Ma Shwe Ei

Ma Shwe Ei

Share

13/01/2023

နဘုလယ်ဒေသမှာ မနေ့က ပစ်သတ်ခံရသူဟာ ပျုစောထီးမဟုတ်ဘူးလို့ ဒေသခံတွေပြော

တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၂

ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ပစ်သတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးသိန်းဟာ ပျူစောထီးမဟုတ်ဘူးလို့ ဒေသခံတွေကဆိုပါတယ်။

မနေ့က ညနေ ၃ နာရီခွဲအချိန်မှာ လဲရှောင်ကျေးရွာက ဦးစိုးသိန်းဟာ ရွာထဲကဘိလိယက်ခုံတစ်ခုမှာပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သူဟာ စစ်ကောင်စီကတာဝန်ပေးထားတဲ့ပျူစောထီးဖြစ်တဲ့အတွက် ရှင်းလင်းခဲ့တယ်လို့ T.PDF က ထုတ်ပြန်ခဲ့ပါတယ်။

နဘုလယ်ဒေသခံတွေကတော့ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဦးစိုးသိန်းဟာ ပျူစောထီးမဟုတ်ဘူးလို့ငြင်းဆိုကြပါတယ်။

" သူက ဒလန်တို့ ပျူစောထီးတို့မဟုတ်ပါဘူး။ ဒီဒေသမှာအကုန်သိနေကြတာပါပဲ။ အားလုံးနဲ့အဆင်ပြေပြီး လူတွေကိုကူညီတတ်တဲ့သူပါ။ ဘာမှဒုက္ခပေးတာလည်းမရှိပါဘူး" လို့ ဒေသခံတစ်ဦးကပြောပါတယ်။

နောက်ထပ် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့​ဒေသခံကလည်း " အခုလုပ်တဲ့အဖွဲ့ကရတဲ့သတင်းအပေါ် စိစစ်မှုမရှိတာလို့ပဲထင်တယ်။ သတင်းလာပေးတဲ့သူက ပုဂ္ဂိုလ်ရေးမကျေနပ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်လေ" လို့ပြောပါတယ်။

ပစ်ခတ်ခဲ့တဲ့ T PDF အဖွဲ့ကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းချိန်မှာတော့ ဦးစိုးသိန်းဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးတဲ့သူဖြစ်တာကို စုံစမ်းတွေ့ရှိထားတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။

"ကျွန်နော်တို့စုံစမ်းသိထားသလောက်တော့ဦးစိုးသိန်းကနိုင်ငံရေးအစဖြစ်တဲ့အချိန်ကတည်းကထာ၀ယ်မြို့ပေါ်မှာလည်းတော်တော်လေးဂြိုလ်မွှေဖူးတယ်သူကြောင့်လည်းပြေးနေရတဲ့သူတွေလည်းများပြီ။ စကစစစ်ကြောင်းတွေမှာလည်းသူကိုယ်တိုင်ပါ၀င်နေပြီး လမ်းပြပေးနေတာကိုနယ်မြေခံအချို့ကတိုင်ကြားထားပါတယ်" လို့ T.PDF Page က စာနဲ့ပြန်လည်ဖြေဆိုခဲ့ပါတယ်။

ရေဖြူမြို့နယ်မှာ အရင်နှစ်က လက်သည်မပေါ်တဲ့ အငြင်းပွားဖွယ်ရာ အသတ်ခံရမှုဖြစ်စဥ်တွေရှိခဲ့ပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - ဦးစိုးသိန်း

------------

တနင်္သာရီတိုင်းမ်သတင်းဌာနရဲ့သတင်းတွေကို
Website --> https://www.tntynews.com/
Telegram --> https://t.me/tanintharyitimes
YouTube --> https://www.youtube.com/c/TheTanintharyiTimes
Twitter ----> https://twitter.com/tntynews
တို့မှာလည်းဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Photos from Ma Shwe Ei's post 18/07/2020

ဝါဆိုအမှီ shirt အင်္ကျီအဖြူလေးနဲ့ ယောပုဆိုးလေးနဲ့ဝတ်ရအောင်နော် သန့်သန့်ရပ်ရပ်လေးဝတ်လို့ရတယ်နော် ဒီဝတ်စုံလေးနဲ့ဆို အရမ်းလိုက်ဖက်မဲ့ ဒီဇိုင်စလေးပါနော် 😍💚😱
လက်လီလက်ကားဖြင့်ရောင်းချပေးနေပါပြီနော် 💚😱
Price to cb 💵💵💵
Ph-09404172727💚📞📞
ထားဝယ်မြို့အတွင်းအိမ်တိုင်ရာအရောက်ပို့ဆောင်ပေးနေပါသည် 💚💚😍
နယ်ကဆိုကားဂိတ်မှာတစ်ဆင့်ပို့ဆောင်ပေးနေပါသည်💚💚😍

Photos from Ma Shwe Ei's post 30/06/2020

ပုံလန်းလန်းလေးမှဝတ်ချင်တယ်ဆိုသူတွေအတွက် စပို့ရှပ်အင်္ကျီတွေ ရှိနေပါပြီနော်.. .
Size -👉M👈
Price -6800💵💵💵
Ph-09404172727
ထားဝယ်မြို့အတွင်းအိမ်တိုင်ရောက်ပို့ဆောင်ပေးပါသည်...🚴
နယ်ဘက်ကဆို ကားဂိတ်မှတစ်ဆင့်ပို့ဆောင်ပေးပါသည်... 🚖

Want your business to be the top-listed Clothing Store in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address

ကျောင်းသစ်လမ်း တလိုင်းထိန်ရပ်ကွက်
Dawei