Tavoy Korean Language Class
နှစ်ကူး မတိုင်ခင်က ဟော့ဖြစ်ခဲ့ပြီး ရွှေမြန်မာတို့ အရမ်းကို စိတ်ဝင်စားနေတဲ့ E7-4R Visa အသစ်အကြောင်းလေး တင်ပေးမယ်လို့ စဉ်းစားပြီး ပို့်စ်ပြင်ထားတာကြာပါပြီ။ ဗီဇာအသစ်ဖြစ်တာရယ်၊ တချို့ ထုတ်ပြန်မထားသေးတဲ့ အကြောင်းအရာတွေကို စောင့်ဆိုင်းလေ့လာရင်းနဲ့ ပို့စ်လေး နောက်ကျသွားပါတယ်။ အခုဆိုရင် မကြာခင် 2လပိုင်းအလယ်လောက်မှာ ဒီဗီဇာလျှောက်လို့ရတော့မှာဖြစ်လို့ ပြင်ဆင်စရာလေးတွေ ကြိုပြင်လို့ရအောင် remind လုပ်ခြင်းဖြင့် ပို့စ်တင်လိုက်တာပါ
🩷 E7-4R ကို ဘယ်သူတွေ လျှောက်လို့ရလဲ
🩷 E9/ E10/ H2 ဗီဇာသမားများ လျှောက်လို့ရပါတယ်။
❤️ E7-4R ဗီဇာကို ကိုရီးယားရောက်ပြီး ဘယ်လောက်ကြာမှာ လျှောက်လို့ရမလဲ
❤️ ကိုရီးယာကိုရောက်ပြီး လုပ်သက် 2နှစ် အကြာမှာ လျှောက်ထားနိုင်ပါတယ်။
🧡 မိသားစုကိုခေါ်ပြီး အလုပ်လုပ်ကိုင်ခွင့်ရှိလား
🧡 ရှိပါတယ်။ E7-4R ဗီဇာ ရတာနဲ့ မိသားစုဝင်ကို ချက်ချင်းခေါ်နိုင်ပြီး တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။
💛 လူနေ နည်းပါးနိုင်ခြေရှိသော ဒေသဆိုတာဘာလဲ
💛 လူနေနည်းပါးသည့် ဒေသမဟုတ်ပဲ လူဦးရေကျဆင်းလာနိုင်ခြေရှိသော ဒေသများကို ဆိုလိုပါတယ်။ လူနေနည်းပါးသည့် ဒေသ (89 ဒေသ)/ လူနေနည်းပါးနိုင်ခြေရှိသောဒေသ (18 ဒေသ)ရှိပါတယ်။
💚 နေထိုင်ရာဒေသ သတ်မှတ်ထားပြီး အလုပ်အမျိုးအစား ပြောင်းလဲ လုပ်ကိုင်နိုင်တာ ဟုတ်ပါသလား
💚 ဟုတ်ပါတယ်။ E7-4R ဗီဇာဖြင့် သတ်မှတ်ထားတဲ့ ဒေသအတွင်းမှာ မိမိနှစ်သက်ရာ အလုပ်အမျိုးအစားကို ရွေးချယ် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ (စိုက်ပျိုးရေး၊ မွေးမြူရေးသမားများ ကုန်ထုတ်လုပ်ရေး/ ဆောက်လုပ်ရေးသို့ ပြောင်းလဲ လုပ်ကိုင်နိုင်)
🩵 E7-4R လျှောက်ဖို့ ဘာတွေလိုအပ်လဲ
🩵 2နှစ်အတွင်း ဝင်ငွေ သိန်း250 အထက်ရှိပြီး Topik KIIP Level 2 ရှိရင် လျှောက်လို့ရပါပြီ။
💜ဘယ်သူတွေအတွက် အခွင့်ရေးကောင်းဖြစ်မလဲ 💜💜
- E9 လုပ်သက်ပြည့်ပြီး အလုပ်ရှာနေသူများ
- E9 ဗီဇာကုန်ကာနီး အလုပ်ရှင်မှ ဗီဇာပြောင်းပေးရန် သဘောမတူသူများ
- E9၊ E10၊ H2 ဗီဇာဖြင့် အလုပ်ထွက်ထားသူ၊ အလုပ်ရှာနေသူများ
- အလုပ်ရှင်မှ အခွန်ရှောင်ထားသဖြင့် အခြားဗီဇာပြောင်ရန် ခက်ခဲနေသူများ
- လုပ်ငန်းစိတ်အမျိုးအစား ပြောင်းလဲလိုသူများအတွက် အခွင့်ရေးကောင်းလေးပါ။ 💜
🤎 E7-4R ဗီဇာ လျှောက်လို့ရပြီလား
🤎 2လပိုင်း လလယ်မှစတင်၍ လျှောက်ထားနိုင်ပါပြီ။
28/01/2025
Korea မှာ အိမ်ရှာဖို့ အကောင်းဆုံး App များ
Korea မှာ အိမ်ရှာတော့မယ်ဆိုရင် တော်တော်များများက 부동산 ကို သွားရှာကြတာများပါတယ်။ဒါပေမဲ့ အများစုက နေရာပဲ ပြောနိုင်ပြီးတော့ ပုံတွေဘာတွေ Showcase မလုပ်နိုင်ကြတာများပါတယ်။အဲ့တော့ တစ်အိမ်က နှစ်အိမ် နှစ်အိမ်က သုံးအိမ်ကြည့်ရရင် ကိုယ်လည်း ပင်ပန်းရသလို မြန်မာလူမျိုးတွေ စိတ်ခံအရ အားလည်း အားနာလာပြီးတော့ အရမ်းကြီး စိတ်တိုင်း မကျပေမဲ့လည်း ငှားလိုက်တတ်ကြပါတယ်။
ဒီတော့ ကျွန်တော်ကတော့ App တွေ Website တွေမှာက ပုံတွေနဲ့ အချက်လက်တွေ ရှိနေတာမို့ တထိုင်တည်းနဲ့ အဆင်ပြေနိုင်တာမျိုးရှာပြီးတော့မှဘဲ သွားကြည့်လိုက်တာက ပိုပြီးတော့ အဆင်ပြေနိုင်မယ်ထင်ပါတယ်။
ဒါကြောင့် အိမ်ငှားဖို့ အိမ်ရှာဖို့ လိုလာတယ်ဆိုရင်တော့ အောက်ပါ App တွေမှာ ရှာပြီးတော့ စိတ်တိုင်းကျတာမျိုးတွေ့ပြီဆိုတော့ဘဲ ကိုယ်တိုင်သွားကြည့်လိုက်တာမျိုးကို ညွှန်းချင်ပါတယ်။
အောက်ပါ App တွေမှာတော့ စပေါ်ငွေ အိမ်လခ တွေ ဘယ်လိုဆိုတာ ပြပေးထားပါတယ်။နောက်ပြီး 관라비 Internet TV Aircon Refrigerator Washing Machine Boiler စတာတွေကိုလည်း ပါပြီးသားလား သပ်သပ်စီ ဆောင်ရမှာလားဆိုတာ အသေးစိတ်ပြပေးထားပါတယ်။
ဘယ်နထပ်ရှိတဲ့ တိုက်မှာ ဘယ်နလွှာက အခန်းလဲ ကားပါကင်ရမရ ဘာညာအကုန်ရှိပါတယ်။ကိုယ်တိုင်စစ်လို့ ရပါတယ်။
ဒီတော့ Filter တွေနဲ့ စိတ်ကြိုက် ရှာနိုင်ပါတယ်။
아파트 원룸 빌라 투룸 အစုံကို အသေးစိတ် ရှာနိုင်ပါတယ်။
အောက်မှာ Play Store Link တွေပေးထားပါတယ်။IOS သမားတွေကတော့ App Store မှာ ရှာကြည့်ပါ။
Recommend ပေးရရင်တော့ အကောင်းဆုံး အဆင်ပြေဆုံး ကျွန်တော် ကြိုက်တာကို ပြောတာပါ။ အစဉ်လိုက် စီပေးထားပါတယ်။
ကြိုက်တာတွေ့ရင် App တိုင်းမှာ ရှာကြည့်ပါ စျေးနည်းနည်း ကွာတတ်လို့ပါ။ကြိုက်တဲ့ အခန်းက တစ်ခန်းတည်း သေချာတယ်ဆိုရင် စျေးနည်းတဲ့ စီမှာ ငှားလိုက်ပါ။
1
https://play.google.com/store/apps/details?id=com.chbreeze.jikbang4a&pcampaignid=web_share
2
https://play.google.com/store/apps/details?id=kr.co.station3.dabang&pcampaignid=web_share
3
https://play.google.com/store/apps/details?id=com.ziptoss.v2&pcampaignid=web_share
4
https://play.google.com/store/apps/details?id=com.appz.dukkuba&pcampaignid=web_share
Crd:
https://www.facebook.com/share/1BeboVkMcF/
27/10/2024
“ကိုရီးယားမှာ လစာအကောင်းဆုံး အလုပ် (၅) မျိုး🖐️”
သင် ကိုရီးယားက အလုပ်ကိုင်တွေအကြောင်း
ဘယ်လောက် သိထားပါသလဲ…❓
🇰🇷 ကိုရီးယားမှာ လစာအကောင်းဆုံး အလုပ်တွေရှိပါတယ်။ ရတဲ့ လစာတွေက နယ်ပယ်နဲ့ ကျွမ်းကျင်မှု အလိုက်ကွာခြားမှုတွေရှိပေမဲ့ ၂၀၂၄ စစ်တမ်းအရ လစာအကောင်းဆုံး အလုပ် (၅) မျိုးကို
ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ရပါတယ်။
🇰🇷 (၁) တရားသူကြီး
ကိုရီးယားမှာတော့ ဥပဒေလိုင်းဟာ အကြပ်ဆုံးဖြစ်ပြီး အကယ်၍ ဝင်ခွင့်ရခဲ့မယ်ဆိုရင်လည်း ဝင်ငွေက အရမ်းကောင်းပါတယ်။ တရားသူကြီးတစ်ယာက်ရဲ့လစာက ဝမ် သိန်း ၁၂၀ နဲ့ အထက်ရှိတယ်လို့
စစ်တမ်းကဆိုပါတယ်။
🇰🇷 (၂) ရှေ့နေ
တရားသူကြီးနည်းတူ ဥပဒေလိုင်းက ရှေ့နေတွေရဲ့ လစာကလည်း မနည်းတာကိုတွေ့ရပါတယ်။ ရှေ့နေတစ်ယာက်က တရားသူကြီးလောက်တော့ တစ်လကို ဝမ် သိန်း ၉၈ လောက်ရတာမို့ နေထိုင်စားသောက်ဖို့အပြင် စုဆောင်းဖို့ပါ ကောင်းကောင်းလုံလောက်တဲ့ ပမာဏတစ်ခုပါ။
🇰🇷 (၃) ခွဲစိပ်ဆရာဝန်
နောက်အလုပ်တစ်ခုကတော့ ခွဲစိပ်ဆရာဝန်တွေပါ။ ဒီနေရာမှာတော့ အဓိကအားဖြင့် ပလတ်တစ်ဆာရဂျီ
အတွက်ခွဲစိပ်ပေးတဲ့ ဆရာဝန်တွေကို ဆိုလိုတာပါ။ ဒါကတော့ အထွေထူးပြောစရာလိုမယ်တောင်မထင်ပါဘူး။
ကိုရီးယားမှာလစာအကောင်းဆုံးစာရင်းထဲမှာပါပြီးတော့ တစ်လ ဝမ် သိန်း ၁၄၀ လောက် ရပါတယ်တဲ့။
🇰🇷 (၄) ဘဏ်မန်နေဂျာ
လစာလည်းကောင်းချင်တယ်၊ အပေါ်က ပြောခဲ့တဲ့ အလုပ်တွေထဲကလည်း သဘောမကျဘူးဆိုရင်တော့
လစာကောင်းတဲ့ ဘဏ်မန်နေဂျာတစ်ယောက်လုပ်လို့ရပါတယ်။ အပေါ်ကအလုပ်တွေလောက်တော့ မရပေမဲ့
တစ်လ ဝမ် ၉၂ သိန်းရနေတဲ့ အလုပ်ကလည်းအရမ်းဆိုးတာတော့ မဟုတ်ပါဘူး။
🇰🇷 (၅) ပရော်ဖက်ဆာ
လစာလည်းကောင်းရမယ်၊ ဆရာကြီးလည်းလုပ်ချင်တယ်ဆိုရင်တော့ ဆရာကြီးလုပ်ကြည့်ကြပါ။
တောင်ကိုရီးယားက ပညာရေးကို အသားပေးတဲ့ နိုင်ငံဖြစ်လို့ တက္ကသိုလ်တွေလည်း အများပြားရှိပါတယ်။
သင်ကသာ တက္ကသိုလ်တစ်ခုခုမှာ ပရော်ဖက်ဆာဆိုရင်တော့ တစ်လ ဝမ် သိန်း ၇၀ ဝန်းကျင်လောက်ရမှာပဲဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Category
Website
Address
Dawei