K&POnline Shoping

K&POnline Shoping

Share

18/10/2022

📌တိုနာ (Toner)သုံးနည်း📌

😊မသိသေးတဲ့သူတွေအတွက်ပြန်လည်
မျှဝေပေးလိုက်ပါတယ်ရှင်🥰

✅အရင်ကဆိုရင် Toner ကို လုံးဝမလိုအပ်ဘူး ထင်ခဲ့တာ
အရည်လိုပဲ ဘာမှ ထူးခြားမှုမရှိဘူး ပေါ့
တကယ် Skin Care သုံးပြီး တကယ်လေ့လာကြည့်တော့ မှ အသားအရေ ထိန်းသိမ်းမှု အပိုင်းမှာ Toner က
အခြေခံအကျဆုံးထဲ က တစ်ခု ဆိုတာ သိလာရတယ်

✅နေ့ဘက် မိတ်ကပ် လိမ်းတဲ့ အခါ Tonerလိုအပ်သလို
ညဘက် အိပ်ခါ နီး အားဖြည့်ရည်တွေ မသုံးခင် Toner ဆိုတာ
မဖြစ်မနေ သုံးသင့်တဲ့ အရာဆိုတာ လုံးဝ နားလည် လာရတယ်

😍သုံးနည်း လေးပါ ပြန်copy ပေးထားပါတယ် ❤️

🌼တိုနာလိမ်းနည်း🌼

အမေး။......တိုနာကလေ မျက်လုံးတဝိုက်နဲ့ မေးစေ့တဝိုက်ချန် သုံးရတယ်ဆိုတာ ဟုတ်ပါသလား ဆရာ..❓

အဖြေ။......

တိုနာလိမ်းတဲ့အခါ မျက်နှာတပြင်လုံးလိမ်းရပါတယ်။
အထူးသဖြင့် မေးစေ့၊ ပါးပြင်၊နှာခေါင်းနဲ့ ဆံသယ်စတွေကို သေချာလိမ်းပေးရတယ်။
သို့သော် မျက်လုံး၊ မျက်ခွံနဲ့ နှုတ်ခမ်းကိုတော့ ချန်ထားရမယ်။
တိုနာလိမ်းတဲ့အခါ လက်နဲ့လိမ်းကြတယ်။ မှားတယ်။
တကယ်က တိုနာသုံးတဲ့အခါ ဂွမ်းစနဲ့လိမ်းမှ အညစ်အကြေး၊ ပိုးမွှား၊အဆီနဲ့ မိတ်ကပ်တွေ ကင်းစင်မှာဖြစ်တယ်။

ဂွမ်းစ၊ဂွမ်းဖတ်နဲ့ သုံးတဲ့အခါ အရည်ကို ရွှဲနစ်နေအောင်
စိမ်ပြီး မသုံးရဘူး။
အနေတော်လောက်ထည့်ပြီး သုံးရတယ်။
ဂွမ်းစမှာမဲလာရင် အသစ်ပြောင်းသုံးပါ။
လိမ်းတဲ့အခါ စက်ဝိုင်းပုံလိမ်းပါ။

သတိပြုရမှာကတိုနာသုံးပြီးတခြားskin care
ချက်ချင်းမသုံးပါနဲ့။
အနည်းဆုံးခြောက်အောင် တစ်မိနစ်ထားပြီးမှ တခြားskin care ဆက်သုံးရမယ်။✅


#ဒေါက်တာအေးမင်းထူး

25/09/2021

ဝက်ခြံ အဆီဖုများ အကြောင်း
--------------------------------------------------------------------------------------------
✅ အရောင်အားဖြင့် အသားရောင် ရှိတတ်ပြီး၊ မနီ မနာသော အဖုသေးသေးလေးတွေပါ၊ အထူးသဖြင့် နဖူး၊ မေးစေ့မှာ အတွေ့များပြီး မရောင်ရမ်းသော ဝက်ခြံတမျိုးပေါ့ ။

✅ အမျိူးအစား ၂ မျိူးရှိပါတယ် ။
- Micro comedones ( သာမန်မျက်လုံးဖြင့် မမြင်နိုင်သော အဆီဖုဝက်ခြံ )
- Macro comedones ( 2-3 mm ထက်ပိုသော အဆီဖုဝက်ခြံ )

✅ အဆီဖု ဖြစ်ရတဲ့အကြောင်းအရင်းကတော့ -
မွှေးညှင်းနုလေးတွေရဲ့ ထွက်ပေါက်ပိတ်လို့ပါ ။

✅ အဆီဖု အတွေ့များတာကတော့ -
✔️ မျက်နှာ အဆီအရမ်းပြန်တဲ့ အသားရေနဲ့ ခြောက်သွေ့ယားယံတဲ့ အသားရေရှိတဲ့သူတွေ မှာ တွေ့ရတတ်ပါတယ် ။
.. ဒါ့အပြင်...

✔️ ဝက်ခြံထွက်စေသော Chemicals ( pomades , isopropyl myristate , propylene glycol , dyes မတည့်သော အရောင်ဆိုးဆေး) ပါသောပစ္စည်းများ သုံးမိတဲ့ သူတွေ
✔️ မျက်နှာကို လက်နဲ့ ခဏခဏ ကိုင်တက်တဲ့သူတွေ
✔️ ကြမ်းကြမ်းတမ်းတမ်း မျက်နှာသစ်တတ်တဲ့ သူတွေ
✔️ လက်သည်းနဲ့ ကုတ်ဖဲ့တတ်သူတွေ
✔️ သနပ်ခါးထူထူ၊ မိတ်ကပ်ထူထူ လိမ်းသူတွေ
✔️ ကိုယ်နဲ့မတည့်သော skin care , chemical , make up , သဘာဝ အိမ်တွင်းကုထုံး၊ သစ်ခေါက်၊ သစ်သီးအစေ့ဆံ သွေးလိမ်းမိသူတွေ
✔️ Chemical peeling , laser တွေ ခဏခဏ လုပ်တဲ့သူတွေ
✔️ ဆေးလိပ်သောက်တဲ့သူတွေမှာလဲ ဖြစ်တတ်ပါတယ် ။
✔️ အချိုနှင့်နို့ထွက်ပစ္စည်း၊ အဆီ ပါသော အစားစာတွေကြောင့် နှင့်
✔️ မျိုးရိုးဗီဇတို့ကြောင့်လဲ ဖြစ်တတ်ပါသေးတယ် ။

••••••••••••••••••••

🌡 [ ကုသနည်းများ ]

ဘယ်လို ကုသရမလဲဆိုရင် -
A. လိမ်းဆေး
B. သောက်ဆေး
C. ကုထုံး ( treatment)
D. အိမ်တွင်းကုထုံး တို့ရှိပါတယ်

✅ A. - လိမ်းဆေး
- Benzoyl peroxide
- Azelaic acid
- Salicylic acid ( BHA )
- Glycolic acid ( AHA )
- Retinoids ( Tretinoin , Adapalene )
- Sulfur
- Niacinamide တို့ပါတဲ့ ဆေးများနှင့် Skin Cares တွေ သုံးပေးလို့ရပါတယ် ။

✅ B. - သောက်ဆေး
- Hormonal
- Isotritenoin
- Spironolactone တို့သောက်ပေးလို့ရပါတယ် ။

✅ C - ကုထုံး ( treatment )
- Cryotherapy
- Electrosurgery ( Cautery , diathermy )
- Microdermabrasion
- Extraction တို့ရှိပါတယ် ။

✅ D- အိမ်တွင်းကုထုံး အနေနဲ့ဆို -
( အိမ်တွင်းနည်းတွေက အပေါ်က ကုသနည်းတွေလောက် မထိရောက်ပေမဲ့ ဆေးခန်းမသွားချင်တဲ့သူတွေ၊ ကုသဖို့မတတ်နိုင်တဲ့သူတွေအတွက် သက်သာစေဖို့တော့ အသုံးပြုပေးလို့ရပါတယ် )

1. Alovera gel 🌵

2. Honey 🍯

3. Tomato 🍅 - ပါးပါးလှီးပြီး ညဖက် တွင် ၁၅ မိနစ်ကပ်ပေးပါ၊ ပြီးရင် ရေပြန်ဆေးခ၊ တပတ် ၂ ကြိမ် ။

4. Steam ရေနွေးငွေ့ 🌫 - steam စက်တွေရှိသလို ဆူပွက်နေသောရေပူပေါ်မှ မျက်နှာကို ခပ်ကွာကွာထား၍ ၅ မိနစ်လောက် အငွေ့ခံပေးလို့ရပါတယ် ။
( တပတ် ၁ ကြိမ်သာ )

5. Charcoal / clay mask ကပ် ( တပတ် ၂ ကြိမ် )

7. Tea tree oil

••••••••••••••••••••

[ ဆောင်ရန် ရှောင်ရန် ]

✅ ဆောင်ရန် တွေကတော့ -
- မျက်နှာကို ညှင်သာစွာ သစ်ပါ ။
- Toner သုံးပါ။
- Moisturizer ကို အဆီ အရမ်းမပါသော water-based ကိုသုံးပါ။
- Suncream မဖြစ်မနေ သုံးပေးပါ။

🚫 ရှောင်ရမှာကတော့ -
- Scrub အရမ်းလုပ်တာတွေ
- Make up မဖြတ်ဘဲ အိပ်တာတွေ
- လေထု၊ ပတ်ဝန်းကျင် ညစ်ညမ်းတဲ့ နေရာ
- ဓါတ်မတည့်သော ဆံပင်ဆိုးဆေး ၊ skin cares တွေ
- လက်နဲ့ ခဏခဏ ကိုင်တာ ၊ ကုတ်တာတွေ ၊ ညှစ်တာတွေ
- ဆံပင်ကို နဖူး ၊ မျက်နှာ ပေါ်မှာချထားတာတွေ
- ဆေးလိပ် ၊ အချို ၊ အဆီ ၊ နို့ထွက်ပစ္စည်းတွေ အလွန်အကျွံစားသုံးတာတွေ ရှောင်ပါ ။

•••••••••••••••••••

အဆီဖုနဲ့မှားတတ်တဲ့ တခြားအဖုလေးတွေကတော့

🔶 Sebaceous hyperplasia

( အဆီကလင်းလေးများ ကြီးထွားလာခြင်း )
အထူးသဖြင့် နဖူး၊ ပါး တွေမှာ အတွေ့များပါတယ်
ကိုယ်ခံအားနည်းသူ ၊ ကိုယ်တွင်းအင်္ဂါအစားထိုးမှုလုပ်ထားတဲ့ သူတွေမှာ အဖြစ်များပါတယ် ။
လေဆာ ၊ electrocautery အပူကုထုံး ၊ isotritenoin သောက်ဆေးဖြင့် ကုသနိုင်ပါတယ် ။

🔶 Syringoma

( အန္တရယ်မပြုသော ချွေးကလင်း tumors အကြိတ်လေးများ )
မျက်လုံးပတ်ဝန်းကျင်တွင် အဖြစ်များပါတယ်
အဆီဖုနဲ့ မှားကြတာ တွေ့ရတယ် ။
လေဆာ သို့မဟုတ် အပူကုထုံး( diathermy) ဖြင့် ဖျက်ထုတ်နိုင်ပါတယ် သို့သော် အမာရွတ်ကျန်တတ်ပါတယ် ။

•••••••••••••••••••

မေတ္တာဖြင့်
Dr. Naing








#အရေပြားနှင့်အလှအပ
#ဝက်ခြံ


Credit. Dr Naing

14/08/2021

အချိန်ကုန်သက်သာပြီးတော့ တမျိုးတည်းနဲ့ perfect ဖြင့်ချင်ရင်တော့ Treechada creamလေး လိမ်းဖို့လိုတယ်နော်... သနပ်ခါးလေးနဲ့ ရောလိမ်းလို့လည်းရတယ်.တမျိုးတည်းနဲ့လိမ်းပြီး glowချင်တယ်ဆိုရင်လည်းokတယ်နော်.
#အသင့်ရှိတယ်နော်
#မင်မင်ကထားဝယ်ကပါရှင့်

01/08/2021

😘 ပေါ့ပေါ့ပါးပါးနဲ့ အချိန်ကုန်သက်သာပြီးတော့
Makeup looks လေး try ကြည့်နော်

Want your business to be the top-listed Clothing Store in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address

​​မျှော်ရစ်ဘုရားလမ်း
Dawei
K&P