Myittar Shin Malay

Myittar Shin Malay

Share

01/07/2021

Sun Cream ကိုဘာကြောင့်သုံးသင့်သလဲ…?

နေပူထဲသွားရင် နေလောင်ဒဏ်ကြောင့်တင်းတိတ်တွေမဖြစ်လာအောင် အကာကွယ်အနေနဲ့ sun cream ကိုလိမ်းသင့်ပါတယ်။

#တင်းတိတ်နဲ့အမဲစက်မတူပါဘူး
#တင်းတိတ်မှာအဆင့်သုံးဆင့်ရှိပါတယ်။

အဆင့် ၁ ❌မီးခိုးနုရောင်
အဆင့် ၂ ❌မီးခိုးရင့်ရောင်
အဆင့်၃ ❌ အနက်ရောင်ပါ။

အဆင့် ၁ ကဆိုရင် သူ့ဘာသာသူပျောက်နိုင်ပါတယ်။
အဆင့် ၂ ဆိုရင် တစ်ခုခုသုံးပေးရပါတယ် အချိန်ပေးရပေမယ့်ပျောက်နိုင်ပါသေးတယ်။
အဆင့် ၃ ဆိုရင်လေဆာ နဲ့မှရပါတော့မယ်။

ဒါကြောင့်တင်းတိတ်တွေမထွက်လာဖို့အတွက် အပြင်သွားရင် sun cream လေးကိုလိမ်းပေးပါ။ နေပူပူမိုးရွာရွာလိမ်းပေးပါ။ SPF 50PA+++ ဆိုရင်တော့ မျက်နှာအတွက်အဆင်ပြေပါတယ် Body အတွက်ဆိုရင် တော့ SPF 50 ပါတာသုံးပေးပါ။
စေတနာများစွာဖြင့် Crd
#ကျေးဇူးတင်ပါတယ်ရှင့်။
☎09422691262

Photos from Dr. Khin Sabai's post 30/06/2021
Photos from Myittar Shin Malay's post 30/06/2021

Detox water 🍋🥒 🍃 🍎 ... grade အမျိုးမျိုး၊ အကျိုးပြုပုံအမျိုးမျိုး၊ အရသာ အမျိုးမျိုးရှိပါတယ်။ ဒီ post လေးထဲမှာတော့ အဓိက သောက်ကောင်းအောင် စိမ်နည်းလေးကိုရှဲထားတာပါခင်ဗျာ။ ၁၀ နှစ်လောက် သောက်ဖြစ်တဲ့နည်းလမ်းဆိုတော့ လိုတာပိုတာ အသေးစိတ်လေးပါ ထည့်ရေးထားပါတယ်ခင်ဗျာ။

✅အကျိုးကျေးဇူး ။ ။ အတိုချုံးပြောရရင် ဝမ်းမှန်စေတယ်၊ ဝိတ်ကျစေတဲ့နေရာမှာ အထောက်အကူပြုပါတယ်၊ ရေသောက်နှုန်းကို အများကြီး မြင့်တက်စေတယ်၊ စိတ်ကိုကြည်လင်လန်းဆန်းစေတယ်၊ ကိုယ်ခံအား ကောင်းစေတယ် ၊ အချိုနဲ့ surgery drink တွေ သောက်သုံးခြင်းကနေ တစ်နည်းအားဖြင့် လျှော့ချပေးပါတယ်။

✅ပြုလုပ်နည်း။ ။ အသီးအရွက် အမျိုးမျိုးနဲ့ ဆေးဘက်ဝင်ပစ္စည်းတွေပါ ထည့်တတ်ကြပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ် ... ကိုယ်လိုချင်တဲ့ result ပေါ်မူတည်ပြီး အစားစားကွဲပြားပါလိမ့်မယ်။ ဒါကတော့ ကျွန်တော့ personal fav ဖြစ်ပြီး နေ့စဉ်အတွက်လွယ်ကူတဲ့ နည်းလမ်းပါ။

Lemon 🍋 ( အဝါရောင် အလုံးကြီး ) ။ ။ မပါမဖြစ်ထည့်ပါတယ် ။ " Master Cleanse" လိုလည်း ခေါ်ကြပါတယ်။ ပါးပါးလေးအကွင်းလိုက်လှီးပေးပါ။ အလုံးဝက်လောက်ဆို လုံလောက်ပါပြီ။ ဝိတ်ပိုကျချင်ပြီး အများကြီးလောဘမကြီးမိပါစေနဲ့ ။

TIP❤️ ဝိတ်ပိုကျချင်လို့ အချဉ်ဓာတ် ပိုလိုချင်တယ်ဆိုရင်တော့ စိမ်ပြီးသားကို သောက်ခါနီးမှ တစ်စိတ် လောက်ထည့်ညှစ်သောက်ပါ။ ကျွန်တော်မနက်ပိုင်းမှာ လုပ်လေ့ရှိပါတယ်။ နေ့တစ်နေ့ရဲ့ အစအတွက် တကယ်လန်းဆန်းစေပါတယ်။

+ စိမ်ထားတဲ့ Lemon အကွင်းလေးတွေလဲ တစ်ခါသောက်ရင် တစ်ဖတ် လောက် ထုတ်စားလို့ရပါတယ်။

သခွားသီး 🥒။ ။ သခွားသီးက ဈေးသက်သာပါတယ်။ လောဘကြီးပြီး တစ်လုံးလုံး ထည့်မိတတ်ပါတယ်။ မထူမပါး ၁၀ ကွင်းထက်မပိုပါစေနဲ့ ခင်ဗျာ့။ အရမ်းများသွားရင် ဗိုက်ပွတက်ပါတယ်။ နေရလည်း ခက်ပါတယ်။ သခွားသီးက အရသာကို တော်တော်လေး ထိန်းပေးပြီး ရင်အေးစေပါတယ်။

(Lemon + သခွားသီးကတော့ မပါမဖြစ်ထည့်လေ့ရှိပါတယ် - ကျန်တာကတော့ စသောက်တဲ့အခါ ကိုယ်အကြိုက်ကို ချိန်စကြည့်ပါ ခင်ဗျာ)

Mint leaf 🍃 ။ ။ ပူစီနံရွက်ကို တစ်ခက် ... မဟုတ်ရင် ၆ ရွက်လောက်ပဲ ထည့်ပါ။ အစည်းလိုက်ထည့်ချလိုက်ရင် အရမ်းခါးသွားပါလိမ့်မယ်။ သောက်လို့မရအောင် ခါးတက်ပါတယ်။ ပုံမှန်ထည့်နေကြဆို အိမ်မှာ အပင်လေးစိုက်ထားလိုက်ပါ။

ပန်းသီး 🍎 ။ ။ ကျွန်တော်နောက်ပိုင်း ပန်းသီး တစ်ခြမ်းလောက် ထည့်ဖြစ်ပါတယ်။ ချိုချိုလေးဖြစ်တယ်လို့ ခံစားရပါတယ်။

သတိထားရမှာက ❗️ ရေနွေးထဲ မထည့်ပါနဲ့။ အားလုံး ခါးထွက်သွားပါလိမ့်မယ်။ ရေသန့်ဆိုရပါပြီ။ ကျွန်တော်ပုံထဲမှာပြထားတဲ့ အချိုးလောက်ဆို ရေ တစ်လီတာအတွက် အတော်ပါပဲ။ မပိုမလိုလေးပါ။ ၁၀ နှစ်လောက် သောက်ထားလို့ပြောနိုင်ပါတယ် (smiley) လှီးထားတာတွေကို ရေ တစ်လီတာဘူးထဲ ထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ည သိပ်ပါ။ အနည်းဆုံး ၈ နာရီ။

🍹နောက်နေ့မနက်ကနေ စသောက်လို့ရပါပြီ။ Enjoy your detox ပါခင်ဗျာ။
နေ့တစ်ဝက်လောက်မှာ ကုန်သွားရင် ဘူးထဲ ရေလေးရောပြီး ထပ်သောက်လေ့ရှိပါတယ်ခင်ဗျာ။

ရှေ့တစ်ပတ် နေ့စဉ်ရေသောက်နှုန်းများအောင် အသုံးဝင်မဲ့ Tip လေး တင်တုန်းက Detox water လေးကိုလည်း စိတ်ဝင်စားကြလို့ ကျွန်တော် ဒီပိုစ့်လေး သေချာလုပ်ပြီး ရှဲလိုက်ပါတယ်ခင်ဗျာ။ လွတ်လပ်စွာ ပြန်ရှဲနိုင်ပါတယ်ခင်ဗျာ။

Want your business to be the top-listed Beauty Salon in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address

Dawei