြန်ရောက်တာ ခုမှလို့ထင်တာပဲ။
(ခဏလေးပဲဆိုဆို ဘာနေနေ) . 😬❤️
ဒီနေ့ Bangkok Bank ကဖုန်းဆက်လို့ အကောင့်သွားပိတ်ခဲ့ပါပြီ။
အကြောင်းပြချက် မရှိပိတ်တာပါ။ ထူးပြီးမတုန်လှုပ်တော့ပါ။ အစကတည်းက ဖွင့်လို့မရရင် မဖွင့်ပေးခဲ့သင့်တာပါ။ 🥹
စာရွက်စာတမ်းတင်ပြီး Working days ၁ ပတ်ကြာပြီးတဲ့အချိန်မှာ ဖွင့်ခဲ့တဲ့ဘဏ်ခွဲမှာပဲ ပြန်သွားပိတ်ရတာပါ။ ပိုက်ဆံတွေပြန်ထုတ်ပေးလိုက်ပါတယ်။ 😃
September လအစလေးမှာ ဘဏ်က ဖုန်းဆက်လာပါတယ်။ မနက်ဖြန် ဘဏ်လာခဲ့ပါတဲ့။ account ပိတ်ပေးပါမယ်တဲ့🥹 ဟုတ်ကဲ့ကျေးဇူးပါ🥲
21/08/2025
ဒီနေ့ ဘဏ်သွားခဲ့ပါတယ်။ လိုအပ်တဲ့စာရွက်စာတမ်းတွေတော့ ကိုယ့်မှာရှိတာအကုန်ပြခဲ့ပါတယ်။🥹
Account ပြန်ပွင့်မပွင့်ကို တစ်ပတ်လောက်နေရင် ATM စမ်းထုတ်ကြည့်လို့ရရင်ရတယ်လို့မှတ်ရပါမယ်တဲ့🥹
ကြာချိန်က အနည်းဆုံး၁ ပတ်ပါ။ ၂ပတ်/၃ ပတ်လဲဖြစ်နိုင်ပါတယ်တဲ့😒
ဘဏ်က ဖုန်းဆက်ရင်တော့ အကောင့်လာပိတ်ပြီး ငွေပြနထုတ်ပေးပါမယ်တဲ့❤️
ဘဏ်က အခု Visa သက်တမ်းရှိပြီး purpose of using bank account (ဘဏ်အကောင့်ကိုဘာအတွက်သုံးနေတာလဲ) ကို documents တွေupdate လုပ်ပြီး review ပြန်လုပ်တဲ့သဘောမို့၊ Visa သက်တမ်းရှိပြီး သူတို့တောင်းတာတွေပြနိုင်ရင် မျော်လင့်လို့ရနိုင်ပါတယ်။ ❤️
အကြံပေးချင်တာကတော့ ဘဏ်ကအခုဆို သူတို့ဘာလုပ်ရမယ်ဆိုတဲ့ process ရှိနေပြီမို့ ရက်၃၀ အတွင်း လာပြီး ရှိတဲ့ documents တွေနဲ့လာပြီး စာရွက်လေးတွေလာထပ်ထားသင့်ပါကြောင်းနဲ့ document တွေကို print အကုန်ထုတ်ခဲ့တာကောင်းပါတယ်။ မူရင်းပဲဖြစ်ဖြစ် မိတ္တူပဲဖြစ်ဖြစ် သူတို့က scan ပြန်ဖတ်ပြီးသိမ်းတာမို့ပါ❤️
17/08/2025
ဒီရာသီအဖွင့်ပွဲမှာတင် အာဆင်နယ်နဲ့တွေ့ပြီး အိမ်ကွင်းမှာ 0-1 နဲ့ရှုံးပါတယ်။ ဒါပေမယ့် ပွဲအစဆုံးကြည့်ခဲ့ပြီး Statsတွေအရလည်း ထင်ထင်ရှားရှားမြင်ရတာကတော့ ကိုယ့်အသင်း အတော်တော့ တိုးတက်လာတာအထင်းသားပါပဲ❤️
အာဆင်နယ်ဘက်က ဂိုးသမား Raya လက်စွမ်းပြခဲ့လို့သာ တချို့ဂိုးတွမရခဲ့တာပါ။ ကိုယ့်အသင်းဘက်ကလည်း De Ligt က on fire ဖြစ်ခဲ့တာပါပဲ။
Sesko Cunha Mbeumo သုံးယောက်လုံးကို ပွဲချိန်ပြည့်တွဲဆော့ရရင် အတော်မိုက်မှာပါ။ ကွင်းလယ်အထိုင်က Casemiro ထွက်တာနဲ့ အာဆင်နယ်ဘက်က ပြန်ဖိနိူင်ခဲ့တာတွေ့ရပါတယ်။ ကွင်းလယ်တစ်ယောက်လိုပါတယ်🥹
ဂိုးစမားကတော့ အိုနားနား မကောင်းလို့ ခုဒုတိယဂိုးသမာစလည်းမျော်လို့လို့မရပါ🥹
See you next weekပါ❤️
17/08/2025
ဒီည ၁၀ နာရီ ပွဲက ပွဲပြီးရင် နိုင်တာမနိုင်တာထက် လောလောဆယ် ပုံအရင်တင်ထားတာ ပိုသေချာတယ်😜
Man United Vs Arsenal
ဘယ်ပုံက ပိုတူလဲအပြင်ပုံနဲ့🤪
12/08/2025
ဟိုချီမင်းဟာရန်ကုန်လိုပါပဲ။
Tan Son Nhat လေဆိပ်ကလည်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လိုပါပဲ။
ရာသီဥတုလည်းအတော်ဆင်ပါတယ်။
လမ်းတွေကလည်း ရန်ကုန်လိုပဲညာကပ်မောင်းရတာပါပဲ။
အစားအသောက်ကတော့ အတော်လေး healthy ဖြစ်တဲ့ဘက် ကိုသွားပါတယ်။ Pho အမဲသားခေါက်ဆွဲပြုတ်ကိုအကြိုက်ဆုံးပါပဲ။ ❤️ နေထိုင်စားသောက်သွားလာစရိတ်လဲရန်ကုန်မှာနေရသလောက်ပါပဲ။ အတော်လေး fair ဖြစ်ပါတယ်။
ဟိုချီမင်းသုံးရက်နေပေမဲ့ အထင်ကရနေရာဆိုလို့ Ben Thang market တစ်ခုပဲသွားဖြစ်ခဲ့ပါတယ်။ အဲ့ဒါကလဲ မုန့်သွားစားတာပါပဲ😂
အမှတ်တရ အထင်ကရနေရာတွေသွားရတာထက် မုန့်စားလိုက် ကော်ဖီဆိုင်ထိုင်လိုက် ဟိုတယ်ပြန်အိပ်လိုက်နဲ့ အတော်လေး အေးဆေးတာကိုပဲပိုကြိုက်လို့ အဲ့လိုပဲနေခဲ့ပါတယ်။ နေ့လည်ဘက်တွေနေပူတယ်ဆိုပေမဲ့ ထိုင်းထက်တော့ အေးပါတယ်။
မနေ့ညက Bui Ven Walking Street သွားတာတော့ မကြိုက်ပါဘူး။ 😜မိန်းမက သွားချင်တယ်ရောက်ဖူးချင်တယ် ဆိုလို့လိုက်ပို့ရတာပါ။ 😂
ညနေစောင်းလောက်ကနေ စပြီး လမ်းပေါ်မှာ အုပ်စုဖွဲ့ထိုင်ပြီး အေးဆေး သောက်စားကြပြီး သီချင်းဆိုကြတာတာ အများကြီးတွေ့ရပါတယ်။ ထော်ကိုင်း တွေလောက် foreigner တွေကို ကျွမ်းကျွမ်းကျင်ကျင် ဖော်ဖော်ရွေရွေ မဆက်ဆံနိုင်ကြသေးတာလည်းကြုံရတာတချို့ရှိပေမဲ့ နေပျော်တဲ့ တမူထူးတဲ့ အတွေ့အကြုံတွေ ခံစားချက်တွေပေးပါတယ်။ Vietnam ရဲ့ တခြားမြို့တွေကိုလည်းသွာဖူးချင်ပါသေးတယ်😍❤️
အချုပ်ကတော့ ရန်ကုန်ကိုအလွမ်းပြေစေတဲ့ ၃ ရက်တာအတွက် ကျေးဇူးပါ ဟိုချီမင်းရေ😍❤️
ပတူနမ် Indra Square မှာ မီးလောင်နေပါတယ် #ပတူနမ်
Update - Indra square မဟုတ်ပါဘူးတဲ့ ။ 93 hotel ဘက်တွေပါတဲ့ Indra condo လို့လဲကြားပါတယ်
ကြက်တောင်ရိုက်ဖို့သွားမယ်ဆို ကျောပိုးအိတ်လေးတစ်လုံးနဲ့ဆို အဆင်ပြေပါမယ်။ 😍 ပစ္စည်းမှာမယ်ဆိုရင်တော့ Lamin Sandar Fashion Shop messenger ကပဲမှာပေးပါနော်😍😬😍
မှာယူရန် Code - YN-1
10/07/2025
ထိုင်းမင်းသားဖြစ်လိုက် တရုတ်မင်းသားဖြစ်လိုက်ပါပဲ😎
အဆိုတော်ဖြစ်အောင်ကြိုးစားခဲ့ဖူးပေမဲ့ ခုတော့ မင်းသားဖြစ်နေပြီလေ😎
07/07/2025
သောက်နေကျ ကော်ဖီဆိုင်လေးပိတ်ထားလို့ပါ😎
06/07/2025
သောက်နေကျ ကော်ဖီဆိုင် ပိတ်ထားရင် အရမ်းခံစားရတယ်။ 🥲
Click here to claim your Sponsored Listing.