PDF D-Day Dawei
07/11/2021
D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းပြည်သူများအားအသိပေးခြင်း
======================================================
၇.၁၁.၂၀၂၁ရက်နေ့ နေ့လည်ခန့်တွင် ထားဝယ်မြို့၊ကရပ်ပြင်ရပ်ကွက် ကရပ်ပြင်လမ်းဆုံရှိ ဆန်ရောင်းနေသည့်နေအ်ိမ်၌ ဖခင်ဖြစ်သူတစ်ဦးနှင့်သားဖြစ်သူတစ်ဦးတို့ သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခံရကြောင်းစိတ်မကောင်းစွာကြားသိခဲ့ရပါသည်။ဖခင်ဖြစ်သူမှာသေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပြီးသားဖြစ်သူမှာမစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။
၄င်းကိစ္စနှင့်ပက်သက်၍ ကျနော်တို့ D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်လုံးဝမသက်ဆိုင်ကြောင်းအများပြည်သူသိစေရန်ထုတ်ပြန်အသိပေးအပ်ပါသည်။
ကျနော်တို့D-Day Dawei ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် ပြည်သူများ၏အသက် အိုးအိမ် စည်းစိမ်ကိုအသက်ပေးကာကွယ်စောင့်ရှောက်ရန်နှင့် စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုဥ်းသွားသည်အထိတိုက်ခိုက်ချေမှုန်းသွားရန်အတွက်ဖြစ်သည်။
D-Day Dawei
18/08/2021
လှူဒါန်းပါဝင်ပေးကြသောမိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါသည်။
အရေးတော်ပုံမုချအောင်မြင်ရမည်။
D-Day(Dawei)
Click here to claim your Sponsored Listing.