Tavoy Media

Tavoy Media

Share

Photos from Tavoy Media's post 09/06/2025

ဂျပန်နိုင်ငံမှာ တနင်္သာရီဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပ

ထားဝယ် ၊ ဇွန်လ - ၉ရက်

ဂျပန်နိုင်ငံ၊စိုင်းတမမြို့တွင် တိုကျိုမြို့အခြေစိုက်ဘောလုံးအသင်းများဖြစ်ကြတဲ့ DAWEI FC နှင့် PALAW United'sတို့ ပူးပေါင်းပြီး (08.06.2025)ရက်နေ့က တနင်္သာရီဖလား ရံပုံငွေဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။

တနင်္သာရီဖလားဖူဆယ်ဘောလုံးပြိုင်ပွဲအဓိကပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်မှာ တနင်္သာရီတိုင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုရရှိရေးနှင့် တော်လှန်ရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်နိုင်ရေးအတွက် ပြုလုပ်ခြင်းဖြစ်တယ်လို့ တနင်္သာရီဖလားဖြစ်မြောက်ရေးဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တနင်္သာရီဖလားဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပရာတွင် ရံပုံငွေ စုစုပေါင်း ဂျပန်ယန်းငွေ 47သောင်းကျော်လက်ခံရရှိခဲ့ပြီး ထားဝယ်၊ပုလောနှင့်တနင်္သာရီမြို့နယ်ဘက်ရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များထံသို့ ကူညီထောက်ပံ့ပေးသွားမယ်လို့ သိရပါတယ်။

၎င်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း ၁၂သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ချန်ပီယံဆုကို လောင်းလုံး FC က ဆုခူးရရှိခဲ့ပြီး ဒုတိယဆုကို တနင်္သာရီ FC နှင့် တတိယဆုကို ဘုတ်ပြင်း FC တို့မှ ဆူးခူးရရှိခဲ့တယ်လို့ သိရပါတယ်။

Tavoy Media

Photos from Tavoy Media's post 04/07/2024

သရက်ချောင်းမြို့နယ်မှ သံဃာတော်များ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြ၊ သပိတ်မှောက်သည့် မြို့နယ် ၂၀ ခုထိ ရှိလာ

ထားဝယ် ၊ ဇူလိုင်လ - ၄ရက်

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်မှ သံဃာတော်များ အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်လိုက်ပြီး ပြည်သူများနှင့် အတူ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်အာဏာရှင်ကို မလိုလားသော သရက်ချောင်းမြို့နယ်မှ သံဃာတော်များ ဦးဆောင်ပြီး သရက်ချောင်းမြို့နယ်အတွင်းရှိ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

သပိတ် ဦးဆောင် သံဃာတော်များနှင့် အတူ ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (DDMSC)၊ ကရင်တိုင်းရင်းသားများ အပါအဝင် ဒေသပြည်သူများကလည်း လိုက်ပါ ဝန်းရံ ပူးပေါင်းပေးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်ဆောင်မှု ပြုလုပ်ကြရာတွင် ဇွန်လ ၂၃ ရက်နေ့တွင် ချောင်းဦးမြို့နယ်မှ သံဃာတော်များ စတင်ပြုလုပ်ခြင်းဖြစ်ပြီး ပခုက္ကူမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မုံရွာမြို့နယ် ၊ မြိုင်မြို့နယ် ၊ ဝက်လက်မြို့နယ်၊ အရာတော်မြို့၊ ဘုတလင်မြို့နယ်၊ မြင်းမူမြို့နယ်၊ ထားဝယ်မြို့နယ်၊ ပေါက်မြို့နယ်၊ မြင်းခြံမြို့နယ်၊ တောင်သာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ကနီမြို့နယ် ၊ ရေဦးမြို့နယ် နှင့် သရက်ချောင်းမြို့နယ် အပါအဝင် စုစုပေါင်း မြို့နယ် ၂၀ ခုမှ သံဃာတော်များ ပူးပေါင်း ပါဝင်လာခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ရာတွင် စစ်ကောင်စီကို သံဃာထုက အဆက် အဆံ မပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်ပြီး ဇွန်လ ၁၉ ရက်နေ့၌ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဝင်းနိမ္မိတာရုံဆရာတော်ကို စစ်ကောင်စီက ပစ်ခတ်သတ်ဖြတ်လိုက်ပြီးနောက် သံဃာတော်များက စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်လာကြခြင်းဖြစ်ကြောင်း သိရှိရသည်။

Photos from Tavoy Media's post 30/06/2024

ထားဝယ်ခရိုင် သံဃာတော်များက ထားဝယ်မြို့တစ်နေရာ (၃၀.၆.၂၀၂၄) နေ့လယ် ၂နာရီတွင်"တိုင်းပြည်နှင့်သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်စစ်တပ်အလိုမရှိ" ဆိုင်းဘုတ်ကိုင်ကာ"သံဃာကိုသတ် မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူ သီတဂူ အလိုမရှိ"ကြွေးကြော်သံများဖြင့် ဆန္ဒ ပြခဲ့ကြပါသည်။

ထို့နောက် ညနေ ၃ နာရီတွင် ထားဝယ်မြို့နယ် သိမ်တစ်ခုတွင် မင်းအောင်လှိုင်အား သပိတ်မှောက် ကံဆောင်ကြပါသည်။

Photos from Tavoy Media's post 11/05/2024

စစ်ကောင်စီအတွက် ဗျူဟာအရ အရေးပါတဲ့ ၁၀၂၀ တောင်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်

ထားဝယ် ၊ မေလ - ၁၁ရက်

တနင်္သာရီနဲ့ ဘုတ်ပြင်းမြို့နယ်အစပ်နေရာဖြစ်တဲ့ ၁၀၂၀ တောင်ကုန်းက စစ်ကောင်စီအစခန်းကို တော်လှန်ရေးတပ်တွေဘက်က ဒီနေ့မနက်မှာ အပြီးသတ်သိမ်းနိုင်ပြီဖြစ်တယ်လို့ KNU တပ်မဟာ ၄ ရဲ့ အတွင်းရေးမှူး ပဒိုအယ်နားကပြောပါတယ်။

၁၀၂၀ တောင်ကုန်း စစ်ကောင်စီအခြေစိုက်စခန်းကို ပြီးခဲ့တဲ့ဧပြီ ၃၀ ရက်ကစလို့ Black Cobra စစ်ကြောင်းက တိုက်ခိုက်နေတာဖြစ်ပြီး ၁၂ ရက်အကြာ ဒီနေ့မှာတော့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

“ဒီနေ့မနက်ပဲ သိမ်းလိုက်တယ်။ စခန်းမှာ ရန်သူကတစ်ယောက်မှမရှိတော့ဘူး။ တိုက်ပွဲပြီးဝိုင်းထားတဲ့ကြားကပဲ အကုန်စခန်းစွန့်ပြီးထွက်ပြေးသွားတာ” လို့ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

လောလောဆယ်ကတော့ တော်လှန်ရေးတပ်တွေက ၁၀၂၀ စခန်းကုန်းကိုထိန်းချုပ်ထားပြီး နယ်မြေရှင်းလင်းတာတွေလုပ်ဆောင်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

၁၀၂၀ စခန်းဟာ မြိတ်-ဘုတ်ပြင်း-ကော့သောင်း ကားလမ်းပိုင်းကိုထိန်းချုပ်ဖို့အတွက် စစ်ကောင်စီရဲ့ဗျူဟာကျတဲ့စခန်းဖြစ်ပြီး စစ်အာဏာမသိမ်းခင်ကတည်းက တပ်စွဲပြီးနေထိုင်နေတဲ့နေရာဖြစ်တယ်လို့ ပဒိုအယ်နားကဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲဖြစ်ပွားနေချိန်အတွင်း လာရောက်ပူးပေါင်းတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကူတပ်တွေကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြီး ကစဉ့်ကလျားဆုတ်ခွာမှုတွေရှိခဲ့တယ်လို့ Black Cobra စစ်ကြောင်းရုံးက မေလ ၈ ရက်နေ့ ထုတ်ပြန်ထားပါတယ်။

Black Cobra စစ်ကြောင်းဟာ KNU တပ်မဟာ ၄၊ တပ်ရင်း ၁၁ နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ စစ်ကြောင်းတစ်ခုဖြစ်ပါတယ်။

"ရန်သူတွေဘက်က အလောင်းတွေကို အကုန်မကောက်နိုင်ဘဲ ပြန့်ကျဲနေတဲ့အနေအထားဖြစ်တယ်။ အပုတ်နံ့တွေတော်တော်ဆိုးနေတယ်" လို့ မြေပြင်မှာရှိနေတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးက အခုလ ၈ ရက်နေ့မှာ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ အလောင်းတွေပြန့်ကြဲနေတဲ့နေရာတွေကတော့ ၁၀၂၀ တောင်နားက တိုက်ပွဲဖြစ်ပွားခဲ့ရာနေရာတွေဖြစ်တဲ့ တောင်ငယ်ရွာ၊ ခဲချောင်းရွာနဲ့ လမ်းဖိုကမ်းရွာတွေရဲ့ အနီးတဝိုက်မှာ ဖြစ်တယ်လို့ ရှေ့တန်းရောက်ရဲဘော်တချို့က ဆိုပါတယ်။

Black Cobra ရဲ့ မေလ ၈ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ စစ်ကြောင်းအနေနဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေသိမ်းဆည်းရမိထားတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိ ၁၀၂၀ စခန်းသိမ်းပိုက်ပြီးနောက် သိမ်းမိတဲ့လက်နက်ခဲယမ်းနဲ့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေသေးစိတ်ကိုတော့ မသိရသေးပါဘူး။

စခန်သိမ်းတိုက်ပွဲဆင်နွှဲနေချိန်တောက်လျှောက်မှာ စစ်ကောင်စီဘက်ကနေ ၁၀၂၀ တောင် အနီးတဝိုက်ကရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်တိုက်လုပ်ဆောင်ခဲ့တယ်လို့ မြေပြင်သတင်းအချက်အလက်တွေအရ သိရပါတယ်။

ဒီကနေ့မနက် ၉ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီဘက်ကနေ ၁၀၂၀ တောင်တဝိုက်ကို K8W ဂျက်လေယာဥ်နဲ့ ဗုံးသီး ၇ လုံးကြဲချတိုက်ခဲ့သလို ပြီးခဲ့တဲ့ မေလ ၈ ရက်၊ ၄ ရက်၊ ၂ ရက်နေ့တွေမှာလည်း အေးသာယာ၊ ရွာသာယာနဲ့ မနိုးရုံးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် တော်လှန်ရေးရဲဘော်တွေနဲ့ အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိပေမဲ့ နေအိမ်တွေပျက်စီးခဲ့ပြီး ဒေသခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်ရဲဘော်တွေဆီက သိရပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဧပြီလ တတိယပတ်ကစလို့ စခန်းသိမ်းတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေပြီး သရက်ချောင်းမြို့နယ်၊ ပဲဒက်ရွာ စစ်ကောင်စီတပ်စခန်းကိုလည်း အခုလ ၈ ရက်နေ့မှာ တော်လှန်ရေးတပ်တွေဘက်က သိမ်းယူနိုင်ခဲ့ပါတယ်။

The Tanintharyi Times

ဓာတ်ပုံ - Kwe Ka Lu News၊ Black Cobra Column

Want your business to be the top-listed Media Company in Dawei?
Click here to claim your Sponsored Listing.

Telephone

Address

Dawei