August Flower Bags Paradise

August Flower Bags Paradise

Share

24/05/2026
12/02/2026

"ချမ်းသာပြီးရင်း ချမ်းသာအောင် နေတတ်သူ"
လူ့ဘဝဆိုတာ ကန့်သက်ချက်တွေ ရှိနေပါတယ်။
ဥပမာ - အစား ဘယ်လောက်မက်မက်
နှစ်ပန်းကန်စာလောက် ဝင်သွားရင် ဆက်မစားနိုင်ပါဘူး။

အဝတ်ဘယ်လောက်မက်မက်
တစ်ကိုယ်စာထက် ပိုမဝတ်နိုင်ပါဘူး။
ဆယ့်လေးငါးထည် ထပ်ဝတ်လို့ မရနိုင်ဘူးပေါ့။

ရတနာ ဘယ်လောက်မက်မက်
နားဆွဲစသည်ကို ဆယ်ခုဝတ်လို့ မရနိုင်ပါဘူး။

နေစရာဘယ်လောက်မက်မက်
ကုတင်တလုံးပေါ်ပဲ အိပ်နိုင်ကြပါတယ်၊

အိမ်၊ တိုက် အလုံးပေါင်းများစွာပိုင်နိုင်ပေမယ့်
နေတဲ့အခါမှာတော့ တစ်လုံးထက်ပိုမနေနိုင်ပါဘူး။

လူဆိုတာ ဒီလိုကန့်သတ်ချက်တွေနဲ့ ရှင်သန်နေကြရတာပါ။
ကျေးလက်လူကြီးတွေကတော့ ဒီအခြေအနေကို
စကားလုံးရှင်းရှင်းပဲ ပြောလေ့ရှိပါတယ်၊

"သိပ်လောဘမကြီးနဲ့ ဗိုက်တစ်လုံးစာထက်၊ဘယ်သူမှ ပိုမစားနိုင်ပါဘူး"တဲ့။
လီယိုတော်စတွိုင်းကလည်း သူ့ရဲ့ကမ္ဘာကျော်ဝတ္ထုထဲမှာ
"လူဟာ ဘယ်လောက်လောဘကြီးကြီး၊
သေရင် ခြောက်ပေစာကြွင်းပဲ ပိုင်ကြရတယ်"လို့ ရေးထားပါတယ်။

အဆိုးဆုံးကတော့ အသက်(၆၀)ကျော်ရင်
ဘယ်လောက်ရှိရှိ ကျန်းမာရေးနဲ့တည့်တာပဲ
စားနိုင်တော့တာမို့ ကိုယ်ပိုင်တာတောင် မစားနိုင်၊
မသုံးနိုင်တော့ပါဘူး။
ထင်ရှားတဲ့ Limitation ပါပဲ။

မှန်ပါတယ်။
ဘဝတစ်ခုစာလုံလောက်ပြီးရင်၊
ကောင်းကောင်း စံစားပါ၊
စားပါ၊ သုံးပါ၊ ကုသိုလ်ပြုပါ၊
အလွန်ပဲ ချမ်းသာပါလိမ့်မယ်။

ပညာရှိသူ လူလိမ္မာလို့ ခေါ်နိုင်ပါတယ်။
တစ်ဘဝစာထက် ပိုမက်လာပြီဆိုရင်တော့
ချမ်းသာပြီးသားကနေ ဒုက္ခရှာတာ ဖြစ်ပါတယ်။

ရှိပြီးသားတောင် စိတ်အေး လက်အေး
မစံစားနိုင်တော့လို့၊
ချမ်းသာတယ်လို့ မဆိုနိုင်တော့ပါဘူး။
မချမ်းသာရုံမက စိတ်ပါဆင်းရဲရပါလိမ့်မယ်။
အန္တရာယ်တွေကြား ညပ်ပြီ၊ ဝိုင်းပြီလို့သာ မှတ်ပါ။

နှစ်တစ်ရာအောက်မှာ လူတိုင်းသေကြရပါတယ်၊
နှစ်တစ်ထောင်စာလောက် ရှာဖွေနေရင်
"လူ့ငမိုက်သား"ဖြစ်နေပါပြီ။

အထူးသဖြင့် လူမုန်းများသူတွေဟာ
ဘယ်လိုပဲ ဟန်ကိုယ့်ဖို့နေနေ
စိတ်အလွန်ဆင်းရဲနေသူများ ဖြစ်ရတတ်ပါတယ်။

ဒါကြောင့် သုံးသပ်ပါ၊ ဆင်ခြင်ပါ။
တစ်ဘဝစာ တကယ်လုံလောက်ပြီလား၊
လုံလောက်ရင် ဆက်မရှာနဲ့၊
ရပြီးသားကို စံစားပါ၊
စားပါ၊ သုံးပါ၊ ချမ်းသာအောင် နေပါ။

အများချစ်အောင်လည်း နေပါ။
ဒါဆိုရင် "ချမ်းသာပြီးရင်း
ချမ်းသာအောင် နေတတ်သူ"လို့ ခေါ်ပါတယ်။
ချမ်းသာပြီးသားကနေ ဆင်းရဲအောင် မနေပါနဲ့၊
မပြုမူပါနဲ့၊ သတိကလေး ကပ်ပါ။
ချစ်လို့ပြောတယ် မှတ်ပါ။ ။

မေတ္တာဖြင့် -
ဒေါက်တာ အရှင်ကေဝလ PhD (သီရိလင်္ကာ)

Want your business to be the top-listed Clothing Store in Dawei?
Click here to claim your Sponsored Listing.

Telephone

Website

Address

အမှတ်(၄၁)၊ပုံကျွမ်းလမ်း၊အိုးလုပ်ရပ်ကွက်၊ထား၀ယ်မြို့
Dawei